January 20, 2013

လိုင်ဇာကို ဆက်မတိုက်ဘူးလို့ သမ္မတ ပြော

အစိုးရစစ်တပ်အနေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို ဆက်ပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်မှာမဟုတ်ဘူးလို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ မှာ ဒီကနေ့ တွေ့ဆုံချိန်အတွင်း သမ္မတဦးသိန်းစိိန်က အဲဒီလို ပြောခဲ့တာပါ။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ကို နိုင်ငံတော်သမ္မတ တယောက်အနေနဲ့ အသိအမှတ်ပြုပြီးတော့ အစိုးရအဖွဲ့အနေနဲ့လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နောက်ပိုင်းမှာ လက်တွဲလုပ်ဆောင်လာအောင် စီစဉ်သွားမယ်လို့ အဖွဲ့အစည်း ၈၀ ကျော်နဲ့ တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ တွေ့ဆုံပွဲမှာ ကိုယ်တိုင်သွားပြီးသတင်းယူခဲ့တဲ့ ဗွီအိုအေရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

အစိုးရစစ်တပ်အနေနဲ့ ကချင်လွတ်မြောက်ရေးအဖွဲ့ KIO ရဲ့ ဌာနချုပ်ဖြစ်တဲ့ လိုင်ဇာကို ဆက်ပြီးတော့ ထိုးစစ်ဆင် တိုက်ခိုက်မှာမဟုတ်ဘူးလို့ သမ္မတဦးသိန်းစိန်က ပြောလိုက်ပါတယ်။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ ရန်ကုန်မြို့ မှာ ဒီကနေ့ တွေ့ဆုံချိန်အတွင်း သမ္မတဦးသိန်းစိိန်က အဲဒီလို ပြောခဲ့တာပါ။ အရပ်ဘက် လူမှုအဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍ ကို နိုင်ငံတော်သမ္မတ တယောက်အနေနဲ့ အသိအမှတ်ပြုပြီးတော့ အစိုးရအဖွဲ့အနေနဲ့လည်း အရပ်ဘက် လူမှုအဖွဲ့အစည်းတွေနဲ့ နောက်ပိုင်းမှာ လက်တွဲလုပ်ဆောင်လာအောင် စီစဉ်သွားမယ်လို့ အဖွဲ့အစည်း ၈၀ ကျော်နဲ့ တွေ့ဆုံပွဲမှာ သမ္မတ ဦးသိန်းစိန်က ပြောခဲ့ပါတယ်။ အပြည့်အစုံကိုတော့ တွေ့ဆုံပွဲမှာ ကိုယ်တိုင်သွားပြီးသတင်းယူခဲ့တဲ့ ဗွီအိုအေရဲ့ ရန်ကုန်အခြေစိုက် သတင်းထောက် ကိုအောင်ရဲမောင်မောင်က သတင်းပေးပို့ထားပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က ကချင် ပြည်နယ်ကို ထိုးစစ်ဆင်တာတွေ ရပ်ပြီလို့ ပြောပြီး တရက်အကြာ ရန်ကုန်မြို့မှာ ဒီကနေ့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေနဲ့ တွေ့ဆုံတဲ့ပွဲမှာ KIO ဗဟိုဌာနချုပ် ရှိရာလိုင်ဇာကို ထပ်မံ ထိုးစစ်ဆင်တာတွေ လုပ်တော့မှာမဟုတ်ဘူးလို့ အတည်ပြု ပြောကြားလာပါတယ်။

“KIA/KIO ရဲ့ လိုင်ဇာဌာနချုပ်ဟာ ကျနော်တို့ တပ်တွေနဲ့ လက်တကမ်းအကွာမှာ ရှိပါတယ်။ ဒီ KIA/KIO ရဲ့ လိုင်ဇာဌာနချုပ်ကို အပြီးတိုင် ချေမုန်း သိမ်းယူခြင်း မပြုလုပ်ဖို့ အမိန့်ပေးထားပြီး ဖြစ်ပါတယ်။ ဒါဟာ ကျနော်တို့ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး လိုလားတယ်ဆိုတဲ့အချက်ကို သက်သေထူခြင်းပဲ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိတဲ့အထိ ဆက်လက် ဆောင်ရွက်သွားမှာဖြစ်ပြီး လက်ရှိအချိန်မှာ KIO/KIA ကလွဲလို့ ကျန်အဖွဲ့ ၁၀ ဖွဲ့နဲ့ အပစ်အခတ် ရပ်စဲရေး လက်မှတ် ရေးထိုးပြီး ဖြစ်ပါတယ်။”

ကချင်ပြည်နယ်အတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်အရှိန်တွေကို လျှော့ချဖို့ တပ်မတော်ကို သမ္မတ က အမိန့်ပေးပြီးဖြစ်ကြောင်းနဲ့ နောက်ပိုင်းမှာ ထိုးစစ် ဆင်တာတွေ မရှိနိုင်တော့ဘူး လို့လည်း သမ္မတက ထပ်လောင်း ပြောခဲ့ပါသေးတယ်။

မနေ့က နေပြည်တော်မှာကျင်းပတဲ့ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်း ဆောင်ရွက်ရေး ဖိုရမ်မှာ မိန့်ခွန်းပြောကြားစဉ်တုန်း ကလည်း သမ္မတတယောက်အနေနဲ့ KIO/KIA ကို ငြိမ်းချမ်းရေး ကမ်းလှမ်းထားပြီလို့လည်း ပြောခဲ့ပါသေးတယ်။

နိုင်ငံတော် သမ္မတ က ပြည်တွင်းမှာရှိနေတဲ့ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ အခန်းကဏ္ဍဟာ လက်ရှိ နိုင်ငံတည်ဆောက်ရေး ကဏ္ဍမှာ အလွန်အရေးပါနေပြီးတော့ သမ္မတ အနေနဲ့ အရပ်ဘက် လူမှု အခြေပြု အဖွဲ့အစည်းတွေရဲ့ ဆောက်ရွက်ချက်တွေ ကို အသိအမှတ်ပြုတယ်လို့ လည်း ပြောကြားခဲ့ပါတယ်။

နိုင်ငံတော် သမ္မတကို အရပ်ဘက် လူမှု အဖွဲ့အစည်းတွေက သူတို့ရဲ့ ရပ်တည်ရေးကိစ္စ နဲ့ မှတ်ပုံတင်နိုင်ရေး ကိစ္စတွေကိုလည်း ဒီကနေ့ တွေ့ဆုံပွဲမှာ တင်ပြခဲ့ကြပြီး အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ တရားဝင် မှတ်ပုံတင် ရရှိရေး အခြေအနေဟာလည်း အခက်အခဲတွေ ရှိနေသေးတယ်လို့ ပြောကြားသွားခဲ့ကြပါတယ်။

နိုင်ငံတော် သမ္မတ က လက်ရှိ လူမှု အဖွဲ့အစည်းတွေနဲ့ ဒီတကြိမ် တွေ့ဆုံမှုဟာ ပထမဆုံးအကြိမ် တွေ့ဆုံတာ ဖြစ်ပြီး နောက်ပိုင်းမှာလည်း အခုလိုမျိုး တွေ့ဆုံမှုတွေ ပြုလုပ်သွားဖို့ ရှိပြီး အခမ်းအနား ဆန်ဆန် မဟုတ်ဘဲ သက်ဆိုင်ရာ ပြည်ထောက်စု အစိုးရ၊ ဒါမှမဟုတ် ပြည်နယ် အစိုးရတွေက အရပ်ဘက် လူမှု အဖွဲ့အစည်းတွေနဲ့ အတူတကွ တွေ့ဆုံနိုင်အောင် ပြုလုပ်ပေးသွားဖို့ ရှိတယ်လို့လည်း သမ္မတ ဦးသိန်းစိန်က ပြောသွားပါတယ်။

“ဒါကို အစိုးရပိုင်းကလည်း အရပ်ဘက် အဖွဲ့အစည်းတွေ၊ state holders တွေ၊ ဒါတွေကို အကူအညီတွေ ပေးဖို့ ကျနော်တို့ လိုအပ်သလို အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ တခြား အဖွဲ့အစည်းတွေကလည်း အစိုးရရဲ့ လုပ်ဆောင်ချက်တွေကို ၀ိုင်းပြီးတော့ အကူအညီပေးဖို့၊ ကူညီထောက်ပံ့ပေးဖို့၊ ၀ိုင်းရံပြီးတော့ ဆောင်ရွက်ပေးသွားဖို့ ဒါ ကျနော်တို့ လိုအပ်ချက် ဖြစ်ပါတယ်။ ပြောကြမယ်ဆိုရင်တော့ ကျနော်တို့တွေက ခုနကလို တလှေတည်းစီးပြီးတော့ တခရီးတည်းသွားနေတဲ့ အဖွဲ့အစည်းတွေ၊ တလှေတည်းစီးပြီးတော့ တခရီးတည်းသွားနေတဲ့ ပုဂ္ဂိုလ်တွေ ဖြစ်တယ်။ အဲဒီတော့ ကျနော်တို့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးကို ကျနော်တို့ အစိုးရချည်းပဲ လုပ်နေလို့ မရဘူး။ အခုလိုပဲ အရပ်ဘက် အဖွဲ့အစည်းတွေ၊ တခြား NGO တွေ၊ တခြား လူမှုရေးအဖွဲ့အစည်းတွေ၊ စသည်အားဖြင့် state holders တွေ အားလုံး ကျနော်တို့ ပူးပေါင်းပြီးတော့ လုပ်သွားမှပဲ အောင်မြင်မယ် ဆိုပြီးတော့ ပြောချင်ပါတယ်။”

လက်ရှိ ပြည်တွင်း အရပ်ဘက် အဖွဲ့အစည်း ၈၀ ကျော်ဟာ နိုင်ငံတော် သမ္မတနဲ့ တွေ့ဆုံပွဲကို တက်ရောက်ခဲ့ ကြပြီး အခုလို တက်ရောက်လာတဲ့ အဖွဲ့အစည်းတွေထဲမှာ အများစုကတော့ မှတ်ပုံတင် မရှိသေးတဲ့ အဖွဲ့အစည်းတွေက များနေတာကို တွေ့ရပါတယ်။

နိုင်ငံတော် သမ္မတ ဦးသိန်းစိန်က အခုလို အရပ်ဘက် လူမှု အဖွဲ့အစည်းတွေရဲ့ ရှေ့ဆက်သွားရမယ့် အခြေအနေတွေကို နားထောင်ပြီး တွေ့ဆုံခွင့် ရရှိခဲ့တဲ့အပေါ်မှာ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂက မဖြိုးဖြိုးအောင်က သူ့ရဲ့အမြင်ကို အခုလို ပြောပြပါတယ်။

“တကယ်စကားပြောခွင့် ရတဲ့သူ ၁၂ ယောက်လောက် ရှိတယ်။ ၁၂ ယောက်မှာလည်း ၆ ယောက်လောက်က အစိုးရနဲ့ ဆက်စပ်ပြီး လုပ်နေတဲ့ အဖွဲ့အစည်းတွေက ဖြစ်နေတော့ ကျမတို့က ဒီကိစ္စတွေမှာ အားမရပါဘူးရှင့်။ ဒီနေ့ တွေ့ဆုံ ဆွေးနွေးတဲ့ပွဲကို ကျမ အနေနဲ့ ပွင့်ပွင့်လင်းလင်း ပြောရင် လုံးဝ အားမရပါဘူးရှင့်။”

ဒီကနေ့ တွေ့ဆုံပွဲကို အစိုးရ ၀န်ကြီး ပိုင်းတွေထဲက ပြည်ထောင်စု ၀န်ကြီးတွေဖြစ်တဲ့ ဦးစိုးသိန်း၊ ဦးအောင်မင်း၊ ဦးခင်ရီ၊ ဦးဝင်းမြင့် တို့ တက်ရောက်ခဲ့ကြပါတယ်။ နိုင်ငံတော်သမ္မတနဲ့ အရပ်ဘက်အဖွဲ့အစည်းတွေ တွေ့ဆုံပွဲမှာ အချို့ အဖွဲ့အစည်းတွေက နိုင်ငံတော်သမ္မတကို သူတို့ရဲ့ အခက်အခက်တွေနဲ့ တိုင်းပြည်မှာ တကယ်ဖြစ်နေတဲ့ ဖြစ်ရပ်တွေကို တင်ပြခွင့် မရရှိခဲ့လို့ အများစုကလည်း စိတ်ပျက်တယ်လို့ ပြောခဲ့တာတွေ ရှိပါတယ်။

http://burmese.voanews.com/content/president-kachin-01-20-13/1587446.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India