“သတင်းတွေ အရတော့ ကျွှန်တော်တို့ အောက်တိုဘာ (၂၂) ရက်နဲ့ (၂၃) ဝန်းကျင် လောက်မှာ ပေါ့နော် လုပ်ဖြစ် မှာပါ။ ဒီကြားထဲမှာ အချင်းချင်း ရင်ကြားစေ့ရေး အစည်းအဝေး လိုမျိုးတော့ အရင်ထိုင်မယ်၊ ပြီးမှ တရားဝင် မျက်နှာစုံ ညီ ဗဟို ကော်မီတီ အစည်းအဝေးကို ထိုင်ကြမှာပါ” ဟု ဆိုပါသည်။
ယခုကဲ့သို့ အရေးပေါ် ဗဟိုကော်မီတီ အစည်းဝေး ကျင်းပရခြင်းသည် ပြီးခဲ့သည့် စက်တင်ဘာလအတွင်း ဘားအံမြို့၌ ဖွင့်လှစ်ခဲ့သော ကေအဲန်ယူ၏ ဗဟို ဆက်သွယ်ရေးရုံး ဖွင့်ပွဲ ကိစ္စနှင့် ပတ်သက်၍ စစ်ဦးစီးချုပ် ဦးဆောင်သည့် ကိုယ်စားလှယ် အဖွဲ့နှင့် ဗဟို အထွေထွေ အတွင်းရေးမှူး အဖွဲ့တို့အကြား သဘောထား တင်းမာမှု ဖြစ်ခဲ့ရာက စတင်ခြင်း ဖြစ်ပါသည်။
နောက်ဆုံး၌ KNU ထိပ်တန်း ခေါင်းဆောင် သုံးဦး ဖြစ်သည့် KNLA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုး၊ အတွင်း ရေးမှူး (၂) စောဒေးဗစ်ထော၊ လူမှုဝန်ထမ်းနှင့် ကယ်ဆယ်ရေး ဌာန တာဝန်ခံ ပဒို ရောဂျာခင်တို့အား အဖွဲ့မှ ထုတ်ပယ် လိုက်ပါသည်။
ဤကိစ္စကြောင့် ဗိုလ်ချုပ်ကြီး မူတူးဆေးဖိုးသည် မိမိ၏ လုပ်ရပ် မှန်ကန်သည်ဟု သက်သေပြရန် မြဝတီ မြို့၌ သတင်း စာ ရှင်းလင်းပွဲ တစ်ရပ် ပြုလုပ်ပြီး ဖြေရှင်းရန် ဖြစ်လာခဲ့ပါသည်။ သို့သော် ကရင်ပြည်သူ တို့၏ ၀ိုင်းဝန်း ဖိအားပေးမှု ကြောင့် သတင်းစာ ရှင်းလင်းပွဲ အစီအစဉ်ကို ဖျက်သိမ်းပြီး အရေးပေါ်ဗဟို ကော်မီတီ ခေါ်ယူရေး ဖြစ်လာခဲ့ပါသည်။
ဤဗဟို ကော်မီတီ အစည်းအဝေးမှ ကေအဲန်ယူ၏ (၁၅) ကြိမ်မြောက် ကွန်ဂရက် ကျင်းပ နိုင်ရေးကို အဆိုပြု ကြမည်ဖြစ် သည်ဟု ဆိုပါသည်။ KNU အဖွဲ့ထဲတွင် လက်ရှိ၌ ဗဟိုကော်မီတီ (၃၀) ဦး အရန် ဗဟို ကော်မီတီ (၁၅) ဦးနှင့် ဗဟို အလုပ် အမှုဆောင် ကော်မီတီ (၁၁) ဦး ရှိပါသည်။ KNU တွင် တပ်မဟာ (၇) ခု ရှိပြီး တပ်မ ဟာ (၂) နှင့် တပ်မဟာ (၅) တို့မှာ အတွင်းရေးမှူးတို့ အဖွဲ့အား ထောက်ခံကြပြီး တပ်မဟာ (၁) (၃) (၄) (၆) (၇) မှာ စစ်ဦးစီးချုပ်အား ထောက်ခံသည့် အင်အားစုများ ဖြစ်သည်ဟု ကေအဲန်ယူ တပ်တွင်း သတင်းများက ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2234-knu----.html