January 20, 2013

ငြိမ်းချမ်းရေးကော်မတီ KIO နဲ့ ဆွေးနွေးဖို့ ကမ်းလှမ်း

ကချင်လွတ်မြောက်ရေးအဖွဲ့ KIO နဲ့ တွေ့ဆုံဆွေးနွေးလိုတဲ့အကြောင်း ဇန်နဝါရီလ ၁၉ ရက်နေ့စွဲနဲ့ KIO ဥက္ကဋ္ဌ ဦးဇောင်းဟရားထံ လိပ်မူပြီး ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီ က ပေးပို့ခဲ့တဲ့စာကို တနင်္ဂနွေနေ့ထုတ် နိုင်ငံပိုင်သတင်းစာတွေမှာ ဖော်ပြထားပါတယ်။ ဒီစာနဲ့ ပတ်သက်လို့ KIO ပြောရေးဆိုခွင့်ရှိသူက အတည်ပြုခဲ့ပြီး မကြာခင် အကြောင်းပြန်ကြားသွားမယ်လို့ ဗွီအိုအေကိုပြောပါတယ်။ တချိန်ထဲမှာပဲ အစိုးရအနေနဲ့ ပြောတဲ့အတိုင်း လိုက်နာဖို့လိုတယ် လို့ ပြောတာရှိသလို ကချင်ပြည်ဘက်မှာ ဒီကနေ့အထိ တိုက်ပွဲတွေ ဆက်ဖြစ်နေတုန်းပဲလို့လည်း ဆိုပါတယ်။ အပြည့်အစုံကို ဗွီအိုအေရဲ့ ထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိန်က သတင်းပေးပို့ထားပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေး လုပ်ငန်းကော်မီတီ ကနေ တွေ့ဆုံညှိနှိုင်း ဆွေးနွေးရေး အတွက် KIO ခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ ဥက္ကဋ္ဌဆီကို လိပ်မူပြီး ဒီကနေ့ ရက်စွဲနဲ့ ကမ်းလှမ်းလာခဲ့ပါတယ်။ ြ

ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီရဲ့ ကမ်းလှမ်းချက်ကို KIO အနေနဲ့ မကြာခင် ပြန်ကြားသွားမယ်လို့ ပြောရေးဆိုခွင့်ရှိသူ ဦးလာနန်က အခုလိုပြောပါတယ်။
“အကြောင်းပြန်ကြားချက်တခုတော့ ပေးဖို့ရှိပါတယ်။ လူကြီးတွေက ဆွေးနွေးတိုင်ပင်တာမျိုးပေါ့နော်၊ အမြင်စုစည်းတာမျိုး လုပ်နေကြတယ်။ မကြာခင် အတောအတွင်းမှာတော့ ကျနော်တို့ ပြန်ကြားစာ တစောင်တော့ ပြန်ကြားနိုင်လိမ့်မယ်လို့ မျှော်လင့်တယ်။”

KIO နဲ့ အစိုးရတို့အကြားမှာ ယုံကြည်မှု တည်ဆောက်နိုင်ပြီး ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်မယ် လို့ မျှော်လင့်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင် ကော်မတီဝင်တဦးဖြစ်သူ ဦးလှမောင်ရွှေက အခုလို ပြောပါတယ်။

“ကျနော်တော့ ဒီနေရာမှာ ထောက်ပြချင်တာကတော့ KNU နဲ့ ကျနော်တို့ ပြည်ထောင်စုအစိုးရ အပစ်ခတ် ရပ်တာ တနှစ်ပြည့်ပြီ။ သေနတ်သံတွေ မကြားသလောက် ဖြစ်တယ်။ အဲဒီဟာကို ထိန်းနိုင်တယ်။ ဆက်ပြီးတော့ ကျနော်တို့ နောက်တဆင့်ကို သွားနေတယ်။ အဲဒီတော့ တကယ်တော့ ယုံကြည်မှု မြန်မြန်ရသွားတယ်လို့ ကျနော်တို့ မှတ်ချက်ချ ချင်တယ်။ အခု KIO နဲ့ အစိုးရကြားထဲ ယုံကြည်မှုကတော့ ပြန်တည်ဆောက်နေတယ်။ သိပ်မကြာပါဘူး၊ ယုံကြည်မှုရပြီး စားပွဲဝိုင်းမှာ ဆွေးနွေးနိုင်မယ်လို့ ကျနော်တော့ အဲဒီလိုပဲ မြင်ပါတယ်။”

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီအနေနဲ့ ဒီဇန်နဝါရီလထဲမှာပဲ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၃ ဖွဲ့နဲ့ ဆွေးနွေးဖို့ ပြင်ဆင်နေတယ် လို့ ငြိမ်းချမ်းရေး ကော်မတီဝင်တဦးဖြစ်သူ ဦးလှမောင်ရွှေက အခုလို ဆက်ပြောပါတယ်။

“၀န်ကြီးဦးအောင်မင်းနဲ့ ဒီ Peace Canter။ Peace Canter ဆိုတာ ဦးအောင်မင်း ဦးဆောင်တဲ့ Peace Canter ကို ပြောတာနော်။ သူ့အောက်မှာရှိတဲ့ ကျနော်တို့ပါတဲ့ ကော်မီတီနဲ့ ဇန်နဝါရီလထဲမှာလုပ်ဖို့ ၃ ခုရှိတယ်။ UNFC နဲ့ ကျနော်တို့ တခုရှိတယ်။ နောက် KIO ကို ကမ်းလှမ်းထားတာနဲ့၊ KIO ဘက်က ကျနော်တို့ကို အကြောင်းပြန်လုပ်ဖို့ တခုရှိတယ်။ နောက် PNLO နဲ့ ကျနော်တို့ ဒီဇန်နဝါရီလထဲမှာ ပြည်ထောင်စုအဆင့် ဆွေးနွေးရမှာ ရှိတယ်။ ဒီ ၃ ခု၊ ဇန်နဝါရီလထဲမှာလုပ်ဖို့ ပြင်ဆင်နေတယ်ဗျ။”

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီကနေ အစိုးရနဲ့ KIO တို့အကြား ယုံကြည်မှု တည်ဆောက်နိုင်ဖို့ မျှော်လင့်ချက်တွေ ရှိနေပေမဲ့ လက်တလော အခြေအနေအရ အစိုးရဘက်ကနေ အပစ်ရပ်ဆိုင်းဖို့ ကြေညာထားတဲ့ ကချင်ပြည်နယ် လဂျားယန် ဒေသမှာ ဒီနေ့ နံနက်လည်း တိုက်ပွဲ ဖြစ်ပွားနေဆဲ အခြေအနေမှာ ရှိနေတယ်လို့ KIO ရဲ့ နိုင်ငံခြားဆက်ဆံရေး တာဝန်ခံ ဂျိမ်း(စ်)လွန်ဒေါင် က အခုလို ပြောပါတယ်။

“ဒီမနက် ၈ နာရီ မိနစ် ၂၀ ကတည်းက ၁၀၅ မမ၊ ၁၂၀ မမ တွေနဲ့ အကြီးအကျယ် မိုးရွာနေသလို ချနေတယ်၊ အဲဒီ လဂျားယန်မှာ။ သူတို့ အပစ်အခတ်ရပ်စဲပါမယ် ဆိုတဲ့နေရာမှာပဲ။ ဒါက ကျနော်တို့ လိုင်ဇာဧရိယာ အနီးအနားမှာပဲ။ ၁၀ ကီလိုထက်ပိုပြီး နီးတဲ့နေရာတွေမှာ။ အဲဒီမှာ တိုက်ပွဲဖြစ်နေတယ်။”

ပြည်ထောင်စုငြိမ်းချမ်းရေး ဖော်ဆောင်ရေးကော်မတီရဲ့ ကမ်းလှမ်းချက်ကို KIO အနေနဲ့ ကြိုဆိုပေမဲ့ အစိုးရဘက်ကနေ ပေးထားတဲ့ဂတိအတိုင်း လုပ်ဆောင်ဖို့လိုတယ်လို့ KIO ဗဟိုကော်မတီဝင် နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိမ်း(စ်)လွန်ဒေါင်က ပြောပါတယ်။

“ဒါတွေကတော့ သူတို့ရဲ့ ရည်ရွယ်ချက်ပေါ့ဗျာ။ ကျနော်တို့ အပစ်အခတ်ရပ်စဲရေးကို ကြိုဆိုပါတယ်။ ကဲ… ကျနော်တို့ အပစ်အခတ်ရပ်စဲပါတယ်ဗျာ ဆိုပြီးတော့ လူတကာက ၀ိုင်းကြည့်အောင် အဲဒါလုပ်ခြင်း၊ ကြော်ငြာခြင်းဖြစ်တယ်လို့ ကျနော် ယူဆတယ်။ ဘာကြောင့်လဲဆိုလို့ရှိရင် တကယ်လို့ သူတို့ပြောတဲ့အတိုင်း သူတို့လိုက်နာတယ် ဆိုရင်တော့ ဖြစ်ကိုဖြစ်တယ်။ ဒါပေမဲ့ အခုဟာက နာရီပိုင်းအတွင်းမှာပဲ သူတို့ ဒီလို ဆက်ပြီးတော့ သူတို့ပေးတဲ့ဂတိကို သူတို့ပဲ ဖောက်တယ်ဆိုရင် ဒါက ကိုယ်စီကိုယ်ငှ စဉ်းစားကြပေါ့ဗျာ။ အခုက တကမ္ဘာလုံးက သူတို့ကို အဲဒီအပစ်ခတ်ရပ်စဲဖို့ အဲဒါကို အကြံပြုလာကြတာ ဖြစ်ပါမယ်။”

မြန်မာနိုင်ငံအစိုးရဘက်ကတော့ KIO ခေါ် ကချင်လွတ်မြောက်ရေးအဖွဲ့ နဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဖြစ်ပေါ်လာအောင် ဆက်လက် လုပ်ဆောင်နေသလို အစိုးရတပ်ဖွဲ့တွေ အနေနဲ့ ကချင်ပြည်နယ် လဂျားယန်ဒေသတင် မကဘဲ၊ ရှမ်းပြည်နယ် အပါအဝင် တခြားတိုက်ပွဲဖြစ်ပွားနေတဲ့ ဒေသအားလုံးမှာ ထိုးစစ်ဆင် တိုက်ခိုက်မှုတွေ ရပ်တန့်ထားဖို့ ညွှန်ကြားချက် ထုတ်ပြန်ထားတယ်လို့လည်း သမ္မတပြောခွင့်ရပုဂ္ဂိုလ် ဦးရဲထွဋ်က ဗွီအိုအေကို ပြောခဲ့ပါတယ်။

KIO နဲ့ မြန်မာအစိုးရတို့ဟာ ၁၉၉၄ ခုနှစ်မှာ အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ်ရေးထိုးခဲ့ပြီး သမ္မတ ဦးသိန်းစိန်လက်ထက် ၂၀၁၁ ခုနှစ်မှာ နိုင်ငံရေး တင်းမာမှု ဖြစ်ပွားခဲ့ပြီးတော့ တိုက်ပွဲပြန်လည် ဖြစ်ပွားခဲ့ပါတယ်။ ဒီလိုဖြစ်ပွားတဲ့ တိုက်ပွဲတွေကြောင့် KIO ထိန်းချုပ်ရာဒေသနဲ့ တရုတ်နယ်စပ်တွေမှာ စစ်ပြေးတိမ်းရှောင်တဲ့ ဒုက္ခသည် ၉ သောင်းကျော် ရှိနေတယ်လို့ ကချင်ဒုက္ခသည် ကယ်ဆယ်ရေးကော်မတီ တွေကနေ ထုတ်ပြန်ထားပါတယ်။

http://burmese.voanews.com/content/kachin-peace-talk-01-20-13/1587462.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India