Showing posts with label ရခိုင်ဒေသအခြေအနေ. Show all posts
Showing posts with label ရခိုင်ဒေသအခြေအနေ. Show all posts

November 27, 2012

နစက-BGB နယ်စပ်လုံခြုံရေး တိုးမြင့်ချထားမှု အရှိန်မြင့်မားလာ

E-mail
BGB operation Border on Nov 13မြန်မာ-ဘင်္ဂလာ နယ်စပ်မှတ်တိုင် အမှတ် ၅၀၊ ၅၁၊ ၅၂နှင့် အနီးတဝိုက်ရှိ နစက-BGBတို့အကြား နိုဝင်္ဘာ ပထမအပတ်က လုံခြံုရေး တိုးမြင့် ချထားမှု အရှိန်မှာ ပိုမိုမြင့်မားလာကြောင်း နယ်စပ်မှ သတင်းပေးပို့သည်။
ဘင်္ဂလာ အခြေစိုက် အမည်မသိ နက်လက်ကိုင် တပ်ဖွဲ့တဖွဲ့အနေဖြင့် နိုဝင်္ဘာ ၆ ရက်နေ့က မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည်နယ် နယ်စပ်လမ်းများကို ပြုလုပ်နေသော GE တပ်ဖွဲ့ဝင်များအား အငိုက်မိတိုက်ခိုက်ရာ တစ်ဦးသေဆုံးသွားခဲ့ပြီး ၃ ဦးမှာ ပြန်ပြေးဆွဲ ခံရမှုမှ ယခုကဲ့သို့ နယ်စပ်တင်းမာမှုမှ လုံခြံုရေးတပ်ဖွဲ့များ တိုးမြင့်ချထားမှု ပြန်လည်မရုပ်သိမ်းသေးဘဲ ရှိနေခြင်းဖြစ်သည်။
ယင်းအခင်းဖြစ်ပွားမှုကြောင့် မောင်တောမြို့နယ် နယ်မြေ ရ နစက- နတ်ချောင်းဆရီမြို့နယ် အခြေစိုက် BGB အမှတ် ၁၅ တို့အနေဖြင့် အရေးပေါ်တွေ့ဆုံဆွေးနွေးခဲ့သည်မှာ လေးကြိမ်တိုင်ရှိခဲ့ပြီးဖြစ်သော်လည်း လုံခြံုရေးတင်းကြပ်ချထားမှု နှစ်ဘက်စလုံးမှ တိုးမြင့်လျက် ရှိနေကြောင်း ယင်းဒေသခံ မျက်မြင်များက အတည်ပြုပြောဆိုသည်။
နစက-BGB တို့အနေဖြင့် ယင်းခြံုခိုပစ်သတ် ပြန်ပြေးဆွဲသွားသော အဖွဲ့မှာ RSO တပ်ဖွဲ့ဝင်များဖြစ်ကြောင်းနှင့် နစကအနေဖြင့် BGBအား ရှာဖွေအပ်နှံရန် အကြိမ်ကြိမ် တွေ့ဆုံဆွေးနွေးကာ ပန်ကြားထားသော်လည်း ယခုအချိန်ထိ ဖေါ်ထုတ်နိုင်ခြင်း မရှိသေးချေ။
နစကအနေဖြင့် ပြန်ပြေးဆွဲခံ ယင်းတို့ GE တပ်ဖွဲ့ဝင် ၃ ဦးအား BGBက ရှာဖွေ၍ ပြန်လည်မအပ်နှံနိုင်င်လျှင် ဘင်္ဂလာပိုင်နက်တွင်းသို့ ယင်းတို့ကိုယ်တိုင် ၀င်ရောက်ရှာဖွေမည်ဖြစ်ကြောင်း ကမ်းလှမ်းမှုများရှိကြောင်း နယ်စပ်သတင်းများအရ သိရှိရသည်။
BGB အနေဖြင့် ယင်းတို့နတ်ချောင်းဆရီနယ်မြေရှိ ဒိုးဆိုးရီ၊ လီမော်ဆိုးရီ၊ အာဆာတိုလီနှင့် ဆာက်တာလား နယ်မြေများရှိ ဒေသခံများကို မေးမြန်းရှာဖွေခဲ့ပြီးဖြစ်ကြောင်းနှင့် RSO မှ ယင်းနယ်မြေအပြင် နယ်စပ်ဒေသရှိ ဗုဒ္ဓဘာသာဝင်များအား နည်းမျိုးစုံဖြင့် ခြိမ်းခြောက်မှုများ ရှိနေသဖြင့် ဒေသခံများမှာ စိုးရိမ်မှုများ ဖြစ်ပေါ်နေကြောင်း ဒေသခံများက ပေးပို့သော သတင်းများအရ သိရှိရသည်။
ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆရီမြို့နယ် အခြေစိုက် BGB အမှတ် ၁၅ တပ်ရင်းမှူး မာဟာဘ်ဘူရ် ရော်ဟ်မာန် PSC က "ပြန်ပြေးဆွဲခံရတဲ့ မြန်မာ့စစ်တပ်ကသူတွေအတွက်ကြောင့် နှစ်ဘက်နယ်စပ်က စစ်တပ်လုံခြံုရေးတပ်ဖွဲ့တွေ ခုချိန်ထိ နေ့ညအသင့် ရှိနေတုန်းပါဘဲ၊ လုံခြံုရေးတွေ အတွက်ပါ၊ အစောပိုင်းတော့ နယ်စပ်အနီးက လူထုတွေ လုံခြံုတဲ့နေရာဘက်ကို ရွေ့ပြောင်းခဲ့ကြပါတယ်။"ဟု ဒေသခံ သတင်းထောက်တဦးအား ပြောဆိုလိုက်သည်။
ဒိုးဆိုးရီနယ်မြေမှ စေယမာန် အာဘ်ဒူ ရော်ဆိဒ်က "ပြဿနာအစတော့ စိုးရိမ်ခဲ့ပါတယ်၊ အိမ်မရအထိပေါ့ဗျာ၊ သို့သော်လည်း BGBက အနီးအနားမှာ ရှိနေတော့ ဖြေသာပါတယ်။"ဟု ဆိုကြောင်း ယင်းဒေသခံသတင်းထောက်က သတင်းပေးပို့ထားသည်။
မြန်မာအစိုးမရ ဘင်္ဂလာပိုင်နက်မှ ဗုဒ္ဓဘာသာဝင်များအား မောင်တောမြို့နယ်တွင် အခြေချပေးမည်ဟု တရားမဝင် ကောလဟလ သတင်းများ ပေးဆောင်ပြီး ခေါ်ဆောင်နေမှုသတင်းများကြောင့် တချို့မှာ သွားရောက်ဆက်သွယ် နေထိုင်သူများ ရှိနေသဖြင့် BGB အနေဖြင့် ယင်းသတင်းကြောင့် မကျေနပ်မှုများ စတင်ရှိလာနေသည်ဟု နယ်စပ်သတင်း တခုက ဆိုသည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/666--bgb---

November 17, 2012

သမ္မတဦးသိန်းစိန် ကုလကို ရခိုင်အရေးစာပို့

_theinsein
မြန်မာ သမ္မတ ဦးသိန်းစိန်က ရခိုင်ပြည်နယ် အရေးပတ်သက်ပြီး သောကြာနေ့က ဘာသာရေး ခေါင်းဆောင်တွေနဲ့ တွေ့ဆုံ ခဲ့သလို ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဆီကိုလည်း စာတစောင် ပို့ခဲ့ရာမှာ စာထဲမှာတော့ ဒီအရေး တွေကို ဖြေရှင်းနိုင်ဖို့ အတွက် နိုင်ငံတကာ စံချိန်စံညွှန်း တွေနဲ့ အညီ လုပ်ဆောင်နေတယ် လို့ ဆိုထားပါတယ်။
ရခိုင်ပြည်နယ် အတွင်း အကြမ်းဖက် တိုက်ခိုက် ခဲ့မှု တွေကြောင့် လူတွေ အမြောက်အများ အသက်ဆုံးရှုံး ခဲ့ရတာ၊ အိုးအိမ် အဆောက်အဦ တွေပျက်စီး ခဲ့ရတာ နဲ့ မိသားစု အများအပြား အိုးမဲ့ အိမ်မဲ့ ဖြစ်ခဲ့ရတာ တွေဟာ မသမာ သူတွေရဲ့ သွေးထိုး လှုံ့ဆော်မှုတွေ ကြောင့် ဖြစ်တယ်လို့ ဆိုထားပါတယ်။
ဆက်လက်ပြီး အခြေအနေတွေ တည်ငြိမ် အေးချမ်းသွားပြီး တဲ့အခါမှာ ပြန်လည် နေရာ ချထား ရေးတွေ၊ အလုပ် လုပ်ကိုင် ခွင့်တွေ အပါအဝင် နိုင်ငံသား ကိစ္စတွေကိုပါ ထည့်သွင်း စဉ်းစား ဆောင်ရွက် သွားမယ်လို့လည်း ဆိုထားပါတယ်။
ဆက်လက်ပြီး ရခိုင်ပြည်နယ် အတွင်းမှာ အရေးပေါ် အကူအညီတွေ လိုအပ်နေသူတွေကို အကူအညီ တွေပေးဖို့ အတွက်ကို နိုင်ငံတကာ က အဖွဲ့အစည်းတွေနဲ့ မြန်မာ အစိုးရဘက်က ပူးပေါင်းဆောင်ရွက် နေတာကိုလည်း ထည့်သွင်း ပြောကြား ထားပါတယ်။
ကုလသမဂ္ဂ ဘက်ကလည်း ဒီစာနဲ့ ပတ်သက်လို့ မြန်မာ အစိုးရရဲ့ လုပ်ကိုင် ဆောင်ရွက်မှု တွေက မှန်ကန်တဲ့ လမ်းကြောင်းပေါ်ကို ရောက်နေပြီ ဖြစ်တယ်လို့ ပြန်လည်ပြီး တုန့်ပြန် ပြောကြားခဲ့ပါတယ်။
ဒီစာကြောင့် မြန်မာ အစိုးရပိုင်းက ရခိုင် ပြည်နယ် အတွင်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာတွေကို အရေးတယူ ဖြေရှင်း ဆောင်ရွက် နေပြီ ဆိုတာကို ပြသရာ ရောက်ပါသလား ဆိုတာကို ပြည်သူ့ခေတ် ဂျာနယ် အတိုင်ပင်ခံ အယ်ဒီတာနဲ့ သတင်းစာ ဆရာ ဖြစ်တဲ့ ဆရာ မောင်ဝံသကို ဆက်သွယ်ပြီး မေးကြည့်တော့ ရခိုင် ကိစ္စကို ကိုင်တွယ်ရာမှာ သက်ဆိုင်ရာ အာဏာပိုင်တွေ၊ ဒေသခံတွေ နဲ့ တိုင်းရင်းသား တွေဘက်က လူမျိုးရေး၊ ဘာသာရေး ရှုထောင့်တွေ ဘက်က ခံစားချက် အမြင်တွေနဲ့ လုပ်နေကြတယ်လို့ ပြောဆို နေကြတာတွေ ရှိတဲ့ အကြောင်း ပြောပါတယ်။
တကယ်က လူ့အခွင့်အရေး ပြဿနာ ဖြစ်လို့ အဲဒီကိစ္စကို မြန်မာ အစိုးရဘက်က မမေ့မလျော့ ထည့်သွင်းစဉ်းစား လုပ်ဆောင်နေတာကို ပြသတဲ့ အနေနဲ့ မြန်မာ သမ္မတက အခုလို မြန်မာ အစိုးရရဲ့ သဘောထားကို ပြောလိုက်တာဟာ အင်မတန်မှ အချိန်အခါနဲ့ သင့်တော်တယ်လို့ ထင်ကြောင်း ပြောပါတယ်။
အခုအချိန်မှာ ရခိုင် အရေးကိစ္စတွေကို ကုလသမဂ္ဂ အပါအဝင် အားလုံးက လူ့အခွင့်အရေး ပြဿနာ ဆိုပြီး ပြောဆို ဝေဖန်၊ ရေးသား တောင်းဆို နေကြတာတွေ ရှိတဲ့ အကြောင်း၊ အဲဒီအတွက် လုပ်ကြရာမှာလည်း တဖွဲ့နဲ့တဖွဲ့ သဘောထားနဲ့ ပတ်သက်လို့ ချိတ်ဆက်ပြီး ဒီကိစ္စတွေကို အရေးတကြီး လုပ်နေကြတဲ့ အခြေအနေမျိုး တွေဖြစ်နေလို့ တိတိကျကျ ဖြေရှင်းဖို့ လိုနေပြီ ဖြစ်ကြောင်းလည်း ပြောပါတယ်။
ရခိုင်ပြည်နယ် အတွင်းက ပြဿနာ တွေနဲ့ ပတ်သက်လို့ ကိုင်တွယ်ရာမှာ နိုင်ငံတကာက အမြင်တွေ ပြောင်းလဲ လာအောင် လက်တွေ့မှာ ဘာလုပ်ပေး နိုင်မလဲ ဆိုတာကိုတော့ လူ့အခွင်အရေး ပြဿနာ တွေနဲ့ ပတ်သက်လို့ လုပ်သွားမယ့် အစီအစဉ် တွေ အတိုင်း ဖြောင့်ဖြောင့်မတ်မတ် အကောင်အထည် ဖော်သွား နိုင်မလား ဆိုတဲ့ အပေါ်မှာ မူတည်ကြောင်း၊ တခါတလေမှာ ရည်ရွယ်ချက် ကောင်းနေပေမယ့် အဖျက် အန္တရာယ်တွေ ဝင်လာ တတ်လို့ နှစ်ဦးနှစ်ဘက် စလုံးက စိတ်ရှည်ရှည် ထားပြီး ကိုယ်လုပ် နေတဲ့ အလုပ်ကို ယုံယုံ ကြည်ကြည်နဲ့ လုပ်ကြ မှသာ အကောင်အထည် ဖော်နိုင်မှာ ဖြစ်ကြောင်း ပြောကြား သွားခဲ့ပါတယ်။

http://www.bbc.co.uk/burmese/burma/2012/11/121117_utheinsein_un_rakkine.shtml

November 4, 2012

အနောက်နိုင်ငံ သံတမန်များနှင့် ရခိုင် နိုင်ငံရေး ပါတီမှ ခေါင်းဆောင်များ စစ်တွေတွင် တွေ့ဆုံ

နိုဝင်္ဘာလ ၃ ရက်နေ့   နံနက် ၁၁ နာရီတွင် ရခိုင်ပြည်နယ်ရှိ နိုင်ငံရေး ပါတီ ခေါင်းဆောင်များနှင့် အနောက်နိုင်ငံ သံအမတ််များ ရခိုင်အရေးကို စစ်တွေ တွေ့ဆုံ ဆွေးနွေးခဲ့ကြသည်။

“ နံနက် ရ နာရီ ၁၅ ခန့်တွင် အမေရိကန်သံအမတ်ရဲ့ ကိုယ်ရေးအရာရှိ ဒေါ်နန်းခင်လေးငယ်က ဖုန်းဆက်ပြီး လွတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်နဲ့ နိုင်ငံရေး ပါတီတွေမှ ခေါင်းဆောင်တချို့ကို  သံအမတ်ကြီး Derrek Michall တို့မှ တွေ့လိုပါတယ်လို့ အကြောင်းကြားလာပါတယ်။ ဒါကြောင့် နံနက် ၁၁ နာရီမှာ သွားရောက်တွေ့ဆုံခဲ့ကြပါတယ်” ဟု တွေ့ဆုံပွဲသို့ တက်ရောက်ခဲ့သူ ဦးအောင်မြကျော်က ပြောသည်။
ထိုသို့ တွေ့ဆုံရာတွင် အမေရိကန် သံအမတ် ဒေရစ်မဲချယ်နှင့် အတူ ဗြိတိန်သံအမတ်ကြီး Andrew Heyn နှင့် သြစတေလီးယား သံအမတ် Ms Bronte Moules တို့ ပါ၀င်ပြီး တခြား USAIM နှင့် တာဝန်ရှိသူ စုစုပေါင်း ၈ဦး တက်ရောက်ခဲ့ကြသည်။
“ ကျွန်တော်တို့ ဘက်ကတော့ ကျွန်တော် အပါအဝင် RNDP မှ ၃ ဦး၊ USDP မှ ဒေါက်တာစန်းရွှေ နဲ့  ALD ၊  NLD တို့မှ တစ်ဦး ကျစီပါ၀င်ပြီး စစ်တွေ ဟော်တယ်မှာ တွေ့ဆုံခဲ့ကြပါတယ်။ စတင်ဆွေးနွေးတဲ့ အချိန်မှာဘဲ ကျွန်တော်က မေးခွန်းတစ်ခုမေးပြီး အစည်းအဝေးကို စတင်လိုက်ပါတယ်” ဟု အစည်းအဝေးနှင့် ပတ်သက်ပြီး ဦးအောင်မြကျော်က ပြောပြသည်။
ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့သည့် အကြောင်းအရာများနှင့်် ပတ်သက်ပြီး ဦးအောင်မြကျော်က ယခုလို ရှင်းပြသည်။
“ ယခု ကျွန်တော်တို့ကို တွေ့ဆုံရတဲ့ အကြောင်းရင်းကဘာလဲ၊ ဘယ်အကြောင်း အရာတွေကို သိလိုတဲ့ အတွက် ခေါ်တွေ့ရခြင်း ဖြစ်သလဲ ဆိုတာကို သိရှိလိုပါတယ်လို့ ကျွန်တော်က စမေးမြန်း ပြောဆိုပါတယ်။  သို့မှသာ ဦးတည်ချက် ရောက်ပြီး အချိန်ကုန် သက်သာပါမယ်လို့ဆိုတော့   အမေရိကန် သံအမတ်ကြီးက ယခုလို တွေ့ဆုံရခြင်းဟာ  ကြွရောက် လာကြသူတွေရဲ့ အသံနဲ့ ယခု လက်ရှိဖြစ်ပေါ်နေတဲ့ ပြဿနာ အပေါ် ဘယ်လို သုံးသပ်မိကြသလဲ ဆိုတာကို သိလိုတဲ့ အတွက် ခေါ်ယူတွေ့ဆုံရခြင်း ဖြစ်တယိလို့ ပြောပါတယ်။ ဒါ့အပြင် ပြဿနာရဲ့ အရင်းအမြစ်က ဘယ်ကစပြီး ဖြစ်လာသလဲ။ ဆက်လက်ပြီး တည်ငြိမ် အေးချမ်းအောင် ဘယ်လို လုပ်ဆောင်ကြမလဲ စတဲ့ အကြောင်းအရာတွေကို သိလိုတဲ့ အတွက် တွေ့ဆုံရတာ ဖြစ်တယ်လို့ ပြန်လည် ဖြေကြား ပြောဆိုပါတယ်။”
ဦးအောင်မြကျော်မှ ယခု  ပြဿနာသည် ဘာသာရေး၊ လူမျိုးရေး ကြောင့်ဖြစ် သောပြဿနာ မဟုတ်ကြောင်းနှင့်  ယခုပြဿနာသည် သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာသော ပြသနာဖြစ်ကြောင်း ယခုလို ရှင်းပြသည်ဟု ဆိုသည်။
“ ကျွန်တော်ကစတင်ပြီး ယခု ဖြစ်ပေါ်နေတဲ့  ပြဿနာဟာ ဘာသာရေး၊ လူမျိုးရေး ကြောင့်ဖြစ်လာတဲ့ ပြဿနာ မဟုတ်ပါကြောင်း၊ ယခု ပြသနာဟာ သမိုင်းကြောင်းနှင့် ချီပြီးဖြစ်လာတဲ့  ပြဿနာဖြစ်တဲ့ အကြောင်း၊ အတို ချုပ်ပြီး ပြောရမယ် ဆိုရင် ယခုပြဿနာဟာ ၁၉၄၂ ခုနှစ်တုန်းက ဘင်္ဂလီကုလားများကနေ  ရခိုင် တိုင်းရင်း သားတွေကို လူမျိုးတုန်း သတ်ဖြတ်ပြီး အစ္စလာမ်နိုင်ငံ ထူထောင်ရေး ကြိုးစားရာမှ စတင်ခဲ့တဲ့ အကြောင်း၊ ထိုအချိန်က ဘူးသီးတောင်၊မောင်တောမြို့နယ်မှာ ရခိုင်ကျေးရွာပေါင်း ၃၀၀ ကျော်ရှိခဲ့တဲ့ အကြောင်း၊ ယခုအခါ ရခိုင်ရွာပေါင်း ၃၀ ခန့်သာ ကျန်ရှိတော့တဲ့ အကြောင်း၊  အဲဒီ အချိန်က အုပ်ချုပ်ခဲ့တဲ့ အင်္ဂလိပ်အစိုးရမှာ  တာဝန်မကင်း ကြောင်းနဲ့  ပထမအကြိမ်တွင် ယင်းဒေသမှ ရခိုင်များကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုဒေသတွင် မနေနိုင်အောင် နှင်ထုတ်တဲ့ အစီအစဉ်ကို စတင်လုပ်ဆောင် ခဲ့ပါကြောင်း၊ မြန်မာနိုင်ငံ လွတ်လပ်ရေးရပြီး နောက်  မောင်တောခရိုင်ကို ပါကစ္စတန်နိုင်ငံ၏ ပြည်နယ်တစ်ခုဖြစ်အောင် သွတ်သွင်းရန် ကြိုးစား ခဲ့ကြ ပါကြောင်း၊ ပါကစ္စတန်မှ လက်မခံသောကြောင့် မြန်မာနိုင်ငံတွင် မူဂျာဟစ် အမည်ခံ အကြမ်းဘက် လက်နက်ကိုင် အဖွဲ့ တစ်ခုတည်ထောင်ပြီး အကြမ်းဘက်မူများ ကိုဆက်တိုက်လုပ်ဆောင်ခဲ့ပါကြောင်း” စသဖြင့် ပြောကြားသည်ဟု ဆိုုသည်။
၎င်းပြင် ဦးအောင်မြကျော်က ယခုလို ရှင်းပြသည်ဟုလည်း ဆိုသည်။
“ ကျွန်တော်က ဆက်ပြီး ဘယ်လို ရှင်းပြသလဲ ဆိုရင် မူဂျာဟစ်သူပုန်အနေဖြင့် မအောင်မြင်တဲ့ အခါ အာရ်အက်ဆို အမည်ခံပြီး ပါကစ္စတန်မှ အေလ်ကိုင်းတား အကြမ်းဖက်အဖွဲ့တွေနဲ့  ပူးပေါင်းပြီး နှစ်ပေါင်းများစွာ ကြိုးပမ်းလာကြပါကြောင်း၊ ထိုမောင်တောခရိုင်အား ထပ်မံ၍ ဘင်္ဂလားဒေရှ့်နှင့် ပူးပေါင်းရန် ထပ်မံ ကြိုးပမ်းလာပါကြောင်း၊ ဘင်္ဂလားဒေရှ့်နိုင်ငံဖြစ်လာ သည့်အခါ သူတို့ဖြစ်စေချင်သော မောင်တောခရိုင်ကို သီးခြား အစ္စလာမ်နိုင်ငံတစ်ခု ဖြစ်လိုမူ မအောင်မြင်သောအခါ ရိုဟင်ဂျာ ဟူသော နာမည်သစ်တစ်ခုအား စတန့်ထွင်ပြီး မြန်မာနိုင်ငံ၏ တိုင်းရင်းသား ဖြစ်လေဟန် နာမည်သစ် တစ်ခု လိမ်လည်ဖန်တီးပြီး ထိုမောင်တောခရို်င်အား ထပ်မံ၍ အစ္စလာမ်မစ် ပြည်နယ် တစ်ခုဖြစ်အောင် ဖန်တီးလာပါကြောင်းနှင့် ထိုသို့ အခြေအနေတွင် ထပ်မံ၍ ယခုအရေးအခင်းကဲ့သို့ ၁၉၈၈ တွင် အုပ်ချုပ်ရေးယန္တယားပျက်ပြားနေချိန်တွင် မောင်တောခရိုင်မှ ရခိုင်တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်ပြီး ထိုခရိုင်အား အစ္စလာမ်နိုင်ငံဖြစ်အောင် ဖန်တီးမူအား ဒုတိယအကြိမ်ြ ပုလုပ်ခဲ့ပါကြောင်းနှင့် ယခုဖြစ်ရသည့် အကြောင်းအရင်း သည်လဲ ရှေ့တွင် ပြောခဲ့သည့်အကြောင်းအရင်းအတိုင်း ထိုဘင်္ဂလီများဖြစ်ချင်သော အစ္စလာမ်မစ်  နိုင်ငံဖြစ်လိုသော ဆန္ဒကြောင့် မောင်တောမြို့တွင် တတိယအကြိမ် ၂၀၁၂ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် သူတို့လုပ်နေကျအလုပ်ဖြစ်သော ရခိုင် တိုင်းရင်းသားများကို လူမျိုးတုန်း သတ်ဖြတ်လိုသော ဆန္ဒကြောင့် မောင်တောခရိုင်မှ ရခိုင် တိုင်းရင်းသား ကျေးရွာများ အားလုံးအား တပြိုင်နက်တည်း တနေ့တည်း၊တချိန်တည်းတွင် အပြတ်ရှင်းရန်သူတို့၏ မော်လဗီခေါင်းဆောင် များက အပြင်မှ အကြမ်းဘက်အဖွဲ့ အာရက်စ်အို ၏ အထောက်အပံ့ကို အပြည့်အဝ ရယူပြီး လုပ်ဆောင်ခဲ့ကြ သည်ကို သိရှိပြီး ဖြစ်မည်ဟုထင်ပါကြောင်း၊ ထို့ကြောင့် ယခုအဖြစ်အပျက်သည် ဘာသာရေး၊ လူမျိုးရေး ပြသနာမဟုတ်ဘဲ ဘင်္ဂလီကုလားများ ၏  နယ်မြေပိုင်ဆိုင်လိုမူအား ဒေသခံ တိုင်းရင်း သားများက  မိမိဒေသကို ခုခံကာကွယ်ယင်း  ဖြစ်ပေါ်လာရသော ပြသနာဖြစ်ပါကြောင်း ယခုလဲ ဘင်္ဂလီ အဖွဲ့အစည်းများတွင် အထက်မှကြိုးကိုင်သော နိုင်ငံတကာမှ အကြမ်းဘက်အဖွဲ့၏ ကျောထောက် နောက်ခံ ရရှိထားသော အာရ်အက်ဆို အဖွဲ့၏ ညွန်ကြားမူ အတိုင်း မိမိတို့ အိမ်များအား မီးရှို့ပြီး ရခိုင် တိုင်းရင်းသားများ ရှို့သည်ဟု နိုင်ငံတကာမှ အမြင်ဖြစ်ရန် အချက်ကျကျ ညွန်ကြားထားချက်များကိုလဲ ယခု လေ့လာခဲ့ သော နေရာများတွင် တွေ့ရှိခဲ့ရမည်ဟု ထင်မြင်ပါကြောင်း၊ နောက်ဆုံး အနေဖြင့် ပြောလိုသည်မှာ ယခုအချိန်တွင် အတူ ယှဉ်တွဲ နေထိုင်ရေး ဆိုသော မူသည် စကားလုံးအရ လှပသော်လည်း ယခု ပူပူနွေးနွေးဖြစ်ပြီးစ အခြေအနေတွင် တစ်ဘက်နှင့်တဘက် ယုံကြည်မူ မရကြ သေးသည့်အချိန်တွင် မည်သို့မှ မဖြစ်နိုင်ပါကြောင်းနှင့် လက်ရှိတည်ငြိမ်အေးချမ်းလိုလျင် အုပ်စုနှစ်ခုအား သီးခြားစီထားခြင်းဖြင့် တည်ငြိမ်အေးချမ်းမူ ကိုတည်ဆောက်ရမည် ဖြစ်ပါကြောင်း ပြောကြားခဲ့သည်″  ဟု ဆိုသည်။
သံအမတ်ကြီးများက ယခုကဲ့သို့ သမိုင်းနှင့်ချီပြီးဖြစ်လာသော  အကြောင်းအရာများအား လုံးဝမကြားဘူးခဲ့ပါကြောင်းနှင့် ယခုကဲ့သို့ သမိုင်းကြောင်းများကို ကြားသိရသောကြောင့်  လက်ရှိဖြစ်ပေါ်နေသော ပြသနာ၏ အတိမ်အနက်ကို သုံးသပ်မိပါကြောင်း ယခုကဲ့သို့ ပြောပြသောကြောင်း အလွန်ပင်ကျေးဇူးတင်ပါကြောင်း ပြောကြားကြပါသည်ဟု ဆိုသည်။
တခြား တက်ရောက်လာသူ ပါတီ ခေါင်းဆောင်များမှလည်း အတူယှဉ်တွဲနေထိုင်၍ မဖြစ်နိုင်ကြောင်းနှင့် တရား ဥပဒေစိုးမိုးရေးကို ပြတ်ပြတ်သားသား အစိုးရမှ ကိုင်တွယ် ဖြေရှင်းသင့်ပါကြောင်း ပြောကြားကြသည်ဟု သိရသည်။  တွေ့ဆုံပွဲကို ၁၁ နာရီ ၃၀ တွင် စတင်ခဲ့ရာ ၁၂ နာရီ ၄၅ မိနစ်တွင် ပြီးဆုံးသွားပါသည်။

http://www.narinjara.com/burmese/?p=2924
- ဖမ်းဆီး စစ်ဆေးမည်ဆိို၍ မင်းပြားတွင် ရခိုင်များ ထွက်ပြေး တိမ်းရှောင်နေ click
- ရခိုင်ပဋိပက္ခ ဖြေရှင်းရေး ၁၉၈၂ နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်မည် click
- ရိုဟင်ဂျာအရေး ဒေါ်အောင်ဆန်းစုကြည် မမြှင့်နိုင် click
- ဥရောပကော်မရှင်ဥက္ကဌ ရခိုင်အရေး စိုးရိမ် click
- ရခိုင်ပဋိပက္ခ ဖြေရှင်းဖို့ ဒလိုင်းလားမား ဒေါ်အောင်ဆန်းစုကြည်ကို တိုက်တွန်း click
- ရခိုင်အရေးနဲ့ ပတ်သက်တဲ့ ဒေါ်အောင်ဆန်းစုကြည် သဘောထား click
- မြောက်ဦးမြို့နယ် အဓိကရုဏ်းအတွင်း သေဆုံးသူ ၁၀ ဦး ပျောက်ဆုံးနေပြီး ၂ ဦး ပြန်လည်တွေ့ရှိ click
- ရခိုင်နဲ့ ရိုဟင်ဂျာ တောင်းဆိုချက်ကြောင့် ရခိုင်မှာ လုံခြုံရေးတိုးမြှင့် click
- ရွေးကာက်ပွဲကော်မရှင်မှ ရခိုင်ပါတီနှစ်ခုကို ခေါ်ယူတွေ့ဆုံ click
- နေပြည်တော် ရခိုင်တိုင်းရင်းသားများအသင်း ဖွဲ့စည်း click
- ရခိုင်အရေး နောက်ဆက်တွဲ မေးခွန်းများ (ဦးဝင်းတင်) click
- ရခိုင်ဆရာတော်တွေကို မဟန သတိပေး click
- ရခိုင်ငြိမ်းချမ်းရေးအတွက် စစ်တွေမှ ဆရာတော်ကြီး ၅ ပါး ရန်ကုန်သို့ ပင့်ဆောင် click
- ရခိုင်ပြည်နယ်အတွင်း လက်နက်ပုန်းများ ရှာဖွေ click
- ရခိုင်ပြည်နယ်အတွင်း လုံခြံုရေးအတွက် စိုးရိမ်နေကြ click
- တကျော့ပြန် အရေးအခင်းကာလတွင် သေဆုံးနှင့် ဒဏ်ရာရရှိသော ဒေသခံ ရခိုင်တိုင်းရင်းသားများ click
- “ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခတွေကို အစိုးရက ဘယ်လိုမူဝါဒတွေနဲ့ ကိုင်တွယ်ဖြေရှင်းနေသလဲ” မြန်မာ့အရေးကမ္ဘာ့အရေး (အသံ) click
- ရခိုင်အဓိရုဏ်း ချင်းပြည်နယ်အထိ ထိပါးလာ click
- အမေရိကန် သံအမတ်ကြီးနှင့်အဖွဲ့ ရမ်းဗြဲရောက်စဉ်မှာ ရခိုင်လူမျိုးတဦး သတ်ဖြတ်ခံရ click
- သံတွဲတွင် လူအချို့ လက်နက်မှုဖြင့် တရားစွဲဆိုခံရ click
- သံတွဲ ဗလီတခုတွင် လက်နက်များ တွေ့ရှိသဖြင့် အမှုဖွင့်ထား click
- ရခိုင်ပြည်နယ်တွင် ဒုက္ခသည်များ အာဟာရချို့တဲ့ပြီး ရောဂါဖြစ်ပွားမှု များလာ click
- ရခိုင်ပြည်နယ် ဘယ်လို ပြန်ထူထောင်မလဲ click
- လုံခြံုစိတ်ချသည့် အခြေချနေထိုင်ရေး အချိန်ယူဖို့လိုဟု UNHCR ပြော click
http://drlunswe.blogspot.com/

October 25, 2012

တိုက်ခိုက်မူများ ရပ်တန့်ကြရန် ပြည်ပအခြေစိုက် ရခိုင် ၁၂ ဖွဲ့မှ ကြေငြာချက်ထုတ် တောင်းဆို

ရခိုင်ပြည်နယ်တွင် ဆက်တိုက် ဖြစ်ပွားနေသည့် အပြန်အလှန် တိုက်ခိုက် နေမူများကို အမြန်ဆုံး ရပ်တန့်ရန်အတွက် ပြည်ပအခြေ စိုက် ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့က စုပေါင်း  ကြေငြာချက်တစ်စောင် ထုတ်ပြန်ကာ တောင်းဆို လိုက်သည်။

ကြေငြာချက်ကို အောက်တိုဘာလ ၂၄ ရက် ရက်စွဲဖြင့် ထုတ်ပြန်လိုက်ခြင်းဖြစ်သည်။
ရခိုင်အမျိုးသားကောင်းစီ (အိန္ဒိယ-ANC)မှ  ဥက္ကဌ ဆရာတော် အရိယာ ၀ံသက ကြေငြာချက် ထုတ်ပြန်ရသည့် အကြောင်းကို ယခုကဲ့သို့ ပြောသည်။
“ရခိုင်ပြည်မှာ ဖြစ်ပျက်နေတဲ့ ပြဿနာကို ရပ်တန့်ပြီး အခုအခြေအနေကနေ နည်းနည်း ပိုမို ကောင်းမွန် လာအောင် ရည်ရွယ်ပြီးတော့ ထုတ်တာပါ။ မိမိတို့ဘက်က အမှန်ရှိနေတာကနေ နိုင်ငံတကာမှာ ရခိုင်တွေကို အကြမ်းဖက်သမားတွေလို့ ၀ါဒဖြန့်ပြီး အမြတ် မထုတ်ရအောင်နဲ့ ဆင်ဆင်ခြင်ခြင်နဲ့ လုပ်ကြဖို့အတွက်ဖြစ်တယ်” ဟုဆိုသည်။
ထုတ်ပြန်ချက်ထဲတွင် ပြည်ပ အခြေစိုက် ရခိုင်အဖွဲ့အစည်း ၁၂ ဖွဲ့ ပါရှိပြီး အဆိုပါ အဖွဲ့များမှာ (၁) ရခိုင်ပြည်အမျိုး သားကောင်စီ (ANC-India)၊ (၂) ရခိုင်အသိုင်းအဝိုင်း (ဥရောပ)-Arakan Community (Europe)၊ (၃) ရခိုင်ပြည် အမျိုးသားကောင်စီ ထောက်ပံ့ရေးအသင်း (မလေးရှားနိုင်ငံ) –Association of ANC Supporting (Malaysia) (၄) ရခိုင်ပြည် အမျိုးသားကောင်စီ ထောက်ပံ့ရေး အသင်း (အမေရိကန်) –Association of ANC Supporting (The United States of America)၊ (၅) ရခိုင် အလုပ်သမား သမဂ္ဂ (Arakan Worker Union-Thailand)၊ (၆) ရခိုင် ကုန်သည်ကြီးများအသင်း (Arakan Trade Union-India)၊ (၇) ရခိုင်ပြည်လွပ်လတ်ရေး အင်အားစု(Arakan Independent Force-Banglad esh)၊ (၈) ခမီး တိုင်းရင်းသား တိုးတက်ရေးပါတီ (Khami Development Party-Bangladesh)၊ (၉) ရခိုင် ဖွံ့ဖြိုးတိုးတက်ရေး အဖွဲ့(Organization of Arakan Develo pment-Bengladesh)၊ (၁၀) ထရီပူရ ရခိုင်စာပေယဉ်ကျေးမှုနှင့် ပညာရေးအသင်း (BHIC-India)၊ (၁၁) ရခိုင်အမျိုးသားညီညွတ် ရေးပါတီ (NUPA-Bengladesh)၊ (၁၂) ရခိုင်ပြည်ဒီမို ကရက်တစ်ပါတီ (DPA-India-Burma Borders) တို့ ဖြစ်သည်။
အောက်တိုဘာလ ၂၁ ရက်နေ့က မင်းပြားမြို့ ပိုက်သည်ရပ်မှ စတင်ခဲ့သည့် ဆူပူမှုမှာ အခုခါ မြောက် ဦး၊ ကျောက်တော်၊ ကျောက်ဖြူ၊ ရသေ့တောင်နှင့် မြောက်ဦးမြို့များသို့ ကူးစက်ခဲ့ပြီးဖြစ်သည်။
ယခုကဲ့သို့ ဆူပူမှုများ ဆက်လက်ဖြစ်ပေါ်နေလျှင် ရခိုင်ပြည်နယ်၏ အနာဂတ်မှာလည်း စိတ်ပျက်စရာ ကောင်းမည် ဖြစ်ကြောင်း ဆရာတော် အရိယာဝံသက ယခုကဲ့သို့ပြောသည်။
“ ဆက်ပြီးဖြစ်နေရင် ရခိုင်ပြည်အနေအထားက ပိုပြီး ဆိုးသွားမယ်။ အခုတောင်မှ ရခိုင်ပြည်နယ် ဟာ ပြာပုံ ဘဝကို ရောက်နေပြီလို့ ပြောနေကြတယ်။”
ယခု လတ်တလော ဖြစ်ပွားနေသော ဆူပူ အကြမ်းဖက်မူ ပဋိပက္ခကြောင့် ရခိုင်ဘက်မှ လူပေါင်း ၅၀ ထက်မနည်း ဒဏ်ရာရရှိထားပြီး တစ်ဒါဇင်ကျော်ခန့် သေဆုံးသွားခဲ့ရပြီဖြစ်ကြောင်း သိရသည်။
ကြေငြာချက်တွင် နှစ်ဖက်စလုံး အနေဖြင့် ပြဿနာ ဆက်မဖြစ်ပွားရအောင် ပြန်လည် ထိမ်းသိမ်း ကြရန်နှင့် နောင်ကို ဘင်္ဂလီ မူဆလင်တွေရော ရခိုင်အမျိုးသားများပါ အကြမ်းဖက်မှုများ လုံးဝ မပြု လုပ်ကြရန်နှင့် အာဏာပိုင်အစိုးရများအနေဖြင့် တရားဥပဒေ စိုးမိုးရေး၊ ဒေသအတွင်း တည်ငြိမ်ရေး၊ အသက်အိုးအိမ် လုံခြုံစေရေးစသည့် အစိုးရတရပ်၏ လုပ် ဆောင်ရမည့်တာဝန်ကို အပြည့်အဝ တာဝန်ယူ လုပ်ဆောင်ကြရန် တောင်းဆိုထားသည်။
ယမန်နေ့ကလည်း ရခိုင်အမျိုးသမီးအစည်းအရုံးမှ ကြေငြာချက်တစောင်ထုတ်ပြန်ပြီး ရခိုပြည် နယ် တွင် ဖြစ်ပွား နေသည့်ပြဿနာများကို နှစ်ဘက်လုံးမှ ရပ်တန့်ကြရန် မေတ္တာရပ်ခံ ထားသည်။
အလားတူ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့မှလည်း ရခိုင်ပြည်နယ်တွင် ပဋိပက္ခများ အမြန်ဆုံး ရပ်တန့်ကြရန် ယနေ့ နေ့စွဲဖြင့် ကြေငြာချက်ထုတ်ပြီး မေတ္တာရပ်ခံထားသည်။

 http://www.narinjara.com/burmese/?p=2809

NLD နဲ့ ၈၈ တို့က အကြမ်းဖက်မှုတွေ အဆုံးသတ်ရေး တောင်းဆို

လတ်တလော ရခိုင် တိုင်းရင်းသားတွေနဲ့ ဘင်္ဂလီ ရိုဟင်ဂျာတွေ အကြား ပြန်လည် ဖြစ်ပေါ်နေတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေနဲ့ ပတ်သက်ပြီး ပဋိပက္ခတွေ အဆုံးသတ်ရေး နဲ့ တည်ငြိမ်အေးချမ်းမှု အမြန်ဆုံး ရရှိရေးအတွက် NLD အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နဲ့ ၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့တို့က ဒီကနေ့ ကြေညာချက်တွေ အသီးသီး ထုတ်ပြန်လိုက်ပါတယ်။
RFA
အကျဉ်းထောင်အသီးသီးမှ ပြန်လည် လွတ်မြောက်လာကြသော ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်များ၏ သတင်းစာရှင်းလင်းပွဲကို ၂ဝ၁၂ ဇန်နဝါရီလ ၂၁ ရက်နေ့က ရန်ကုန်မြို့ တော်ဝင်စင်တာတွင် ပြုလုပ်စဉ်။
ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ မြောက်ဦးနဲ့ အမ်းမြို့တွေမှာ အခုရက်ပိုင်းအတွင်း ထပ်မံ ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေ ကြောင့် သေဆုံးသူ၊ ဒဏ်ရာရသူတွေ အများအပြား ရှိနေတာကို ဝမ်းနည်းဖွယ် ကြားသိရကြောင်း၊ အစိုးရနဲ့ လုံခြုံရေး တာဝန်ရှိသူတွေ အနေနဲ့ အခုထက် ပိုပြီး ထိရောက်တဲ့ လုပ်ဆောင်မှုတွေ အမြန်ဆုံး ဆောင်ရွက်ကြဖို့ NLD က ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့ရဲ့ ကြေညာချက်မှာတော့- ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတဲ့ အကြမ်းဖက်မှုတွေ လုံးဝ ရပ်ဆိုင်းသွားရေးအတွက် ရဟန်းရှင်လူ မိဘပြည်သူ၊ ကျောင်းသား ကျောင်းသူတွေနဲ့ သက်ဆိုင်ရာ တာဝန်ရှိသူ အားလုံး ဝိုင်းဝန်းကူညီ ထိန်းသိမ်းပေးကြဖို့ ဖော်ပြထားပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်တဲ့ တိုင်းရင်းသား လူမျိုးတွေဟာ အကြမ်းဖက်သမားတွေ မဟုတ်သလို နောက် ကြံုတွေ့လာနိုင်တဲ့ ပြဿနာ အရပ်ရပ်ကိုလည်း ငြိမ်းချမ်းစွာ ဖြေရှင်းသင့်ပါတယ်လို့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

http://www.rfa.org/burmese/news/nld-88-statements-10252012124205.html

ရခိုင်ပဋိပက္ခ ကြိုးကိုင်လှုပ်ရှားသူများကို အရေးယူမည်

ရခိုင်ပြည်နယ်မှာ လတ်တလော ဖြစ်ပျက်ခဲ့တဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီးတော့ နိုင်ငံတော် သမ္မတ ရုံးကလည်း ဒီကနေ့ အသိပေး ကြေညာချက်တစောင် ထုတ်ပြန်ခဲ့ပါတယ်။ လက်ရှိ အကြမ်းဖက်မှုတွေ တိုးလာတဲ့အပေါ်မှာ ကုလသမဂ္ဂ ကလည်း အထူး စိုးရိမ်တဲ့အကြောင်းနဲ့ အခြေအနေတွေ တည်ငြိမ်အောင် ထိန်းသိမ်း ဆောင်ရွက်ဖို့လည်း တိုက်တွန်းလိုက်ပါတယ်။ အပြည့်စုံကို မခင်ဖြူထွေးက အပြည့်စုံ ပြောပြပေးထားပါတယ်။

ရခိုင်ပြည်နယ်တွင်း အခုတကြိမ် ပြန်လည် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေ အတွင်း သေဆုံး ဒဏ်ရာရသူ ၆၀ လောက် ရှိသွားပြီးလို့ သမ္မတရုံး ပြောခွင့်ရသူ ဦးဇော်ဌေးက ပြောပါတယ်။

“ဆိုးဆိုးရွားရွားကတော့ သေတာတွေ ပျောက်တာတွေ ရှိတယ်။ သေတာရော၊ ဒဏ်ရာ ရတာရော ဆိုရင် ကျနော်တို့ ရတဲ့သတင်းအရတော့ ၆၀ လောက် ရှိမယ်။ ၆၀ ၀န်းကျင်လောက်ပေါ့။ အိမ်တွေဘာတွေရော ပျက်တာ တော်တော်များများတယ်။ သာသနာရေး၊ ဘာသာရေး အဆောက်အဦးတွေ ပျက်စီးတာတွေလည်း ပါတယ်။ ဆိုတော့ ဒီဟာတွေနဲ့ ပတ်သက်ပြီးတော့ ပြည်နယ်အစိုးရအနေနဲ့ ညမထွက်ရ အမိန့် ချမှတ်ပြီးတော့ ဆောင်ရွက်တယ်။ ဆောင်ရွက်ပြီးတော့ အခု သမ္မတကြီးက ဟိုနေ့ကပဲ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အားကို တိုးမြင့်ပေးဖို့ သူ ညွှန်ကြားချက် ထုတ်တယ်။ ဒီနေ့ကတော့ ည ၈ နာရီ ထုတ်တဲ့ဟာကတော့ နောက်ထပ် တခုပေါ့။”

ရခိုင်ပြည်နယ် ကျောက်ဖြူ၊ မင်းပြား၊ မြေပုံနဲ့ မြောက်ဦးမြို့နယ်တွေမှာ ဒီရက်ပိုင်း ဆူပူ အကြမ်းဖက်မှုတွေ ပြန်လည် ဖြစ်ပွားနေတာမှာ အောက်တိုဘာလ ၂၄ ရက်နေ့အထိ  သေဆုံးသူ ၁၂ ဦး၊ ဒဏ်ရာရသူ ၅၀ နဲ့ လူနေအိမ်ခြေ ၁၉၄၈ လုံးနဲ့ ဘာသာရေး အဆောက်အဦးပေါင်း ၈ ခု မီးလောင်ခဲ့ပြီး လူတွေအများအပြား အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ သမ္မတ ရုံးကလည်း ဒီကနေ့ပဲ ကြေညာချက်တစောင် ထုတ်ပြန်ပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနေနဲ့ ပြုပြင် ပြောင်းလဲမှုတွေ ဆောင်ရွက်နေချိန်မှာ ခုလိုမျိုး ဆူပူ အကြမ်းဖက်မှုတွေက နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာနဲ့ အကျိုးစီးပွားကို ထိခိုက်နစ်နာစေတဲ့အကြောင်းနဲ့ အခု ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ နောက်ကွယ်ကနေ ကြိုးကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေနဲ့ လူပုဂ္ဂိုလ်တွေ ရှိနေပြီး ဒီလူတွေကို ဥပဒေနဲ့အညီ အရေးယူသွားမယ်လို့လည်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ခုလို ရခိုင်ပြည်နယ်တွင်း ပြန်လည် ဖြစ်ပွားနေတဲ့ အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ကြားသိရတဲ့သတင်းတွေ အရ စိုးရိမ်မကင်း ဖြစ်ရတဲ့အကြောင်း ကုလသမဂ္ဂကလည်း ကြေညာချက် ထုတ်ပြန် ထားပါတယ်။ အကြမ်းဖက်မှုတွေကြောင့် ထိခိုက် ခံစားရတဲ့သူတွေကို လူမျိုးဘာသာ မခွဲခြားဘဲ လူ့အခွင့်အရေး စံနှုန်းတွေနဲ့အညီ အကူအညီတွေ ပေးသွားနိုင်ဖို့အတွက် ချွင်းချက်မထားဘဲ ချက်ချင်း အကူအညီတွေ သွားရောက်ပေးနိုင်အောင် ဆောင်ရွက်ပေးဖို့လည်း ကုလသမဂ္ဂ က တောင်းဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဇွန်လက စတင်ဖြစ်ပွားခဲ့တဲ့ ရခိုင်ပြည်နယ်တွင်း ပဋိပက္ခတွေကြောင့် ဒုက္ခရောက်သူပေါင်း ရ သောင်း ၅ ထောင်လောက်ကို ကုလသမဂ္ဂနဲ့ လူသားချင်း စာနာကူညီကြတဲ့ အဖွဲ့တွေက မြန်မာအစိုးရနဲ့ အတူ ပူးပေါင်းပြီး အကူအညီတွေ ပေးနေတယ်လို့လည်း ကုလသမဂ္ဂက ပြောပါတယ်။

ရခိုင်ပြည်နယ်တွင်း အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ ဒီကနေ့ ထုတ်ပြန်တဲ့ သမ္မတရုံးရဲ့ ထုတ်ပြန်ချက်ထဲမှာ အောက်တိုဘာလ ၂၄ ရက်နေ့အထိ သေဆုံးတဲ့ အရေအတွက်ဟာ ၁၂ ဦး ရှိသွားပြီလို့ ဆိုပေမဲ့ အစိုးရ အရာရှိတဦးကို ကိုးကားပြီး အေပီသတင်းရဲ့ ဖော်ပြချက်မှာတော့ အခုနောက်ဆုံး အကြမ်းဖက်ဖြစ်ရပ်တွေကြောင့် သေဆုံးသူဟာ ၅၆ ဦး ရှိသွားပြီလို့ ဆိုပါတယ်။

http://burmese.voanews.com/content/president-office-releases-statement-on-rakhine-situation/1533198.html

October 3, 2012

တပ်ရင်းမှူးအဆင့် နစက-BGB နယ်စပ်ကိစ္စ တွေ့ဆုံဆွေးနွေး

E-mail
Ban Lar 1မြန်မာ နစကနှင့် ဘင်္ဂလာ BGBတို့ နှစ်နိုင်ငံ နယ်စပ်လုံခြုံရေး ကိစ္စအတွက် ဘင်္ဂလာတွင် အင်္ဂါနေ့က တွေ့ဆုံဆွေးနွေးပွဲတစ်ခု ကျင်းပ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
နစက-BGBအကြား ယင်းတွေ့ဆုံဆွေးနွေးပွဲကို စစ်တကောင်းတောင်တန်းဒေသ ဘင်ဒရိုဘင်ခရိုင် နတ်ချောင်းဆရီမြို့နယ် တောင်ဘက် နှစ်နိုင်ငံနယ်စပ်မှတ်တိုင် ၃၃ အနီးအနားရှိ ခေါင်းတုန်းဒေသအစိုးရ စာသင်ကျောင်းတစ်ခုတွင် ဆွေးနွေးခြင်းဖြစ်သည်။
ဆွေးနွေးပွဲသို့ မြန်မာနိုင်ငံ အနောက်ဘက် ရခိုင်ပြည် မောင်တောမြို့နယ် အခြေစိုက် နစကနယ်မြေ အမှတ် (၃)မှ နယ်မြေမှူး အောင်နိုင်ဆန်း ဦးဆောင်ပြီး အဖွဲ့ဝင် ၁၁ ဦးနှင့် ဘင်္ဂလာ ကော့စ်ဘဇားမြို့ အခြေစိုက် BGBအမှတ် ၁၇ တပ်ရင်းမှ တပ်ရင်းမှူး ဗိုလ်မှူး ခါလေကူဇ္ဇာမာန် ဦးဆောင်ပြီး အဖွဲ့ဝင် ၁၀ ဦးတို့တက်ရောက် ဆွေးနွေးခဲ့ကြခြင်းဖြစ်ကြောင်း သိရှိရသည်။
နစက-BGBတို့ ဆွေးနွေးပွဲကို နေ့လည်ပိုင်းက စတင်ခဲ့ကြောင်းနှင့် နှစ်နိုင်ငံနယ်စပ် လုံခြံုရေးကိစ္စများအား ၃ နာရီကြာ အလေးထား ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။
ရခိုင်ပြည်တွင် ဇွန် ၈ ရက်နှင့် ဘင်္ဂလာတွင် အောက်တိုဘာ ၁ ရက်နေ့က ဘင်္ဂလီမူဆလင် အကြမ်းဖက်သမားများ စတင်အကြမ်းဖက်သောကြောင့် ဗုဒ္ဓဘာသာဝင်ပေါင်း ၁၀၀ ကျော်ခန့်၊ နေအိမ်ပေါင်း ၃၀၀၀ နီးပါခန့်၊ ဘုန်းတော်ကြီးကျောင်းပေါင်း ၄၀ ကျော်ခန့်၊ သမိုင်းဝင် ရှေ့ဟောင်းဘုရား ဆင်းတုများ၊ စေတီတော်များ၊ ကျမ်းစာအုပ်များ၊ ဟိန္ဒူဘာသာဝင် ကျောင်းများ၊ ဒုက္ခသည်ပေါင်း ၁ သိန်းကျော်နှင့် မာရာမကြီး ကျောင်းများ မီးရှို့ ဖျက်ဆီးခံခဲ့ရကာ ယခုအချိန်ထိ ထပ်မံမီးရှို့ရန် ခြိမ်းခြောက်ခံနေကြရသည်။
ဘင်္ဂလာ အစိုးရက ၎င်းတို့နိုင်ငံတွင် ယခုအကြမ်းဖက်သောင်းကျန်းသူများအတွင်း ရခိုင်ပြည်တွင် သောင်းကျန်းခဲ့သူများ အများအပြား ပါ၀င်ပတ်သက်မှုများ ရှိနေကြောင်း ထုတ်ဖေါ်ပြောဆိုထားသည်။
ရခိုင်ပြည်အတွင်း အကြမ်းဖက်သောင်းကျန်းသူများနှင့် ဆက်နွယ်မှုရှိသော အကြမ်းဖက်သမား ဘင်္ဂလီ ၁၀ ကျော်အား ဘင်္ဂလာအာဏာ ပိုင်များကဖမ်းဆီးပြီး ပြန်လည်လွှတ်ပေးခဲ့သည့်အပြင် ယင်းအကြမ်းဖက်မှုကို တိုက်ရိုက်ကြိုးကိုင်ခဲ့၍ ထောင်ဒဏ်ပြစ်ပေးခံထားရသူ UNHCR မှ ၀န်ထမ်း ၄ ဦးအား သမ္မတ ဦးသိန်းစိန်က ၎င်း၏အမိန့်အာဏာဖြင့် လွှတ်ပေးခဲ့သည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/511--bgb-

October 2, 2012

ကျောက်နီမော်ရွာမီးရှို့ရန်ကြိုးပမ်းသူ ဘင်္ဂလီသုံးဦး ဖမ်းဆီးရမိ

အောက်တိုဘာ (၁)ရက်နေ့ ည(၁၁း၃၀)တွင် ကျောက်နီမော်ကျေးရွာအားမီးရှို့ရန် အနီးရှိကျောက်ထရံရွာမှ ဘင်္ဂလီများ ကြိုးပမ်းရာတွင် ယင်းဒေသ၌ တပ်စွဲစောင့်ကြပ်နေသော ခမရ(၃၆၂)မှ အချိန်မီ ထိန်းသိမ်းနိုင်ခဲ့ပြီး ဦးဆောင်သူ ဘင်္ဂလီသုံးဦးကို ဓာတ်ဆီပုံးများနှင့်တကွ ဖမ်းဆီးရမိခဲ့ကြောင်း သတင်းရရှိသည်။
ဖြစ်ပွားပုံမှာ ထိုနေ့က ကျောက်နီမော်ရွာ တောင်ကျော်လမ်းရှိ အသုဘတစ်ခုတွင် ရခိုင်များစုဝေးနေကြစဉ် ဘင်္ဂလီ (၁၀၀)ခန့်က လူစုလူဝေးဖြင့်ကြွေးကြော်၍ ဓာတ်ဆီပုံးများကိုကိုင်ဆောင်ကာ ကျောက်နီမော်ရွာဘက်သို့ မီးရှို့ဖျက်ဆီးရန် ချီတက်လာကြသဖြင့် အသုဘစောင့်နေသူ ရခိုင်များက စစ်တပ်ကို အကြောင်းကြားခဲ့အပြီး တပ်မတော်မှအချိန်မီ ထိန်းသိမ်းလူစုခွဲခဲ့ရသည်။
အဆိုပါဘင်္ဂလီများမှာ ညမထွက်ရအမိန့်ကြောင့် ၄င်းတို့၏ ငါးဖမ်းစက်လှေများ ကုန်းပေါ်သို့တင်မရ၍ သက်ဆိုင်ရာအာဏာပိုင်များထံ ခွင့်ပန်ပြီးညပိုင်း၌ စက်လှေတွန်းတင်ခဲ့ကြကြောင်း၊ ထိုသို့စက်လှေတွန်းတင်အပြီး ဘင်္ဂလာဒေ့ချ်နိုင်ငံအတွင်း ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းများ၊ သိမ်များ၊ အိမ်များဖျက်ဆီးပြီး လူများကိုသတ်ဖြတ်ခဲ့မှုအပေါ် အောင်ပွဲခံသည့်အနေဖြင့် သောက်စားပျော်ပါးကြရာမှ ယခုကဲ့သို့ လူစုလူဝေးဖြင့် ရခိုင်အိမ်များကိုမီးရှို့ရန် ကြိုးပမ်းခဲ့ခြင်းဖြစ်ကြောင်း ဒေသခံများကဆိုသည်။
မေလ (၂၈)ရက်နေ့က သပြေချောင်းရွာသူ မသီတာထွေး ကျောက်နီမော်ရွာမှအပြန် ဘင်္ဂလီလူငယ်သုံးဦးက ပစ္စည်းလုယက်၊ မုဒိန်းကျင့်ပြီး ရက်စက်စွာသတ်ဖြတ်ခဲ့ပြီးနောက် ရခိုင်ပြည်နယ်မြို့နယ်များတွင် အကြမ်းဖက်မှုများ ဖြစ်ပွားခဲ့သလို ဘင်္ဂလာဒေ့ချ်နိုင်ငံ ရခိုင်ရွာများမှာလည်း ဘင်္ဂလီများ၏အကြမ်းဖက် ဖျက်ဆီး၊ သတ်ဖြတ်ခြင်းကို မကြာမီရက်များက ဆိုးရွားစွာခံစားခဲ့ကြရသည်။

http://arakantimes.net/burmese/index.php/2012-02-24-06-58-57/505-2012-10-02-13-56-34

September 28, 2012

စစ်တွေမြို့မှာ တင်းမာမှုတွေ ထပ်ဖြစ်

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ စျေးရောင်းတဲ့ ဆယ်ကျော်သက် အရွယ် လူငယ် တဦး ပေျာက်ဆုံး နေတယ် ဆိုတဲ့ သတင်းတွေ ပျံ့နှံ့ ခဲ့ရာ ကနေ မူဆလင် တွေ နေထိုင်တဲ့ အောင်မင်္ဂလာ ရပ်ကွက် အနီးမှာ ရခိုင် လူမျိုးတွေ စုရုံး ခဲ့ကြ ပါတယ်။
အလားတူ စစ်တွေ မြို့ပေါ်က ဗလီတခု ကိုလည်း လူစု လူဝေးနဲ့ သွားရောက် ခဲ့တဲ့ အတွက် နောက်ထပ် ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်လာ နိုင်တယ် ဆိုတဲ့ စိုးရိမ်မှုတွေ ဖြစ်ခဲ့ ပါတယ်။
စစ်တွေ တဖက်ကမ်း ကျေးတောရွာမှာ နေထိုင်တဲ့ ရေခဲချောင်းသည် မောင်အောင်နိုင်ဦး ကို မူဆလင် တွေက သတ်လိုက်တယ် ဆိုတဲ့ သတင်း ထွက်ခဲ့ တာပါ။
ရခိုင်ပြည်နယ် အစိုးရ သတင်း ထုတ်ပြန်ရေး အဖွဲ့ဝင်တဦး ဖြစ်တဲ့ ဦးဝင်းမြိုင် ကတော့ အဲဒီ ကလေးကို ပြန်တွေ့ပြီ ဖြစ်ပြီး ဒါဟာ နားလည်မှု လွဲမှား တာသာ ဖြစ်တယ်လို့ ဘီဘီစီ ကို ပြောပါတယ်။
မူဆလင်တွေ သောကြာနေ့ ဗလီ ဆင်းတဲ့ အချိန်မှာ လူပျောက်တယ် ဆိုတဲ့ သတင်းကြောင့် ရခိုင် လူမျိုး ထောင်နဲ့ချီပြီး သွားဝိုင်းခဲ့ကြတယ် ဆိုတာနဲ့ ပတ်သက်ပြီး မေးရာမှာတော့ ဟုတ်မှန်ကြောင်း သူက ပြောပါတယ်။
အောင်မင်္ဂလာ ရပ်ကွက်မှာ ရှိနေတဲ့ မူဆလင်တဦးကတော့ ဒီလူငယ် အသတ်ခံရတယ် ဆိုတာ မဟုတ်ကြောင်းနဲ့ ရသေ့တောင် မြို့မှာ ရခိုင် တိုင်းရင်းသားတွေ စုရုံးပြီး ညီလာခံကျင်းပ ခဲ့ကြပြီး တဲ့နောက် သူတို့အပေါ် ခြိမ်းခြောက်မှုတွေ ရှိခဲ့တယ်လို့ ပြောပါတယ်။
စစ်တွေ၊ ဘူးသီးတောင် နဲ့ မောင်တော ဒေသတဝိုက်မှာ နေထိုင်ကြတဲ့ မူဆလင် အများစုကို ရခိုင် တိုင်းရင်းသား တွေက ဘင်္ဂါလီတွေလို့ ဆိုကြပြီး အဲဒီမူဆလင် တွေကတော့ သူတို့ဟာ ရိုဟင်ဂျာ တွေဖြစ်တယ်လို့ ဆိုပါတယ်။
ညနေပိုင်းမှာတော့ လမ်းပေါ်မှာ စုဝေးနေကြ သူတွေ လူစုခွဲပြီး ပြန်ကုန် ကြပြီလို့ ဦးဝင်းမြိုင်က ဆိုပါတယ်။
သူက အခြေအနေ တည်ငြိမ် နေတဲ့ သဘောမျိုး ပြောပေမယ့် ညမထွက်ရ အမိန့်ထုတ် ထားတဲ့ အချိန်အထိ အင်ဘာလာ ရပ်ကွက်မှာ လူ ၁၀၀ လောက် လုံခြုံရေး အဖွဲ့တွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်နေတယ် လို့ ကိုယ်တိုင် မြင်ခဲ့ရသူ ဦးသိန်းထွန်းအေးက ပြောပါတယ်။
သူတို့က ဒီကလေးဟာ သေဆုံးခဲ့ပြီလို့ ယူဆနေပြီး အလောင်းကို ထုတ်ပေးပါ လို့ တောင်းဆို နေကြ တယ်လို့ သူက ပြောပြပါတယ်။
ဒါ့အပြင် အစိုးရကိုလည်း မူဆလင်တွေဘက် လိုက်တယ်ဆိုပြီး သူတို့က စွပ်စွဲ အော်ဟစ်ခဲ့ကြကြောင်း ပြောပါတယ်။
ပျောက်ဆုံးနေတယ် ဆိုတဲ့ မောင် အောင်နိုင်ဦးဟာ ညနေပိုင်းမှာ သူ့နေအိမ်ကို ပြန်ရောက်လာတာမို့ သူ့ကိုခေါ်ပြီး ထုတ်ပြခဲ့ ပေမယ့် ဒါဟာ အောင်နိုင်ဦး အစစ် မဟုတ်ဘူး ဆိုပြီး လုံခြုံရေး နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ လူအုပ်က လက်မခံ ခဲ့ဘူးလို့ ဒီပဋိပက္ခကို ကူညီ ဖြေရှင်း ပေးနေတဲ့ ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီက စစ်တွေမြို့နယ် ပြည်နယ် လွှတ်တော် အမတ် ဦးအောင်မြကျော် ကပြောပါတယ်။
ဒါပေမယ့် ညမထွက်ရ အမိန့် ရှိတာကြောင့် နောက်ပိုင်းမှာ လူစုခွဲပြီး အိမ်ပြန်ကြ လိမ့်မယ်လို့ ထင်ကြောင်း ဦးအောင်မြတ်ကျော် ကပြောပါတယ်။

http://www.bbc.co.uk/burmese/burma/2012/09/120928_rakhine_tension.shtml

- စစ်တွေမှာ ကောလာဟလကြောင့် ရခိုင်တိုင်းရင်းသားများ ထောင်နဲ့ချီ စုဝေးခဲ့ click
- လက်ရှိ စစ်တွေအခြေအနေ တင်းမာနေ click
- ကောလဟာလကြောင့် စစ်တွေ မငြိမ်သက် click
- စစ်တွေတွင် ရခိုင်လူငယ်တဦး သတ်ဖြတ်ခံရ click
http://drlunswe.blogspot.com/ 

September 25, 2012

ပထမနေ့ ရခိုင်လူထုအစည်းအဝေးကြီး အောင်မြင်စွာပြီးဆုံး

E-mail
RTD Congress  2ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၊ အလိုတော်ပြည့်ကျောင်းတိုက် ဗောဓိသုခဓမ္မာရုံတွင်ပြုလုပ်သော ရခိုင်ဒေသလုံးဆိုင်ရာ လူထုအစည်းအဝေးကြီး ပထမနေ့ကို စက်တင်ဘာ ၂၅ ရက်၊ နံနက် (၇: ၃၀) တွင်စင်ကျင်းပကာ ညနေ ၅ နာရီတွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။
လူထုအစည်းအဝေးတွင် ရခိုင်အရေးကျွမ်းကျင်သူ (၁၆)ဦး၏ ရခိုင်အရေးနှင့်ပတ်သက်သော စာတမ်းများအား ဖတ်ကြားခဲ့ကြပြီး၊ မြို့နယ်(၆)ခုမှ ကိုယ်စားလှယ်များကလည်းသဘောထားအမြင်များတင်ပြခဲ့ကြသည်။
စာတမ်းများဖတ်ကြားရာတွင် ရခိုင်သမိုင်းဖြစ်စဉ်များ၊ ရိုဟင်ဂျာဆိုသည်မှာ သမိုင်းအဆက်ဆက်ကပင် ရခိုင်ပြည်နယ်မှာလုံးဝ မရှိခဲ့ကြောင်း၊ တိုင်းတစ်ပါးမှခိုးဝင်လာသူ ဘင်္ဂလီများနှင့်အတူနေ၍ လုံးဝမဖြစ်နိုင်ကြောင်းကို မီးမောင်းထိုးပြ ထားသလို ယနေ့ရခိုင်လူငယ်များအနေဖြင့် ရခိုင်သမိုင်းဆိုင်ရာ ဖြစ်ရပ်မှန်များကိုသိရှိနားလည်စေသည့် စာတမ်းများဖြစ်သည်။
ယနေ့အစည်းအဝေးတွင် ဆွေးနွေးချက်များအား အားရကျေနပ်မှု ရှိကြောင်းကို ၀ံလက်ဖောင်ဒေးရှင်း ဒါရိုက်တာ ဦးခိုင်ကောင်းစံက "အစိုးရဟာ ဘင်္ဂလီနှင့် အတူနေ၍ရမရဘူးဆိုပေမယ့် workshop ပြုလုပ်တဲ့နည်း၊ စုံစမ်းမေးမြန်းတဲ့နည်းလမ်းနဲ့ လမ်းကြောင်းပေးဆောင်ရွက်နေတာကို တွေ့မြင်ရတယ်၊ ယခုရခိုင်လူထုစည်းဝေးပွဲကြီးက ရခိုင်လူမျိုးတွေဟာ ဘင်္ဂလီနှင့်အတူ ယှဉ်တွဲနေထိုင်ဖို့ လုံးဝမဖြစ်တော့တာကို ရှင်းရှင်းလင်းလင်း သက်သေပြရာရောက်တယ်၊ ဒါကြောင့် ယခုလို လူထုစည်းဝေးပွဲကြီး ပြုလုပ်တာကို အားရကျေနပ်မှုရတယ်၊" ဟုပြောသည်။
ရခိုင်ပြည်သူလူထုတစ်ရပ်လုံးကလည်း ယခုစည်းဝေးပွဲကြီးမှ ဆုံးဖြတ်ချက်သည် ရခိုင်တစ်မျိုးသားလုံး၏ အနာဂတ်အတွက် အသက်တမျှအရေးကြီးသည်ဟုယူဆ၍ အထူးအလေးထားစောင့်မျှော်လျက်ရှိကြသည်။
" ရခိုင်လူထုအနေဖြင့် ယခုအစည်းအဝေးက ရခိုင်တစ်မျိုးသားလုံး ငြိမ်းငြိမ်းချမ်းချမ်းဖြင့် ကိုယ့်မြေကိုယ့်ရေမှာ နေထိုင်နိုင်ရေးအတွက် ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကိုချမှတ်နိုင်မယ်လို့ ယုံကြည်မျှော်လင့်ပါတယ်" ဟု အစည်းအဝေးသို့ လာရောက်နားထောင်သူ ကျောင်းဆရာ ကိုသန်းတင်ကပြောသည်။
အခမ်းအနားအစီအစဉ်အရ ရခိုင်မင်္ဂလာစည်တော်တီး၍ ဦးစိန်သာမှ ဧကပိုဒ်ရတုကို သီဆိုကျူးရင့်ပြီး (၇း၃၀)တွင် အခမ်းအနားစတင်ဖွင့်လှစ်ခဲ့သည်။ (၈းဝဝ)တွင် သဘာပတိမှ အဖွင့်အမှာစကားပြောကြားကာ၊ (၈း၁၅)တွင် ကျင်းပရေးကော်မတီဥက္ကဌက လုပ်ငန်းစဉ်နှင့် ပတ်သက်၍ အမှာစကားပြောကြားခဲ့သည်။
(၈း၃၀)တွင် ဦးလှဘော်အောင်က ဦးဘိုမင်းဖြူ၏ သမိုင်းကပေးသော သင်္ခန်းစာစာတမ်းကို ဖတ်ကြားကာ ဆက်လက်ပြီး (၈း၄၅)တွင် ဦးသိန်းမောင်မှ ရသေ့တောင်မြို့နယ်မှ စုံစမ်းစစ်ဆေးရေးကော်မရှင်သို့ တင်ပြသည့်စာတမ်းကို ဖတ်ကြားခဲ့သည်။
ဦးမောင်ကျော်မြင့်က ဦးမောင်ဘသိန်း(စစ်တွေ)၏ ကိုလိုနီဆိုးမွေခံ ရခိုင်ပြည်နယ်နှင့် စစ်တကောင်းသားတို့၏ နယ်သစ်ချဲ့ရေးထကြွမှုစာတမ်းထဲမှ ကောက်နှုတ်ချက်ကို ဖတ်ကြားတင်ပြသည်။
(၈း၄၅)ထိ အခမ်းအနားသို့ လူ(၅၀၀)ကျော်တက်ရောက်ပြီး လုံခြုံရေးတပ်ဖွဲ့ဝင် (၁၀)ခန့်ရောက်ရှိခဲ့သည်။ (၁၀းဝဝ)နာရီအရောက်တွင် လာရောက်နားထောင်သူပေါင်း ထောင်ကျော်ရှိခဲ့သည်။ ခန်းမအတွင်းကိုယ်စားလှယ် (၃၅၀)ကျော် တက်ရောက်နေပြီး ခန်းမပြင်ဘက်ရှိ ယာယီမဏ္ဍာပ်များ၊ လေးဘက်လေးတန်နေရာကွက်လပ်များ ကျောင်းဆောင်များတွင်လူ (၁၀၀၀)ကျော်ခန့် ရှိခဲ့သည်။
RTD Congress  1
ဟောပြောသူများမှာ သမိုင်းသုတေသီပညာရှင်များမှ ရခိုင်သမိုင်း၊ မြန်မာသမိုင်း၊ နိုင်ငံတကာသမိုင်းများ ကျမ်းအကိုးအကားများဖြင့် အချက်ကျကျတင်ပြနိုင်ကြသဖြင့် ရသေ့တောင်မြို့လူထုများသာမက ကျေးလက်တောရွာများမှပါ ဆက်လက်လာရောက်နေကြသည်။
နေ့လည်ပိုင်းတွင် ရပ်နီးရပ်ဝေးမှ ရခိုင်လူမျိုးများ လူပရိသတ် ထပ်မံရောက်ရှိလာရာ ၂၀၀၀ ကျော်အထိရှိခဲ့သည်။
ထိုသို့ လာရောက်မှု များပြားလာခြင်းမှာ ရန်ကုန်ကတဆင့်လာသူများနှင့် ရသေ့တောင်မြို့နယ်နှင့် အနီးဝန်းကျင်မြို့နယ်များရှိ ရပ်ရွာဒေသများမှ ရခိုင်တို့ မနက်မိုးမလင်းမီကတည်းက စက်လှေများဖြင့် လာကြ၍နောက်ကျမှ ရောက်လာ ခြင်းဖြစ်သည်။
၄င်းတို့အနေဖြင့် ရခိုင်ပြည်တွင် တစ်ပြည်လုံးအတိုင်းအတာနှင့်ယခုကဲ့သို့ လူထုစည်းဝေးပွဲကြီးကျင်းပ ခြင်းအပေါ် ဂုဏ်ယူပါကြောင်း ပေါက်တောမြို့နယ်မှ လာရောက်သည့် အမျိုးသမီးနှစ်ဦးက ပြောသည်။
ရန်ကုန်နှင့်နေပြည်တော်မှပြန်လာသူများအထဲတွင်စစ်တွေမြို့မှရှေ့နေတစ်ဦးဖြစ်သည့် စာရေးဆရာမ ပံသုခင်လည်း ပါ၀င်သည်။
လုံခြံုရေးအနေအထားမှာ တည်ငြိမ်လျက်ရှိပြီး လာရောက်သူများကလည်း စည်းကမ်းရှိရှိငြိမ်းချမ်း ငြိမ်သက်စွာ နားထောင်ခဲ့ကြပြီး လုံခြံုရေးတပ်ဖွဲ့ဝင် (၁၀)ခန့်ရောက်ရှိသည်။
စက်တင်ဘာ ၂၆ ရက်နေ့ နောက်ဆုံးနေ့အစည်းအဝေးတွင် ရခိုင်ရေးရာကျွမ်းကျင်သူပညာရှင်များက ၄င်းတို့၏စာတမ်းများကို ဖတ်ကြားပြီးသည့်နောက် ရခိုင်တစ်မျိုးသားလုံးအတွက် အရေးပါသောဆုံးဖြတ်ချက်များကို ချမှတ်ရတော့မည် ဖြစ်၍ ယနေ့ထက်ပိုမိုများပြားသော စောင့်ကြည့်လေ့လာသူများသည် အစည်းအဝေးသို့ ရောက်လာနိုင်ဖွယ်ရှိကြောင်း သိရှိရသည်။

http://arakantimes.net/burmese/index.php/component/content/article/52-2012-09-25-02-28-56/480-2012-09-25-13-15-53
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India