အဆိုပါကိစ္စ တွေ့ဆုံဆွေးနွေးရန် မူစယ်မြို့ပေါ်ရှိ သျှမ်းနိုင်ငံရေးပါတီများ ၊ သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့ဝင်များနှင့် ရပ်မိ ရပ်ဖများအား RCSS ၏ ငြိမ်းချမ်းရေး ကိုယ်စားလှယ်အဖွဲ့ ခေါင်း ဆောင် ဗိုလ်မှူးချုပ်ပေါင်ခေးဦးဆောင်သည့် အဖွဲ့မှ ဖိတ်ကြားထား ကြောင်း သျှမ်းစာပေနှင့် ယဉ်ကျေးမှုအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ဒီကနေ့ကျနော်တို့ ယဉ်ကျေးမှုရုံးမှာပဲ စဝ်ပေါင်ခေးဦးဆောင်တဲ့ အဖွဲ့က တွေ့ဆုံပွဲလုပ်မယ်။ ရပ်မိရပ်ဖတွေပါမယ် ။ သျှမ်းပါတီ နှစ်ခုပါမယ်။ ယဉ်ကျေးမှုအဖွဲ့ကပါမယ်။ နောက်ရပ်ကွက်အုပ်ချုပ် ရေးမှူးတွေကို လည်းဖိတ်ထားတယ် ။ လောလောဆယ် ဒီလောက်ပဲ ပြောလို့ရသေးတယ် ” အဆိုပါ တာဝန်ရှိသူက ပြောသည် ။
ငြိမ်းချမ်းရေးကိစ္စ RCSS / SSA နှင့် အစိုးရတို့ နှစ်ဘက် လက်မှတ်ထိုးအပြီး RCSSမှ သျှမ်းပြည်အတွင်းရှိ ပြည်သူလူထုနှင့် တွေ့ဆုံခွင့်ရရန် အစိုးရထံ တင်ပြထားရာ ယခုအခါ သျှမ်းလူထုနှင့်တွေ့ဆုံခွင့် ရရှိ၍ ၄င်းကိုယ်စားလှယ်အဖွဲ့ သျှမ်းပြည် (မြောက်ပိုင်း)သို့ ထွက်ခွာလာခြင်း ဖြစ်ပြီး သျှမ်းပြည် (မြောက်ပိုင်း) အတွင်းရှိ မြို့နယ်တိုင်းတွင် သျှမ်းလူထုနှင့် တွေ့ဆုံခဲ့ ကြောင်း သိရသည် ။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3715--rcss---.html