August 20, 2012

အပစ်ရပ် သဘောတူညီချက် အစိုးရဘက်က ချိုးဖောက်ကြောင်း SSPP/SSA အဖွဲ့ပြောဆို

2012-08-19
မြန်မာအစိုးရနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူ လက်မှတ်ထိုးထားတဲ့ ရှမ်းပြည် တပ်မတော် မြောက်ပိုင်း အဖွဲ့ရဲ့ ဗဟိုဌာနချုပ် အနီးတဝိုက်မှာ အစိုးရတပ်တွေက နေရာယူ တပ်စွဲထားပြီး အပစ်ရပ် သဘောတူညီမှုကိုလည်း အစိုးရဘက်က မလိုက်နာကြောင်း SSPP/SSA အဖွဲ့က ပြောပါတယ်။

ရှမ်းပြည် တပ်မတော် (မြောက်ပိုင်း) SSPP/SSA တည်ထောင်ခြင်း ၄၈ နှစ်ပြည့် အခမ်းအနားတွင် SSA
ရှမ်းပြည်တပ်မတော် မြောက်ပိုင်းလို့ လူသိများတဲ့ SSPP/SSA အဖွဲ့ရဲ့ ၀မ့်ဟိုင်းဌာနချုပ် အနီးမှာ မြန်မာအစိုးတပ်ရင်း ၁၀ ရင်းလောက် တပ်စွဲထားတဲ့ အကြောင်း အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလ က ပြောပါတယ်။
"နမ့်ပုတ်၊ လွယ်ပုံ၊ လွယ်ကြမ်းမှာ တပ်စွဲထားတာ ပြီးတော့ ကျနော်တို့ ပန်ဝေါထဲမှာရှိတယ်။ ဇွန် ၁၇ ရက်ကနေ ဇူလိုင် ၄ ရက်နေ့အထိ မိုင်းရှုးမြို့နယ် မိုင်းအွန် အနီးနားပတ်ဝန်းကျင်မှာလည်း တပ်လာစွဲထားတယ်။ နောက်မနေ့တနေ့က အမြဲတမ်းနေနေတဲ့ မိုင်းရှုးမြို့နယ်ထဲကပဲ ခိုင်းပါ၊ ခနောက်စိမ်း၊ အနားက  ကူတို့ဆိပ်မှာ နေရာယူထားတဲ့ကျနော်တို့တပ်ကို ဖယ်ခိုင်းတာ ခြိမ်းခြောက်တဲ့သဘောမျိုးပေါ့။ ကျနော်တို့ ဌာနချုပ် ၀င်လမ်းထွက်လမ်းတွေ သွားနိုင်တဲ့ အဓိကလမ်းတွေကို သူတို့က ပိတ်ဆို့ထားချင်တဲ့ အနေအထားမျိုးပေါ့။"
ဌာနချုပ်ဝန်းကျင် ကျေးသီးနဲ့ သီပေါနယ်မှာ ခမရ ၅၁၃၊ ခမရ ၂၄၇၊ ခမရ ၁၃၁ နဲ့ တန့်ယန်း အခြေစိုက် ခလရ ၂၂ တပ်တွေ တပ်စွဲထားပါတယ်။ မိုင်းရှုးမှာဆိုရင် ခမရ ၅၁၆ နဲ့ ၅၁၇ တပ်တွေအပြင် အရှေ့မြောက်ပိုင်းတိုင်းက တပ်တွေ တပ်စွဲထားတယ်လို့ ပြောပါတယ်။ အခုလို တပ်တွေ အများကြီးချထားတဲ့ ရည်ရွယ်ချက်ကို အတိအကျ မသိရသေးပေမဲ့ အပစ်ရပ် သဘောတူပြီး နောက်ပိုင်း တိုက်ပွဲပေါင်း ၃၀ ကျော်ရှိခဲ့ကြောင်း ပြောဆိုပါတယ်။ ရှမ်းပြည်တပ်မတော် မြောက်ပိုင်းအဖွဲ့ အနေနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ထိုးထားတဲ့အတိုင်း လိုက်နာပေမဲ့ မြန်မာ အစိုးရတပ်ဘက်က လိုက်နာမှု မရှိတဲ့အကြောင်း ဗိုလ်မှူးစိုင်းလက ပြောပါတယ်။
"ကျနော်တို့တော့ လက်မှတ်ထိုးထားတဲ့ သဘောတူညီချက်အတိုင်း လိုက်နာကျင့်သုံးနေတာပဲ။ အဲဒီသဘောတူထားတဲ့ အချက်တွေဆိုရင် ကျနော်တို့တပ်တွေ ရောက်ရှိတဲ့နေရာမှာ ယာယီနေထိုင်ဖို့ သဘောတူထားတယ်လေ။ ဒါပေမဲ့ အခုက ကျနော်တို့တပ်တွေကို ဟိုမသွားရ ဒီမနေရနဲ့ ဟိုမှာရွှေ့ပါ ဒီမှာရွှေ့ပါနဲ့ လုပ်နေတာလေ။ အဲဒါ သဘောတူညီချက် လက်မှတ်ထိုးထားတာနဲ့ သူတို့လုပ်ရပ်တွေက တခြားစီ ဖြစ်နေတာ တွေ့ရတယ်လေ။ ကျနော်တို့ မနှစ်က မတ်လ ကနေစပီး ကျနော်တို့ စခန်းတွေ ၁၀ ခုလောက် ဖယ်ပေးရတယ်။ အခု လက်မှတ်ထိုးပြီး နောက်ပိုင်း ရ မိုင်စခန်းနဲ့ မိုင်းအွန်နားက စခန်းတွေ အဲဒါရွှေ့ပေးရတယ်လေ။"
SSPP/SSA အဖွဲ့နဲ့ မြန်မာအစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်တွေ ၂၀၁၂ ခုနှစ် ဇန္နဝါရီလ ၂၈ ရက်နေ့မှာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့တာ ဖြစ်ပါတယ်။

http://www.rfa.org/burmese/news/government-troop-breach-agreement-said-ssa-08192012134629.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India