“အယောက် (၂၀) သွားမှာ ဖြစ်တယ်။ ခရီးစဉ်က (၇) ရက်ကြာမယ်။ သွားတဲ့ ရည်ရွယ်ချက်ထဲမှာ မြန်မာ တိုင်းရင်းသားတွေကို ဂျပန်က ဘာကြောင့် အကူ အညီပေးရသလဲ ဆိုတာကို ဂျပန် လူထုကို ရှင်းပြ တာလဲ ပါတယ်။ ပြီးတော့ တိုင်းရင်းသားတွေဟာ ဆင်းရဲတယ် ဒုက္ခရောက် နေကြတယ်။ ပြည်တွင်း စစ်ဒဏ်ခံနေရတယ်။ အကူအညီတွေ ပေးသင့်တဲ့ အကြောင်း ပြောပြ မှာပါ” ဟု ဆိုပါသည်။
ဤခရီးစဉ်ကို ဂျပန်နိုင်ငံ နိပွန်ဖေါင်းဒေးရှင်း ဥက္ကဌ (Yohei Sasakawa) က ဖိတ်ကြား ခဲ့ခြင်းဖြစ်သည်။ သူသည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား အရေးနှင့် ပတ်သက်သည့် အထူး သံတမန် တဦး အဖြစ် ဂျပန် အစိုးရက ခန့်အပ် တာဝန် ပေးထားသူ ဖြစ်သည် ဟုဆိုပါသည်။
ခွန်ဥက္ကာသည် UNFC ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်သွားမည်ဖြစ်သည်။ နိပွန်းဖောင်းတေးရှင်းသည် UNFC အဖွဲ့ဝင်များ ကို အကူအညီ ပေးရန် သဘောတူ စာချွန်လွှာ လက်မှတ် ရေးထိုးထားပြီး ဖြစ်သည်။ မြန်မာနိုင်ငံမှ တိုင်းရင်းသားများကို ဂျပန် နိုင်ငံမှ အမှန်တကယ် အကူအညီများ ပေးနေပါကြောင်း UNFC အဖွဲ့ဝင်များကို အလည်အပတ် ဖိတ်ကြားခြင်း အားဖြင့် ဂျပန်ပြည်သူများကို ပြသမည်ဟု နိပွန် ဖောင်ဒေးရှင်းဖက်က ဆိုပါသည်။
ကိုယ်စားလှယ် အဖွဲ့ ထဲတွင် ဝ အမျိုးသား အဖွဲ့ချုပ် (WNO) မှ တပါး ကျန်သည့် အဖွဲ့ဝင် (၁၀) ဖွဲ့စလုံး သွားရောက်ကြပါသည်။ ဤခရီးစဉ်ကို မြန်မာအစိုးရ၏ ခွင့်ပြုချက်ဖြင့် စီစဉ်ခြင်းဖြစ်ကြောင်း နိပွန် ဖေါင်ဒေးရှင်းက ဆိုပါသည်။ အကယ်၍မြန်မာ အစိုး ရဖက်မှ ခွင့်မပြုလျှင် ဆောင်ရွက်၍ ရမည်မဟုတ်ဟု ဆိုသွားပါသည်။
ဂျပန်နိုင်ငံသည် မြန်မာ အစိုးရ၏ အကြွေးများကို လျှော်ပေးခဲ့သည့် အပြင် ဆက်လက် ချေးနိုင်ရန်လည်း ဆောင်ရွက်ခဲ့ပါသည်။ ဤကဲ့သို့ အစိုးရနှင့် ပြေလည်ရန် ဆောင်ရွက်နေသလို တိုင်းရင်းသား အရေးကိုလည်း အစိုးရ၏ သဘော တူညီချက်ဖြင့် အကူ အညီ ပေးနေပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2233-unfc--.html