September 11, 2012

SSPP နှင့် တင်းမာနေမှုကို ဦးအောင်မင်းဆွေးနွေး

SSPP_112233ရှမ်းပြည် တိုးတက်ရေး ပါတီ (SSPP) နှင့် အစိုးရတို့သည်၊ တိုက်ပွဲ အခြေအနေကြောင့် အပြန်အလှန် အကြမ်းဖက် ကြရာမှဖမ်း ဆီးထားကြသော သုံ့ပန်းများကို လဲလှယ်ရန် ပြီးခဲ့သည့် စက်တင်ဘာ (၈) ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်း လာရှိုးမြို့၌ တွေ့ဆုံ ဆွေးနွေး ခဲ့ကြကြောင်း SSPP ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖမှ ရွှေဟသာင်္ သတင်း ဌာနသို့ ပြောပါသည်။
 “သူတို့က ကျွှန်တော်တို့ ရဲဘော်တွေကို ဖမ်းတယ်၊ ကျွှန်တော် တို့က သူတို့ ဗိုလ်ကြီး တစ်ယောက်နဲ့ ရဲဘော်တယောက်ကို ဖမ်းတယ်၊ အဲဒါကို အလဲ အလှယ်လုပ်ဖို့ လာပြောတာပါ၊ ကျနော်တို့ကလည်း သဘောတူလို့ သူတို့လူ နှစ်ဦးကို ပြန်လွှတ် ပေးလိုက်ပါတယ်” ဟု SSPP ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖမှပြောပါသည်။
အစိုးရဖက်မှ ပြန်လွှတ်ပေးလိုက်သော သူများမှာ သြဂုတ်လ (၂၃) ရက်နေ့က SSPP အမာခံဟု အစိုးရကယူဆပြီး ဖမ်းဆီး ထား သော  ရှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့နယ် မန်းစံကျေးရွာ အုပ်စုမှ ရွာသူကြီးနှင့် ရွာသား(၁၀) ဦးထဲမှ (၆)ဦးကို ပြန် လွှတ်ပေးခဲ့ခြင်း ဖြစ်ပါသည်။
 အလားတူ SSPP ဘက်မှ ပြန်လွှတ်ပေးလိုက်သော သူများမှာ သြဂုတ်လ (၃၁) ရက်နေ့က ဖမ်းဆီးထားသော ခမရ ၃၂၂ မှ ဗိုလ်ကြီး သက်စိုးနှင့် တပည့် တစ်ဦးဖြစ်ပါသည်။
အဆိုပါ ညှိုနှိုင်းပွဲကို လားရှိူးမြို့ရှိ အရှေ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းရုံး၌ ပြုလုပ် ခဲ့ပြီး အစိုးရ ဘက်မှ ဝန်ကြီး ဦး အောင်မင်း ဦးဆောင် ဆွေးနွေးခဲ့ပြီး SSPP ဘက်မှ ဗဟို ကော်မတီဝင် ဂျွန်နော်လစ် ဦးဆောင်သည့် ကိုယ်စားလှယ် နှစ်ဦး က သွားရောက် တွေ့ဆုံခဲ့ပါသည်။

SSPP_02211SSPP အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့စဉ်က

 SSPP နှင့် အစိုးရ တို့သည် ၂၀၁၂ ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေးကို သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသော်လည်း တိုက်ပွဲပေါင်း အကြိမ် (၄၀) နီးပါး ဖြစ်ပွားခဲ့ပါသည်။ ဤတိုက်ပွဲများသည် အစိုးရတပ်မှ အကြောင်း မကြားဘဲ တမင် ၀င်ရောက် တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု SSPP ကဆိုပါသည်။ ထို့အပြင် ရာဇသံ (၃) ကြိမ် ပေးပြီး တပ် ဆုတ်ခိုင်း ခဲ့ခြင်းကိုပါ လုပ်လာသည့်အတွက် SSPP သည် ဤကိစ္စများကို ဖြေရှင်းရန် ဆက်ဆံရေး ရုံးမှ တဆင့် တင်ပြထား သော်လည်း အစိုးရဖက်က တုန့်ပြန်မှု မရှိခဲ့ရာမှ အပြန်အလှန် ဖမ်းဆီးမှုများ ဖြစ်လာခဲ့ပါသည်။
 ဤကဲ့သို့ ဖြစ်လာခဲ့ရခြင်းသည် အစိုးရ၏ ဂတိမတည်မှုကြောင့်ဟု SSPP ကဆိုပါသည်။ သို့သော် ဦးအောင်မင်းသည် SSPP နှင့်တိုက်ပွဲ ဖြစ်ပွား ခဲ့ရခြင်းမှာ ဆက်ဆံရေးရုံး ထားရှိမှု မရှိသေးခြင်း၊ တပ်နေရာချထားမှု မရှိသေးခြင်း တို့ကြောင့် ဖြစ်ရသည်ဟု သြဂုတ်လ (၂၀) ရက်နေ့က မိုင်းရဲ မဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းသီဟကျော် (ခ) စိုင်းဟတ်၏ မေးမြန်းချက်ကို အထက်ပါ အတိုင်း လွှတ်တော်၌ ဖြေကြား ခဲ့ပါသည်။
အမှန်တကယ် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်၌မူ နှစ်ဖက်တပ်များ လက်ရှိ ရောက်နေသည့် နေရာ၌စခန်းချ နေထိုင်ကြ ရန်ယာယီ သဘောတူ ထားပါသည်။ ဆက်ဆံရေး ရုံးကိုလည်း တောင်ကြီးနှင့် လားရှိူး၊ မြို့များ၌ တရားဝင် ဖွင့် လှစ်ထားခဲ့ပါသည်။
အစိုးရ သည် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များကို လျစ်လျူရှခဲ့သလို လွှတ်တော်သို့လည်း အခြေအနေမှန်ကို မတင်ပြကြပေ။ ဤသို့ကြောင့် လက်ရှိ အစိုးရသစ်၏ မူဝါဒနှင့် ၀န်ကြီးများ၏ အကောင်အထည်ဖေါ် လုပ်ဆောင်နေမှုသည် နည်းလမ်းမှန် မဖြစ်နိုင်ကြောင်း ဝေဖန်သူများက ဆိုပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2107-sspp---.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India