September 6, 2012

ဖားကန့်ဒေသခံတစ်ဦး အစိုးရစစ်တပ် ပစ်ခတ်မှုကြောင့် သေဆုံး


ကချင်ပြည်နယ် ဖားကန့်မြို့နယ်ရှိ မော်ဝမ်းကျေးရွာမှ ရွာသား ဦးကရဲန်နော်ကျန်း (Kareng Naw Chyan) အသက် (၂၇) နှစ်ကို မြန်မာအစိုးရစစ်တပ်မှ ယမန်နေ့ ပစ်ခတ်လိုက်သောကြောင့် သေဆုံးသွားခဲ့ကြောင်း ဒေသခံများပြောသည်။
မော်ဝမ်း (Maw Wan) ကျေးရွာမှ ဦးကရဲန်နော်ကျန်းနှင့် ညီဖြစ်သူ ကရဲန်မာလတို့ နှစ်ဦးသည် ဖားကန့်ကျောက်စိမ်း တူးဖော်ရာနေရာသို့ ကုမ္မဏီက ကျန်ရှိနေသော ဆန်၊ ဆီ၊ ဆား စားစရာများကို ခွင့်ပြုချက်ဖြင့် သွားယူနေစဉ် လမ်းတွင်အစိုးရတပ်မှပစ်ခတ်လိုက်ခြင်းဖြစ်ကြောင်း ဒေသခံများပြောသည်။
ထိုသူနှစ်ဦးသည် မော်ဝမ်းကျေးရွာမှ ကုမ္မဏီသို့အသွား ရှရော်ခ နှင့် ဗလခ ကြားလမ်း မြေဇာပုံတွင် ဆိုင်ကယ်ဘီးပေါက်၍ ဘီးဖာရန်ပြုလုပ်နေချိန် အစ်ကိုဖြစ်သူ ကရဲန်နော်ကျန်းကို ကျည်ဆံထိမှန်ခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။
“သူတို့ နှစ်ယေက်က ကုမ္မဏီမရောက်ခင် လမ်းမှာ မြေဇာပုံတွေပဲ ဟင်းလင်းပဲလေ။ အဲဒီမှာဆိုင်ကယ် ဘီးပေါက်လို့ ဖာဖို့ပြင်နေတော့ ပစ်တာတောင်မကြားဘူးတဲ့ “ဖုတ်” ဆိုတဲ့အသံပဲကြားတယ်တဲ့။ အဲတော့ ကြည့်လိုက်တော့ အစ်ကိုဖြစ်သူ ကရဲန်နော်ကျန်းကိုထိနေပြီတဲ့။ အဲဒီနောက်တော့ သူ့ညီကရဲန်မာလက အစ်ကိုကိုထမ်းပြီး အဲဒီရှရော်ခက မေတ္တာအဖွဲ့တွေကို ခေါ်ပြီး ဖားကန့်ဆေးရုံကို သွားပို့ပြီး ဆေးရုံရောက်တော့ သေသွားပြီလေ။ သူ့ကိုခွဲစိတ်ကြည့်တော့ ညာဘက် အဆုတ်မှာ ကျည်ဆံရှိနေတယ်တဲ့။ ပစ်လိုက်တဲ့အချိန်က မနေ့က ၁၀ နာရီလောက်မှာ သေတာက ၁၂ နာရီလောက်မှာသေသွားတာ” ဟု အထက်ပါဒေသခံ ကပြောသည်။
ကချင်လွတ်မြောက်ရေးတပ်ဖွဲ့(KIA)နှင့် မြန်မာအစိုးရတပ်ဖွဲ့တို့ကြား တိုက်ပွဲကြောင့် ရပ်ဆိုင်းထားသော ရွှေအင်းဝ ကုမ္မဏီတာဝန်ရှိသူများသည် ပြည်သူများအား စားနှပ်ရိက္ခာများ လာယူရန် စက်တင်ဘာ ၄ ရက်နေ့မှစ၍  ခွင့်ပေးလိုက်ခြင်းကြောင်းသိရသည်။
၎င်းအား ပစ်ခတ်လိုက်သော အစိုးရတပ်ဖွဲ့တို့သည် အခင်းဖြစ်ရာ အနီးရှိ ကုမ္မဏီအထဲတွင် ပုန်းနေကာ ချိန်ရွယ်ပစ်လိုက်ခြင်းဖြစ်သည်ဟု ဒေသခံများသုံးသပ်ပြောဆိုနေကြသည်။
ဦးကရဲန်နော်ကျန်း၏ မိသားစု ဇနီးသည်နှင့် သားနှစ်ဦး ကျန်ရစ်ခဲ့ပြီး ၄င်း၏ ဇာပန ဆုတောင်းခြင်းအစီစဉ်ကို စက်တင်ဘာလ ၆ ရက် ယနေ့ ၁ နာရီခွဲတွင်ပြုလုပ်ခဲ့ပြီး မော်ဝမ်းကျေးရွာရှိ ခရစ်ယာန်သင်္ချိုင်းတွင် သဂြိုလ်ခဲ့ကြောင်းသိရသည်။
ယခုချိန် ကျောက်စိမ်းတူးဖော်မှုများရပ်ဆိုင်းထားသော ဖားကန့်ဒေသတွင် အစိုးရတပ်နှင့် ကချင်လွတ်မြောက်ရေးအဖွဲ့များ တိုက်ပွဲပြင်းထန်နေသောကြောင့် ဒေသခံများ စိုးရိမ်ကြောက်လန့်နေပြီး အိုးအိမ်စွန့်ခွာထွက်ပြေးတိမ်းရှောင်လာသူ စစ်ပြေးဒုက္ခသည်များပို၍တိုးလာနေ၍ အစားအသောက်ဆေးဝါးများ လိုအပ်နေကြောင်း ဒုက္ခသည်ကြည့်ရှုသူများပြောသည်။

http://kachinnews.com/burmese/news/936-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%B1%E1%80%92%E1%80%9E%E1%80%81%E1%80%B6%E1%80%90%E1%80%85%E1%80%B9%E1%80%A5%E1%80%AE%E1%80%B8-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%85%E1%80%85%E1%80%B9%E1%80%90%E1%80%95%E1%80%B9-%E1%80%95%E1%80%85%E1%80%B9%E1%80%81%E1%80%90%E1%80%B9%E1%80%99%E1%82%88%E1%80%B1%E1%81%BE%E1%80%80%E1%80%AC%E1%80%84%E1%80%B9%E1%80%B7-%E1%80%B1%E1%80%9E%E1%80%86%E1%80%AF%E1%80%B6%E1%80%B8.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India