October 11, 2012

KNU ကွဲတော့ ဘာဖြစ်လဲ


KNU အကွဲအပြဲ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မလား (ဓာတ်ပုံ – ဧရာဝတီ)
ကရင်အမျိုးသား အစည်းအရုံး KNU ဗဟိုက ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး၊ ဗဟိုတရားရေးဌာနက ပဒိုဒေးဗစ်ထောနဲ့ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင်တို့ကို တာဝန်မှ ရပ်စဲလိုက်တာဟာ အကွဲအပြဲ မကြာခဏ ဖြစ်တတ်တဲ့ KNU အဖွဲ့တွင်း နောက်ထပ် ပဋိပက္ခတခု ဖြစ်ပေမယ့် နေပြည်တော်အစိုးရနဲ့ KNU အကြား ခရီးရောက်စပြုနေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်း အပေါ် ရိုက်ခတ်သက်ရောက်မှု ရှိရုံသာမက KNU နောက်ဆုံး နာမည်ပျက်ပြီး နိုင်ငံရေးအကျိုးစီးပွား ရုပ်လျော့ဖို့ပဲ ဖြစ်လာနေစေပါတယ်။
တာဝန်က ထုတ်ပယ်ခံထိတဲ့ KNU ကိုယ်စားလှယ်တွေဟာ အစိုးရ ငြိမ်းချမ်းရေး အဖွဲ့ခေါင်းဆောင် သမ္မတရုံးဝန်ကြီး ဦးအောင်မင်းနဲ့ ရင်းနှီးကြတယ်ဆိုပေမယ့် အစိုးရက သွေးခွဲတာဆိုတဲ့ ရှေးရိုးစွဲ ကောက်ချက်ကိုတော့ ဒီတခါ အလွယ်တကူ ပယ်ချရပါမယ်။ အကြောင်းက ဒီလိုလုပ်လို့ KNU ကွဲပြီး ငြိမ်းချမ်းရေး ပျက်ရင် နေပြည်တော်ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ နာမည်ပျက်ရမှာမို့ပါ။ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်မင်း၊ ဦးခင်ရီတို့က ဆွေးနွေးပွဲတခု ရန်ကုန်မှာ အရေးပေါ် ပြုလုပ်ခဲ့ပါတယ်။ ၀န်ကြီးဦးအောင်မင်းက ကရင်တိုင်းရင်းသားများ စည်းလုံးစေချင်ပြီး အစိုးရမှာ တိုင်းရင်းသားတွေကို သွေးခွဲတဲ့မူဝါဒ မရှိ၊ ထာဝရငြိမ်းချမ်းရေးရဖို့ ဆက်လုပ်မယ် လို့ ပြောပါတယ်။ KNU က ဖိတ်ခေါ်ရင် ဦးအောင်မင်းနဲ့ ငြိမ်းချမ်းရေးအဖွဲ့ လာရောက် တွေ့ဆုံဖို့ အသင့်ရှိနေတယ်လို့လည်း ထုတ်ပြန်ကြေညာပါတယ်။
အခုအတိုင်းဆို KNU က ဦးအောင်မင်းတို့နဲ့ ပြန်စကားမပြောခင် အချင်းချင်း ပြန်စကားပြောပြီး အဖွဲ့ရဲ့ နိုင်ငံရေးခေါင်းဆောင်မှုကို ဘယ်လိုပြန်တည်ဆောက်ပြီး ဘယ်ပုံ ရှေ့စခန်းသွားမယ် ဆိုတာ အရင်ဆွေးနွေးရပါမယ်။ ဖြစ်စဉ်ကို ပြန်ကြည့်ရင် ဥက္ကဌ တာမလာဘော၊ ဒု ဥက္ကဌ ဒေးဗစ်တာကပေါ၊ အထွေထွေအတွင်းရေးမှူး ဇီဖိုးရာစိန်တို့ ဦးစီးတဲ့ ဗဟိုအလုပ်အမှုဆောင်တွေက စစ်ဦးစီးချုပ် မူတူးစေးဖိုး၊ ဒေးဗစ်ထောနဲ့ ရောဂျာခင်တို့ကို အဖွဲ့ရဲ့ လုပ်ထုံးလုပ်နည်း စည်းကမ်းတွေကို မလိုက်နာဘူး လို့ စွပ်စွဲ၊ တာဝန်က ရပ်ဆိုင်းပြီး တပ်ဖွဲ့ဝင် အများဆုံးရှိတဲ့ KNLA တပ်မဟာ ၅ တပ်မဟာမှူး ဗိုလ်မှူးချုပ် ဘောကျော်ဟဲနဲ့ စစ်ဦးစီးချုပ် အစားထိုးခန့်ထားဖို့ ပြင်တယ်လို့ ကရင်သတင်းရပ်ကွက်တွေက ဆိုပါတယ်။
ဒါပေမယ့် KNU ဖွဲ့စည်းပုံအရ တပ်မဟာ ရ ခုရှိရာ တပ်မဟာ ၂ နဲ့ ၅ က ဗဟိုနဲ့  ဘောကျော်ဟဲကို လက်ခံပြီး ကျန် ၁၊ ၃၊ ၄၊ ၆၊ ရ က မူတူးစေးဖောကို ဆက်ထောက်ခံတာမို့ တပ် နှစ်ခြမ်းကွဲမယ့် အခြေအနေပါ။ ဒါ့အပြင် ဒီအကွဲအပြဲကြောင့် ဇန်နဝါရီထဲမှာ လက်မှတ်ထိုးထားခဲ့တဲ့ အပစ်ရပ်ရေး သဘောတူညီချက် ပျက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ် နောက်ပြန်လှည့်သွားမလား။ တပ်မဟာအချင်းချင်းကြား အပစ်အခတ်တွေ ရှိလာမလား ဆိုတဲ့ မေးခွန်းတွေဖြစ်လာပါတယ်။
သမိုင်းမှာ အကွဲအပြဲတွေ၊ လုပ်ကြံသတ်ဖြတ်မှုတွေ ရှိတာ ၁၉၉၄ ခု DKBA ခွဲထွက်မှု၊ ၂၀၀၈ ခု ထိုင်းနယ်စပ်မြို့ မဲဆောက်မှာ အထွေထွေအတွင်းရေးမှူး မန်းရှာလာဖန်းကို လုပ်ကြံသတ်ဖြတ်မှုတွေက အထင်အရှားရှိခဲ့တာမို့ ဒီလိုအဖြစ်အပျက်မျိုးတွေ ရှောင်နိုင်ဖို့ ကရင်တပ်တွေကြားမှာ ဩဇာကြီးသူ တပ်မဟာ ရ မှူး ဗိုလ်မှူးချုပ် ဂျော်နီက တပ်တွေကြား စိတ်အေးအေးထားပြီး သွေးထွက်သံယို မဖြစ်ဖို့ နှိုးဆော်ပြီး ကရင် အရပ်ဘက် အဖွဲ့အစည်းတွေကလည်း စည်းလုံးညီညွတ်ရေး တောင်းဆိုနေပါတယ်။
ခေါင်းဆောင်မှုအတွင်း သဘောထားကွဲတာ ဇန်နဝါရီလအတွင်း ဒေးဗစ်ထောဦးစီးတဲ့ ကိုယ်စားလှယ်အဖွဲ့ အပစ်ရပ်ရေး သဘောတူလက်မှတ် ဘားအံမှာ ရေးထိုးကတည်းကပါ။ ဒေးဗစ်ထောဦးစီးတဲ့ လက်မှတ်ရေးထိုးမှုဟာ အရေးမပါဘူးလို့ ဇီဖိုးရာစိန်က ကန့်ကွက်ပါတယ်။ ဒါပေမယ့် ဇီဖိုးရာစိန်ဦးစီးပြီး ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်၊ ရန်ကုန်နဲ့ ဘားအံတွေကို သွားခဲ့ပြီး ငြိမ်းချမ်းရေးဆွေးနွေးခဲ့တာတွေကြောင့် အခုလို ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ ဆက်အကောင်အထည် ဖော်နေသူတွေကို တာဝန်က ရပ်ဆိုင်းပစ်တာ နားမလည်နိုင်ဖြစ်ကြရပါတယ်။ KNU ဗဟိုနှင့် စစ်ဦးစီးချုပ်တို့အကြား ပြီးခဲ့သည့်လဆန်းပိုင်းက စပြီး တဘက်နဲ့တဘက် အပြန်အလှန် လေးစားမှု မရှိတော့ဘဲ ကြေးနန်းနဲ့ပဲ နှစ်ဘက်သဘောထားတွေကို ပေးပို့နေခဲ့တယ်လို့ ကရင်သတင်းရပ်ကွက်တွေက ဆိုပါတယ်။
“ကရင့်တော်လှန်ရေး”ကို စောင့်ကြည့် ဝေဖန်သူတွေကတော့ DKBA နောက်ပိုင်း ကရင်ငြိမ်းချမ်းရေးအဖွဲ့၊ ငြိမ်းချမ်းရေးကောင်စီ၊ နယ်ခြားစောင့်တပ်ဖွဲ့ အစရှိတဲ့ ကိုယ်ပိုင်ထိန်းချုပ်နယ်မြေ အသီးသီးမှာ နာမည်အမျိုးမျိုးနဲ့ ခွဲထွက်ပြီး ဗဟိုအစိုးရနဲ့ အပေးအယူလုပ်တတ်တဲ့ နိုင်ငံရေးအလေ့အထ ရှိတာကြောင့် အခုလည်း KNU ထပ်ကွဲနိုင်တယ်လို့ သုံးသပ်နေကြပါတယ်။
ဒီလိုသာ ထပ်ကွဲပြီဆိုရင် စောဘဦးကြီးကစ မန်းဘဇံ၊ စောဘိုမြ၊ စောသန်းအောင်၊ မန်းရှာလာဖန်းတို့ အလယ် ဦးစီးတည်ထောင်လာခဲ့တဲ့ ဖယ်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး တိုက်ပွဲဝင်လာခဲ့တဲ့ ကရင်အမျိုးသားအဖွဲ့ချုပ်ကြီးရဲ့ နိုင်ငံရေးဩဇာနဲ့ ပုံရိပ်ဟာ ကရင်တိုင်းရင်းသားများမှာသာမက ပြည်ထောင်စုကြီးအတွင်းက အခြားတိုင်းရင်းသားများကြားမှာလည်း တစတစ ပျောက်ကွယ်ဖို့သာ ဖြစ်လာစေမှာပါ။ အစိတ်စိတ် အမွှာမွှာကွဲနေတဲ့ ကရင်ပြည်နယ်ဟာ အနာဂတ် ဖယ်ဒရယ်ပြည်ထောင်စုအတွက် ဘယ်လိုမှ စံပြပုံစံမဟုတ်မှာက သေချာပါကြောင်း။

http://burma.irrawaddy.org/archives/22460
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India