October 10, 2012

ကချင်ဒုက္ခသည်များကို မဖွယ်မရာ နှိပ်စက်သည့် ရဲများ တရားရုံးဆင့်ခေါ်မှုကို ဖီဆန်

ရှမ်းပြည်မြောက်ပိုင်းရှိ ကချင်ဒုက္ခသည်စခန်းမှ ရဲတပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – Reuters)
ကချင် တိုင်းရင်းသား ဒုက္ခသည် ၂ ဦးကို ဖမ်းဆီးနှိပ်စက်ပြီး အမျိုးသား အချင်းချင်း အဓမ္မ လိင်ဆက်ဆံ ခိုင်းခဲ့သည်ဟူသော စွပ်စွဲချက်နှင့် ပတ်သက်၍ ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် တရားရုံးမှ ရဲတပ်ဖွဲ့ဝင် ရ ဦးကို စစ်ဆေးရန် ဆင့်ခေါ်ခဲ့ရာ လာရောက်ရန် ပျက်ကွက်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ဝင်များကို စက်တင်ဘာ ၂၆၊ စက်တင်ဘာ ၂၉ ရက်နေ့နှင့် အောက်တိုဘာလ ၃ ရက်နေ့တို့တွင် ၃ ကြိမ် ဆင့်ခေါ်ခဲ့ရာ ပျက်ကွက်ခဲ့ကြောင်း ယင်းအမှုကို လိုက်ပေးနေသည့် ရှေ့နေ ဦးမာခါးက ဧရာဝတီသို့ ပြောသည်။
အဆိုပါ ကချင် တိုင်းရင်းသား ၂ ဦးကို ကချင်လွတ်လပ်ရေး တပ်မတော် (KIA) တပ်ဖွဲ့နှင့် ဆက်စပ်မှုရှိကြောင်း မသင်္ကာမှုဖြင့် မြစ်ကြီးနားမြို့နယ် တာလောကြီးကျေးရွာ အခြေစိုက် ခြေလျင်တပ်ရင်း အမှတ် (၃၇) တပ်ဖွဲ့ နှင့်ပူးပေါင်း၍ စစ်ဖက်ရေးရာ လုံခြုံရေး တပ်ဖွဲ့ (စရဖ) တို့က ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။
ဇွန်လအတွင်း၌ ၎င်းတို့ ၂ ဦးကို ကချင်သူပုန်ဟု စွပ်စွဲ၍ မြစ်ကြီးနားမြို့နယ် အမှတ် (၁) ရဲစခန်းသို့ ပို့ဆောင်ခဲ့ပြီး ချုပ်နှောင်ခံနေရစဉ်အတွင်း နှိပ်စက် စစ်ဆေးမှုများရှိကြောင်း၊ အချင်းချင်း အဓမ္မ လိင်ဆက်ဆံမှု ပြုခိုင်းကြောင်း၊ အဝတ်ဗလာနှင့် ကချင်ရိုးရာအက ကပြရန် ခိုင်းစေခဲ့သည့်အပြင်၊ ၎င်းတို့ ယုံကြည်ကိုးကွယ်သည့် ခရစ်ယာန်ဘာသာကို စော်ကားသည့် လုပ်ရပ်များ လုပ်ဆောင်ခိုင်းကြောင်း သိရသည်။
တရားလိုပြ သက်သေများ ရောက်မလာသည့်အတွက် ဖမ်းဆီးခံထားရသူများ အနေနှင့် အချိန်ကြာမြင့်စွာ အချုပ်ခံနေရပြီး ယင်းကိစ္စကို ဥပဒေအရ အရေးယူဆောင်ရွက်နိုင်ကြောင်း ရှေ့နေ ဦးမာခါးက ဆိုသည်။
ရဲတပ်ဖွဲ့ဝင်များကို ရဲစခန်း စည်းကမ်းထိန်းသိမ်းရေး ဥပဒေအရ ဖြစ်မှု ထင်ရှားပါက ၂ နှစ်ခွဲခန့် ထောင်ဒဏ် ချနိုင်ကြောင်း၊ ယင်း အမှုကို ဆက်လက်ကူညီရန် စီစဉ်ထားကြောင်း ရှေ့နေ ဦးမာခါးက ရှင်းပြသည်။
“ဒီလို အဓမ္မ လိင်ကိစ္စလုပ်ခိုင်းတာကို သူတို့ အင်မတန်ရှက်တယ်၊ မိသားစုအတွက်လည်း ရှက်စရာကောင်းတယ်လို့ သူတို့က ပြောတယ်” ဟု ဦးမာခါးက ဆိုသည်။
“ဒါဟာ လူ့ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့ လူ့အခွင့်အရေးကို ချိုးဖောက်တဲ့ ဥပမာပဲ။ လူတွေရဲ့ ယဉ်ကျေးမှုနဲ့ ဘာသာတရားကို စော်ကားတာပဲ” ဟု ဦးမာခါးက ဆက်ပြောသည်။
ကျူးလွန်သူများကို ပြစ်ဒဏ်ပေးရမည်ဖြစ်ကြောင်း၊ ယခု ၃ ကြိမ် ဆင့်ခေါ်သည့်တိုင် ရဲတပ်ဖွဲ့ဝင်များ တရာရုံးသို့ ရောက်လာခြင်း မရှိကြောင်းလည်း ၎င်းက ဆိုသည်။
ယခုအခါ အဆိုပါ ကချင်တိုင်းရင်းသား နှစ်ဦးကို တခြားရဲစခန်း တခုသို့ ပြောင်းရွှေ့ထားကြောင်း၊ ဖမ်းဆီးခံထားရသူ ၂ ဦး၏ မိသားစုဝင်များက ပြီးခဲ့သည့် သီတင်းနှစ်ပတ်ကျော်တွင် သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ကင်တားနားထံ တိုင်ကြားစာ ပေးပို့ထားကြောင်း သိရသည်။
ဇွန်လကလည်း မြစ်ကြီးနားမြို့နယ် အစိုးရထိန်းချုပ်မှုအောက်ရှိ ဂျန်မိုင်ကောင် စစ်ပြေးဒုက္ခသည်စခန်းတွင် ခိုလှုံနေသည့် ဦးဘရန်ရှောင်ကို ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) နှင့် ဆက်စပ်သူဖြစ်ပြီး ဖောက်ခွဲရေးသမားဟု စွပ်စွဲဖမ်းဆီးကာ စရဖအဖွဲ့က မြစ်ကြီးနားမြို့နယ် တရားရုံးတွင် တရားစွဲဆိုခဲ့သည်။
ယင်းသို့ စွပ်စွဲဖမ်းဆီးထားသည့် ဦးဘရန်ရှောင်ကို ခြွင်းချက်မရှိ လွှတ်ပေးရန်၊ စစ်ဘေးခိုလှုံသူ ဒုက္ခသည်များ အဓမ္မဖမ်းဆီး နှိပ်စက်ခြင်း မပြုရန်နှင့် တရားရုံး ခွင့်ပြုမိန့်မရဘဲ လူတဦးကို ၂၄ နာရီ ကျော်လွန်၍ ဖမ်းဆီးထားခြင်း မပြုရန် စသည့်အချက်များကို ခရစ်ယာန် ဘာသာရေး ခေါင်းဆောင်များ အပါအဝင် ဒုက္ခသည် ၅၀၀ ကျော်နှင့် မြို့ခံ ၁၀၀၀ ကျော်တို့က မြစ်ကြီးနားမြို့ပေါ်ရှိ အစိုးရရုံးများနှင့် မြို့တွင်းလမ်းမများတွင် ဆန္ဒပြ တောင်းဆိုမှုများ ပြုလုပ်ခဲ့ကြသည်။
ရှေ့နေ ဦးမာခါး ပြောပြချက်အရ ကချင်ပြည်နယ် အတွင်း၌ KIO နှင့် ဆက်နွယ်သည်ဟု ဆိုကာ မတရားအသင်း ဆက်သွယ် မှုပုဒ်မ ၁၇/၁ ဖြင့် ဖမ်းဆီးခံထားရသူ ရ၀ ခန့်ရှိပြီး ရှမ်းပြည်နယ် မြောက်ပိုင်းတွင် ယင်းကဲ့သို့ စွပ်စွဲချက်ဖြင့် ဒေသခံ ၂၀ ကျော် အဖမ်းခံထားရကြောင်း သိရသည်။

http://burma.irrawaddy.org/archives/22519
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India