“ ကျနော့်တို့က နိုင်ငံရေး ပြသနာကို နိုင်ငံရေးအရ အရင်ဆွေးနွေး ခဲ့ရင် အပစ်အခတ် ရပ်စဲရေးဟာ အလွယ်လေးနဲ့ ပြီးသွား လိမ့်မယ်။ အခုဟာက သူတို့က အပစ်အရင်ရပ် ပြီးမှနိုင်ငံရေး ဆွေးနွေးမယ် ဆိုတဲ့ မူဟောင်းကို ခင်းပြီးတော့ အချိန်ဆွဲ ပေါ်လစီနဲ့ သွားပြီးတော့ အချိန်တခုမှာ နယ်ခြားစောင့်တပ် လုပ်ခိုင်းခဲ့တယ် မဟုတ်လား။ ဒါကြောင့် အစိုးရရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အစီစဉ်ကို လက်တွေ့ ကျအောင် အဆိုပြုနေတာပါ” ဟု ဆိုပါသည်။
အစိုးရသည်၊ ၄င်းတို့၏ အပစ်အခတ် ရပ်စဲရေး၊ နိုင်ငံရေး အရ ဆွေးနွေးရေး (တဖွဲ့ချင်း)နှင့် ပင်လုံကဲ့သို့သော ညီလာခံကျင်းပ ရေးဟူသည့် အစီစဉ်ကိုသာ KIA လက်ခံပါက အပစ်ရပ်ရေး လက်မှတ် ထိုးမည်ဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သောက ယမန်နေ့တွင် အမျိုးသား လွှတ်တော် အစည်းအဝေး၌ အမတ် တဦး၏ မေးမြန်းချက်ကို ဖြေကြားခဲ့ပါသည်။ http://www.mrtv3.net.mm/newpaper/79newsm.pdf စာမျက်နှာ (၂၀)တွင် ဖတ်ရှု နိုင်ပါသည်။
ထို့အပြင် ကချင်ဒေသ၌ စစ်ဆင်ရေး မရှိဘဲ နယ်မြေ ရှင်းလင်းရေးသာ ရှိကြောင်း လွှတ်တော် အမတ်တဦး၏ အမေးကို ပြန် လည်ရှင်းပြခဲ့ပါသည်။ တကယ်စင်စစ် ကချင်ဒေသ၌ အစိုးရသည် တိုင်းတပ်နှစ်ခုနှင့် တပ်မပေါင်း (၅) ခု ထက်မနဲမှ စစ်အင် အား တသောင်းကျော်နှင့် ပြည်သာယာ စစ်ဆင်ရေးကို ဆင်နွှဲနေပါသည်ဟု ကချင်ပြည် လွတ်လပ်ရေး အဖွဲ့က ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2005--kia-.html
အစိုးရသည်၊ ငြိမ်းချမ်းရေး အပြည့်ဝ လိုလားကြောင်း၊ ဤအတွက် ၂၀၁၁ခုနှစ် ဇွန်လမှ စ၍ KIA နှင့် ပြည်နယ်အဆင့်တွင် (၃) ကြိမ်၊ ပြည်တောင်စုအဆင့် တွင် (၃)ကြိမ်၊ အလွတ်သော (၄) ကြိမ် ဆွေးနွေး ခဲ့ပြီးဖြစ်သည်ဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီး ဗိုလ်မှူးချုပ် အောင်သော်က လွှတ်တော်သို့ တင်ပြ သွားပါသည်။
“ အတွေ့အကြုံကိုကရှိနေတယ်။ ကြားလူပါတဲ့ စုံစမ်းရေး ကော်မီရှင် ဖွဲ့ကြည့်ပါလား၊ သတ္တိရှိရင် အဖြေမှန် သိရအောင်။ အခု ကြည့် တိုင်းရင်းသား (၁၁) ဖွဲ့ ထဲမှာ (၁၀)နဲ့ အပစ်ရပ်နိုင်ခဲ့တယ်တဲ့၊ KIA ကသာ ငြိမ်းချမ်းရေးကို မလိုချင်သယောင် ၀ါဒဖြန့် နေတယ် မဟုတ်ပါလား။ အကြောင်းမသိ ရင်ခက်မယ်၊ အဲဒီ(၁၀) ဖွဲ့ထဲမှာ ဘယ်အဖွဲ့တွေနဲ့ ပြေလည်နေပြီးလဲ၊ အပစ်အခတ် ရပ်စဲရေး တပိုင်းတစနဲ့ တခြား အဖွဲ့တွေကို အချိန် ဆွဲထားတယ်မလား၊ တကယ်တော့ ဘယ်အဖွဲ့နဲ့မှ ပြေလည်တယ် ရယ်လို့ မတွေ့ရသေးဘူး။ အမြတ်ကတော့ အစိုးရ ဖက်က ထုတ်နေပြီးလေ ” ဟုKIA တပ်မှူး တဦးက ဆိုပါသည်။
သမ္မတသည် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ (၁၀) ရက်နေ့၌ ကချင်ပြည်နယ် အတွင်း ခုခံ ကာကွယ်ရုံမှအပ ပစ်ခတ် တိုက်ခိုက်ခြင်း၊ ကေအိုင်အေ တပ်စခန်း များအား၊ ချီတက် ထိုးစစ်ဆင် တိုက်ခိုက်ခြင်း၊ မပြုလုပ်ရန်ညွှန်ကြားခဲ့ပါကြောင်း၊ သမ္မတ၏ ညွှန်ကြား ချက်အပေါ် တပ်မတော်က တိကျစွာ လိုက်နာ ဆောင်ရွက်လျက် ရှိပါကြောင်းဟု ဒုတိယ ကာကွယ်ရေး ၀န်ကြီးက လွှတ်တော် ၌ ဆိုခဲ့ပါသည်။
KIA ကမူ အစိုးရ တပ်ဖွဲ့များ စစ်ဆင်ရေး မရှိပါက တိုက်ပွဲများ ဖြစ်လာစရာ အကြောင်းလည်း မရှိပေ။ ဒုက္ခသည်များလည်း (၆) သောင်းမှ တသိန်းနီးပါး ဖြစ်လာစရာ အကြောင်းလည်း မရှိပေ။ တရုတ် အစိုးရလည်း ကချင် စစ်ပြေး ဒုက္ခသည်များကို မောင်း ထုတ်စရာလည်း ရှိမည် မဟုတ်ပေ။ ကချင်ပြည်နယ် ဖါးကန့် ဒေသ၌လည်း အချိန်တိုအတွင်း စစ်ပြေးများ သောင်း နှင့်ချီပြီး ဖြစ်လာစရာလည်း မရှိပေ။ ဤအခြေအနေများသည် ဒုတိယ ကာကွယ်ရေး ၀န်ကြီး တဦး၏ လွှတ်တော် တင်ပြချက်နှင့် နှိုင်း ယှဉ်ကြည့် စေလိုပါသည်။ ဟုတ် မဟုတ် သက်သေပြနိုင်ရန် လိုသည်ဟု ဆိုပါသည်။
ဤသို့ကြောင့် လွှတ်တော်မှ အခြေအနေမှန် သိရှိနိုင်ရန် ကချင်အရေးကို လွှတ်တော် စုံစမ်းရေး ကော်မီရှင် ဖွဲ့ပြီးလေ့လာသင့် ပါသည်။ သို့မဟုတ်ပါက လွှတ်တော်ထဲက တပ်မတော်၏ ရှင်းပြချက်နှင့်သာ ရပ်နေပေလိမ့်မည်ဖြစ်သည်။ ကချင်ပြည်လွတ် လပ်ရေး အဖွဲ့သည်လည်း အစိုးရတပ်ဖွဲ့၏ သဘောထားကို သိရှိနေပြီး ဖြစ်သည့် အတွက် အဆိုပြုချက်ကို လက်တွေ့ ကျကျ ဖြစ်စေရန် နိုင်ငံရေး ဆွေးနွေးမှုဖြစ်သာ အပစ်အခတ် ရပ်စဲရေး နည်းကို တင်ပြနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။
Friday, 07 September 2012
http://www.phophtaw.org/burmese/index.php/news/local-news/2092-2012-09-07-10-38-27.html