October 10, 2012

KNU ခေါင်းဆောင်များ ပြန်လည်စည်းလုံးရန် ကြိုးပမ်းနေ

ကရင်ပြည်နယ် ဖာပွန်ခရိုင် တွင် ၂၀၀၉ ခု သြဂုတ်လ ၁၂ ရက်က ကျင်းပသော ကရင့် အာဇာနည်နေ့ အခမ်းအနား၌ KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင်များ စစ်ရေးပြနေစဉ် (ဓာတ်ပုံ – စောရန်နိုင် / ဧရာဝတီ)
ကရင် အမျိုးသား အစည်း အရုံး (KNU) အဖွဲ့မှ ခေါင်းဆောင်များ အချင်းချင်း ပြန်လည်စည်းလုံး ညီညွတ်မှုရရှိရန် ယခုရက်ပိုင်း တွင် ကြိုးပမ်း နေကြသည်။
ပြီးခဲ့သည့် လကုန်ပိုင်းက ကရင်ပြည်နယ် ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်သည့် ကိစ္စနှင့် ပတ်သက်ပြီး KNU ခေါင်းဆောင်များကြား သဘောထား အမြင် ကွဲလွဲမှုများ ပေါ်ပေါက်ခဲ့ခြင်း ဖြစ်သည်။
“အဲဒီ အပေါ်မှာ ဗိုလ်ချုပ် မူတူးစေးဖိုးကတော့ ပြီးခဲ့တာတွေကို သင်ပုန်းချေကြပြီးတော့ ညီညီညာညာ ဆက်လက် ချီတက်သွား ကြ စို့ ဆိုတဲ့ခံယူချက် ရှိတယ်”ဟု KNU ဘားအံ ခရိုင် ဥက္ကဋ္ဌ ဖဒို စောအောင်မော်အေး က ဧရာဝတီသို့ ပြောသည်။
ကရင်အမျိုးသား လွတ်မြောက်ရေး တပ်မတော်(KNLA) စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးနှင့် KNU ဗဟို အဖွဲ့တို့ ပြန်လည် စည်းလုံးညီညွတ်မှု ရရှိရန် ကြိုးပမ်းနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ဆိုသည်။
KNLA တပ်မဟာ ၅ နယ်စပ်တနေရာတွင် မကြာခင်ရက်ပိုင်း၌ KNUအဖွဲ့ ခေါင်းဆောင်များ တွေ့ဆုံရန် စီစဉ်ထားပြီး တပ်မဟာ ၅ ၊ တပ်မဟာ ၃ ခေါင်းဆောင်များ အပါအဝင် ထားဝယ်ခရိုင် ဥက္ကဌ ဖဒို ကွယ်ထူးဝင်း နှင့် ဗိုလ်မှူး တူးတူးလေးတို့လည်း သွားရောက် မည် ဖြစ်ကြောင်း သိရသည်။
“ဘယ်လို မှားသလဲ၊ တဘက်က အမြင်ကတော့ လာဘ်စားမှုတို့၊ ခြစားမှုတို့ စွပ်စွဲထားတယ်”ဟု ဖဒို စောအောင်မော်အေးက ပြော ဆိုသည်။ ထိုစွပ်စွဲချက်များအပေါ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးတို့ ဘက်က ပြန်လည်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း ပြောဆိုသည် ဟု လည်း သိရသည်။
ကရင်လူထု အခြေပြု အဖွဲ့အစည်း များကလည်း အချင်းချင်း ပြန်လည်စုစည်း ညီညွတ်စေလိုသည်ဟု KNU ခေါင်းဆောင်များ ထံ သွား ရောက် အသိပေးခဲ့ကြောင်း ယမန်နေ့က ကရင်သတင်းစဉ်(KIC) အင်တာနက် စာမျက်နှာတွင် ဖော်ပြထားသည်။
ဘားအံမြို့တွင် ဗဟိုအဆင့် ဆက်ဆံရေးရုံး ဖွင့်လှစ်မည့် ကိစ္စနှင့် ပတ်သက်ပြီး KNU အနေ နှင့် ဆောက်ရွက်ခြင်း မဟုတ်သည့်အပြင် KNLA ဗဟို စစ်ဌာနချုပ်၏ အစီအစဉ်လည်း မဟုတ်၍ KNU ဗဟိုမှ တစုံတရာ မသိရကြောင်း KNU ဗဟို က ထုတ်ပြန်ခဲ့သည်။
ထိုကဲ့သို့ ထုတ်ပြန်ပြီး နောက်ပိုင်း ဗိုလ်ချုပ်ကြီး မူတူးစေးဖိုး အပါအဝင် ဗဟို တရားရေး ဌာန ဖဒို ဒေးဗစ်ထောနှင့် လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေးဌာန တာဝန်ခံ ပဒိုရောဂျာခင် တို့ကို KNU ဗဟိုက တာဝန်မှ ရပ်စဲခဲ့သည်။
တာဝန်မှ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ခဲ့သည့် အမိန့်စာကိုလည်း KNU ဗဟို အလုပ်အမှုဆောင် ၁၁ ဦးထံ ပေးပို့ထားကြောင်း သိရ သည်။
ဘားအံ KNU ဆက်ဆံရေးရုံး ဖွင့်ပွဲသို့ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မတီ ဒု ဥက္ကဌ ဦးအောင်မင်း လည်း တက်ရောက်ခဲ့သည်။
ထို ဆက်ဆံရေးရုံး ဖွင့်လှစ်ရန် အတွက် စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးစေးဖိုးက တပ်မဟာ ခေါင်းဆောင်တချို့ကို ဦးဆောင်၍ KNU ဗဟိုကော်မတီ ၀င်များနှင့် တိုင်ပင် ဆွေးနွေးခြင်း မရှိဘဲ သွားရောက်ခဲ့ကြောင်း KNU ဗဟိုက ပြောဆိုသည်။
KNLA တပ်ဖွဲ့ သည် KNU ၏ ဌာန ၁၄ ခုရှိသည့်အနက် ကရင်အမျိုးသား ကာကွယ်ရေး ဌာန အုပ်ချုပ်မှုနှင့် ဦးဆောင်မှုအောက်တွင် ရှိသော အဖွဲ့တခု ဖြစ်သည်။
KNU ခေါင်းဆောင်များအကြား ယင်းသို့ သဘောထား ကွဲလွဲမှုနှင့် ပတ်သက်ပြီး မကြာမီ ရက်ပိုင်းအတွင်း သတင်းစာ ရှင်းလင်းပွဲ တရပ် ကျင်းပရန် ရှိကြောင်း သိရသည်။

http://burma.irrawaddy.org/archives/22423
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India