July 29, 2012

မြန်မာအစိုးရနဲ့ ချင်းအမျိုးသားတပ်ဦး အပစ်ရပ်သဘောတူ

By ကိုမိုးဇော်
ဇန်န၀ါရီလ ၈ ရက်၊ ၂၀၁၂

ချင်းအမျိုးသားတပ်ဦး (CNF) က ဇန်န၀ါရီလ ၅ ရက်နဲ့ ၆ ရက်နေ့တွေမှာ ချင်းပြည်နယ် မြို့တော် ဟားခါးမှာ အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးကြရာမှာ ဇန်န၀ါရီလ ၅ ရက်နေ့က ပြည်နယ်အစိုးရအဆင့်နဲ့ အဓိက ဆွေးနွေးပြီး ဇန်န၀ါရီလ ၆ ရက်မှာတော့ ပြည်ထောင်စုအဆင့်နဲ့ အဓိက ဆွေးနွေးခဲ့တယ်လို့ ဒီဆွေးနွေးပွဲကို ပါဝင် တက်ရောက်ခဲ့တဲ့ အစိုးရအာဏာပိုင်တစ်ဦး ပြောဆိုတာကို ကိုးကားပြီးတော့ ဗွီအိုအေ သတင်းထောက် ကိုမိုးဇော်က သတင်းပေးပို့ထားပါတယ်။

ဇန်န၀ါရီလ ၆ ရက်နေ့ နောက်ဆုံး ဆွေးနွေးပွဲမှာတော့ အပစ်အခတ် ရပ်စဲရေးအတွက် နေ့ခင်း ၂ နာရီ လောက်မှာ သဘောတူ လက်မှတ်ရေးထိုးခဲ့ပါတယ်။ ဒီလို လက်မှတ်ရေးထိုးရာမှာ ချင်းပြည်နယ် အစိုးရဘက်က နယ်စပ်ဒေသ လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးဇော်မင်းဦးက ဦးဆောင် လက်မှတ် ရေးထိုးခဲ့ပြီး CNF ဘက်တော့ တွဲဘက် အထွေထွေအတွင်းရေးမှူးချုပ် ဒေါက်တာ ဆလိုင်းရွှေခါးက ဦးဆောင် လက်မှတ်ထိုးခဲ့ပါတယ်။

အသိသက်သေတွေ အဖြစ်ကတော့ မြန်မာအစိုးရဘက်က မီးရထားပို့ဆောင်ရေးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ သစ်တောနဲ့ သဘာဝပတ်ဝန်းကျင်ရေးရာ ၀န်ကြီး ဦးဝင်းထွန်း၊ ချင်းပြည်နယ် ၀န်ကြီးချုပ် ဦးဟုန်းငိုင်းတို့ ပါဝင် လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီဆွေးနွေးပွဲမှာ နှစ်ဘက် အပစ်အခတ် ရပ်စဲဖို့အပြင် ထန်တလန်မြို့မှာ CNF ရဲ့ ဆက်ဆံရေးရုံး ဖွင့်လှစ်ဖို့ သဘောတူညီခဲ့ပြီး မတူပီနဲ့ တီးတိန်မြို့တွေမှာ ဖွင့်လှစ်ဖို့တော့ ဆက်လက် ဆွေးနွေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် လက်နက်မပါဘဲ နယ်မြေဖြတ်သန်းခွင့် ပြုရေးနဲ့ ပြည်ထောင်စုအဆင့်နဲ့ မကြာခင် ဆက်လက်ဆွေးနွေးဖို့ ဆိုတာတွေကို သဘောတူညီခဲ့ပါတယ်။

CNF အဖွဲ့ဟာ ၁၉၈၈ ခုနှစ်၊ မတ်လမှာ အိန္ဒိယ-မြန်မာ နယ်စပ်ဒေသမှာ စတင် ဖွဲ့စည်းခဲ့တာဖြစ်ပြီး ၈ လေးလုံး ဒီမိုကရေစီရေး လှုပ်ရှားမှုအပြီးမှာ ချင်းကျောင်းသားတွေက ဦးဆောင်ပြီး ကိုယ်ပိုင်ပြဌာန်းခွင့် ရရှိရေး၊ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး၊ တန်းတူညီမျှရေး အတွက် ၂၃ နှစ်ကြာ အစိုးရကို လက်နက်ကိုင် တော်လှန်ခဲ့တဲ့အဖွဲ့ ဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်မှာ CNF နဲ့ မြန်မာစစ်အစိုးရအကြား အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးခဲ့ဖူးပေမဲ့ မအောင်မြင်ခဲ့ပါဘူး။

VOA
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India