October 11, 2012

ငြိမ်းချမ်းရေး ရံပုံငွေ ကြောင့် နိုင်ငံရေး ဖြေရှင်းမှု ဘေးဖယ် ခံရဖွယ် စိုးရိမ်

တိုက်ပွဲတွေ ဖြစ်ပွါးနေတဲ့   မြန်မာနိုင်ငံ တိုင်းရင်းသားဒေသတွေ အတွက်  နိုင်ငံတကာ  ငြိမ်းချမ်းရေးရံပုံငွေ  ချထားပေးတာတွေဟာ  ငြိမ်းချမ်းရေး အတွက် တကယ်လိုအပ်တဲ့  နိုင်ငံရေးအဖြေရှာမှုတွေထက်၊  ဖွံ့ဖြိုးရေး အတွက်ပဲ အဓိက ဆောင်ရွက်တာမို့   ဦးတည်ချက်လွဲမှာ စိုးရိမ်ကြောင်း  မြန်မာ့အရေး ဆောင်ရွက်နေသူ တချို့ကပြောပါတယ်။

နော်ဝေ၊  ကမ္ဘာ့ဘဏ်၊ EU ဥရောပသမဂ္ဂ၊  ဗြိတိန်၊  Australia နဲ့  ကုလသမဂ္ဂတို့ ပူးပေါင်းပြီး  ဇွန်လထဲမှာ စတင်ဖွဲ့စည်းခဲ့တဲ့ နော်ဝေနိုင်ငံ အခြေစိုက် Peace Donor Support Group လို့ခေါ်တဲ့  ငြိမ်းချမ်းရေးရံပုံငွေအဖွဲ့ဟာ  မြန်မာနိုင်ငံမှာ ပြုပြင်ပြောင်းလဲရေး လုပ်နေတဲ့ သမ္မတ ဦးသိန်းစိန်ရဲ့ ပန်ကြားချက်နဲ့ ဖွဲ့စည်းခဲ့တာဖြစ်ပါတယ်။    မြန်မာနိုင်ငံမှာ  တိုင်းရင်းသား လက်နက်ကိုင်တပ်ဖွဲ့တွေနဲ့ ငြိမ်းချမ်းရေး လုပ်ဆောင် နေမှုတွေ ကြောင့် ဒီဒေသတွေအတွက်  ကနဦး ရံပုံငွေ ဒေါ်လာသန်း  ၃၀ ချထားပေးဖို့ပါ  အဖွဲ့က ကတိပေးခဲ့ပါတယ်။ 

ကမ္ဘာ့ဘဏ်ကလည်း   CDDP လို့ခေါ်တဲ့ လူထုဦးဆောင်လှုပ်ရှားတဲ့  ဖွံ့ဖြိုးရေး အစီအစဉ်တွေ အတွက်   ဒေါ်လာ ၈၅သန်း ချထားပေးပြီး  စာသင်ကျောင်းတွေ၊  ရေရရှိရေးနဲ့  လမ်းပမ်းဆိုင်ရာ အပြင် တခြား ဒေသခံတွေရဲ့ လိုအပ်ချက်နဲ့ အညီလုပ်ဆောင်မယ့် လုပ်ငန်းတွေကို ပံ့ပိုးပေးမယ်လို့ ဆိုပါတယ်။

ဒါပေမယ့် အစိုးရရဲ့ လုပ်ဆောင်မှုမှာ တိုင်းရင်းသား အဖွဲ့အစည်း အားလုံး မပါ၀င်နိုင် သေးသလို  သူတို့ရဲ့ လုပ်ဆောင်မှုတွေကနေ  ပြည်တွင်း ငြိမ်းချမ်းရေးကို  ခိုင်ခိုင်မာမာ မတည်ဆောက်နိုင်သေး တဲ့ အတွက်  ဖွံ့ဖြိုးရေး ကိစ္စတွေမှာ လုံးပမ်းရင်း၊   ရေရှည်ငြိမ်းချမ်းရေးအတွက် နိုင်ငံရေး အရဖြေရှင်းမှုတွေနဲ့  အလှမ်းဝေးသွား နိုင်တယ်လို့  တိုင်းရင်းသားအရေး လှုပ်ရှားသူတွေက ထိုင်းနိုင်ငံ ဘန်ကောက်မှာ ကျင်းပတဲ့ ဆွေးနွေးပွဲမှာပြောကြပါတယ်။    

မြန်မာ၊  ထိုင်းနဲ့ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ  နော်ဝေသံအမတ်ကြီး ကတော့  သူတို့ လုပ်နေတာတွေဟာ ထာဝစဉ် တည်တံ့မယ့် ငြိမ်းချမ်းရေး အတွက်ဖြစ်ပြီး   လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ပါ နီးနီးကပ်ကပ် ဆွေးနွေးညှိနှိုင်းပြီးမှ  လုပ်တာလို့ ဆိုပါတယ်။

ဒါ့အပြင် ငြိမ်းချမ်ရေးရအောင် နိုင်ငံရေး ဆွေးနွေးမှုတွေ လုပ်လာစေဖို့ အတွက်အားပေးတဲ့ အနေနဲ့  ဒီငြိမ်းချမ်းရေး ရံပုံငွေကို ချထားပေးတာလို့  လည်း VOA ကိုပြောပါတယ်။

နော်ဝေနိုင်ငံရဲ့  Myanmar Peace Support Initiative လို့ခေါ်တဲ့  မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် ပ့ံပိုးပေးတဲ့ အဖွဲ့ဟာ   မြန်မာအာဏာပိုင်တွေ၊ ဒေသခံတွေနဲ့  အပစ်အခတ်ရပ်စဲထားတဲ့ အဖွဲ့တွေကြား  ပူးပေါင်းဆောင်ရွက်မှုတွေ ရှိလာစေဖို့  January လကတည်းက ပါ၀င်ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။

http://burmese.voanews.com/content/myanmar-peace-funds/1525135.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India