August 22, 2012

တပ်စခန်းဆုတ်ရန် ဖိအားပေးမှု ငြိမ်းချမ်းရေးကို အဟန့်အတားဖြစ်


ရှမ်းပြည်မြောက်ပိုင်း ဒေသများသို့ အစိုးရတပ်များ အင်အားဖြည့်တင်းနေသလို တိုင်းရင်းသား တပ်ဖွဲ့များ၏ အခြေစိုက် စခန်းများအား ဆုတ်ခွာခိုင်းနေခြင်းသည် ငြိမ်းချမ်းရေးကို အဟန့်အတား ဖြစ်စေကြောင်း SSPP ကပြောသည်။
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းခေါ် ရှမ်းပြည်တိုးတက်ရေးပါတီ SSA/ SSPP တပ်ဖွဲ့ ဌာနချုပ် ၀မ့်ဟိုင်း၏ အရှေ့တောင်ဖက်ရှိ တပ်စခန်း တခုအား ထပ်မံ ဆုတ်ခွာပေးရန် လွန်ခဲ့သည့် (၄) ရက်ခန့်က ပြောဆိုခဲ့ပြီး ယင်းနေရာတဝိုက်သို့ အစိုးရ တပ်ရင်း (၂) ရင်း အင်အား ဖြည့်တင်းထားကြောင်း SSPP တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဗိုလ်မှူး စိုင်းလက ပြောသည်။
“မိုင်းရှူး မြို့နယ်ထဲက တာဆမ်ပူး ကတို့ဆိပ်မှာ နေရာယူထားတဲ့ ကျနော်တို့တပ်ကို အဲဒီမှာ မနေဖို့နဲ့ ဖယ်ပေးဖို့ ပြောလာတယ်။ သူတို့သာ အဲဒီလို စစ်ရေးနဲ့ ခြိမ်းခြောက် တာမျိုး လုပ်နေရင် ငြိမ်းချမ်းရေးအတွက် နည်းနည်းတော့ အဟန့်အတား ဖြစ်မှာပေ့ါ။”
လောလောဆယ် SSA ဖက်မှ ဆုတ်ခွာခြင်း မရှိသေးသလို မိုင်းရှူးမြို့နယ် အခြေစိုက် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၁၄၉) နှင့် (၁၅၀) မှ တပ်ဖွဲ့ဝင် အင်အား (၂၀၀) ခန့်အား  ယင်းတပ်စခန်းဝန်းကျင်သို့ ပို့ဆောင်ထားသည့်အတွက် နှစ်ဖက် တပ်ဖွဲ့များ အလွန်နီးကပ် နေပြီး ရှေ့ဆက်တိုးလာပါက တိုက်ပွဲ ဖြစ်ပွားလာနိုင်ကြောင်း ၎င်းက ဆက်ပြောသည်။
ယင်းကိစ္စအား ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုဥက္ကဌ ဦးသိန်းဇော်ထံ ကိုယ်စားလှယ် စေလွတ်၍ အကြောင်းကြားခဲ့သော်လည်း ယင်းဒေသသည် ယခင် ကတည်းက SSA တပ်ဖွဲ့များ၏ နေရာ မဟုတ်ဟု ဖြေကြားခဲ့ကြောင်း သိရသည်။
သို့သော် ယင်းဒေသသည် ၁၉၈၉ ခုနှစ် စစ်အစိုးရလက်ထက် အပစ်အခတ် ရပ်စဲစဉ် ကတည်းက မြောက်ပိုင်း SSA တပ်ဖွဲ့မှ ခနောက်စိမ်း သတ္တု စမ်းသပ်တူးဖော်သည့် လုပ်ငန်းကို တရားဝင် လုပ်ကိုင်နေခြင်း ဖြစ်သည်ဟု ဗိုလ်မှူးစိုင်းလ က ပြောသည်။
ထို့အပြင် ပြဿနာများအား ငြိမ်းချမ်းစွာ အဖြေရှာသည့်နည်းဖြင့် ဖြေရှင်းသင့်ကြောင်းနှင့် “ဒီလို အကြမ်းဖက်နည်းနဲ့ဆိုရင် ကျနော်တို့ လိုချင်တဲ့ ငြိမ်းချမ်းရေး ပန်းတိုင်ကို ဘယ်တော့မှ ရောက်မှာ မဟုတ်ဖူး။” ဟု ၎င်းက ဆက်ပြောသည်။
သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အပစ်အခတ်ရပ်စဲရေး ထပ်မံ လက်မှတ် ရေးထိုး ပြီးနောက် ဒေသတွင်းရှိ SSA တပ်စခန်းများအား ပြောင်းရွှေ့ရန် အစိုးရတပ်က ဖိအား ပေးခဲ့သည့်အတွက် နှစ်ဖက် တိုက်ပွဲများ ပြန်လည်ဖြစ်ပွားခဲ့သည်။ ထိုစဉ်က SSA ဖက်မှ တပ်စခန်း (၂) ခု ဆုတ်ပေးခဲ့ပြီး ယခု တတိယမြောက် စခန်းအား ထပ်မံ ဆုတ်ခွာခိုင်းခြင်း ဖြစ်သည်။
အစိုးရနှင့် SSA တို့ အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးပြီးနောက် ဒေသတွင်း အကြိမ် (၂၀) ကျော် တိုက်ပွဲ ဖြစ်ပွားခဲ့သလို ယနေ့အချိန်ထိ နိုင်ငံရေးအရ ထပ်မံဆွေးနွေးမှု မပြုလုပ် နိုင်သေးကြောင်း ဗိုလ်မှူး စိုင်းလက ဆိုသည်။
အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့စဉ်က ဌာနချုပ် ၀မ့်ဟိုင်းအနီး တပ်စွဲထားသည့် အစိုးရ တပ်များအား ပြန်လည် ဆုတ်ခွာပေးရန် SSA က တောင်းဆို ခဲ့သော်လည်း မဆုတ်သည့်အပြင် ထပ်မံတိုးမြင့်နေကြောင်း သိရသည်။

http://www.nmg-news.com/bur/index.php?option=com_content&view=article&id=468&catid=5&Itemid=12
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India