September 8, 2012

အစိုးရတပ် ဖားကန့်စစ်ဆင်ရေး ရဟတ်ယာဉ်ဖြင့် အင်အားတိုးချ



မြန်မာအစိုးရတပ်သည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အား ထိုးစစ်ဆင်ရန် ဖားကန့်ကျောက်စိမ်းမှော်ဒေသ သို့ စစ်အင်အားများကို စစ်ရဟတ်ယာဉ်များဖြင့် တိုးချတင်ပို့နေကြောင်း မျက်မြင်သက်သေများပြောသည်။
ပြီးခဲ့သည့်ပတ် သြဂုတ်လ ၃၁ ရက်မှ စက်တင်ဘာလ ၃ ရက်နေ့အထိ အစိုးရ ရဟတ်ယာဉ် ၂ စင်းဖြင့် တစ်ကြိမ်လျှင် လူအင်အား ၂၀ ကျော်နှုန်းဖြင့် ရ ကြိမ်တိုင် အင်အား ၂၀၀ ကျော်နှင့် လက်နက်ကရိယာများပါ ပို့နေကြောင်း မျက်မြင်သက်သေတစ်ဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
“ကျနော်တွေ့တာက နောက်ဆုံးပို့တာ တနင်္လာနေ့မှာ ဟုတ်တယ်။ ရဟတ်ယာဉ်က အစိမ်းရောင်၂ စင်းဟုတ်တယ်။ တစ်စင်းက ကြီးတယ်။ တစ်စင်းက နည်းနည်းသေးတယ်။ စစ်ဝတ်စုံ တွေနဲ့ သေနတ်လည်းကိုင်ပြီး ဆင်းလာကြတာ။ သေတ္တာအကြီးတွေလည်းပါတယ်။ အဲဒီသေတ္တာကို လူ ၅ ယောက် လောက်ပေါင်းပြီး မ ကြတယ်။ သေနတ်အကြီးလိုလည်းတွေ့တယ်။ ကျနော်တို့လည်း ရဟတ်ယာဉ်နား တဲ့နေရာနဲ့ နည်းနည်းဝေးတဲ့ တောင်ကပဲ တွေ့ရတော့ ကောင်းကောင်းမမြင်ရဘူးလေနော်။ လေယာဉ်က ၁၀ မိနစ် လောက်ပဲနားပြီး ပြန်သွားတာ” ဟု အထက်ပါ မျက်မြင်တစ်ဦးကပြောသည်။
ထိုအစိုးရတပ်များသည် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA နှင့် တိုက်ပွဲများဖြစ်ပွားခဲ့ပြီး အထိနာမှုဖြစ်ပွားပြီး နောက် ယခုလို ရဟတ်ယာဉ်များအသုံးပြုပြီး ဖားကန့်သို့ အင်အားဖြည့်နေခြင်းဖြစ်ကြောင်း ဒေသခံများ ပြောသည်။
ဖားကန့်ဖက်သို့ ကားများနှင့် စစ်အင်အားတိုးချဲ့ခြင်းကို KIA ဖက်မှ တိုက်ခိုက်ခံနေရခြင်းကြောင့်လည်း ရဟတ်ယာဉ်အသုံးပြုမှု များလာခြင်းဖြစ်ကြောင်း သုံးသပ်ပြောဆိုသည်။
ထိုအစိုးရရဟတ်ယာဉ် ၂ စင်းသည် ဖားကန့်ရှိ အစိုးရစစ်တပ် အနီး ဘော်လုံးကွင်းမှတဆင့် ရပ်နား၍  ပို့ဆောင်နေခြင်းဖြစ်ကြောင်းသိရသည်။
ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းမှော်ဒေသတွင် သြဂုတ်လပိုင်းမှစကာ မြန်မာအစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) ကြား တိုက်ပွဲများ ပြင်းထန်လာသောကြောင့် ဖားကန့်မြို့အနီးမှ ကျေးရွာဒေသခံများသည် လုံခြုံရာ ဖားကန့်မြို့တွင်းရှိ မှော်ဝမ်း၊ မရှီကထောင်၊ မေသီလကျောင်း၊ ရခိုင်ရိုးရာ ယဉ်ကျေးမှုကျောင်း၊ ရှမ်းရိုးရာ ယဉ်ကျေးမှုကျောင်း၊ ဗုဒ္ဓဘုန်းကြီးကျောင်း၊ ကက်သလိတ် RC ဘုရားကျောင်း၊ ခရစ်ယာန်နှစ်ခြင်းကျောင်း စသည့်နေရာများတွင် ထွက်ပြေးတိမ်းရှောင်လာခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/938-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%85%E1%80%85%E1%80%B9%E1%80%86%E1%80%84%E1%80%B9%E1%80%B1%E1%80%9B%E1%80%B8-%E1%80%9B%E1%80%9F%E1%80%90%E1%80%B9%E1%80%9A%E1%80%AC%E1%80%A5%E1%80%B9%E1%80%BB%E1%80%96%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%84%E1%80%B9%E1%80%A1%E1%80%AC%E1%80%B8%E1%80%90%E1%80%AF%E1%80%AD%E1%80%B8%E1%80%81%E1%80%BA.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India