“သူ့နေရာသူနေဆို သဘောတူခဲ့တာလေ။ သူတို့လာ မတိုက်ရင် တိုက်ပွဲဖြစ်စရာ အကြောင်းမရှိဘူး၊ အဲဒီလို မဟုတ်ဘဲနဲ့ စက်တင်ဘာ ၅ ရက်နေ့က ရှမ်းပြည်နယ် မိုင်းပြင်း မြို့နယ် မိုင်းဖူးလုံ တိုက်နယ်ဖက်မှာ တိုက်ပွဲ (၂) ပွဲ ထပ်ဖြစ်တယ်ဗျာ။ ခလရ ၃၆၀ စစ်ကြောင်း (၁) နဲ့ပေါ့အင်အား (၁၀၀) နီးပါးနဲ့ လာဝိုင်းတော့။ နာရီဝက်လောက်ကို ကြာတယ်။ သူတို့က ကျ နော်တို့ရှိတဲ့ နေရာကို စစ်ကြောင်းနဲ့ ချီပြီးကို လာတိုက်တာ၊ ဘာပြောစရာ လိုသေးလဲ” ဟု ဆိုပါသည်။
အလားတူဘဲ စက်တင်ဘာလ ရ ရက်နေ့၌ နောင်ချို အခြေစိုက် စစ်ဗျူဟာ လက်အောက်ခံ တပ်ဖွဲ့ တချုုိ့သည် မိုင်းကိုင်မြို့နယ် တုံလောမြို့နယ်ခွဲ ဆာတော ကျေးရွာ အုပ်စု အနီး ပတ်ဝန်းကျင်တွင် ရှိနေသော RCSS ဒေသတပ် တချို့အား ၀င်ရောက် တိုက်ခိုက်ရာ တိုက်ပွဲသည် (၄) နာရီနီးပါး မျှ ကြာမြင့် ခဲ့ပါသည်။
ထို့အပြင် စက်တင်ဘာ ၈ ရက်နေ့၌လည်း မိုင်ထား လက်အောက်ခံ စစ်ဗျူဟာ တပ်ဖွဲ့တချို့သည် ရှမ်းပြည်တောင်ပိုင်း မိုင်း ထား (မိုင်းထော) တွင်ရှိသော RCSS တပ်ဖွဲ့ကို ၀င်တိုက်ရာ ထောင်ထားတဲ့ မိုင်းနင်း မိသဖြင့် ပြန်ဆုတ် သွားခဲ့ရပါသည်။ အစိုးရ တပ်ဖွဲ့သည် မောက်မယ်မြို့နယ်ရှိ မိုင်ညှိကျေးရွာအုပ်စု၌ လှုပ်ရှားနေသော RCSS တပ်ဖွဲ့အား ဝင်ရောက် တိုက်ခိုက် မည့် အစီစဉ် ပျက်ပျယ်ခဲ့သည်ဟု ဆိုပါသည်။
အစိုးရ တပ်ဖွဲ့သည် စက်တင်ဘာ (၅) ရက်နေ့မှ (၈) ရက်နေ့ အချိန် အတော်အတွင်း RCSS တပ်ဖွဲ့အား (၃)ကြိမ်ဝင် ရောက် တိုက်ခိုက်ခဲ့ရာ (၁၀) ဦး ထက်မနဲ ကျဆုံးဖွယ် ရှိသည်ဟု RCSS ဖက်က ဆိုပါသည်။
RCSS နှင့် အစိုးရတို့သည်၊ ယခုနှစ်ဆန်းပိုင်း ကတည်းက အပစ်အခတ် ရပ်စဲ ထားကြသော်လည်း စတင်အပစ် အခတ် ရပ်စဲ ထားပြီးနောက်ပိုင်း ယနေ့အထိဆိုလျှင် တိုက်ပွဲပေါင်း (၄၀) ထက်မနဲ ရှိခဲ့ပြီး ဤတိုက်ခိုက်မှု အားလုံးသည် အစိုးရ တပ် ဖွဲ့မှ အကြောင်း မကြားဘဲ RCSS တပ်ဖွဲ့ကို တမင် ၀င်ရောက် တိုက်ခိုက်ခဲ့သော တိုက်ပွဲများသာ ဖြစ်သည်ဟု RCSS ကဆိုပါသည်။ စစ်ရေး အကဲခတ်များမှာမူ -
“အပစ်အခတ် ရပ်စဲရေး လုပ်တဲ့ အချိန်မှာ တပ်နေရာ မချထားခင်မှာ ကိုယ့်နေရာ ကိုယ်နေကြမယ်လို့ ပြောထားကြ ပါတယ်။ အခုဖြစ်နေတာက တချို့ တိုက်ပွဲတွေဆိုရင် စစ်ကြောင်းနဲ့ ချီပြီး တမင် တိုက်ခိုက်နေခြင်းဖြစ်ပါသည်။ ဤကိစ္စကိုလည်း သမ္မတ အပါ၀င် ပြည်ထောင်စု ငြိမ်းချမ်းရေးအဖွဲ့ နဲ့ စစ်တိုင်း အဖွဲ့တွေကို တင်ပြ အကြောင်းကြားခဲ့ ပေမဲ့ ဘာမှ မထူးဘူးလေ။ ဒါပေမဲ့ လွှတ်တော်မှာ ပြောတော့ တပ်နေရာချထားမှု မရှိသေးလို့ ဖြစ်ရတာပါ ဆိုပြီး ပြောသေးတယ်လေ။ ဒါဆို မြန်မြန် နေရာချပါလား ဆိုတော့လည်း မဟုတ်ပြန်ဘူးဗျ။ အချိန်ဆွဲနေတယ်” ဟု ဆိုပါသည်။
ထို့အပြင် အစိုးရသည် သဘော တူညီချက်အတိုင်း လည်းဆောင်ရွက်ခဲ့ခြင်းလည်း မရှိပေ။ မူအားဖြင့် သဘော တူထားသော ကိစ္စများ၊ RCSS ဗဟိုဌာနချုပ် ထားရှိရေး ကိစ္စနှင့် ယခုကဲ့သို့ တိုက်ခိုက်နေမှုများကို ဖြေရှင်းရန် ကိစ္စများ၌ လျစ်လျူရှု နေခဲ့ခြင်းဖြစ်ပါသည်။
ဤကဲ့သို့သော အပြုအမူများကြောင့် ရှမ်းပြည် မြောက်ပိုင်းရှိ ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) သည် မကြေမနပ် ဖြစ်ပြီး အပြန်အလှန် တိုက်ခိုက်မှုများနှင့် အကြမ်းဖက်မှုများ ပြင်းထန် လာခဲ့ကြပါသည်။ ဤကဲ့သို့ ဖြစ်လာသောအခါ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖေါ်ဆောင်မှု အဖွဲ့မှ ဦးအောင်မင်းသည် SSPP နှင့် တွေ့ဆုံဖြေရှင်းရန် ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်နေ့တွင် လားရှိုးမြို့၌ ဆွေးနွေး ဖြေရှင်း ခဲ့ကြရပါသည်။
ဦးအောင်မင်းသည် RCSS နှင့် လောလောဆယ်၌ တွေ့ဆုံနိုင်မည့် အခြေအနေ မရှိသေးသော်လည်း အစိုးရ၏ ယခုလုပ်ရပ် မျိုးသည် RCSS အနေနှင့် လက်ခံနိုင်ဖွယ်ရာ မရှိကြောင်း ပြောရေး ဆိုခွင့်ရှိသူ ဗိုလ်မှူး စိုင်းလောဝ်ဆိုင်က အတိအလင်း ပြောဆိုခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2106-----rcss-.html