July 29, 2012

ငြိမ်းချမ်းရေး၊ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် စီအဲန်အက်ဖ် နှင့် နအဖ စကားပြောမည်

မတ်လ ၁၂ ရက်၊ ၂၀၀၇ ခုနှစ်။

စစ်မှန်သည့် ငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်သင့်မြတ်ရေး ပေါ်ထွန်းရန်အတွက် ချင်းအမျိုးသားတပ်ဦးက ယခုလ ၁၅ ရက် နေ့တွင် ချင်းပြည်နယ် တနေရာ၌ နအဖ စစ်အစိုးရနှင့် တွေ့ဆုံဆွေးနွေးမည်ဟု ချင်းအမျိုးသားတပ်ဦး (စီအန်အက်ဖ်) က ထုတ် ပြန် ကြေညာလိုက်သည်။
အဖွဲ့ဝင် ၁၀ ဦးပါရှိသည့် ချင်းအမျိုးသားတပ်ဦးအဖွဲ့ကို ဒေါက်တာ ရွှေခါးရ် နှင့် ဒုတိယ အဖွဲ့ခေါင်းဆောင် ပူးပေါလ်စမစ် တို့က အ ဖွဲ့ခေါင်းဆောင် အဖြစ် ဦးဆောင်မည်ဖြစ်ပြီး ယင်းတွေ့ဆုံပွဲသည် နအဖနှင့် စီအဲန်အက်ဖ် အကြား ပထမဦးဆုံး တွေ့ဆုံ ဆွေးနွေး ပွဲဖြစ်သည်။
တွေ့ဆုံဆွေးနွေးပွဲ အစီအစဉ်နှင့် ပတ်သက်၍ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် ချင်းအမျိုးသား တပ်ဦး၏ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဒေါက်တာ ရွှေခါးရ် က ယခုလို ပြောသည်။
“ဒီနိုင်ငံရေးပြဿနာက တွေ့ဆုံဆွေးနွေးမှုနဲ့ဘဲ အဖြေရှာနိုင်မယ်လို့ ကျနော်တို့ခံယူထားတယ်။ ဒီလိုခံယူထားတာနဲ့အညီ ကျနော် တို့ ဒီတွေ့ဆုံပွဲကို သွားရခြင်းဖြစ်တာပေါ့နော်။ ဆိုတော့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ပေါ်ထွန်းလာဖို့ ရှေ့ရှုပြီးတော့ တကယ့်အမျိုးသား ပြန်လည် သင့်မြတ်ရေး ဖြစ်ဖို့အတွက်ကို ကျနော်တို့အဓိက ထားပြီးတော့ ဆွေးနွေးမှာ ဖြစ်ပါတယ်။”
၁၉၉၆ ခုနှစ် ဇူလိုင် ၂၃ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည့် ချင်းငြိမ်းချမ်းရေး အကျိုးတော် ဆောင်အဖွဲ့၏ ကြားဝင်စေ့စပ် ကြိုးပမ်း ဆောင်ရွက်မှုကြောင့် ယခုတွေ့ဆုံဆွေးနွေးပွဲ ပေါ်ပေါက်လာရခြင်းဖြစ်သည်ဟု ကြေညာချက်တွင် ရေးသား ထားသည်။
ယခုတွေ့ဆုံဆွေးနွေးပွဲသည် နှစ်ဦးနှစ်ဖက် ယုံကြည်မှုတည်ဆောက်သည့် လမ်းစဖြစ်ကြောင်း အဖွဲ့ခေါင်းဆောင် ဒေါက်တာ ရွှေခါးရ် က ပြောသည်။
“ကျနော်တို့ ကြိုတင်ပဏမာ ညှိနှိုင်းတဲ့ အဆင့်သဘောဘဲဆိုတော့ အဓိက ကတော့ ကျနော် တို့ နောက်တခါ ဘာတွေ ဆွေးနွေး ရင်ကောင်းမလဲ ဆိုတဲ့ agenda  (လုပ်ငန်းအစီအစဉ်) ချမှတ်တဲ့ အဆင့်မှာပဲ ရှိပါမယ်။ ပြီးတော့ ဒုတိယ အနေနဲ့ကတော့ ဒီပထမဆုံး တွေ့ဆုံဆွေးနွေး ရတာဖြစ်သလို ယုံကြည်မှု တည်ဆောက်မှုအပိုင်းကို ပိုပြီးတော့ ဖြစ်ပါလိမ့်မယ်။”
ယခု ဆွေးပွဲတွင် နအဖနှင့် အပစ်အခတ်ရပ်စဲရန်မဟုတ်ဘဲ လက်ရှိကျင့်သုံးနေသည့် စီအန်အက်ဖ်၏ ဗျူဟာများထက် ပိုမိုပြီး ကောင်းမွန်သည့် နည်းလမ်းများကို ရှာဖွေချဉ်းကပ် ရခြင်းဖြစ်သည်ဟု ဒေါက်တာရွှေခါးရ် က ပြောသည်။
တွေ့ဆုံဆွေးနွေးပွဲတွင် ချင်းအမျိုးသားတပ်ဦးနှင့် လက်တွဲလုပ်ဆောင်နေသည့် ချင်းနိုင်ငံ ရေးပါတီများ၊ လူငယ်နှင့် အမျိုးသမီး များ၊ အခြားလူထုအခြေပြု အဖွဲ့အစည်းနှင့် ချင်းပြည်သူ လူထု၏ ဆန္ဒသဘောထား၊ ရပ်တည်ချက်များကို အလေးထား၍ ဆွေး နွေး သွားမည်ဟု ယနေ့ထုတ်ပြန်ကြေညာချက်တွင် ဖေါ်ပြထားသည်။
ထို့အပြင် ချင်းအမျိုးသားတပ်ဦးအနေနှင့် အခြားတိုင်းရင်းသားလူမျိုးများနှင့် မဟာမိတ် အင်အားစုများ၏ အကျိုးစီးပွားများကို ရှေ့ရှုပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ဆွေးနွေးသွားမည်ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။
ချင်းအမျိုးသားတပ်ဦးသည် ဒီမိုကရေစီနှင့် လွတ်လပ်ရေးကို အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရန် နှင့် ချင်းလူမျိုး တို့၏ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရန်ကို ရည်ရွယ်ပြီး  ၁၉၈၈ မတ်လ ၂၀ ရက်နေ့ တွင် စတင်တည်ထောင်ခဲ့သည်။


http://www.nmg-news.com/nmg/news120307b.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India