September 14, 2012

နိုင်ငံရေးဆွေးနွေးမှု မအောင်မြင်သရွေ့ အပစ်ရပ်ခြင်းမလုပ်ဟု KNO ပြော

ပြည်ပအခြေစိုက် အကြီးဆုံး ကချင်အမျိုးသား အစည်းအရုံး (KNO) သည် ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် သဘောတူထားသည်နှင့်အညီ  မြန်မာအစိုးရနှင့် နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှု မအောင်မြင်သရွေ့ အပစ်ခတ်ရပ် ဆဲ ငြိမ်းချမ်းရေးပြုလုပ်မည် မဟုတ်ကြောင်း ပြောလိုက်သည်။
ကချင်အမျိုးသားအစည်းအရုံး (Kachin National Organization) သည် စက်တင်ဘာ ၁၄ ရက်စွဲဖြင့် အချက် (၅) ချက်ပါသော ကြေညာချက် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ထိုကြေညာချက်ထုတ်ပြန်ခြင်းသည် KNO ၏ ပေါ်လစီ သဘောထားကို ကချင်လူထုအားလုံး သိရှိအောင် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်ဟု KNO ဥက္ကဋ္ဌ ဒူဝါဘောမ်ဝမ် လရော် (Duwa Bawmwang Laraw) က ပြောသည်။
“KNO ရဲ့ ပေါ်လစီကို ကချင်လူထုအားလုံး သိစေချင်တယ်။ ဘာကြောင့်လည်းဆိုရင် အခု သူများတွေ ငြိမ်းချမ်းရေးယူလိုက်တာ အမျိုးမျိုးရှိခဲ့တာတွေကြောင့် KNO အနေနဲ့လည်း ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့အတူ KIO တို့ရပ်သလိုပဲ ရပ်တယ်ဆိုတာကို ကချင်လူထုလည်း သိအောင် ဇဝေဇဝါမဖြစ်အောင် ထုတ်လိုက်တာ” ဟု ဒူဝါဘောမ်ဝမ် လရော် (Duwa Bawmwang Laraw) က ပြောသည်။
ကြေညာချက်တွင် ကချင်အမျိုးသား အစည်းအရုံး (KNO) အနေဖြင့် အစိုးရနှင့် ငြိမ်းချမ်းရေး အချက် ၈ ချက်ဖြင့် ဆွေးနွေးရာတွင် လုံးဝမပါ၀င်ကြောင်း၊ ကချင်ပြည်နယ်ကိုယ်ပိုင်အချုပ်အခြာအာဏာ ရရှိသည့် အချိန်ထိ ကချင် လူမျိုးများကို လမ်းပြဦးဆောင်သွားမည်ဖြစ်ကြောင်း စသည့်အချက်များပါရှိသည်။
ကချင်အမျိုးသား အစည်းအရုံး (KNO)ကို ကချင်တိုင်းရင်းသားအရေး နိုင်ငံတကာတွင် ဆောင်ရွက်ရန် ဟူသော ရည်ရွယ်ချက်ဖြင့် ၁၉၉၉ ခုနှစ်က ထူထောင်ခဲ့သော်လည်း နောက်ပိုင်းတွင် KIO နှင့် KNO အကြား သဘော ထားများ ယှဉ်ပြိုင်သလို ဖြစ်လာခဲ့ရာမှ ပြီးခဲ့သည့် ၂ဝ၁၁ ခုနှစ် ဇန်နဝါနရီလက ထိပ်ပိုင်းခေါင်းဆောင်များ တွေ့ဆုံကာ မတူညီသည့် သဘောကွဲလွဲမှုများ မရှိစေရန် သဘောထားပြန်လည်ညှိနှိုင်းကာ သဘောတူ လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
ထို့နောက် ၂၀၁၁ ဇွန်လမှစကာ အစိုးရတပ်နှင့် KIO တပ်အကြား တိုက်ပွဲများ နေ့စဉ်လို ဖြစ်ပွားနေစဉ် ၂၀၁၂ ဇွန်လပိုင်းတွင် KIO နှင့် ပြည်ပ အခြေစိုက် ကချင်အမျိုးသားအစည်းအရုံး KNO တို့ ပူးတွဲ လုပ်ဆောင်သွားရန် လိုင်ဇာဌာနချုပ်တွင် နှစ်ရက်ကြာ တွေ့ဆုံ ဆွေးနွေးခဲ့ကြပြီးနောက် KNO ၏ United Kachinland Army (UKA) တပ်ဖွဲ့ကို ရုတ်သိမ်းလိုက်ပြီး KIA တပ်ဖွဲ့နှင့်အတူ ပူးပေါင်းဖွဲ့စည်းလိုက်ခြင်းဖြစ်သည်။
KNO ကို ကချင်ကျောက်စိမ်းလုပ်ငန်းရှင်တစ်ဦးဖြစ်သူ ဒူဝါဘောမ်ဝမ် လရော် (Bawmwang Laraw) က ထိုင်းနိုင်ငံ ချင်းမိုင်မြို့တွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး အဖွဲ့ဝင်များမှာ အမေရိကန်၊ ဂျပန်၊ သြစတြေးလျ၊ ဒိန်းမတ်၊ မလေးရှား၊ အိန္ဒိယ၊ ကနေဒါ၊ ဗြိတိန်၊ နော်ဝေ၊ ဆွီဒင်၊ တရုတ်နှင့် ထိုင်း စသည့် နိုင်ငံများတွင် ရှိသည်။

 http://kachinnews.com/burmese/news/945-%E1%82%8F%E1%80%AD%E1%80%AF%E1%80%84%E1%80%B9%E1%80%84%E1%80%B6%E1%80%B1%E1%80%9B%E1%80%B8%E1%80%B1%E1%80%86%E1%80%BC%E1%80%B8%E1%80%B1%E1%82%8F%E1%80%BC%E1%80%B8%E1%80%99%E1%82%88-%E1%80%99%E1%80%B1%E1%80%A1%E1%80%AC%E1%80%84%E1%80%B9%E1%80%BB%E1%80%99%E1%80%84%E1%80%B9%E1%80%9E%E1%80%B1%E1%80%9B%E1%80%BC%E1%82%95-%E1%80%A1%E1%80%95%E1%80%85%E1%80%B9%E1%80%9B%E1%80%95%E1%80%B9%E1%80%BB%E1%80%81%E1%80%84%E1%80%B9%E1%80%B8%E1%80%99%E1%80%9C%E1%80%AF%E1%80%95%E1%80%B9%E1%80%9F%E1%80%AF-kno-%E1%80%B1%E1%80%BB%E1%80%95%E1%80%AC.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India