April 18, 2013
PNLO ဥက္ကဋ္ဌ အနားယူ၍ လူငယ်များဖြင့် အစားထိုးလို
PNLO ၏ ဖွဲ့စည်းပုံအရ သုံးနှစ်တကြိမ် ဥက္ကဋ္ဌ တာဝန်ထမ်းဆောင်သည့် သက်တမ်း ပြည့်ခြင်းနှင့် ဒီမိုကရေစီ နည်းအရ ရွေးချယ်ပြီး လူငယ်လူရွယ်များ ပါဝင်လာနိုင်ရန် ရည်ရွယ်၍ ဥက္ကဋ္ဌ တာဝန်မှ အနားယူရန် စဉ်းစားခြင်း ဖြစ်သည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
“လူငယ်တွေကို လမ်းဖွင့်ပေးတာ၊ လူငယ်တွေ အရည်အချင်းရှိတဲ့ လူတွေ လုပ်သင့်တယ်။ ရာသက်ပန် ဥက္ကဋ္ဌတွေ မဖြစ်သင့်ဘူး။ အဲဒါကြောင့် ရွေးချယ်စရာလမ်း ပေးတဲ့အနေနဲ့ ကျနော်တို့က အခွင့်အလမ်းတွေ ဖိတ်ခေါ်ထားတာပါ။ လူငယ်တွေ များများပါ လာအောင်ပါ” ဟု မဇ္စျိမကို ပြောသည်။
တော်လှန်ရေးသက်တမ်း ၄၂ နှစ်ရှိ ဗိုလ်မှူးကြီး ခွန်ဥက္ကာမှာ အသက် ၆၇ နှစ်ရှိပြီး “ကျန်းမာရေးကောင်းသည် ဟု မဆိုသာတော့အတွက် လာမည့် ညီလာခံအတွင်း အနားယူခွင့်တောင်းရန် စဉ်းစားထားပါသည်” ဟု ၎င်း၏ သဝဏ်လွှာတွင် ပါရှိသည်။
သူသည် ၁၉၇၂ ခုနှစ် မတ်လ ၁၀ ရက်နေ့မှ စတင်၍ လက်နက်ကိုင် ပအိုဝ်းတော်လှန်ရေးထဲသို့ ရဲဘော်ဘဝဖြင့် စတင် ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်။
ယခင် ပအိုဝ်းပြည်သူ့လွတ်မြောက်ရေးအဖွဲ့ PPLO တွင် ဥက္ကဋ္ဌ တာဝန်ကို ၁၀ နှစ်ခန့်ကြာ ထမ်းဆောင်ခဲ့ပြီး PNLO တွင် ၂၀၀၉ ခုနှစ်မှ စတင်၍ ဥက္ကဋ္ဌ တာဝန်ကို ဆက်လက် ထမ်းဆောင်ခဲ့သည်ဟု ဆိုသည်။
ဧပြီလ ၂၈ မှ ၃၀ ရက်နေ့ထိ သုံးရက်ကြာ ထိုင်းနိုင်ငံ၊ မဲဟောင်ဆောင်ဒေသတွင် ကျင်းပမည့် PNLO ညီလာခံတွင် နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံခြားရေးနှင့် မဟာမိတ်ရေးရာ စသည့်ကဏ္ဍများတွင် အတွေ့အကြုံ ရင့်ကျက်ပြည့်ဝသော ခေါင်းဆောင်များ အစားထိုးရရှိပါက အနားယူမည်ဟု ခွန်ဥက္ကာက ဆိုသည်။
ထိုညီလာခံသို့ ပြည်တွင်း ပြည်ပမှ ပအိုဝ့်း နိုင်ငံရေးအင်အားစုများ၊ အမျိုးသမီးနှင့် လူငယ်များ၊ လူထုလူ့ အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ၊ လေ့လာသူများ တက်ရောက်ရန် ဖိတ်ကြားထားပြီး အဖွဲ့၏ ဥက္ကဋ္ဌကို မဲခွဲရွေးချယ်မည်ဟု ဗိုလ်မှူးကြီး ခွန်ဥက္ကာ က ပြောသည်။
“ကျနော်တို့ရဲ့တဖွဲ့ချင်း မသွားတော့ဘဲ ပအိုဝ်းအမျိုးသားတွေရဲ့ ရှေ့ရေး၊ ပြည်တွင်းမှာရှိတဲ့ အင်အားစုတွေနဲ့ တခြား ကျောင်းသားလူငယ်တွေ ဘယ်လို ပူးပေါင်းဆောင်ရွက်မလဲဆိုတာတွေ၊ အထူးသဖြင့် ဒုက္ခသည် စခန်းမှာရှိတဲ့ ပအိုဝ့်းပြည်သူလူထုတွေရဲ့ ပညာရေး၊ ကျန်းမာရေး၊ အခြေခံ စိုက်ပျိုးရေးတွေကို ဂျပန် အကူအညီနဲ့ အကောင်အထည် ဖော်ဖို့ ကျနော်တို့ စီမံကိန်းကို အောင်မြင်အောင် အဓိက စဉ်းစားမှာ
ဖြစ်တယ်” ဟု ပြောသည်။
မြန်မာနိုင်ငံ စစ်ဒဏ်သင့် တိုင်းရင်းသားဒေသများအတွက် ဂျပန်နိုင်ငံမှ ဒုတိယအကြိမ် အကူအညီများကို ရရှိရန် PNLO သည်လည်း ဇူလိုင်လတွင် အဆိုပြုလွှာ ရေးသားတင်သွင်းရန် ရှိသည်။
ဦးခွန်ဥက္ကာ၏ ဥက္ကဋ္ဌ သက်တမ်း သုံးနှစ်ကာလတွင် ရှမ်းပြည်နယ်အစိုးရနှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်း၊ ပြည်ထောင်စုအဆင့် သဘောတူညီချက်များ ရရှိခြင်းကြောင့် မြေပေါ်ပအိုဝ်း အင်အားစုနှင့် ပြန်လည် ပေါင်းစည်းမိခြင်းသည် တိုးတက်မှုတရပ်အဖြစ် ၎င်းက ရှုမြင်ထားသည်။
PNLO အနေဖြင့် မတ်လအတွင်းက ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲပြီးနောက် တောင်ကြီးမြို့တွင် ကျင်းပ
သော ၆၄ ကြိမ်မြောက် ပအိုဝ်းအမျိုးသားနေ့ အခမ်းအနားသို့ တက်ရောက်ခွင့် ရခဲ့သဖြင့် ပအိုဝ်းအမျိုးသား အဖွဲ့ချုပ် PNO ဥက္ကဋ္ဌ ခွန်စံလွင်နှင့် နာယက ဖာဖြားတန် အောင်ခမ်းထီတို့နှင့် တွေ့ဆုံခွင့် ရရှိခဲ့ကာ တပ်ပိုင်းဆိုင်ရာကိစ္စရပ် အပါအဝင် ပအိုဝ်းအမျိုးသားတို့၏ အနာဂါတ်အရေးတို့ကို ဆွေးနွေးခဲ့သည် ဟု ဆိုသည်။
၁၉၉၁ ခုနှစ်တွင် နဝတ စစ်အစိုးရခေတ် ဗိုလ်ချုပ်ခင်ညွန့် သြဇာထက်စဉ်က ဦးအောင်ခမ်းထီက အပစ်အခတ် ရပ်စဲရေးကို လက်ခံခဲ့သော်လည်း ခွန်ဥက္ကာက လက်မခံဘဲ လမ်းခွဲခဲ့သည်။ ယခုကဲ့သို့ ပအိုဝ်း နိုင်ငံရေး လှုပ်ရှားမှုအတွင်း ညီညွတ်ရေး တဆင့်တိုး တည်ဆောက်နိုင်ခဲ့ခြင်းအပေါ် ခွန်ဥက္ကာက အားရကျေနပ်မှု ရရှိသည်ဟု ဆိုသည်။
http://www.mizzimaburmese.com/news/inside-burma/11362-pnlo-.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။