အဲဒီတွေ့ဆုံပွဲမှာ ကျောက်ကြီးမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်ဖို့နဲ့ မြေမြှုပ်မိုင်း ရှင်းလင်းရေးကိစ္စရပ်တွေကို အဓိကထားဆွေးနွေးခဲ့ပါတယ်။
ဒီကနေ့ ဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး KNU အဖွဲ့မှ စောဂျိုးဂျိုးက RFA ကို အခုလိုပြောပါတယ်။
"ငြိမ်းချမ်းရေးကို တည်တံ့ခိုင်မြဲအောင် လုပ်ဖို့အတွက်တော့ လမ်းစလေးတော့ ကောင်းတာပေါ့၊ မိုင်းရှင်းလင်းရေး ကိစ္စတွေနဲ့ ဒေသဖွံ့ဖြိုးရေးအတွက် ကိုဆွေးနွေးခဲ့တယ်၊ နယ်မြေအေးချမ်းမှုအရလည်း ကောင်းလာတာပေါ့"
ဒေါ်အောင်ဆန်းစုကြည် ရောက်ရှိမလာခင် ဒီကနေ့မနက်ပိုင်းမှာ လုံခြုံရေးနဲ့ နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သက်ထွန်း ဦးဆောင်ပြီး ကျောက်ကြီးမြိုနယ်မှာ ဖွင့်လှစ်ထားတဲ့ ကရင်အမျိုးသားအစည်းအရုံး (KNU)နဲ့ မြန်မာအစိုးရတို့ရဲ့ ဆက်ဆံရေးရုံးမှာ ဂျပန်နိုင်ငံအခြေစိုက် နီပွန်ဖောင်ဒေးရှင်းက လှူဒါန်းထားတဲ့ ထောက်ပံ့ရေး ပစ္စည်းတွေကို လာရောက်လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
http://www.rfa.org/burmese/news/knu-dassk-meet-kyauk-kyi-01202013090113.html