“မနေ့က ကျနော်တို့ တပ်ဖွဲ့နဲ့ အစိုးရ တပ်ဖွဲ့တို့ မန်တုံမြို့နယ်တွင်းမှာ တိုက်ပွဲဖြစ်ပွား ခဲ့တယ်။ တိုက်ပွဲ ကတော့ တစ်ပတ်ကို (၂) ကြိမ် ဖြစ်နေကြပါခင်ဗျ။ အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ဖိအားပေးဖို့နဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လှုပ်ရှားမှုကြောင့် တိုက်နေတဲ့ သဘောပါ။” ဟု ဆိုပါသည်။
နိုဝင်ဘာလ (၁၅) ရက်နေ့တွင် မန်ဆန်းမြို့နယ်တွင် မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို လှုပ်ရှားနေသော တအာင်း တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့တို့ (၃၅) မိနစ်ခန့် ကြာ တိုက်ပွဲ ဖြစ်ပွား ခဲ့ပါသည်။
တိုက်ပွဲများသည် မူးယစ်ဆေးဝါး သယ်ဆောင်သူ တရုတ်လူငယ် တဦးအား တအာင်း တပ်ဖွဲ့က ဖမ်းမိရာက စတင် ခဲ့သည်ဟု ဆိုပါသည်။ အစိုးရ တပ်ဖွဲ့၏ ပြန်လည် လွှတ်ပေးရန် တောင်းဆိုခြင်းကို တအာင်း တပ်ဖွဲ့မှ ပယ်ချသဖြင့် နိုဝင် ဘာလ (၉) ရက် နေ့တွင် ရှမ်းပြည် မြောက်ပိုင်း မန်တုံမြို့နယ်နှင့် နမ်ခမ်းမြို့ နယ်စပ်ရှိ တအာင်း တပ်ဖွဲ့၏ တပ်ရင်း ၄၇၈ စခန်းကို အစိုးရက တပ်ရင်း (၃) ရင်းဖြင့် စတင် တိုက်ခိုက် သိမ်းပိုက် ခဲ့ပါသည်။
နိုဝင်ဘာလ (၁၀) ရက်နေ့တွင် တအာင်း လွတ်မြောက်ရေး တပ်ဦးနှင့် ဦးအောင်မင်း ခေါင်းဆောင်သော အဖွဲ့ တို့က အပစ်အခတ် ရပ်စဲရေး အတွက် တွေ့ဆုံ ဆွေးနွေးရေး ရှိသောကြောင့် သိမ်းပိုက် ထားသော တအာင်းတို့၏ တပ်ရင်း ၄၇၈ တပ်စခန်းကို အစိုးရ တပ်က ဆုတ်ခွာ ပေးခဲ့သည်ဟု တအာင်းတို့က ဆိုပါသည်။
တအာင်း တပ်ဦးသည် စစ်မှန်သော ပြည်တွင်း ငြိမ်းချမ်းရေး ဖြစ်ရန်မှာ နိုင်ငံရေး ပြဿာနာကို နိုင်ငံရေး နည်းနှင့်ပင် မှန်ကန် မျှတသည့် နည်းလမ်းဖြင့် ဖြေရှင်းဖို့ လိုကြောင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ အားလုံး တွေ့ဆုံပြီး ဖြစ်ပေါ် နေ သော တိုင်းရင်းသား လူမျိုးများ၏ နိုင်ငံရေး ပြဿနာကို ငြိမ်းချမ်းသော နည်းလမ်းဖြင့် တွေ့ဆုံဖြေရှင်းမှု မရှိမချင်း တိုက်ပွဲများသည် ဆက်လက် ဖြစ်ပွား နေမည်ဟု ဆိုပါသည်။
http://www.phophtaw.org/burmese/index.php/news/local-news/2407-2012-11-22-12-38-10.html