September 11, 2012

မြန်မာအစိုးရအရာရှိအားSSPP/SSA လွှတ်ပေးပြီး၊ ဒေသခံလူထုအားအစိုးရတပ်လွှတ်မပေး ၁၇-၁ ဖြင့်တရားစွဲ

ပြန်ပေးဆွဲထားရသည့် မြန်မာအစိုးရအရာရှိအား တနင်္လာနေ့က SSPP/SSA ကလွှတ်ပေးပြီးဖြစ်သော်လည်း အစိုးရစစ်တပ် ထိန်းသိမ်းထားသည့် ဒေသခံရွာသားများကိုမူ ပြန်လွှတ်မပေး သည့်အပြင် လေးယောက်အနက် တချို့အား လားရှိုးပို့၍ ပုဒ်မ ၁၇-၁ ဖြင့်ထပ်မံအမှုဖွင့်ထားကြောင်း ဒေသတွင်းသတင်းရပ်ကွက်ကဆိုပါသည်။

“ ကျန်တဲ့ လေးယောက် ပြန်လွှတ်ပြီလို့ သူတို့သတင်းလွှင့်နေပေမယ့်တကယ်တမ်းကျတော့ ပြန်မလွှတ်သေးဘူး။ တချို့ကလဲ ခမရ ၃၂၄ ထဲမှာရှိတယ်။ တချို့ကလဲ နမ္မတူရဲစခန်းမှာရှိတယ်။ စိုင်းကျော်အေးကတော့ အခု လားရှိုး ရဲစခန်းရောက်နေတယ်။ သူ့ကို မြန်မာစစ်တပ်က အမှုဖွင့်အရေးယူထားတယ်။ ၁၇-၁ နဲ့” ဟု နမ္မတူဒေသခံ စိုင်းခမ်းကပြောသည်။

ဩဂတ်စ်လ ၂၃ ရက်က သျှမ်းပြည်မြောက်ပိုင်း နမ္မတူမြို့၌ စတင်အဖမ်းခံရသော စိုင်းကျော်အေး၏ လက်ကိုင် ဖုန်းထဲ၌ သျှမ်းပြည်တပ်မတော်မှ အရာရှိတချို့၏ ဖုန်းနံပတ်ပါနေသဖြင့် မတရားအသင်း၊ သူပုန်နှင့်ဆက်သွယ် ထောက်ပံ့သူဟု မြန်မာစစ်တပ်က ဖမ်းဆီးစွပ်စွဲကာ ယခုချိန်အထိ ပြန်မလွှတ်ပေးဘဲ လားရှိုးမြို့ ခလရ ၄၁ သို့ ပို့ဆောင်ချုပ်နှောင်၍ အမှတ် ၁ ရဲစခန်း၌ အမှုဖွင့်တရားစွဲထားသည်ဟု မိသားစုဝင်များကပြောသည်။

နမ္မတူမြို့နယ် မန်စံအုပ်စုဒေသ၌ အဖမ်းခံရသည့်ရွာသား ၁၀ ဦးအနက် ပိန်းထောန်ရွာသား စိုင်းကျော်အေး၊ နောင်အော့ရွာသားစိုင်းကမ်၊ ပိန်းလုံရွာသား စိုင်းလ၊ နားကေးရွာ သားစိုင်းအိုက်တင်း တို့လေးယောက် ဆက်လက် အဖမ်းခံနေရဆဲဖြစ်ကာ စိုင်းလ နှင့် စိုင်းအိုက်တင်းမှာမူ ဩဂတ်စ်လ ၃၁ ရက်ကတည်းက သေဆုံးဖွယ်ရှိကြောင်း၊ သို့သော် မိသားစုဝင်အနေဖြင့်လည်း မည်သည့်သတင်းမျှထပ်မံမကြားသိရကြောင်း နားကေးရွာ ဒေသခံတဦး ကလည်း သျှမ်းသံတော်ဆင့်အားပြောပြသည်။

ထို့အပြင် ယခုလဆန်းပိုင်းကလည်း မန်စံအုပ်စု နားဟုတ်ရွာသူကြီးအားဖမ်းဆီးရိုက်ခဲ့သေး၏။ ကြက်မွေးမြူ ရေး ခြံမှ ကြက်များသေရာ ရွာခံအချို့နှင့်ကလေးအချို့ အဆိုပါကြက်သေများအား တယောက် ၂ ကောင် ၃ ကောင် ဆွဲလာသည်ကိုမြင်သည့် မြန်မာစစ်ကြောင်းက သူပုန်များအား ထောက်ပံ့ ကျွေးမွေးရန်အတွက်ဟု စွပ်စွဲကာ နားဟုတ်ရွာသူကြီးကို ခေါ်ယူဖမ်းချုပ်၍ ဘုန်းကြီးကျောင်း ဇရပ်၌ ညလုံးပေါက် ရိုက်နက်၏။ မိုးလင်းသော် မိုးထဲ လေထဲပစ်ထား ထဲ့ပြီး နိုင်ငံရေးပါတီများအား တိုင်ကြားလျှင် လာရောက်ပစ်သတ်မည်ဟုလည်း  ခြိမ်းခြောက်ခဲ့ သေး ကြောင်း မန်စံဒေသခံတဦးက ပြောသည်။

“ရွာသူကြီးကို ရွာရဲ့ဇရပ်မှာ တညလုံးရိုက်နှက်စစ်ဆေးတယ်။ ပူကျယ်က မဟုတ်ပါဘူး လို့ပြောတာကို ဝန်မခံချင် ဦး ဆိုပြီး မြန်မာစစ်သားတွေက တညလုံးရိုက်တာလေ။ ပြီးတော့ မနက်ရောက်တော့ ပူကျယ်ကို မိုးရွာ ထဲမှာ ပစ်ထားတယ်။ ပိုက်ဆံ တစ်သောင်းကျပ် ပစ်ထားပေးပြီး   ၁- နမ္မတူက ကျားဖြူအမတ် နန်းခမ်းအေး ကိုသွား မတိုင်ရဘူး။ ၂- ဆေးရုံမှာ ဆေးသွားမကုရဘူး- လို့အမိန့်ပေး ခြိမ်းခြောက်ထားတယ်တဲ့။ ဆေးရုံတော့သွားမတင် ရဲဘူး” ဟု အဆိုပါ မန်စံဒေသခံ  လူငယ်ကဆက်လက်ပြောပြသည်။

အဖမ်းခံရသော ရွာသားများနှင့်လဲလှယ်ရန် ယခုလဩဂတ်စ်လ ၃၁ ရက်နေ့က မြန်မာစစ်တပ်၏  ခမရ ၃၂၂ က ဗိုလ်ကြီးသက်စိုးနှင့်နောက်လိုက်တပည့်တဦးအား သျှမ်းပြည်တပ်မတော် SSPP/SSA ကဖမ်းဆီးရာ ယမန်နေ့က ပြန်လည်လွှတ်ပေးလိုက်ပြီဖြစ်ကြောင်း SSPP/SSA အရာရှိတဦးကပြောသည်။ သို့သော် မြန်မာစစ်တပ် က ဒေသခံရွာသားများအား ယခုတိုင် ပြန်မလွှတ်ပေးသည့်အပြင် ၁၇-၁ ဖြင့်ပင်အမှုဖွင့်အရေးယူနေခြင်း ဖြစ်သည်။

တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များက မြန်မာအစိုးရ၏ ငြိမ်းချမ်းရေးဖော်ဆောင်ရေးကိုယုံကြည်ကာ ပြည် ထောင်စုအဆင့်အထိ တွေ့ဆုံဆွေးနွေးကာ အပစ်ရပ်ရေးလက်မှတ်ရေးထိုးခဲ့ကြသည်အထိရှိသော်လည်း မြန်မာ အစိုးရ၏ စစ်တပ်မှာ အဆိုပါငြိမ်းချမ်းရေးကို အလေးမထားဘဲ တိုင်းရင်းသားတပ်ဖွဲ့များအပေါ်  သူပုန်ဟု သတ် မှတ်နေသေးသည်ကို ၁၇-၁ အမှုဖွင့်အရေးယူပုံဖြင့် သိနိုင်ကြောင်း နိုင်ငံရေးပါတီဝင် သျှမ်းအမတ်များကပြောဆို သုံးသပ်ပါသည်။

http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3482-ssppssa-----.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India