အဆင့်ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့နှင့် ငြိမ်းချမ်းရေးတည်ဆောက်ရန် မော်လမြိုင်မြို့ရှိ စထရင်းဟိုတယ်၌ ဖေဖော်ဝါရီ ၂၅ ရက်တွင် ပဏာမသဘောတူလက်မှတ်
ရေးထိုးခဲ့သည်။
ပြည်နယ်အဆင့် ငြိမ်းချမ်း ရေးဖော်ဆောင်ရေးအဖွဲ့နှင့် မွန်ပြည်သစ်ပါတီတို့သည် ယခုလ ၁ရက်တွင် နှစ်ဖက်ပဏာမ သဘောတူညီခဲ့သော အပစ်အခတ်ရပ်စဲရေးကိစ္စ အတွက် အချက် ၅ ချက်ကို အတည်ပြု လက်မှတ်ရေးထိုးခဲ့ ခြင်းဖြစ်သည်။ အတည်ပြုချက်တွင် နှစ်ဦး နှစ်ဖက်ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရန်ကိစ္စနှင့် နှစ်ဖက်သဘော တူညီထားသော နယ်မြေများမှ အပ နယ်မြေကျော်လွန်လက်နက် ကိုင်ဆောင်သွားလာမှုကို နှစ်ဖက် ကြိုတင်ညှိနှိုင်းဆောင်ရွက်မည်ဟူသော အချက်တို့ ပါဝင်သည်။ ထို့ပြင် ပြည်ထောင်စုအဆင့်ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့နှင့် မွန်ပြည်သစ်ပါတီမှ ငြိမ်းချမ်းရေးဖော်ဆောင်ရေးအဖွဲ့တို့သည် အချက် ၄ ချက်ပါ ပဏာမသဘော တူညီချက်ကို လက်မှတ်ရေးထိုးခဲ့သည်။
တစ်နိုင်ငံလုံး အတိုင်းအတာ ဖြင့် အပစ်အခတ်ရပ်စဲရန် အထူးသဖြင့် တိုင်းရင်းသားနယ်မြေများအတွင်း ဖြစ်ပွားနေသည့် လက်နက်ကိုင် ပဋိပက္ခများ အမြန်ဆုံးရပ်စဲရန်၊ အပစ်အခတ်ရပ်စဲချိန် မှစ၍ ၄၅ ရက်အတွင်း နိုင်ငံရေးဆွေးနွေးပွဲစတင်ရန်၊ အပစ်အခတ်ရပ်စဲထားစဉ် ကာလအတွင်း မွန် ပြည်နယ်နှင့် ဆက်စပ်နယ်မြေများတွင် စစ်အင်အားထပ်မံတိုးချဲ့ခြင်း မလုပ်ဆောင်ရန်၊ အကျဉ်းထောင်များတွင် ကျန်ရှိနေသေးသည့် နိုင်ငံရေးအကျဉ်းသားများကို အားလုံးလွှတ်ပေးရန်နှင့် အကျဉ်းထောင်
အတွင်းရှိ မွန်ပြည်သစ်ပါတီမှ ရဲဘော်များအားလည်း သက်ညှာစာနာထောက်ထား၍ လွှတ်ပေးရန်၊ စေတနာလုပ်အားပေးမှ လွဲ၍ အတင်းအဓမ္မလုပ်အားပေးစေခိုင်းခြင်း ကို နှစ်ဖက်စလုံးမှ ရှောင်ကြဉ်ရန်၊ ပြဿနာဖြစ်တည်နေသည့် ပြည်သူများ၏ မြေယာများကိစ္စကို နှစ်ဖက်ညှိနှိုင်းဝိုင်းဝန်းဖြေရှင်းသွားကြရန် စသည့်အချက်များကို သဘောတူညီခဲ့ကြခြင်း ဖြစ်သည်။ အစိုးရအဖွဲ့၏ ပြည်ထောင် စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင် ရေးအဖွဲ့ကို ရထားပို့ဆောင် ရေးဝန်ကြီးဌာန၊ ပြည်ထာင်စုဝန် ကြီး ဦးအောင်မင်းခေါင်းဆောင်၍မွန်ငြိမ်းချမ်းရေးဖော်ဆောင်ရေး အဖွဲ့ကို မွန်ပြည်သစ်ပါတီဥက္ကဋ္ဌ ဦးနိုင်ရော့စ ခေါင်းဆောင်ဆွေး နွေးသည်။
သဘောတူလက်မှတ်ရေးထိုး ပွဲအပြီးတွင် သတင်းစာရှင်းလင်းပွဲ ကျင်းပရာ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငြိမ်းချမ်းရေး ဖော် ဆောင်နိုင်ရေးနှင့်ပတ်သက်၍ သတင်း သမားတစ်ဦးမေးမြန်းမှုကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက “နိုင်ငံတော်သမ္မတကြီးက အ ဆင့်သုံးဆင့်သတ်မှတ်ပေးထားပါ တယ်။ ပထမအဆင့်က အပစ်အ ခတ်ရပ်စဲရေး၊ ဒုတိယက Development plus Political Type ၊တတိယအဆင့်က ငြိမ်းချမ်း ရေးအဆင့်ပေါ့နော်။ အချိန်ဘယ် လောက်ကြာမလဲလို့ မေးရင် အခု ပထမအဆင့်တော့ပြီးပြီ။ ဒုတိယအဆင့်မှာ Development နဲ့ Political Dialogues ဒါတွေ ကျွန်တော်တို့ဆွေးနွေးမှာ ဖြစ်ပါ တယ်။ ဆွေးနွေးမယ့်အကြောင်း အရာတွေက သိပ်များနေရင် ဆွေးနွေးတဲ့အခါမှာလည်း အကြိမ်ကြိမ်ဆွေးနွေးရမယ်ဆိုရင် တတိယအဆင့်ကို သွားဖို့ကြာမယ်။ အ ကယ်၍ ဒုတိယအဆင့်မှာ မကြာ ဘူးဆိုရင် တတိယအဆင့်က သိပ် မြန်မယ်။ ဒီဥစ္စာက ဒီတစ်ဖွဲ့တည်းကို ကြည့်ပြီး ပြောလို့မရဘူး။ တိုင်း ရင်းသားအားလုံးပါဝင်တဲ့ အဖွဲ့ တွေအားလုံးဟာ တတိယ အဆင့်ကို တက်ရမှာဖြစ်တဲ့အတွက် တစ်ဖွဲ့က မြန်နေပေမယ့် နောက်တစ်ဖွဲ့မှာ ကြာနေရင်လည်း သူတို့ကို စောင့်ရဦးမယ်။ အချိန်က တစ်နှစ် အတွင်းမှာ၊ ခြောက်လ အတွင်းမှာ ပြောလို့မရဘူး”ဟု ပြန်လည်ဖြေကြားခဲ့သည်။
http://7daynewsjournal.com/article/