" ငြိမ်းချမ်းရေး ဖြစ်စဉ်အောင်မြင်ဖို့ဆိုတာ လူထုကလည်း ပါဝင်ဖို့လိုပါတယ်၊ ခေါင်းဆောင်တွေရဲ့ သဘောတူညီမှု၊ နားလည်မှုတွေကို လူထုဆီရောက်အောင် ပေးပို့နိုင်အဖို့အတွက် အရပ်ဖက်လူ့ အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍကလည်း အင်မတန်မှ အရေးကြီးပါတယ်၊ မိမိတို့ အစိုးရအဖွဲ့အနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေ ငြိမ်းချမ်းရေးဖြစ်စဉ်မှာ ပါဝင်လာနိုင်ဖို့ ဆောင်ရွက်နေပါတယ်။"
ဒါ့အပြင် နိုင်ငံတည်ဆောက်ရေး၊ အမျိုးသားပြန်လည် စည်းလုံးညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ အစိုးရနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဖို့ သမ္မတဦးသိန်းစိန်က ဖိတ်ခေါ်လိုက်ပါတယ်။
" အရပ်ဖက်လူ့အဖွဲ့အစည်းတွေရဲ့ ပါဝင်မှုကို ယခုထက်ပိုပြီး ပူးပေါင်းပါဝင်ဖို့ကိုလည်း တိုက်တွန်းပြောကြားလိုပါတယ်၊ ကျွန်တော်တို့ အားလုံး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ တူညီတာတွေကို ပူးပေါင်းဆောင်ရွက်ကြဖို့ ဖိတ်ခေါ်တာဖြစ်ပါတယ်။"
အဲ့ဒီအခမ်းအနားမှာ ငြိမ်းဖောင်ဒေးရှင်း၊ မြန်မာနိုင်ငံ အမျိုးသမီး စွမ်းဆောင်ရှင်များအသင်း၊ ငြိမ်းချမ်းရေးစက်ဝန်း၊ ငြိမ်းချမ်းရေးကွန်ရက် စတဲ့အဖွဲ့အစည်းတွေက ကချင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ စစ်ပွဲအကြောင်းတွေ၊ မြန်မာနိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ လူမှုရေး အခက်အခဲတွေ၊ အစိုးရအနေနဲ့ အရပ်ဖက်လူ့အဖွဲ့အစည်းတွေကို လူမှုရေးလုပ်ငန်းစဉ်တွေမှာ ပိုပြီး နေရာပေးဖို့ စတဲ့ အချက်တွေကို တင်ပြဆွေးနွေးခဲ့ပြီး လူပုဂ္ဂိုလ်(၂၀၀)ခန့် တက်ရောက်ခဲ့ပါတယ်။
http://www.rfa.org/burmese/news/kio-government-reply-01202013095421.html/peace-process-invite-civil-society-01202013103046.html