Showing posts with label တအောင်းစစ်ပြေးဒုက္ခသည်. Show all posts
Showing posts with label တအောင်းစစ်ပြေးဒုက္ခသည်. Show all posts

November 6, 2012

ပလောင် စစ်ပြေးဘေးဒုက္ခသည်များ ကျန်းမာရေး ဆိုးရွား

သျှမ်းပြည်မြောက်ပိုင်း ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသအတွင်း စစ်ပွဲများကြောင့် စစ်ပြေးဒုက္ခ သည် ဒေသခံပလောင်လူမျိုးများ ကျန်းမာရေး ဆိုးရွားလျက်ရှိကြောင်း ပလောင်အမျိုးသမီး အစည်း အရုံး PWO က ပြောပါသည်။
The_Burden_of_War
“စစ်ပြေးဒုက္ခသည်စခန်းတွေမှာ ကလေးတွေဆို ဝမ်းပျက်ဝမ်းလျောရောဂါ ဖြစ်တယ်။ လူကြီးပိုင်းတော့ ငှက်ဖျားရောဂါဖြစ်တယ်။ တွန့်ဟုန်းမှာဆို စခန်းတခုလုံးနီးပါးဘဲ။ ဆေးဝယ်ဖို့လည်း သူတို့မှာ ဝင်ငွေ မရှိဘူး။ နောက် ဆေးပေးခန်းလည်း မရှိဘူး” ဟု PWO မှ ကိုယ်တိုင်စစ်တမ်းသွားရောက်ကောက်ယူခဲ့ သူ လွေးပိုးညိုဝ်း က ပြောပါသည်။

နေရာဒေသ ရွှေ့ပြောင်းနေထိုင်ရခြင်း၊ သောက်ရေ သုံးရေ သန့်ရှင်းမှု မရှိခြင်း၊ ကျန်းမာရေးနှင့် ညီ ညွတ်မှု မရှိသည့် ပလပ်စတစ်ကာ တဲအိမ်များ၌ နေရခြင်းကြောင့် ကျန်းမာရေး ထိခိုက်ခြင်း ဖြစ်သည်ဟု ဆို၏။

“ဆေးဝါး လာကူပေးတဲ့အဖွဲ့ မရှိဘူး။ ကျမတို့ သွားတော့ ပလောင်ကျောင်းသား လူငယ်အဖွဲ့နဲ့ ပေါင်း ပြီး ဆေးဝါးတွေ သွားကူပေးခဲ့တယ်။ ဒါပေမဲ့ ဆေးဝါးတွေ လိုအပ်နေဆဲပါ ” ဟု လွေးပိုးညိုဝ်း က ဆက် ပြောပါသည်။

ထို့ပြင် စစ်ပြေးဒုက္ခသည်များမှာ စားနပ်ရိက္ခာ ဖူလုံမှု မရှိသည့်အတွက် အမျိုးသမီးများက ဝမ်းစာ အတွက် တာဝန်ယူနေရကြောင်း ဆို၏။

“မြန်မာစစ်တပ်က ပလောင်အမျိုးသားတွေကို စစ်သားအဖြစ် စုဆောင်းတာကြောင့် တခြားဒေသကို ထွက်ပြေးကြတယ်။ အဲဒီတော့ ကလေး၊ အမျိုးသမီးနဲ့ သက်ကြီးပိုင်းတွေဘဲ ကျန်တော့တယ်။ စခန်း ရောက်တော့လည်း ဝမ်းစာအတွက် အမျိုးသမီးတွေကဘဲ တာဝန်ယူရတယ်။ ကလေးတွေကိုလည်း ကျောင်းမထားနိုင်ကြဘူး။ စားနပ်ရိက္ခာလည်း လိုအပ်နေတယ်။”

ထို့အတွက်ကြောင့် စစ်ပြေးဒုက္ခသည် အမျိုးသမီးများမှာ ၎င်းတို့၏ကလေးများသာမက အသုံးအဆောင် ပစ္စည်းများကိုပါ သယ်ဆောင်ကြရကြောင်း၊ စခန်း၌လည်း ဝမ်းစာအတွက် အမျိုးသမီးများကသာ တာဝန်ယူနေရကြောင်း၊ ထို့ကြောင့် စစ်ပွဲသည် အမျိုးသမီးများအတွက် ဝန်ထုပ်ဝန်ပိုး ပို၍ဖြစ်စေ ကြောင်း PWO က ပြောပါသည်။

“လမ်းခရီးမှာ အမျိုးသမီးတချို့ ဖိနပ်မစီးရဘူး။ ဒါကြောင့် ခြေဖဝါးတွေ ပေါက်ဗြဲပြီး အနာဖြစ်တယ်။ နောက် ကိုယ်ဝန်ဆောင် အမျိုးသမီးတချို့လည်း ကိုယ်ဝန်ပျက်ကျတယ်။  စစ်တပ်နဲ့ တိုးမှာစိုးလို့ လမ်းမကြီးအတိုင်း ထွက်မပြေးရဲဘူး။ တောလမ်းကျတော့လည်း မြေမြှုပ်မိုင်းတွေ ရှိတာကြောင့် ရှောင် ရပြန်တယ်။ ဒါကြောင့် ကျွဲနွားသွားတဲ့လမ်းအတိုင်း ထွက်ပြေးလာကြရတယ်။ စခန်းတခုကိုရောက်ဖို့ အနည်းဆုံး ၂၅ ရက် အချိန်ယူရတယ်။”

ဒုက္ခသည်စခန်းအဖြစ် သီးသန့်ဖွင့်လှစ်ထားခြင်းမရှိဘဲ နီးစပ်ရာသို့ ထွက်ပြေးတိမ်းရှောင် ခိုလှုံနေရ ကြောင်း၊ ယခု နမ့်ခမ်းမြို့၊ မန်တုံမြို့နယ် တွန့်ဟုန်းကျေးရွာနှင့် မန်တုံမြို့ ကချင်ခရစ်ယာန်ဘုရား ကျောင်း - ၃ နေရာ၌ ရွာပေါင်း ၁၅ ရွာမှ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၁၀၀၀ ကျော်ရှိကြောင်း ပြောပါ သည်။

ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရေဒေသဖြစ်သော နမ့်ဆန်နှင့် မန်တုံမြို့နယ်၌ အစိုးရတပ်၊ ကချင် လွတ်လပ်ရေး တပ်မတော် KIA ၊ သျှမ်းပြည်တပ်မတော် SSPP/SSA နှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA တို့ လှုပ်ရှားရာ နယ်မြေဖြစ်ပြီး တိုက်ပွဲများ မကြာခဏ ဖြစ်ပွား လျက်ရှိသည်။

မန်တုံမြို့နယ်နှင့် နမ့်ခမ်းမြို့နယ်သို့ စစ်တမ်းသွားရောက်ကောက်ယူခဲ့ပြီးနောက် PWO မှ “စစ်ပွဲ၏ ဝန်ထုပ်ဝန်ပိုး” အမည်ရှိ စာတမ်းကို ထုတ်ပြန်ကြေငြာပြီး နိုဝင်ဘာ ၅ ရက် မဲဆောက်၌ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ခဲ့ပါသည်။

http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3625-2012-11-06-08-57-42.html

November 5, 2012

ပလောင် စစ်ပြေးဒုက္ခသည်များ စားနပ်ရိက္ခာ အရေးပေါ်လိုအပ်နေ

ချင်းမိုင်(မဇ္စျိမ) ။        ။ ရှမ်းပြည်နယ် မြောက်ပိုင်း စစ်ပွဲများကြောင့် ရွှေ့ပြောင်းလာခဲ့ရသော ပလောင် ဒုက္ခသည် ၂,ဝဝဝ ကျော်အတွက် စားနပ်ရိက္ခာ အရေးပေါ် လိုအပ်နေပြီး အမျိုးသမီးများအပေါ် ဒုက္ခသက်ရောက်မှုမှာ စိုးရိမ်ဖွယ်ရာ ဖြစ်နေသည်ဟု ပလောင် အမျိုးသမီးအစည်းအရုံး PWO က ထုတ်ဖော်ပြောဆိုလိုက်သည်။

ရှမ်းပြည်နယ်၊ မန်တုန်မြို့နယ်နှင့် နမ့်ခမ်းမြို့နယ်သို့ တလကျော်ကြာ သွားရောက် စစ်တမ်းကောက်ယူခဲ့ပြီးနောက်
လေ့လာတွေ့ရှိခဲ့ရသည်တို့ကို “စစ်ပွဲ၏ ဝန်ထုပ်ဝန်ပိုး” အမည်ရှိ စာတမ်းကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“ကျမတို့ စခန်း သုံးခုမှာ ကိုယ်ဝန်ဆောင် ၃ဝ လောက် အင်တာဗျူးဖြစ်ခဲ့တယ်။ အသက်ကို လုပြီး ထွက်ပြေးကြရ တယ်။ အမျိုးသမီးတဦးဆိုရင် ဖိနပ်တောင်မရှိဘူး။ တောလမ်းနဲ့ဘဲ ကွဲျ၊ နွားလမ်းနဲ့ သွားရတဲ့အတွက် အရမ်းကို
ခြေထောက်ကွဲပြဲတာတွေ ဖြစ်တော့ အမျိုးသမီးတွေဟာ အရမ်းကို နစ်နာတဲ့လူတွေ ဖြစ်နေတာ” ဟု ကိုယ်တိုင် စစ်တမ်းသွားရောက် ကောက်ယူခဲ့သူ လိုည်းပိုးညိူဝ်း က ပြောသည်။
theburdenofwar
မန်တုံမြို့နယ်၊ တွန်ဟုမ်း စစ်ပြေးဒုက္ခသည်စခန်းတွင် စားနပ်ရိက္ခာ၊ ဆေးဝါး၊ အမိုးအကာ စသည့် ထောက်ပံ့မှုများ အရေးပေါ် လိုအပ်နေသည်ဟုလည်း အစီရင်ခံစာက ဆိုသည်။

ထို့ပြင် ငှက်ဖျားရောဂါနှင့် ဝမ်းပျက်ဝမ်းလျော်ရောဂါ ဖြစ်ပွားနေသဖြင့် အရေးပေါ် ဆေးဝါးကုသရန် လိုအပ်နေသည် ဟု ပြောသည်။

အစိုးရတပ်က ပလောင်အမျိုးသားများကို စစ်သားအဖြစ် စုဆောင်းခြင်း၊ ပေါ်တာဆွဲခြင်းများ ရှိသဖြင့် ယင်းတို့၏
ကျေးရွာမှ တခြားဒေသသို့ ထွက်ပြေး နေထိုင်နေရသဖြင့် အမျိုးသမီးများ ကိုယ်တိုင် စားဝတ်နေရေးအတွက် တာဝန်ယူ နေရသည်ဟု သူက ဆက်ပြောသည်။

“ထွက်ပြေးတဲ့အခါလည်း ကလေးနဲ့ ပစ္စည်းတွေကို အမျိုးသမီးကိုယ်တိုင် အသက်ဘေးကနေ လွှတ်ကင်းအောင်လို့ ထွက်ပြေးရတယ်။ စခန်းကို ရောက်လာတယ်ဆိုပေမယ့် စားဝတ်နေရေးအတွက် အမျိုးသမီးတွေပဲ တာဝန်ယူနေရ တယ်။ တချို့အမျိုးသမီးတွေဆိုရင် တောင်ယာတွေမှာ နေ့စားလုပ်ပြီး စားသောက်ဖို့ ရှာနေရတယ်” ဟု လိုည်းပိုးညိူဝ်း က ဆက်ပြောသည်။

တရက်လျှှင် နေ့စားခ ၁,၀၀၀ မှ ၁,၅၀၀ သာ ရရှိပြီး လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် အကူအညီပေးမည့် အဖွဲ့အစည်းများ လာရောက်ကူညီနိုင်ခြင်း မရှိဘဲ ဖြစ်နေသည်ဟုလည်း ဆိုသည်။

၂ဝ၁၁ ခုနှစ်မှစ၍ အစိုးရတပ်များ ထိုနယ်မြေအတွင်း ထိုးစစ်ဆင်လာ၍ ကျေးရွာပေါင်း ၁၅ ရွာမှ ပြောင်းရွှေ့လာခဲ့ ရခြင်း ဖြစ်သည်ဟု ဆိုသည်။

၎င်းတို့မှာ ဒုက္ခသည်စခန်းအဖြစ် သီးသန့်ဖွင့်လှစ်ထားခြင်း မရှိဘဲ နီးစပ်ရာ ကျေးရွာများအတွင်း ထွက်ပြေးတိမ်းရှောင်
နေထိုင်နေရခြင်းဖြစ်၍ လက်ရှိ ပြောင်းရွှေ့သည့်နေရာမှာလည်း လုံခြုံမှု ရှိသည်ဟု အာမခံချက် မပေးနိုင်ကြောင်း သူက ဆိုသည်။

ကွတ်ခိုင်၊ နမ့်ဆန်၊ ကျောက်မဲ၊ မန်တုံ၊ နမ္မတူ စသည့် မြို့နယ်များအတွင်း အစိုးရတပ်ဖွဲ့နှင့် ကချင်လွပ်လပ်ရေး တပ်မတော် KIA၊ ရှမ်းပြည်မြောက်ပိုင်း တပ်မတော် SSA-Nနှင့် တအောင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် TNLA ၏ စုပေါင်းတပ်ဖွဲ့တို့ လှုပ်ရှားရာနယ်မြေဖြစ်ပြီး အကြား တိုက်ပွဲများ မကြာမကြာ ဖြစ်ပွားနေသဖြင့် မုံးစီနှင့် ကွတ်ခိုင်မြို့နယ် မိုင်းပွန်း၊ မန်းပူးနှင့် မိုင်းယု ကျေးရွာဘက်မှ စစ်ပြေးဒုက္ခသည် ၅၀၀ ကျော် ထပ်မံတိုးမြင့်လာသည် ဟု သိရသည်။

အစိုးရ၏ အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံတပ်ဖွဲ့တို့နှင့် KIA တပ်မဟာ ၄ နယ်မြေတောင်ဘက် မိုးမိတ်နှင့် နမ့်ဆန်ကြားတွင် ရံဖန်ရံခါ တိုက်ပွဲ ဖြစ်ပွားနေဆဲဟု ပလောင်ပြည် လွတ်မြောက်ရေးတပ်ဦး PSLF မှ အထွေထွေ အတွင်းရေးမှူး မိုင်းဘုန်းကျော် က ပြောသည်။

“ကျနော်တို့ သိသလောက် တွန်ဟုမ်းဘက်လူတွေ တော်တော်ဒုက္ခရောက်တယ်။ တောတောင်တွေမှာဘဲ ခိုလှုံနေရ တာ။ တိုက်ပွဲ တနှစ်ကျော်လာပြီဆိုတော့ သေတဲ့လူတွေ ရှိတယ်။ ငှက်ဖျားနဲ့ ကာလဝမ်းရောဂါတွေ ဖြစ်တယ်။ အခုဆိုရင် ဆောင်းရာသီ ဝင်လာပြီဆိုတော့ အေးတာ တော်တော်လည်း ခံရတယ်” ဟု မဇ္စျိမကို ပြောသည်။

ပြည်တွင်းစစ်ကြောင့် တရုတ်နယ်စပ်တလျှောက် ရွှေလီ၊ ကူမင်း စသည့် မြို့များထိ သွားရောက်၍ အလုပ်လုပ်ကိုင်သူ ပလောင် လူငယ်နှင့် အမျိုးသမားများ အနည်းဆုံး ၃ သောင်းမှ ၅ သောင်းထိ ရှိနေသည်ဟု ခန့်မှန်းသည်ဟု မိုင်းဘုန်းကျော် က ပြောသည်။

Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India