August 22, 2012

လက်နက်ကို ဘယ်လို ရုတ်လိုက်မယ် ဆိုတာပဲ


သြဂုတ်လပိုင်း အတွင်း ကချင်ပြည်နယ်ဘက်တွင် မြန်မာအစိုးရတပ်ဖွဲ့များ စစ်အင်းအားပိုမို ထိုးစစ်ဆင်လာခြင်းကြောင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA ဘက်တွင် ကျဆုံး ဒဏ်ရာရရှိသူများ ပိုမိုများပြားလာခြင်းရှိသည်ဟူသော သတင်းနှင့်ပတ်သက်ပြီး KIO ဒု အထွေထွေအတွင်းရေးမှူး-၂ ဦးလာနန်ကို KNG ကချင်သတင်းဌာနမှ မဆိုင်းခေါန်က သြဂုတ် ၂၁ ရက်တွင် ဆက်သွယ်မေးမြန်းထားပါသည်။

အခုတလော တိုက်ပွဲမှာ KIO ဘက်ကနေပြီး သေဆုံးဒဏ်ရာရတာ ပိုများလာတယ်လို့ကြားတယ် ဒီလအတွင်း KIO ဘက်က ကျဆုံးတာ  ဘယ်လောက် ရှိပြီလဲ။

အဲဒါကပြောဖို့ခက်တယ်။ ကျနော်တို့ KIA တွေ တပ်စိုက်ထားတဲ့နေရာမှာ အစိုးရကနေပြီး လာတိုက်တဲ့စစ်ပွဲဖြစ်တဲ့အတွက်ကြောင့်မို့လို့ စစ်ပွဲရဲ့ အခြေအနေကို ကြည့်တဲ့အခါ။ ကိုယ်နေတဲ့နေရာမှာ တခြားအဖွဲ့က လာတိုက်တယ်ဆိုရင် လာထိုးတိုက်တဲ့အဖွဲ့က ပိုနာတဲ့ သဘောရှိတယ်။ အဲဒါက စစ်ရဲ့ ဖြစ်ပျက်နေတဲ့ အခြေအနေပေါ့။ အဲဒါကြောင့် ဘယ်သူပိုပြီး ကျဆုံးတယ်ဆိုတာကို အဲဒါကို သုုံးသပ်ကြည့်ရင် သိလိမ့်မယ်။ ကျနော်တို့ KIO ဘက်ကလည်း ထိခိုက် ဒဏ်ရာရတာ ရှိလိမ့်မယ်။ အစိုးရဘက်ကလည်း အဲလိုမျိုးတော့ ဖြစ်လိမ့်မယ်။ ဒါပေမဲ့ ဘယ်ဘက်က ပိုဖြစ်တယ်ဆိုတာကိုတော့ အဲဒါကို သုံးသပ်ကြည့်ရင် ရတယ်လေ။

ဒါဆိုရင် KIO ဘက်ကတော့ ဘယ်သူဘက်က ပိုရှိမယ်လို့ ထင်လဲ။

ဥပမာ ပြောမယ်ဆိုရင် မနေ့ကအချိန်မှာ ပန်ဝါနယ်မြေ မှတ်တိုင် ၆ အနီးမှာ ကျနော်တို့ KIA တွေ တပ်စိုက်ရာနေရာမှာ အစိုးရ ခလရ ရ၇ နဲ့ ၃၄ တွေ စစ်အင်အား ၅၀- ၆၀ လောက်နဲ့ လာထိုးတိုက်တာရှိတယ်။ အဲဒီတိုက်ပွဲမှာ သူတို့အစိုးရတပ်ဘက်က အများကြီး ထိခိုက်ပြီး ပြန်စုတ်သွားတယ်။ ကျနော်တို့ဘက်ကတော့ ၂ ယောက်ဒဏ်ရာရတယ်။ သူတို့ဘက်က အလောင်း ၂ လောင်းချန်ထားတယ်။ ဒဏ်ရာရတာက ၁၀ ယောက် ကျော်တယ်။ သေတာက ဘယ်လောက်ပါလည်းမသိဘူး။ အဲလိုမျိုးဖြစ်တယ်လေနော်။ အဲလိုမျိုးမှာကြည့်တဲ့အခါ ကိုယ့်ဘက်က အဆင်သင့် ရှိနေတဲ့ အချိန်မှာ စစ်တပ်ဖွဲ့တခု လာထိုးတိုက်တယ်ဆိုတော့ အဲဒီ လာထိုးတိုက်တဲ့ အဖွဲ့က ဘယ်တော့မဆို ပိုပြီးထိခိုက် ကျဆုံးတယ်ဆိုတာ့ ရှိရမှာပေါ့။

မနေ့တနေ့မှာပဲ အဲဒီနေရာရဲ့ တခြားနေရာမှာလည်း ၁၀ ယောက်ကျော် ပြန်ပြီး ထိခိုက်တာ ရှိတယ်။ အဲဒါကြောင့် မနေ့က ရက်မှာ အဲဒီ ပန်ဝါဘက်မှာတောင်မှာ အစိုးရဘက်က အယောက် ၃၀ ကျော်လောက်က ထိခိုက် တာရှိတယ်။ ထိခိုက်တယ်ဆိုတဲ့ အထဲမှာ သေတာတွေလည်းပါမယ်။ ကျည်ဆံထိပြီး ဒဏ်ရာရတာ တွေလည်းပါမယ်။

ဒါပေမဲ့ ဒီဟာနဲ့ပတ်သက်ပြီး ဘယ်တပ်ဖွဲ့က ဘယ်လောက်ကျတယ် ဘယ်လောက် ဒဏ်ရာရတယ်ဆိုတာကို အသေးစိတ်တော့ မပြောချင်ဘူး။ ဒီဟာပြောလိုက်လို့ရှိရင် သတင်းဖတ်တဲ့သူတွေက သူတို့ရဲ့အမြင် တမျိုးအနေနဲ့ တွေးယူတာတွေရှိတယ်။ အဲဒါကြောင့် ဘယ်ဘက်က ဘယ်လောက်ကျတယ် ဘယ်လောက်နာတယ်ဆိုတာကို ဂုဏ်ယူတဲ့အနေနဲ့လည်း မပြောချင်ဘူးလေ။

[B][I]KIA ဘက်က ကျဆုံး မှုရှိိတာက သေနတ်ကြောင့်လား။ လက်နက်ကြီးကြောင့်လား။[/I][/B]

အဓိကတော့ လက်နက်ကြီးကြောင့်ဖြစ်တယ်။ လက်နက်ကြီးကို သူတို့ ဖောဖောသီသီ ကိုင်တယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့က အဲလောက် လက်နက်ကြီးမရဘူးဆိုတော့ သူတို့ အဝေးက ပစ်တာကို အရင် စောင့်ယူရတာပေါ့။ သူတို့က အဝေးကနေပြီးတော့ လက်နက်ကြီးနဲ့ အရင်ပစ်တယ်။ ပြီးမှပဲ ချီတက်လာတယ်။ အဲဒါကြောင့် ကျနော်တို့အနေနဲ့က သူတို့ လက်နက်ကြီးပစ်တဲ့အချိန်မှာတော့ အဲလိုပဲ လုံခြံုတဲ့နေရာမှာ ၀ပ်နေပြီး တည်းခံစောင့်နေတယ်။ သူတို့ ခြေကျင်နဲ့ ချီတက်လာတဲ့အခါမှာပဲ ကျနော်တို့အနေနဲ့ ပြန်ပြီး ခုခံတိုက်ခိုက်တာလုပ်တယ်။ အဲဒီတော့ သူတို့ ကိုင်တဲ့လက်နက်ကြီးကြောင့် ထိတာတွေ ကျနော်တို့ဘက်ကလည်း ဖြစ်တယ်။

[I][B]ဒီလပိုင်းအတွင်း ဘယ်နေရာတွင်မှာ တိုက်ပွဲပိုပြင်းထန်နေလဲ။[/B][/I]

ဘယ်ဘက်မှာ ပိုပြင်းထန်တယ်ဆိုတာကိုတော့ ပြောဖို့တော့ခက်တယ်။ အခုကျနေတို့ KIA စစ်တပ်ရှိတဲ့ နေရာတိုင်းမှာတော့ ဖြစ်နေတယ်။ ဘယ်မှာပိုပြီး ဖြစ်တယ်ဆိုတာတော့ ပြောဖို့ခက်မလား။

[B][I]အစိုးရတို့က ဒီလအတွင်း ပိုပြီးထိုးစစ်ဆင်လာတယ်လို့ကြားတယ်။ အဲဒါ ဘယ်နေရာ ဘယ်ဘက်တွေမှာလဲ။[/I][/B]

တပ်မဟာ ၅ နယ်မြေမှာ အင်အားကြီး ထိုးစစ်ဆင်ထားတယ်။ ပြီးတော့ တပ်မဟာ ၃ နယ်မြေမှာလည််း အင်အားကြီးနဲ့ ထိုးစစ်ဆင်ထားတယ်။ ပန်ဝါနယ်မြေမှာလဲ အင်အားများစွာနဲ့ ထိုးစစ် ချီတက်လာတာရှိတယ်။ အဲဒါကြောင့် နေရာတိုင်းမှာ သူတို့ အင်အားကြီးစွာ ထိုးစစ်ထားတယ်လို့ ပြောလို့ရတယ်။

[I][B]အင်အားကြီးနဲ့ ထိုးစစ်ဆင်တယ်ဆိုတော့ သူတို့ တစ်ခါထိုးစစ်ဆင်ရင် စစ်အင်အားက ဘယ်လောက်လောက်ရှိလဲ။[/B][/I]

သူတို့အနေနဲ့ တပ်ရင်းတစ်ခုမှာ ရှေ့တန်းကို စစ်တိုက်လို့ရအောင် တပ်ရင်းတစ်ခုမှာ အင်အား ၁၅၀ ပြည့်ရမှာဖြစ်တယ်။ အဲဒါကြောင့် တပ်ရင်းတစ်ခုမှာ ၁၅၀ နဲ့ ၁၃၀ ကြားရှိတယ်။ အဲဒါတွေက  ရှေ့တန်းမှာ စစ်ပွဲဝင်မဲ့ စစ်သားတွေဖြစ်တယ်။ နောက်တန်းမှာနေမဲ့လူတွေ မပါဘူး။ အခုကျနော်တို့ ကချင်ပြည်နယ် နယ်မြေမှာ တပ်မဟာ ၄ နယ်မြေ (ရှမ်းပြည်မြောက်ပိုင်း) မပါသေးဘူး စာရင်းအရတွက်ကြည့်တယ်။ တပ်မဟာ ၁၊ ၂၊ ၃၊ ၅ နယ်မြေ (ကချင်ပြည်နယ်)တွေမှာ သူတို့ ရှေ့တန်းမှာရောက်နေတဲ့ တောကိုဝင်နေတဲ့ စစ်တပ်ဖွဲ့တွေ တပ်ရင်း ၈၀ လောက်ရှိတယ်။ ၈၀ လောက်ရှိတော့ တပ်ရင်း တစ်ခုမှာ ၁၅၀ လောက်ရှိတာကို တွက်ကြည့်တော့ ၁၀၀၀၀ ကျော်လောက်တော့ သူတို့ ကျနော်တို့ KIA တပ်ဖွဲ့တွေနဲ့ တိုက်ပွဲဝင်နေတာပေါ့။ အဲဒါက ကျနော်တို့ ကချင်ပြည်နယ်မှာပဲ။ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ နယ်မြေ မပါသေးဘူး။

[B][I]KIA ဘက်က တခါတိုက်ပွဲဝင်ရင် အင်အားဘယ်လောက်နဲ့ တိုက်ဖြစ်လဲ။[/I][/B]

ကျနော်တို့က ရှိတဲ့အင်အားကိုပဲ တန်ဖိုးထားပြီး တိုက်ပွဲဝင်တယ်။ သူတို့အနေနဲ့က တိုက်ပွဲတစ်ခုမှာ တိုက်ပွဲကြီးဆိုရင် အင်အား ၂၀၀-၃၀၀ လောက်နဲ့ တိုက်တာရှိတယ်။ အဲဒါကို ကျနော်တို့အနေနဲ့ ရှိတဲ့ တပ်ဖွဲ့တွေနဲ့ ခုခံတိုက်ခိုက်တာဖြစ်တယ်။ ကျနော်တို့အနေနဲ့က အယောက် ၃၀-၄၀၊ အများဆုံးက ၁၀၀ လေနော်။ အဲလောက်နဲ့ ခုခံတိုက်ခိုက်တယ်။ သူတို့ အစိုးရတပ်အင်အားက အနည်းဆုံးတော့ ၅၀ ပေါ့။

[I][B]ဒီလပိုင်းအတွင်း KIA ဘက်က အရေးကြီးတဲ့ နေရာတွေလိုမျိုး ဆုတ်ပေးရတာတို့ ကျသွားတာတို့ရှိလား။[/B][/I]

အဲလိုမျိုးက ဒီပိုင်းတော့ မရှိဘူး။ သူတို့အနေနဲ့ လာတိုက်စမ်းတယ်။ မရလို့ ပြန်ဆုတ်သွားတယ်။ အဲလိုမျိုးတွေတော့များတယ်။

[B][I]တိုက်ပွဲက ပိုပြီးပြင်းထန်မဲ့ အလားအလာရှိလား။[/I][/B]

ပိုပြီးပြင်းထန်လာဖို့ အလားအလာတော့ရှိတယ်။ ဒီမိုးတွင်း ကုန်တာနဲ့တော့ သူတို့ အစိုးရတပ်တွေ အနေနဲ့က လည်း ပိုပြီးထိုးစစ်ဆင်လာဖို့ ဖြစ်နိုင်တယ်။

[B][I]ဒီလလပိုင်းမှာပဲ တိုက်ပွဲ ဘယ်နှကြိမ်ဖြစ်ပြီလဲ။[/I][/B]

စာရင်းအရတော့ မနေ့ကထိတော့ ၅၀ ကြိမ် ဖြစ်ပြီ။

[B][I]အစိုးရနဲ့  KIO  ငြိမ်းချမ်းရေး ဆွေးနွေးဖို့ ဘယ်အဆင့်ရောက်နေပြီလဲ။[/I][/B]

ဘယ်အဆင့်ဆိုတာ ပြောဖို့ခက်တယ်။ တွေ့ဆုံဆွေးနွေးတယ်ဆိုတာက ပြောတော့ပြောတယ်လေနော်။ တွေ့ရင်တော့ ပြောတော့ပြောဖြစ်ကြတာပဲ။ ဒါပေမဲ့ ဘယ်ခေါင်းစဉ်ကို အရင်ပြောမယ်ဆိုတာကို ဆွေးနွေးတိုင်ပင်တဲ့ ပုံစံ (hkrang) မရှိသေးဘူး။ အခုတွေ့ဆုံတာက ဆွေးနွေးတိုင်ပင်တာကို ဘယ်လိုလုပ်မယ်ဆိုတာကို တိုင်ပင်ဆွေးနွေးတဲ့အပိုင်းပေါ့။ အဲဒါတောင်မှ ပြန်ရပ်သွားလိုက် ရပ်သွားလိုက် ဖြစ်နေတာလေ။ အဲဒါကြောင့် ငြိမ်းချမ်းရေး တွေ့ဆုံဆွေးနွေးတယ်လို့ ပြောဖို့ အချိန်မရောက်သေးဘူး။

[B][I]နောက်တစ်ခေါက် ပြန်တွေ့ဖို့ အစိုးရဘက်က အကြောင်းပြန်လာတာ ရှိပြီလား။[/I][/B]

ခုချိန်ထိ အကြောင်းပြန်လာတာ မရှိသေးဘူး။

[B][I]အစိုးရဘက်က အခုချိန်ထိ အကြောင်း မပြန်သေးတာ ဘာကြောင့်လို့ထင်လဲ။[/I][/B]

အဲဒါက သူတို့စိတ်မှာ ဘာရှိတယ်ဆိုတာ ကျနော်တို့ မသိရဘူးလေ။ သူတို့ မြန်မာအစိုးရက ကျနော်တို့ ဒီတိုင်းရင်းသားတွေ ကိုင်နေတဲ့လက်နက်ကို ဘယ်လိုနည်းလမ်းနဲ့ သိမ်းပိုက်လိုက်မယ်ဆိုတာကို သူတို့ နည်းလမ်းအမျိုးမျိုးကိုင်တယ်။ တိုင်းရင်းသားတွေ လက်နက်ကိုင်နေတာကို သူတို့ မကြိုက်ဘူး။
အပစ်ခတ်ရပ်ဆဲတယ်ဆိုတာလဲ အဲဒါပဲလေ။ သူတို့ အပစ်ခတ်ရပ်ဖို့ ဆွေးနွေးသွားတဲ့ဟာကို  ခန့်မန်းကြည့်တဲ့အခါမှာလည်း လက်နက်ကို ဘယ်လို ရုတ်လိုက်မယ်ဆိုတဲ့အပိုင်းကိုပဲ ပြောထားတယ်။
လက်နက် ဘာကြောင့် ကိုင်လာတယ်ဆိုတဲ့ အပိုင်းကို မစဉ်းစားပဲနဲ့ အခုကိုင်နေတဲ့ လက်နက်ကို ဘယ်လို  ရုတ်လိုက်မယ်။ အခု BGF ပြောင်းထားမယ်။ နောက် BGF ကို ဘယ်လို ရုတ်လိုက်မယ်ဆိုတာကိုပဲ သူတို့ စဉ်းစားနေတာဟုတ်တယ်။ အဲဒါက သူတို့ အစိုးရဘက်က ကျနော်တို့ တိုင်းရင်းသားတွေကို အမြစ်ပျက် ချေမှုန်းတယ်ဆိုတဲ့အကြောင်းက အဲဒါပဲလေ။ စစ်အနေနဲ့ ချေမှုန်းမယ်။ အင်အားနဲ့ ခြောက်လန့် ချေမှုန်းမယ်။ ပြီးရင် အပစ်ခတ်ရဲဆဲဖို့ လုပ်ခိုင်းမယ်။ အဲဒီအထဲမှာ သူတို့ ဥပဒေဘောင်ထဲ ၀င်ရမယ်ဆိုတာ ဖြစ်မယ်။ အဲဒီ အခြေအနေပဲ။

အစိုးရက အဲဒီလိုအခြေအနေပဲသွားမယ်မယ်ဆိုပါတော့ အဲဒီအပေါ်မှာ KIO အနေနဲ့က ဘယ်လိုမျိုးလမ်းနဲ့ပဲ သွားမယ်လို့စီစဉ်ထားလဲ။

ကျနော်တို့က သူတို့ကို စောစောကပြောထားပြီးသားဖြစ်တယ်။ ၂၀၁၁ နိုဝင်ဘာလ ၂၉ ရက်နေ့မှာ ကျနော်တို့ KIO သဘာပတိ အနေနဲ့ သွားရောက်ပြီး ဦးအောင်သောင်း၊ ဦးအောင်မင်း၊ ဦးအောင်ကြည်တွေနဲ့ တွေ့တဲ့အခါမှာပြောထားပြီ။ ဒီနေ့ ပြည်ထောင်စုဆိုပြီး ဖြစ်လာတာလဲ ၁၉၄၇ ပင်လုံစာချုပ်ကြောင့် ဖြစ်လာတာဖြစ်တယ်။ ပြီးတော့ မြန်မာနိုင်ငံအတွင်းမှာ စစ်ပြန်ဖြစ်လာတာလည်း အဲဒီ ပင်လုံစာချုပ်ကို အစိုးရဘက်မှ ပယ်ဖျက်လိုက်တယ်။  သူတို့ မလိုက်နာလို့ ဖြစ်လာတာပဲ။  ဒါကြောင့် ဒီနေ့ ကျနော်တို့ KIO အနေနဲ့ လိုချင်တာက နိုင်ငံရေးဆွေးနွေးတယ်ဆိုတဲ့အခါ ၁၉၄၇ နှစ်မှာ ကျနော်တို့ ပူးပေါင်း တည်ထောင်ထားတဲ့ ကတိကို အခြေပြုထားပြီး အဲဒီအပေါ်မှာ နိုင်ငံရေးဆွေးနွေးမယ်လို့ပြောနေတာပဲ။ သူတို့အနေနဲ့ အဲဒါကို အခုချိန်ထိ လက်မခံဘူး။ သူတို့ပြောတဲ့ခေါင်းစဉ်က ၂၀၀၈ ဥပဒေဘောင်အထဲမှာ ၀င်ပြီး အဲဒီအထဲမှာပဲ နိုင်ငံရေးလုပ်ပါဆိုပြီးပြောနေတာပဲ။

အဲဒါက ကျနော်တို့ လက်နက်ကိုင် တပ်ဖွဲ့တွေအနေနဲ့က အဲဒီဘောင်ထဲ ၀င်ပြီး နိုင်ငံရေးလုပ်ဖို့ဆိုတာက ကိုယ့်ကိုယ် သူများ  ထောင်ခြောက် (ကချင်လို Ting Raw) အထဲကို ၀င်သွားတာနဲ့ အတူတူပဲပေါ့။ အဲဒါကြောင့် အဲဒါကို လက်မခံဘူး။ အဲဒါကြောင့် တိုင်းရင်းသားတွေ အကုန်လုံးက ၁၉၄၇ ပင်လုံစာချုပ်မှာ ပူးပေါင်း ကတိ ပေးထားတာကို အခြေခံပြီး ဆွေးနွေးတဲ့လမ်းကြောင်းကို သွားနေတာဖြစ်တယ်။

KNG
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India