September 15, 2012
“နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း (ဒုတိယပိုင်း)
မေး ။ ။ Trust Building ကို တိုင်းရင်းသားတွေနဲ့ တည်ဆောက်ရတဲ့အခါမှာ ဘယ်လို စိန်ခေါ်မှုတွေ ရှိလဲ။ ဥပမာအားဖြင့် ရှမ်းပြည်မှာ တိုက်ပွဲဖြစ်တယ်လို့ သိရတယ်။ ကရင်ခေါင်းဆောင်တွေကို မေးတဲ့အခါကျရင်လည်း စောင့်ကြည့်မယ်ဆိုတဲ့ အနေထားလောက်ပဲ ရှိတယ်။ ဒါပေမယ့် သူတို့ Liaison Office (ဆက်ဆံရေးရုံး) တခုစပြီး ဖွင့်တယ်။ ကချင်နဲ့ဆိုရင် အခြေအနေတော်တော် ဆိုးတယ်လို့ အခုနက ၀န်ကြီးပြောတယ်။ ဒီလို နှစ်ဖက်ဆွေးနွေးတဲ့ အခါကျရင် Trust Building ဘယ်လိုများ တည်ဆောက်ခဲ့တာ ရှိလဲ။ တချို့အောင်မြင်တာ ရှိတယ်၊ တချို့ အခုအထိ မအောင်မြင်တာ ရှိတယ်။
ဖြေ ။ ။ တကယ်တော့ အခုတိုက်ပွဲ အနည်းအကျဉ်းဖြစ်တဲ့ ရှမ်းပြည်နယ်၊ တိုက်ပွဲကြီးကြီးမားမား ဖြစ်နေတဲ့ ကချင်ပြည်နယ်ကိုသာ ကိုအောင်ဇော်က ပြောတာကိုး။ ဘာမှ မဖြစ်တဲ့ ကယားဒေသတို့၊ တချို့ ကရင်ဒေသတို့ ဒါတွေလည်း ကျနော်တို့က ပြောဖို့လိုပါသေးတယ်။ ဘာလို့ ပြောဖို့လိုအပ်လဲဆိုရင် ကရင်လူမျိုးတွေ တော်တော် စည်းကမ်းရှိပါတယ်။ Cease-fire လုပ်ပြီးတဲ့အခါမှာ သူ့တပ်တွေကို အောက်ကို အမိန့်ကိုရောက်အောင် ပို့်တယ်။ အောက်ကလည်း တိတိကျကျ လိုက်နာကြတယ်။ အဲဒါကြောင့်မို့ ကရင်ပြည်နယ်မှာ အခု တိုက်ပွဲမဖြစ်တော့ဘူး။ ကယားပြည်နယ်မှာ တိုက်ပွဲမဖြစ်တော့ဘူး။ ဒါလေးတွေလည်း ကျနော်သွားပြီးတော့ တွေ့ရတယ်။ ဒါတွေအားလုံးကလည်း Trust ပဲ အရေးကြီးတာပါ။
ရှမ်းပြည်နယ်မှာ ဖြစ်တဲ့ ဖြစ်စဉ်တွေကို ပြန်ပြောရရင် ရှမ်းပြည်နယ်ဟာ သူတို့ Cease-fire ပထမအဆင့် လက်မှတ်ရေးထိုးတဲ့ အခါမှာ Cease-fire လက်မှတ်ရေးထိုးရုံနဲ့ မပြီးပါဘူး။ အဲဒီထဲမှာ သူ့နယ်မြေ ကိုယ့်နယ်မြေ သတ်မှတ်ဖို့ လိုပါတယ်။ ဒါတွေကို ရှမ်းပြည်နယ်မှာ မလုပ်ရသေးဘူး။ မလုပ်ရသေးတဲ့ အခါကျတော့ သူတို့တပ်တွေကို ဒါငါတို့နယ်မြေ၊ ဒါငါတို့နယ်မြေ ဆိုတာ မခွဲခြားရသေးတဲ့အတွက် နယ်မြေမသိတဲ့ အခါကျတော့ လျှောက်သွားတဲ့အခါမှာ စည်းကျော်မူတွေ ဖြစ်ပြီးတော့ တပ်ချင်းမှားတာတို့၊ အသံပေး ပစ်ခပ်တာတို့၊ ဒါတွေပါ။
ရှမ်းပြည်မှာဖြစ်တဲ့ တိုက်ပွဲတွေ ရှိပါတယ်။ တိုက်ပွဲအသေးလေးတွေပါ။ ဒါက ရှင်းရှင်းပြောရရင် အသေအပျောက် မရှိဘူး။ တယောက်နဲ့တယောက် အသိပေးပြီးတော့ ခြိမ်းခြောက်တာ၊ တယောက်နဲ့တယောက် အသိပေးပြီးတော့ ဒါမောင်းထုတ်တဲ့ သဘောမျိုးနဲ့ ပစ်ခတ်တဲ့ တိုက်ပွဲလေးတွေလို့ပဲ၊ ဒီလိုပဲ ကြည့်လို့ရပါတယ်။ ကချင်မှာ ဖြစ်တဲ့တိုက်ပွဲတွေကျတော့ တပ်တွေရူပ်ထွေးလို့ ဖြစ်တဲ့တိုက်ပွဲတွေပေါ့။ ဒီလိုပဲ မြင်ရပါတယ်။ ကျန်တဲ့ နေရာတွေမှာတော့ တော်တော် အေးချမ်းနေတာ တွေ့ရမှာ ဖြစ်တယ်။
မေး ။ ။ တိုင်းရင်းသားနယ်တွေက စီးပွားရေးလုပ်ငန်းတွေ၊ Development project တွေကျတော့ရော၊ နိုင်ငံတော်ရဲ့ Project တွေလည်း အဲဒီမှာ ရှိတာရှိတယ်။ ကချင်မှာလည်း ရှိတယ်၊ ရှမ်းနယ်မှာလည်း ရှိတယ်။ ကရင်နယ်မှာလည်း ရှိတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းဆိုရင်လည်း အညိုရောင်နယ်မြေတွေမှာ အခု တည်ဆောက်ဖို့တွေ ရှိတယ်။ အဲဒါတွေနဲ့ ပတ်သက်ပြီး အကျိုးတူ ခံစားခွင့်ကိစ္စတွေကို တိုင်းရင်းသားဘက်က ပြောလာတာတွေ ရှိပါတယ်။ ဆိုတော့ အဲဒီကိစ္စတွေကို ၀န်ကြီး ဘယ်လိုကိုင်တွယ်ဖို့ မျှော်မှန်းထားပါသလဲ။
ဖြေ ။ ။ အခုကျနော်တို့ သူတို့နဲ့ စကားပြောနေတဲ့နေရာမှာ သူတို့နယ်မြေထဲမှာ ကျရောက်နေတဲ့၊ ဥပမာအားဖြင့် Project တွေ၊ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းတွေ ဒါတွေကို လုပ်မယ်ဆိုရင် သူတို့နဲ့ တိုင်ပင်ပြီးမှ၊ သဘောတူညီချက် ယူပြီးမှ လုပ်မယ်လို့ ကျနော်ပြောထားပြီးသား။ ထားဝယ်မှာ လုပ်တဲ့ Project ကတော့ ဒါအစိုးရ Project ပဲ။ အဲဒီမှာ ဖောက်မယ့် ရထားလမ်း၊ ကားလမ်းဆိုရင်တော့ သူတို့နယ်မြေထဲက ဖြတ်မှာပဲဗျာ။ ဖြတ်တဲ့အခါကျရင် သူတို့နဲ့ တိုင်ပင်ပြီးလုပ်မယ်လို့ ကျနော်တို့က ပြောထားပြီးသား။ အခုလည်း တိုင်ပင်ပြီးတော့ လုပ်နေတာပဲ။ ဒါတွေကတော့ ဘာပြောမလဲဆိုရင် Resource sharing တွေပါပဲ။ သူတို့ရဲ့နယ်မြေထဲမှာ ရှိတဲ့ Resource နဲ့ပတ်သက်တာ သူတို့လည်း ခံစားခွင့်ရှိတယ်၊ ရပိုင်ခွင့်ရှိတယ်ဆိုတဲ့ သဘောမျိုး ဒါပြောကြတာပါပဲ။ အဲဒီတော့ Resource sharing တွေဆိုရင် လွှတ်တော်မှာတောင်မှ လုပ်နေကြပြီ။ ဒီပြည်နယ်ကထွက်တဲ့ သယံဇာတပစ္စည်းတွေကို ရာခိုင်နှုန်း ဘယ်လောက်အားဖြင့် အဲဒီပြည်နယ်ကို ခွဲပေးမယ်ဆိုပြီးတော့ အခု ပြောနေကြပြီ။ ဒါ Resource sharing တွေပါပဲ။ ဒီ Resource က ရတဲ့ Sharing တွေပေါ့ ဥပမာ ၂၀၊ ၂၅ ရာခိုင်နူန်း၊ တချို့လည်း သိပ်လုပ်ငန်းကြီးရင် ၁၀ ရာခိုင်နူန်း၊ ဒါမျိုးလေးတွေ ကျနော်တို့က စဉ်းစားနေပြီ။
မေး ။ ။ တချို့ တကယ့်ကို ပြင်းထန်တဲ့ တိုင်းရင်းသား အုပ်စုတွေဆိုရင်လည်း ဗမာစစ်တပ်က သူတို့ဆီမှာ လာတယ်၊ သူတို့နယ်တွေကို သိမ်းထားတယ်၊ ပြီးတော့ သူတို့ရဲ့ Resource တွေကို သုံးတယ်ဆိုပြီး အဲလိုအမြင်တွေ သူတို့မှာ ရှိတာကိုး။ ဒါတွေကိုတော့ အများကြီး တည်ဆောက်ယူရဦးမယ် ထင်တယ်၊ အဲဒီအပိုင်းတွေ အမြင်ရှင်းလာဖို့ ကိစ္စကိုပေါ့။
ဖြေ ။ ။ အဲ့ဒါ ပြောရင်တော့ဗျာ တကယ်တော့ လူတွေရဲ့ Mindset ကို အကုန်ပြောင်းပစ်ရမှာပေါ့ဗျာ။ တကယ်တော့ ကချင်ကလည်း ငါတို့ ကချင်ပဲလို့ မမြင်စေချင်ဘူး၊ ကရင်ကလည်း ကရင်ပဲလို့ မမြင်စေချင်ဘူး၊ မြန်မာကလည်း ငါတို့မြန်မာပဲ ဗမာဆိုပြီးတော့ မမြင်စေချင်ဘူး။ အမေရိကားမှာဆိုရင် လူတွေအားလုံးက This is our country, we are all Americans ဒီလိုပဲ ပြောတယ်။ ကျနော်တို့လည်း ဒီလိုပဲ ဖြစ်စေချင်တယ်။ This is our country, we are all Myanmar ဆိုပြီး ဒီလိုပဲ ပြောစေချင်တယ်။ မြန်မာလို့ ပြောလိုက်တဲ့အထဲမှာ ကချင်လည်းပါတယ်။ ကရင်လည်းပါတယ်။ အကုန်လုံး ပါသွားတာပေါ့ဗျာ။ အဲဒီတော့ ကိုယ့်တိုင်းပြည်ကို ကိုယ်ဒီလို ပြောပြီ ဆိုကတည်းကတော့ ခုနပြောတဲ့ ပြသနာတွေက ဘယ့်နှယ့်လို့ ဖြစ်လာတော့မှာလဲ။ ကျနော်တို့က တကယ်တော့ ရှင်းရှင်းပြောရရင် အထွေထွေ သတိမထားခဲ့တဲ့ အချက်တွေပေါ့ဗျာ။ ဒါတွေက ကြိုပြီးတော့ စဉ်းစားပြီးမှ လုပ်ရမှာပေါ့။ ကျနော်နိုင်ငံမှာ National Identity တခုရဖို့ လိုတယ်။ ကျနော်တို့ နိုင်ငံတော်အကြီးအကဲ ဖြစ်တဲ့ ဦးသိန်းစိန် ကလည်း ဒါတွေကို မြင်ပါတယ်။ ဒါတွေလည်း လုပ်ဖို့ စီမံချက်တွေ ရှိပါတယ်။
မေး ။ ။ တိုင်းရင်းသားတွေဘက်က အဲလိုမြင်တဲ့ အမြင်တွေ ရှိလား။ စကားပြောလို့ရတဲ့၊ Dialogue လုပ်လို့ရတဲ့ လူမျိုးတွေကို ၀န်ကြီးအနေနဲ့ တွေ့လား။
ဖြေ ။ ။ တော်တော်များများ ကျနော်နဲ့ တွေ့တဲ့သူတိုင်းကတော့ ကျနော်နဲ့ ယုံကြည်တယ်။ သူတို့နဲ့ ယုံကြည်တယ် ဆိုတာလဲ ဒါ Same ideology ဖြစ်မှပဲ စကားပြောလို့ ဖြစ်မှာပေါ့ဗျာ။ Same ideology မဖြစ်ရင်တော့ ကျနော်က ဘယ့်နှယ်လို့ စကားပြောလို့ ရမှာလဲ။ ဒီဖြစ်စဉ်ကြီး နောက်ပြန်ဆုတ် မသွားတော့ဘူးကတော့ Same ideology တဖြည်းဖြည်း တူလာတာတော့ဗျာ။ ကျနော်တို့ဘက်က စိတ်ရှည်ရမှာပေါ့။
မေး ။ ။ ကချင်ဆိုလည်း ခရစ်ယာန်တွေ ရှိတယ်။ ကရင်ဆိုလည်း တချို့ ခရစ်ယာန်တွေ ရှိတယ်ပေါ့။ ဆိုတော့ အဲဒီကိစ္စနဲ့ပတ်သက်ပြီး အရင်စစ်အစိုးရ လက်ထက်မှာ သူတို့ကို ဖိနှိပ်မူတွေ ရှိခဲ့တယ်၊ အဲဒီလုပ်ခဲ့တဲ့ ဟာတွေက အခုပြန်ပြီးတော့ အတင်းပြန်ဖြည်နေရတဲ့သဘောလို့ တခါတလေကျရင် ၀န်ကြီး ခံစားရလား။
ဖြေ ။ ။ ခံစားရတာတော့ပေါ့ဗျာ။ ဦးနုလက်ထက်မှာ ခင်ဗျား ပြန်ကြည့်လိုက်ပါလား။ မြန်မာနိုင်ငံဟာ ဗုဒ္ဓဘာသာနိုင်ငံ ဖြစ်ရမယ်၊ မြန်မာနိုင်ငံထဲမှာနေတဲ့ သူအားလုံးဟာ ဗုဒ္ဓဘာသာဖြစ်ရမယ် ဆိုတော့ သူရဲ့ National Identity ပဲဗျ။ ဒါပေမယ့် သူအဲဒီ Identity ကိုဖမ်းတဲ့အခါ မှာ မှားသွားတယ်။ ဒါကြောင့်မို့လို့ ဒါကိုကြိုးစားနေတယ်၊ ဘက်ပေါင်းစုံက စဉ်းစားနေတယ်။ တနေ့တော့ ဖမ်းနိုင်မယ်။ ဒါလေးကို ကျနော်တို့ ဆောင်ရွက်မယ်ဆိုတာပါပဲ။
မေး ။ ။ အရင်တုန်းက ဗိုလ်ချုပ်ကြီး ခင်ညွန့်တို့ လုပ်ခဲ့တဲ့ Cease-fire တွေ အဲဒီတုန်းက ပျက်ခဲ့တာတွေ များတယ်။ အခု Cease-fire ပြီးတော့ Political Dialogue ကိုသွားမယ်လို့ ပြောတယ်။ ဘယ်လိုကွာအောင် လုပ်မယ်လို့ သန္နိဋ္ဌာန်ချထားလဲ။
ဖြေ ။ ။ အရင်တုန်းက တပ်မတော်အစိုးရက ပြောခဲ့တာ ရှိတယ်လေ။ ငါတို့ တပ်မတော်အစိုးရ ဆိုတာဟာ အချိန်အတိုင်းအတာ တခုအထိ ငါတို့ထိန်းပေးတာပဲ ဖြစ်တယ်။ တနေ့မှာ နိုင်ငံရေး အစိုးရလက်ထဲကို ငါတို့ ပြန်ထည့်မယ်။ အဲဒီတော့ လောလောဆယ်တော့ ငါတို့တပ်မတော်အစိုးရ လက်ထက်ဖြစ်တဲ့အတွက် Cease-fire အဆင့်ပဲ သွားမယ်။ Political Dialogue ကိုနောက်မှ ပြောကြရအောင် နောက်အစိုးရတက်မှ မင်းတို့ပြောကြ ဆိုပြီးတော့ ဒီလိုနဲ့ပြောခဲ့တာ ရှိတာကိုးဗျ။ ဒါကြောင့်မို့ ကျနော်က ငြိမ်းချမ်းရေးတွေ လုပ်တဲ့အခါမှာ နောက်ဆုံးအဆင့်ကို မရောက်ဘူး။ ဒီ Political Dialogue လုပ်တော့မှပဲ ကျနော်တို့က နောက်ဆုံးအဆင့် ရောက်မှာကိုး။ သူတို့ကိုယ်တိုင်က ဒါကိုမလုပ်ဘူးလို့ ဒီလိုပဲ ပိတ်ထားခဲ့တာ။ အဲလို ပိတ်ထားခဲ့လို့ အထိုက်အလျောက် အောင်မြင်တယ်။ ပြီးရင်ပြန်ပျက်တာတို့၊ မခိုင်မာတို့ ဒါတွေတော့ ရှိတာပေါ့ဗျာ။
မေး ။ ။ BGF (နယ်ခြားစောင့်တပ်) ကတော့ တကယ့်အမှားကြီးလို့ ၀န်ကြီး ခံစားရလား။
ဖြေ ။ ။ BGF က အမှားကြီးလို့လည်း ပြောလို့မရဘူး။ အဲဒီအချိန်တုန်းကလည်း တွေးတာပေါ့နော်။ ဒီအတိုင်းပဲ တွေးပြီးလုပ်တာပေါ့။ BGF က အမှားကြီးလို့ ပြောမယ်ဆိုရင် အခု BGF ထဲဝင်သွားတဲ့ ကရင်လူမျိုးတွေဖြစ်တဲ့ BGF တပ်ရင်းတွေ အများကြီး ရှိတာပဲ။ ဦးစောချစ်သူတို့၊ စောကျော်မြင့်တို့ ဘာတို့ဆိုတာ BGF တပ်ရင်းတွေပဲ။ သူတို့လည်း သူတို့ရဲ့ ခံယူချက်အရ ဒါ မှန်တယ်ထင်လို့ ဒီအတိုင်းပဲ ရပ်တည်ခဲ့တာပဲ။ အခုလည်း အဲဒီ တပ်ရင်းတွေလည်း ရှိနေတာပဲ။ အင်အား တောင့်တောင့်တင်းတင်းနဲ့ ရှိနေကြတာပဲ။ အဲဒီတော့ BGF ကလက်ခံတဲ့ သူရှိသလို လက်မခံတဲ့ သူလည်းရှိတာပဲ။ ပြောရင်တော့ ခံယူတဲ့ သူပေါ်မူတည်တယ်လို့ပဲ ဒီလိုပဲ တွက်ပါတယ်။
မေး ။ ။ ၀န်ကြီး အခုတပ်တွေက နောက်ပိုင်း Political Dialogue တခုကို ရသွားရင် ဒီတိုင်းရင်းသားတပ်တွေက တဖြည်းဖြည်းနဲ့ နီပေါနိုင်ငံမှာလို၊ တခြားနိုင်ငံတွေမှာလို ဘယ်လို Integration (ပေါင်းစပ်) ဖြစ်လာမယ်ထင်သလဲ။ ၀န်ကြီးတို့ ဘယ်လိုမျိုး စဉ်းစားထားတာရှိလဲ။ သူတို့က လက်နက်တော့ ဆက်ကိုင်ထားမယ်။ ဘယ်လိုမျိုးပုံစံ ရပ်တည်မယ်လို့ ထင်သလဲ။
ဖြေ ။ ။ ဒါက ကျနော်တို့က Demobilization လို့ ခေါ်တာပေါ့နော်။ သူတို့အဖွဲ့တွေကို လက်နက်ကိုင်တဲ့ သူကိုလည်း ဆက်ကိုင်ထားမှာပေါ့။ အရင်တုန်းကဆိုရင် ကချင်ပြည်နယ်မှာဆိုရင် ကချင်သေနတ်ကိုင် တပ်ရင်းတွေ ရှိခဲ့တာပဲ။ ကချင် (၁)၊ (၂)၊ (၃)၊ (၄)၊ (၅)။ ချင်း (၁)၊ (၂)၊ (၃)၊ (၄) တပ်ရင်းတွေ ရှိခဲ့တာပဲ။ ရှမ်း သေနတ်ကိုင် တပ်ရင်းတွေ ရှိခဲ့တယ်။ ကျနော်တို့ ငယ်ငယ်တုန်းကဆိုရင် ကချင် (၄) ဆိုတဲ့ တပ်ရင်းမှာ နေခဲ့တာပဲ။ အဲဒီက ကချင်ဆရာကြီးတွေပဲ၊ အဲဒီ တပ်ရင်းတရင်းလုံးမှာ ရှိတာက ကချင်တွေများတာပဲ။ အဲဒီဆရာကြီးတွေ ကျနော်တို့ကို သွန်သင်ပေးလိုက်လို့ ကျနော်တို့ဒီလို ဗိုလ်ချုပ်တွေ ဖြစ်လာတာပေါ့။ ကချင်တွေက ကျနော့်ဆရာတွေပဲ။ ကျနော်တို့ သမ္မတကြီးတောင်မှ ရှမ်း (၁) ဆိုတဲ့ တပ်ရင်းမှာ နေခဲ့တာပဲ။ ဒီတပ်ရင်းတွေက မွေးထုတ်ပေးတာပဲ။ အဲဒီတော့ ဒီတပ်ရင်းတွေ ပြန်ဖွဲ့လို့ မရဘူးလား၊ ဖွဲ့လို့ရတာပေါ့။ ဒါပေမယ့် သူတို့က စုစုစည်းစည်းနဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေထဲမှာ ပြောတဲ့အတိုင်း တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အောက်မှာ ရှိရမယ်၊ ဒီတပ်ရင်းတွေက။ အဲဒီတော့ သူတို့က ပြောတယ်၊ ကျနော်တို့ တပ်ရင်းဖွဲ့ပြီးတော့ ကချင်က တပ်ရင်းတွေကို ရှမ်းပြည်ပို့ပြီးတော့ စစ်တိုက်ခိုင်းမှာလား၊ ကရင်တပ်ရင်းတွေကို ဖွဲ့ပြီးတော့ ရှမ်းပြည်သွားပြီး စစ်တိုက် ခိုင်းမှယလား။ မဟုတ်ဘူး။ အခုက သမ္မတကြီးက သူ့ပြည်နယ်မှာ သူထား၊ သူ့ပြည်နယ်မှာ သူနေ၊ ကျူးကျော်တဲ့ ရန်သူကို လုပ်၊ ဒီလိုပေါ့။ ဒါက လက်နက်ကိုင်ချင်တဲ့ လူတွေအတွက်။
ကဲ … ကျနော်တို့က လက်နက် မကိုင်ချင်တော့ဘူးဗျာ ဆိုရင် ရတယ်။ Demobilization လက်နက်တွေ ဘေးဖယ်ထား၊ ပြီးရင် သူရဲ့ ပညာအရည်အချင်း သူနဲ့သင့်တော်တဲ့ နေရာ နယ်စပ်မှာရှိတဲ့ Immigration လိုနေရာမျိုး ထည့်လိုက်မယ်။ Custom လို နေရာမျိုး ထည့်လိုက်မယ်။ ဒီလိုနေရာမျိုးတွေပေါ့။ သင့်တော်တဲ့ ဥစ္စာတွေ ကျနော်က ထည့်ပေးလိုက်တာ အကုန်လုံးက ဒါ Demobilization လုပ်တယ်လို့ ပြောလို့ ရတယ်။ နောက် သမ္မတကြီးနဲ့ KNU ခေါင်းဆောင် ဒေါ်နော်စီဖိုးရာစိန် တွေ့တဲ့အခါမှာလည်း သမ္မတကြီးက ပြောလိုက်တာ ရှိတယ်။ ခင်ဗျားတို့ဆီက ပညာတတ်တွေရှိရင် ကျနော့်ကို စာရင်းပေးထားပါ။ ပညာတတ်စာရင်းတွေ ပေးပါ။ အဲဒီတော့ ကရင်တိုင်းရင်းသားတွေက မေးတယ်၊ ဘာလုပ်ဖို့လဲတဲ့။ အခုကတည်းကနေ Government board ထဲမှာ ထည့်ထားမယ်။ တနေ့နေ့ တချိန်ချိန်ကျရင် ဒီလူငယ်တွေက ဒီယန္တရားကြီးကို လုပ်တဲ့ကိုင်တဲ့အခါမှာ လုပ်တတ်ကိုင်တတ်အောင် အခုကတည်းကနေ သင်ပေးထားမယ်၊ ထည့်ထားပေးမယ် ဆိုတော့ ဒီရည်ရွယ်ချက်ထက် ကောင်းတာ ဘယ်ရှိမလဲဗျာ။ တနေ့ကျရင် ဒီလူတွေပဲ တက်လာမှာပေါ့။
(တတိယပိုင်းကို ဆက်လက်ဖော်ပြပါမည်)
“နယ်စည်းမခြား ဝန်ကြီး” ဦးအောင်မင်းနှင့် တွေ့ဆုံခြင်း (ပထမပိုင်း)
http://burma.irrawaddy.org/archives/20327
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။