October 10, 2012

KIA နှင့် ဖားကန့်အနီး နှစ်နေရာ တိုက်ပွဲတွင် မြန်မာစစ်သား ၆ ဦးကျ ၁၅ ဦးထိခိုက်

MHH-hpakan-dap

ကေအိုင်အေ ဖါးကန့် ပြည်သူ့စစ်တပ်ရင်း ဌာနချုပ်။

ကချင်ပြည်နယ် ကျောက်စိမ်းမှော်ဒေသ ဖားကန့်မြို့အဝင် ၅ မိုင်အကွာ နှစ်နေရာတွင် မြန်မာအစိုးရစစ်ကြောင်း နှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) တပ်ရင်း ၆ တပ်ဖွဲ့များကြား တစ်နာရီခြား ဖြစ်ပွားသောတိုက်ပွဲတွင် အစိုးရစစ်သား အနည်းဆုံး ၆ ဦးကျပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့ကြောင်း တပ်ရင်း ၆ KIA အရာရှိများ အတည်ပြုပြောသည်။
ဖားကန့် KIA ပြည်သူ့စစ်တပ်ရင်း (MHH) တပ်ခွဲ (၆)နှင့် မြန်မာစစ်တပ် ခမရ (၃၈၁၊ ၃၈၂၊ ၃၉၀) ပါ၀င်သော စုပေါင်းစစ်ကြောင်း အင်အား ၁၅၀ ကျော်သည်  ယမန်နေ့ အောက်တိုဘာလ ၉ ရက် နံနက် ရ နာရီတွင် နမ်တိန် (Nam Ting) အထက် ရှိ “ပစောက်ကွေ့” တွင် တိုက်ပွဲဖြစ်ပွားရာ အစိုးရတပ်မှ ၃ ယောက် သေဆုံးပြီး ရ ယောက်ဒဏ်ရာရရှိကြောင်း ရှေးတန်းမှ အရာရှိတဦး KNG ကချင်သတင်းဌာနသို့ပြောသည်။
“ခဏလေးပဲ ဖြစ်တယ်။ အစက ကျနော်တို့ သူတို့ထွက်လာမယ့်လမ်းမှာ စောင့်နေတာ။ သူတို့ထွက်မလာလို့ ကျနော်တို့ ပြန်လိုက်သွားတယ်။ “ပစောက်ကွေ့” မှာလိုက်မီတယ်။ သူတို့ဘက်ကလည်း အပြင်းအထန် ပစ်တယ်။ လက်နက်ကြီးတွေနဲ့လည်း ပစ်တယ်။ ဒါပေမယ့် ကျနော်တို့ ဘက်ဘာမှမဖြစ်ဘူး။”
 အဆိုပါ “ပစောက်ကွေ့” တွင် ပစ်ခတ်တိုက်ခိုက်သော တိုက်ပွဲတွင် အစိုးရတပ်ဗိုလ်ဗှူးတဦး ခြေထောက်ကျိုးသွားပြီး ဒုဗိုလ်မှူးလည်း ဒဏ်ရာပြင်းထန်စွာရရှိ ဒဏ်ရာရရှိကြောင်းသိရသည်။
“ပစောက်ကွေ့” သည် ဖားကန့် နှင့် ၅ မိုင်ကျော်အကွာတွင် ရှိပါသည်။
ထိုနေ့နံနက်တွင် ဆက်တိုက် မြန်မာအစိုးရတပ်ကို လေပင် နှင့် လောင်ခန် (လုံးခင်း) ကြားရှိ လယ်ကွင်း ကားလမ်းဘက်သို့ရောက်ရှိလာသော မြန်မာအစိုးရတပ်ဖွဲ့ကို KIA တပ်ရင်း (၆) မှ တပ်သားများ (remote) မိုင်း ၄ လုံးဖြင့် ဖောက်ခွဲလိုက်ရာ ၃ ဦးပြန်ကျပြီး ၈ ဦးဒဏ်ပြန်ရရှိကြောင်း ရှေ့တန်းမှ ဆိုသည်။
ယနေ့နံနက် မိုးမလင်းမီ ၃ နာရီခန့်တွင်လည်း ကေအိုင်အေ အထူးတပ်ဖွဲ့မှ အဆိုပါအစိုးရတပ်ဖွဲ့ကို နမ္မဖြစ် (Nam Mahpyit) နှင့် မော်ဝမ်း (Maw Wan) ကြားရှိ ဖားအီ (Hpa I) တွင် remote မိုင်း ၁၂ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်လိုက်ရာ အစိုးရတပ်မှ အများအပြားကျဆုံးနိုင်ကြောင်းပြောသည်။
“အဖွဲ့လိုက်တက်လာတာ အဲဒီအချိန် တစ်ခါထဲ မိုင်းတွေ ဆက်တိုက်မြည်သွားတယ်။ သူတို့ဘက်က သေတာ အများကြီးဖြစ်နိုင်တယ်။ ဘယ်နှစ်ယောက်သေတာက မိုးမလင်းခင်ဆိုတော့ အတိအကျမသိသေးဘူး။ ဒီမနက်အဲဒီနေရာ သွေးတွေအများကြီးအိုင်နေတယ်တဲ့။”

ဖားကန့်ဒေသအတွင်း သြဂုတ်လနှင့် စက်တင်ဘာလတွင်း KIA နှင့် တိုက်ပွဲတွင် စာရင်းရထားသမျှ မြန်မာအစိုးရတပ် ကျဆုံးသူ ၂၁၁ ဦး ရှိပြီး ဒဏ်ရာရရှိသူ ၃၆ ဦးဖြစ်ကြောင်း KIA တပ်ရင်း (၆) တပ်ရင်းမှူး ဒု ဗိုလ်မှူးကြီး အင်ခွမ်ဇော်ဒွဲ (Lt-Col. Nhkum Zau Doi) မှ ဒေသခံများအား အတည်ပြုပြောဆိုခဲ့သည်။
ကျောက်စိမ်းတူးဖော်မှုများ ဧရာမစီမံကိန်းတည်ရှိရာ ဖားကန့်ဒေသတွင် အစိုးရစစ်တပ်နှင့် KIA ကြား သြဂုတ်လကုန်ပိုင်းမှစ၍ တိုက်ပွဲများ ပြင်းထန်စွာဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်လလယ်ပိုင်းတွင်မူ တိုက်ပွဲများ ငြိမ်သက်နေချိန် ယခုလအစောပိုင်းမှပြန်လည်ဖြစ်ပွားနေခြင်းဖြစ်သည်။

http://kachinnews.com/burmese/news/972-kia-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%96%E1%80%AC%E1%80%B8%E1%80%80%E1%80%94%E1%80%B9%E1%82%94%E1%80%A1%E1%80%94%E1%80%AE%E1%80%B8-%E1%82%8F%E1%80%BD%E1%80%85%E1%80%B9%E1%80%B1%E1%80%94%E1%80%9B%E1%80%AC-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%BB%E1%80%99%E1%80%94%E1%80%B9%E1%80%99%E1%80%AC%E1%80%85%E1%80%85%E1%80%B9%E1%80%9E%E1%80%AC%E1%80%B8-%E1%81%86-%E1%80%A5%E1%80%AE%E1%80%B8%E1%80%80%E1%80%BA-%E1%81%81%E1%81%85-%E1%80%A5%E1%80%AE%E1%80%B8%E1%80%91%E1%80%AD%E1%80%81%E1%80%AD%E1%80%AF%E1%80%80%E1%80%B9.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India