August 22, 2012

တရုတ်ဖက်ခြမ်းမှ ကချင်စစ်ပြေးများကို KIO နယ်မြေသို့ ခက်ခက်ခဲခဲ ပြောင်းရွှေ့နေ


တရုတ်ပြည်နယ်သို့ ထွက်ပြေးခိုလှုံနေကြသော နောင်တောင်း (Nongdao) ရှိ ဒုက္ခသည်စခန်း ၆ ခုကို မြန်မာပြည်ဖက်ခြမ်းရှိ ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) အုပ်ချုပ်နယ်မြေ လနာ့ဇွပ်ဂျာ (Lana zup Ja) စခန်းသို့ ပြောင်းရွှေ့ရန် KIO အရာရှိများ ညွှန်ကြားပြီးနောက် ဒုက္ခသည်အချို့သည် မိုးတွင်းမှာ ခက်ခက်ခဲခဲ မိမိသွားလိုရာ စခန်းများသို့ အသီးသီးပြောင်းရွှေ့နေကြသည်။
“အိမ်ခြေ ၅၀ လောက်က မန်ဝိန်းသို့ပြန်သွားကြတယ်။ တချို့က လနာ့ဇွပ်ဂျာဖက်ကို ပြန်တယ်။ တနင်္ဂနွေနေ့တောင်မနားဘူး ပြန်နေကြတယ်။ ပြောင်းသွားတာကတော့ နေရာတကာပါပဲ။ ဘယ်လိုပြောရမယ်မှန်းတောင်မသိတော့ဘူး။ ဒီမှာနေတာ အနေထိုင်လာတဲ့အချိန်မှာမှ ပြန်ပြောင်းခိုင်းတယ်။ အခုချိန်ဆို မိုးကလည်းအမြဲတမ်းရွာနေတယ်။ ကလေးတွေ သက်ကြီးတဲ့သူတွေက မိုးထဲမှာ ပြောင်းနေကြရတယ်” ဟု ဒုက္ခသည်စခန်းမှ တာဝန်ရှိသူတဦးပြောသည်။
ထို့သို့ပြောင်းရွှေ့ရာတွင် မန်ဝိန်းအသင်းတော် ၂ ခုရှိ ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့လာကြသော ဒုက္ခသည်များကို နေရာထိုင်ခင်းမလုံလောက်မှုကြောင့် လူသစ်များကို ထပ်ပြီးလက်မခံနိုင်တော့ကြောင်း ပြောဆိုခဲ့ရာ တချို့ဒုက္ခသည်များသည် အခက်ခဲကြုံနေရပြီး အနီးအနားတွင် အိမ်ငှားရမ်းပြီး နေထိုင်နေကြကြောင်း သိရသည်။
မိသားစုများ ပြောင်းရွှေ့လိုသည့် စခန်းအသီးသီးသို့  ပြောင်းရွှေ့သွားကြသော ဒုက္ခသည်များတွင် အထူးသဖြင့် ကျောင်းသူကျောင်းသားများအတွက် ပညာရေးနစ်နာမှုရင်ဆိုင်နေရကြောင်း နောင်တောင်းဒုက္ခသည်စခန်းမှ ဆရာမတစ်ဦးပြောသည်။
“ပြန်သွားတဲ့ ကလေးတွေက တနှစ်ပြန်နာတော့မယ် မိဘတွေက အဲဒီလို ပြောင်းသွားရင်တော့ ကလေးတွေလည်း ပါသွားပြီလေ။  အဲလိုဆိုတော့ ကလေးတွေက ကျောင်းက တဝက်တပျက်ဖြစ်နေပြီ ကလေးတွေအတွက် အခက်အခဲဖြစ်သွားပြီ။ ကျောင်းသားတွေက ကိုယ့်ဆရာမနဲ့မဟုတ်တော့ သင်ခန်းစာတွေ သူ့တို့အတွက် အသစ်ပြန်ဖြစ်သွားပြီလေ” ဟု ဒုက္ခသည်ဆရာမတဦးဆိုသည်။
နောင်တောင်း (Nongdao) ဒုက္ခသည်စခန်းတွင် ပညာသင်ပေးနေသော ဆရာဆရာမများသည် လနာ့ဇွပ်ဂျာ (Lana Zup Ja) ဒုက္ခသည်စခန်း သို့ပြောင်းရွှေ့သွားခြင်းဖြစ်ပြီး ကျောင်းသားကျောင်းသူများမူ မိဘများသွားလိုသည့် တခြားသောစခန်းအသီးသီးသို့ ပြောင်းရွှေ့သွားခြင်းကြောင့် လက်ရှိ ၃၀၀ နီးပါးရှိသော ကျောင်းသားများပညာရေးအတွက် ဆုံးရှုံးနစ်နာမှုဖြစ်စေမည်ကို စိုးရိမ်ပူပန်မိကြောင်း ၄င်းတို့ဆရာမများက ပြောသည်။
တရုတ်အစိုးရမှ ပြောင်းရွှေ့ခိုင်းသော ဒုက္ခသည်စခန်း ၆ ခုတွင် ယခု မိုးရာသီဖြစ်သောကြောင့် လမ်းပန်းဆက်သွယ်ရေးခက်ခဲသည့် စခန်း ၄ ခုကို မရွှေ့ရသေးပဲ လော့ဖိုင်း (Law Hpai)စခန်းနှင့် ယန်လု (Yang Lu) ဒုက္ခသည်စခန်းကို ရှေးဦးစွာပြောင်းရွှေ့ဖို့ ဖိအားပေးနေသောကြောင့် မိသားစုများသည် မိုးအဆက်မပြတ်ရွာသွန်းသော်လည်း မရပ်မနားပြောင်းနေကြသည်။ ယနေ့တွင် အားလုံး ပြောင်းရွှေ့မည်ဖြစ်ကြောင်း သိရသည်။
တိုင်းတပါးလူမျိုးများ လာရောက်နေထိုင်ရန် မလိုလားသော တရုတ်အစိုးရသည် ၄င်းတို့နယ်မြေတွင် ၁ နှစ် ကျော်ကြာ ခိုလှုံနေသော ကချင်ဒုက္ခသည်များကို  တိုက်ပွဲများနှင့် သေနတ်သံများ စဲသွားပြီဖြစ်သောကြောင့် မိမိနေရပ်သို့ ပြန်လည်ခိုလှုံရန် ဖိအားပေးလာခဲ့ခြင်းဖြစ်ကြောင်း KIO အရာရှိများပြောသည်။
သို့သော် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် အစိုးရတပ်ဖွဲ့သည် နေ့စဉ် KIO ဌာနချုပ် နယ်မြေနှင့် KIO အခြေချရာစခန်းတွင် တိုက်ပွဲများဖြစ်ပွားနေပြီး လက်နက်ကြီးများပစ်ခတ်မှုရှိနေသောကြောင့် နေရပ်တွင်ခိုလှုံရန် စိုးရိမ်ပူပန်နေကြသည်။

http://kachinnews.com/burmese/news/915-%E1%80%90%E1%80%9B%E1%80%AF%E1%80%90%E1%80%B9%E1%80%96%E1%80%80%E1%80%B9%E1%80%BB%E1%80%81%E1%80%99%E1%80%B9%E1%80%B8%E1%80%99%E1%80%BD-%E1%80%80%E1%80%81%E1%80%BA%E1%80%84%E1%80%B9%E1%80%85%E1%80%85%E1%80%B9%E1%80%B1%E1%80%BB%E1%80%95%E1%80%B8%E1%80%99%E1%80%BA%E1%80%AC%E1%80%B8%E1%80%80%E1%80%AD%E1%80%AF-kio-%E1%80%94%E1%80%9A%E1%80%B9%E1%80%B1%E1%80%BB%E1%80%99%E1%80%9E%E1%80%AD%E1%80%AF%E1%82%94-%E1%80%81%E1%80%80%E1%80%B9%E1%80%81%E1%80%80%E1%80%B9%E1%80%81%E1%80%B2%E1%80%81%E1%80%B2-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC%E1%80%84%E1%80%B9%E1%80%B8%E1%80%B1%E1%80%9B%E1%82%8A%E1%82%95%E1%80%B1%E1%80%94.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India