October 8, 2012

ပြောက်ကျားတိုက် ပြည်သူ့စစ်သင်တန်း ထားဝယ်ဒေသခံ ၁၀၀ကျော် တက်ရောက်

အောက်တိုဘာလ ၈ရက်။ ၂၀၁၂ခုနှစ်။ နန်းသူးလေ(ကေအိုင်စီ)
တနင်္သာရီတိုင်း ထားဝယ်ခရိုင်ရှိ ကမ်းရိုးတန်းစစ်ဌာနချုပ်-ကရခ ၏ စစ်ဗျူဟာ(၂) ကွပ်ကွဲမှုလက်အောက်ခံ ခြေလျင်တပ်ရင်း (၁၀၄)ဌာနချုပ် အခြေစိုက်သည့် ထားဝယ်မြို့ပြင်ပတွင် ပြောက်ကျားတိုက် ပြည်သူ့စစ်သင်တန်းကို ယခုလ ၅ရက်နေ့မှစ၍ စတင် သင်ကြားပေးခဲ့ရာ ဒေသခံ ၁၀၀ကျော် တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ကရခ လက်အောက်ခံ ခြေလျင်တပ်ရင်းများဖြစ်ကြသည့် (၁၀၄)၊ (၂၇၃)၊ (၂၈၂)၊ (၂၈၀) နှင့် (၂၅)တို့မှ နည်းပြစုစုပေါင်း ၁၀ဦး က ထားဝယ်ခရိုင်ရှိ မြင်းခံဘော်၊ တောင်သုံးလုံး၊ ဖောင်းတော၊ သပြုချောင်နှင့် ၀ါ့ကုန်းကျေးရွာအုပ်စု စသည့် ကျေးရွာအုပ်စုများ မှ ဒေသခံများကို ပြည်သူ့စစ်များအတွက် မြေပြင်ပြောက်ကျားတိုက် စစ်သင်တန်းသင်ကြားပေးခြင်းဖြစ်သည်။
မြန်မာစစ်တပ်နှင့် နီးစပ်သူတစ်ဦးက “အရင်က သင်တန်းတက်ဖူးတဲ့သူတွေပဲ ပြန်တက်ကြတာပါ။ ရန်သူနဲ့တွေ့ရင် ဘယ်လိုပစ် ခတ်ရတယ်နဲ့ ဘယ်လိုလှုပ်ရှားဆောင်ရွက်ရတယ်ဆိုတာတွေကို သင်ပြပေးတယ်။ အဓိကတော့ စစ်ဘက်ဆိုင်ရာနဲ့ ပတ်သက် တာတွေကို သင်ပေးပါတယ်”ဟု ပြောသည်။
ယခု သင်ကြားပေးသည့် စစ်သင်တန်းသည် ၂၀၁၂ခုနှစ်၊ အောက်တိုဘာလ ၅ရက်မှ စတင်ကာ ဒီဇင်ဘာလကုန်ပိုင်းအထိ သုံးလတာ ကြာမြင့်ပြီး သင်တန်းကာလအတွင်း သင်တန်းသားများ၏ စားရေးသောက်ရေးကိစ္စများကို ခလရ(၁၀၄)တပ်ရင်းမှစီစဉ်ပေးပြီး လစာကြေးငွေ ပေးဆောင်ခြင်းမရှိကြောင်းလည်း သိရသည်။
အမည်မဖော်လိုသူ ထားဝယ်မြို့ခံတစ်ဦးကလည်း “ဒီသင်တန်းဆင်းပြီးရင် ရွာမှာပဲ ပြန်ပြီးနေရတယ်လေ။ ပြည်သူ့စစ်ဆို တော့ ရွာကိုပဲ လုံခြုံအောင် ကာကွယ်စောင့်ကြည့်ဖို့ပဲခိုင်းတာပါ။ လက်နက်တွေလည်း စစ်တပ်ကပေးထားတယ်။ တချို့ဆို သေနတ် ပစ်တတ်နေကြပြီ”ဟု ပြောသည်။
သင်တန်းတက်ရောက်ပြီးသည့် ဒေသခံများအနေဖြင့် ကိုယ့်ကျေးရွာများတွင် ပြည်သူ့စစ် တာဝန်ထမ်းဆောင်ရာ၌ အချိန်အကန့် အသတ်မရှိဘဲ ရွာသူကြီးများကသာ ဦးစီးဆောင်ရွက်ပြီး အကယ်၍ ကျန်းမာရေးမကောင်းလာပါက အနားယူခွင့်ရှိကြောင်းလည်း သိရသည်။
၎င်းပြည်သူ့စစ်သင်တန်းတွင် အမျိုးသားများကိုသာ ခေါ်ယူပြီး လူလွတ်ဖြစ်စေ၊ အိမ်ထောင်သည် ဖြစ်စေ အသက် ၂၀ကျော်မှ အသက် ၅၀အထိကိုသာ ခေါ်ယူကြကြောင်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
ယင်းပြည်သူ့စစ်သင်တန်းကို ပြီးခဲ့သည့် ၂၀၁၁ ခုနှစ် မတ်လမှစတင်ပြီး တစ်လတာကြာချိန်ဖြင့် ထားဝယ်ခရိုင်အတွင်းရှိ ဒေသခံ များကို သင်ကြားပေးခဲ့ပြီးနောက် ယခုသင်ကြားပေးနေသည့် ဒုတိယ အကြိမ်မြောက်သင်တန်းတွင် ယခင်တက်ရောက်ပြီးသူများ နှင့် နာမကျန်းဖြစ်၍ လူအစားထိုး တက်ရောက်လာသူများကို သင်ကြားပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

http://www.kicnews.org/?p=13605
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India