September 4, 2012

KIO နှင့် တိုက်ပွဲပေါင်း ၁၇၀၀ ကျော်သော်လည်း အရှိန်ကောင်းနေဆဲ

KIA_RZarni_009_p009ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ (KIO) အား စစ်ဆင်နေသော အစိုးရ ပြည်သာယာ စစ်ဆင်ရေး၏ အဓိက ရည်မှန်းချက်သည် ကချင် လက်နက်ကိုင် အဖွဲ့အစည်းအား အမြစ်ဖြတ် ချေမှုန်းရေးသာ အဓိက ပထမ ဦးစားပေး တိုက်ခိုက်ခြင်းသာဖြစ်သည်ဟု KIO ပြောခွင့်ရသူ ဦးလာနန်းက ဆိုပါသည်။
“ တိုက်ပွဲကတော့ စဖြစ်ကတည်းက အခုဆိုရင် ၁၇၇၀ ပွဲ ရှိနေပြီး၊ ဒါတောင် စာရင်း မရတဲ့ ပွဲတွေ ရှိသေးတယ်။ အစိုးရတပ် တွေကတော့ လျှော့သွားတာ မရှိဘူး။ အခု တဖြည်းဖြည်းနဲ့ လိုင်ဇာနဲ့ နီးစပ်လာတဲ့ သဘောရှိတယ်။ တဖြည်းဖြည်းနဲ့ ချဉ်းကပ်လာတဲ့ ပုံစံပါ။ တိုက်ပွဲဖြစ်တိုင်းမှာလည်း လေယာဉ် နဲ့ အမြဲလာတယ်။ လေကြောင်းနဲ့ တပ်အင်အားတွေ လက်နက်ခဲယမ်းတွေ ပို့တာမျိုးကိုတော့ သူတို့ အမြဲတမ်း လုပ်နေကျပါ။  အလာဖက်မှာ လက်နက်ကြီး ကျဉ်ဆံတွေ ပါလာတယ်။ အပြန်မှာ ဒဏ်ရာရ လူနာတွေကို သယ်တယ်ပေါ့။ တွေ့ဆုံဆွေးနွေးရေးကျတော့ ဆက်သွယ်ရေး လမ်းကြောင်းကိုက ပြတ်နေတယ်လို့ ပြောရမှာပေါ့” ဟု ဆိုပါသည်။
KIO သည် အစိုးရ၏ ပြည်သာယာ စစ်ဆင်ရေးကို နိုင်နင်းစွာ တုန့်ပြန်နိုင်သဖြင့် အစိုးရ တပ်များ ထင်သလို ရှေ့မတိုးနိုင်ခဲ့ခြင်း ဖြစ်သည်ဟု ဆိုပါသည်။ KIO သည် တိုင်းရင်းသားများ၏ အခွင့်ရေး ပြသနာကို တွေ့ဆုံဆွေးနွေးခြင်းအားဖြင့်သာ အဖြေရှာ ကြရန် အစိုးရအား အစဉ်တိုက်တွန်းနေခဲ့ပါသည်။
ဤသို့ကြောင့် အစိုးရနှင့် တရုတ်နိုင်ငံရွှေလီမြို့ ၌ တွေ့ဆုံဆွေးနွေးရန် ပြီးခဲ့သည့် ဇူလိုင်လ (၁၇)ရက် နေ့၌ အဆိုပြုထား သော်လည်း အစိုးရမှ ယနေ့အထိ အကြောင်းပြန်ခြင်းမရှိပေ။ KIO သည် နှစ်ဖက်သြဇာ လွှမ်းမိုးမှု မရှိသောနေရာ၌ တွေ့ဆုံကြရန် အဆိုပြုနေခြင်းဖြစ်ပြီး အစိုးရသည် ရွှေလီအစား မြန်မာနိုင်ငံမူဆယ်မြို့၌သာ ဆွေးနွေးရန် အရင် ကမ်းလှမ်း ထားခဲ့ပါသည်။
KIA_R_009p_009တိုက်ပွဲများတွင် ကျဆုံးသွားသော ရဲဘော်များအား အလေးပြု
KIO နှင့် အစိုးရတို့၏ တိုက်ပွဲကြောင့် ကချင် စစ်ပြေး ဒုက္ခသည်များ သိန်းချီရှိလာနေပြီးဟု ဒုက္ခသည် ဆိုင်ရာ ကော်မီတီများက ဆိုပါသည်။ ဤကဲ့သို့ ကချင် စစ်ပြေး ဒုက္ခသည် ပြသနာ၊ ပိုမိုများလာသည့်အတွက် အစားအစာ ရိက္ခာ ပြတ်တောက်မှုများ ဖြစ် လာသဖြင့်  ကချင်ပြည်နယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးယောဒီဒွေ့က ဤပြသနာကို ဖြေရှင်းရန်အတွက် နေပြည်တော် ပြည်သူ့ လွှတ်တော်သို့ အရေးကြီး အဆိုအဖြစ် စက်တင် ဘာလ ၃ ရက် နေ့တွင် တင်သွင်းလိုက်သည်ဟု ဆိုပါသည်။ http://www.facebook.com/PopularNewsJournal
အမေရိကန်ပြည်ထောင်စုကလည်း ကချင်ပြည် လွတ်လပ်ရေး အဖွဲ့နှင့် အစိုးရတို့အကြား ဖြစ်ပွားနေသော စစ်ရေး ပဋ္ဋိပက္ခကို ၀ိုင်းဝန်း ဖြေရှင်းပေးရန် တရုတ် အစိုးရအား တောင်းဆိုခဲ့ပါသည်။ တရုတ် အစိုးရသည်လည်း ကချင်ဒုက္ခသည်များကို မိမိတို့ နိုင်ငံထဲမှ အလျှင်အမြန် ထွက်ခွာသွားရေးကိုသာ ဆောင်ရွက်ခဲ့ပါသည်။
ကချင်ပြည်နယ်၌ ဖြစ်ပွားနေသော လက်နက်ကိုင် ပဋ္ဋိပက္ခသည်၊ အစိုးရမှ၊ KIO အား ပြည်သာယာ စစ်ဆင်ရေးဖြင့် အပြုတ် တိုက်နေသလို KIO သည်လည်း ဤပဋ္ဋိပက္ခကို နိုင်ငံရေးအရ တွေ့ဆုံ ဆွေးနွေးရေး နည်းလမ်းဖြင့် အဖြေရှာကြရန် အဆိုပြု နေပါသည်။ ဤသို့ မျဉ်းပြိုင်ဖြစ်နေသော နှစ်ဖက် ရည်ရွယ်ချက်များကြောင့် စေ့စပ်နိုင်ဖွယ် အလားအလာများ မမြင်သေးဟု ဝေဖန်သူများက ဆိုပါသည်။

Tuesday, 04 September 2012

http://www.phophtaw.org/burmese/index.php/news/local-news/2083-kio-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India