August 15, 2012

စစ်မှန်သော မြန်မာ့ ငြိမ်းချမ်းရေးသည် အစိုးရ၏ သဘောထား ပေါ်၌သာတည်

RCSS-SSA_01mmooi9008အပစ်အခတ် ရပ်စဲထား ပါလျှက်နှင့် သဘော တူညီချက်ကို ဖေါက်ဖျက်ပြီး အစိုးရက တမင်ပြန်လည် တိုက်ခိုက်လာ နေခြင်း အပေါ် အပစ်ရပ်ထားသည့် မြောက်ပိုင်း စစ်ရေး မဟာမိတ် များက စောင်ကြည့့် နေသည်ဟု မဟာမိတ် အဖွဲ့ဝင်ဖြစ်သည့်ရှမ်း ပြည် တိုးတက်ရေး ပါတီ (SSPP) ၏ ပြောခွင့်ရသူ ဗိုလ်မှူးကြီး ဖိန်ဖက ရွှေဟင်္သာ သတင်းဌာနကို ပြောပါသည်။
 “ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် တွေဟာ အလကားပါ။ အစိုးရက မိုင်းရှူးမှာ ရှိတဲ့ ကျနော်တို့ စခန်းကို တမင်လာ တိုက်တယ်။ နှစ်ကြိမ်တိုင် ကျနော်တို့ ဆုတ်ပေးခဲ့တယ်။ နောက် ဆုံးတော့ ကျနော်တို့က ပြန်တိုက်မယ် ဆိုတဲ့ ဆုံးဖြတ်ချက် ကိုချတယ်။ အဲဒီအခါမှာ သူတို့က မိုင်းရှူးကို ထပ်တိုက်လာတယ်၊ ရာဇသံပေးတယ်။ ကျနော်တို့ ကလည်း လာရှိး၊ ကျောက်မဲ၊ မိုးမိတ်ဖက်ကို ပြန်တိုက်တယ်။ ဒီလို တုန့်ပြန် လိုက်တော့မှ သူတို့က ငြိမ်သွား တော့တယ်” ဆိုပါသည်။
ပြီးခဲ့သည့် ဇွန်လ ၂၀ ရက်နေ့တွင် ဗိုလ်ချုပ် ဆေထင် ခေါင်းသော (SSPP) အဖွဲ့နှင့် အစိုးရတို့သည် ပြည်ထောင်စု အဆင့် တွေ့ဆုံ ဆွေးနွေးရန် မူလက စီစဉ် ထားသော်လည်း ရခိုင်ပြည်နယ် အရေးကို အကြောင်း ပြပြီး အစီစဉ်ကို အစိုးရက ပယ်ဖျက် လိုက်ပါသည်။ ထို့အပြင် အစိုးရသည် အစီစဉ် ဖျက်သိမ်းကြောင်း အသိပေးပြီးသည်နှင့် ဇွန်၁၉ ရက်နေ့နှင့်၂၀ ရက်နေ့တွင် အစိုးရ တပ်ရင်း (၂) ရင်းသည်၊ မိုင်းရှူး မြို့နယ်ရှိ မောင်ဝါ၌ စခန်းချထားသော SSPP တပ်တည်နေရာဖြစ်သည့် ကောင်းမိုင်ဟုန် စခန်းကို စတင် တိုက်ခိုက် တော့သည်ဟု SSPP က ဆိုပါသည်။
ဇွန်လ ၂၂ ရက်နေ့တွင် ထိုတိုက်ပွဲ အကြောင်းကို  ပြည်ထောင်စု ငြိမ်းချမ်းရေး အဖွဲ့ဝင် ဦးသိန်ဇော်ထံ အကြောင်းကြား ခဲ့ပြီးမှ သမ္မတ ဦးသိန်းစိန်ထံမှ အကြောင်းပြန်ကြားချက် ရရှိခဲ့ပါသည်။ သမ္မတသိန်းစိန်က “ဆုတ်ပေးမယ် ဆိုပြီး အသိပေးခဲ့တယ်။ နောက်ပြီး SSPP ဘက်ကလဲ စိတ်ရှည်ရှည် သဘောထားေ ပးပါ ဆိုပြီး အဆိုပြု လာပါတယ်” သို့သော် လည်းဘဲ ဇွန်လ (၃၀) ရက်နေ့သို့ ရောက်သောအခါ  မိုင်းရှူးရှိ SSPP ၏ အမှတ် (၇) တောင်ကုန်းကို ၄င်းတို့၏ (၅) မိုင်ကုန်းမှ နေပြီး လက်နက်ကြီးနှင့် စတင် ပစ်ခတ်ရာ ဇူလိုင် ၁/၂/၃/ ရက်နေ့ ၌ တိုက်ပွဲ အပြင်းအထန် ဖြစ်ခဲ့ပါသည်။ ထို့အပြင် မိုင်ကောင်း၊ တန်ယန်း မြို့ နယ်မှ လာသော တပ်မ ၃၃ တပ်ဖွဲ့ ကလည်း အမှတ် (၇) တောင်ကုန်ကို အပြင်းအထန် ဝင်ရောက် တိုက်ခိုက် ခဲ့ပါသည်။
“ဇူလိုင် ၄ ရက်နေ့မှာ ကျနော်တို့က သူတို့ထံက လက်နက် ခဲယမ်း မီးကျောက်တွေ၊ ပစ္စည်းတွေ သိမ်းရတာကို ကြည့်ရင် တိုက်ပွဲထဲမှာ အစိုးရဘက်က အထိနာတယ်။ တော်တော် ကျသွားတယ်လို ခန့်မှန်း ရတယ်။ ကျနော်တို့ ကလည်း ပြန်တိုက် တာပေါ့ ။ လာရှိုး၊ ကျောက်မည်း မိုးမိတ် ဖက်က တပ်တွေကို ပြန်တိုက်တယ်။ အဲဒီတော့မှ အရှေ့ပိုင်းတိုင်း တပ်တွေက ဘာပြောလာ လဲဆိုတော့ ပြည်သူတွေကို ဒုက ္ခမပေးပါနဲ့လို့ ဆိုလာတယ်။ အမှန်တကယ်ကတော့ အဲဒီ တိုက်ပွဲတွေဟာ သူတို့က နေပြီး စတင် တိုက်လာလို့ မခံနိုင်လို့ ပြန်တိုက်တဲ့ တိုက်ပွဲ ဖြစ်ပါတယ်။ တွေ့ဆုံ ဆွေးနွေးပွဲ ကိုလည်း သူတို့ဘဲဖျက်တယ်။ သဘောတူ ညီချက်ကို သူတို့ဘဲ ဖေါက်ပြီး လာတိုက်တယ် ဆိုတော့ ယုံကြည်စရာ မရှိတော့ဘူး” ဟု ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
Shan_0109098787သို့သော် SSPP သည် တွေ့ဆုံ ဆွေးနွေးရေးကို မျှော်လင့် နေဆဲဖြစ်ပြီး လောလောဆယ်၌ တွေ့ဆုံနိုင်ခြင်း မရှိသေးပေ။ တိုက်ပွဲများလည်း ဇူလိုင် (၄) ရက်နေ့မှ ယနေ့တိုင် ငြိမ်သက် သွားပြီ ဖြစ်သည်။ အကဲခတ် များကမူ ကချင်ပြည် လွတ်မြောက်ရေး တပ်ဖွဲ့ကို ဦးစားပေး စစ်ဆင်နေသည့်အတွက် SSPP ကို ယာယီ ရပ်ထားဖွယ် ရှိသည်ဟု ဆိုပါသည်။
ဤဖြစ်ရပ် များကြောင့် အစိုးရ၏ ဂတိ၊ သဘောတူညီချက် များသည် အခြေအမြစ်မရှိဟု SSPP က ယူဆခဲ့ပါသည်။ အလားတူ SSPP ၏ စစ်မဟာမိတ် ဖြစ်ကြသော ၀ ပြည်သွေးစည်း ညီညွတ်ရေးပါတီ၊ မိုင်းလားနှင့် ကချင်ပြည် လွတ်မြောက်ရေး အဖွဲ့တို့ သည်လည်း အစိုးရ၏ အပစ်အခတ် ရပ်စဲရေးကို မယုံကြည် ကြတော့ဘဲ စစ်ရေး အသင့် ပြင်ဆင်ထားပြီး  စောင့်ကြည့် နေကြသည်ဟု ဆိုပါသည်။
“ဝ တွေရဲ့ သုံးသပ်ချက်ကတော့ အစိုးရဟာ အပြောတခြား အလုပ်တမျိုး ဖြစ်လို့ ယုံကြည်ရ ခက်သွားပြီလို့ ပြောကြတယ်။ ၀ တွေ ငြိမ်နေတာက အစိုးရဘက်က အခြေအနေကို စောင့်ကြည့် နေတာပါ။ အစိုးရရဲ့ အပြောင်းအလဲ အပေါ် မူတည်တယ်။ ဝ နဲ့ ကျနော်တို့က အချင်းချင်း မဟာမိတ်တွေ ဆိုတော့ နားလည်မှုတွေ ရှိတယ်။ စစ်ရေး ပူးပေါင်းမှု တွေလည်း ရှိတယ်”ဟု ဗိုလ်မှူးကြီးက ဆိုပါသည်။
ဤသို့ကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး၊ တိုင်းရင်းသားများနှင့် အပစ်အခတ် ရပ်စဲရေးသည်၊ အစိုးရနှင့် အစိုးရ NGO အဖွဲ့များ ပြောသလို တိုင်းရင်းသား အဖွဲ့များ၌သာ မူတည်နေသည် မဟုတ်ဘဲ အသံကောင်း ဟစ်နေသော အစိုးရ၏ သဘေထား အပေါ်၌သာ မူတည်သည်ဟု တိုင်းရင်းသား အဖွဲ့များက ဆိုပါသည်။

http://www.phophtaw.org/burmese/index.php/news/local-news/2012-2012-08-15-11-04-48.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India