October 8, 2012

ဖားကန့်ရှိ စစ်ပြေးဒုက္ခသည်တချို့ နေရပ်သို့ ပြန်

ချင်းမိုင်(မဇ္စျိမ) ။       ။ အစိုးရတပ်နှင့် ကချင်လွတ်လပ်ရေးတပ် KIA အကြား ဖြစ်ပွားနေသော တိုက်ပွဲများကြောင့် ဖားကန့်မြို့အတွင်း ထွက်ပြေးတိမ်းရှောင်နေသော စစ်ပြေး ဒုက္ခသည်အချို့ မိမိနေရပ်သို့ အောက်တိုဘ လဆန်းပိုင်း မှ စတင်၍ ပြန်နေကြပြီ ဖြစ်ကြောင်း သိရသည်။

တိုက်ပွဲများ ဖြစ်ပွားခြင်း မရှိတော့၍ ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည် ၈,ဝဝဝ ကျော်အနက် အချို့မှာ ပြန်သွားကြ
ခြင်း ဖြစ်သည်။

“ကျနော်တို့ နမ်းဖိတ်စခန်းက စစ်ပြေးဒုက္ခသည် အိမ်ထောင် လေး ငါးခုလောက် ပြန်သွားပြီး မှော်ဝမ်းကြီးကလည်း တချို့ပြန်တယ်။ အပြီးပြန်တာတော့ မဟုတ်ဘူး။ တကယ်လို့ တိုက်ပွဲ ပြန်ဖြစ်လာပြီဆိုရင် ပြန်လာနေဖို့ လက်မှတ်ထိုး ထားကြတယ်” ဟု ကက်သလစ်အသင်းတော်မှ တရားဟောဆရာ နော်ဂျာ က ပြောသည်။

အင်္ဂါနေ့တွင် မှော်မောင်းလယန်နှင့် ရှရော်ခ ကျေးရွာရှိ စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်တော့မည်ဟု ဆိုသော် လည်း အခြေအနေမှာ မရေရောသေးကြောင်း “ဒီမှာက တည်ငြိမ်တာ မဟုတ်သေးဘူး။ ကျနော်တို့လည်း ဇဝေဇဝါ
ဖြစ်နေကြတယ်။ တချို့ ကချင်တွေက မပြန်ရဲဘူး။ ဇဝေဇဝါ ဖြစ်နေကြတယ်” ဟု ဆရာနော်ဂျာ က ပြောသည်။

တနင်္ဂနွေနေ့မှ စတင်၍ ဖားကန့်မြို့နယ် မြို့ဦးစေတီနှင့် ကျောက်လိုင်ဂူ ဘုန်ကြီးကျောင်းတွင် စစ်ပြေး ဒုက္ခသည်များ ကို လက်မခံတော့ကြောင်း ပြောဆိုလာသဖြင့် တချို့ စစ်ပြေး ဒုက္ခသည်များ နေရပ်ရင်းသို့ ပြန်သွားကြသော်လည်း တချို့မှာ မပြန်ရဲဘဲ ဖြစ်နေကြသေးသည်။

ဖားကန့်မြို့ပေါ် နှစ်ခြင်းအသင်းတော် ဘုရားကျောင်း၊ ကက်သလစ်အသင်းတော် ဘုရားကျောင်း၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်း စသည့်တို့တွင် ဖွင့်လှစ်ထားသည့် ဒုက္ခသည်စခန်း ၃၉ ခု ရှိသည်။

သြဂုတ်လ ၁၉ ရက်နေ့မှစတင်၍ နှစ်ဖက်စစ်တပ်များ စတင်တင်းမာခဲ့၍ မှောမောင်းကုန်း၊ တောင်ပြို၊ သူဌေးချောင်း၊ ဆိုင်းဂျာဘွမ်၊ မနားချောင်း၊ ဗလခ၊ မှော်ဝမ်းကြီး၊ မှောင်ဝမ်းကလေး၊ ရှရော်ခ၊ ဇွပ်ငိုင်၊ မျောက်ဖြူ၊ ရှရော်ခ၊
မှော်မောင်း လယန် စသည့် ကျေးရွာများ အပါအဝင် ၂ဝ ကျော်မှ ရွာသားများ အိုးအိမ်များ စွန့်ထား၍ မြို့ပေါ်သို့ တိမ်းရှောင်ခဲ့ခြင်း ဖြစ်သည်။

သို့သော် မြစ်ကြီးနား၊ ဝိုင်းမော်၊ ဗန်းမော်နှင့် တရုတ်နယ်စပ်တလျှောက် ထွက်ပြေး ခိုလှိုနေကြသော စစ်ပြေး ဒုက္ခသည်များမှာ နေရပ်ရင်းသို့ ပြန်နေနိုင်ခြင်း မရှိသေးပေ။

KIO နှင့် ပြည်ထောင်စု ငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေး ကော်မတီ ကိုယ်စားလှယ်များ တွေ့ဆုံဆွေးနွေးမှုမှာ
နှစ်လကျော်ကြာ ရပ်ဆိုင်းနေသည်။ ပြီးခဲ့သည့် ဇွန်လ ဆန်းက နောက်ဆုံး တွေ့ဆုံခဲ့သော်လည်း ယနေ့ထိ ပြန်လည်
တွေ့ဆုံမည့် နေရာ ညှိနှိုင်း၍ မရသေးပေ။

http://www.mizzimaburmese.com/news/inside-burma/10224-2012-10-08-12-51-57.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India