Showing posts with label KKO. Show all posts
Showing posts with label KKO. Show all posts

September 26, 2012

KKO ဥက္ကဌနှင့် အတွင်းရေးမှူးအား တာဝန်မှ ရပ်ဆိုင်းခဲ့မှုအပေါ် KCM မှ ဗိုလ်ချုပ်စောလားပွယ်အား ရှုတ်ချ

စက်တင်ဘာလ ၂၆ ရက်၊ ၂၀၁၂ ခုနှစ်။ ဖိုးခွါးလေး (ကေအိုင်စီ)

ကလို့ထူးဘောကရင်အစည်းအရုံး-KKO ဥက္ကဌ မန်းရောဘတ်ဘဇန်နှင့် အထွေထွေအတွင်းရေးမှူး စောဂုဏ်အောင်တို့အား နာယက ဗိုလ်ချုပ်စောလားပွယ်က တာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းသည် ကျိုးကြောင်းဆီလျော်မှု မရှိကြောင်း အမေရိကန်ပြည်ထောင်စု အခြေစိုက် ကရင်လူမှုအဖွဲ့မီနီဆိုးတား(KCM) က စက်တင်ဘာလ ၂၂ရက်က သဘောထားကြေညာချက် ထုတ်ပြန်ကာ ရှုတ်ချလိုက်သည်။
ယခုလ စက်တင်ဘာလ ၁၁ရက်နေ့၌ KKO ၏ နာယကဖြစ်သူ ဗိုလ်ချုပ်စောလားပွယ်(ဗိုလ်နှုတ်ခမ်းမွှေး)က ၎င်းတို့နှစ်ဦးအား ပြည်ပနိုင်ငံ သား ခံယူထားသူဖြစ်သောကြောင့် တာဝန်မှ ခေတ္တအနားပေးလိုက်သည်ဟု ထုတ်ပြန်ခဲ့သော်လည်း ၎င်းတို့မဖွဲ့စည်းခင်ကတည်းက ထိုပုဂ္ဂိုလ်များမှာ ပြည်ပနိုင်ငံသားခံယူထားသူများဖြစ်သည်ကို သိလျက်နှင့် ပါ၀င်စေခဲ့သည့်အပေါ် အကြောင်းပြမှုမှာ ဆီလျော်မှု မရှိကြောင်း KCM ၏ ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
၎င်းထုတ်ပြန်ချက်၌ KCM က “စောလားပွယ်၏ လုပ်ဆောင်ချက်သည် ဒီမိုကရေစီကျင့်စဉ်လမ်းကြောင်းနှင့် သွေဖီ၍ စစ်အာဏာရှင်၏ လုပ်ထုံးလုပ်နည်းအတိုင်း လုပ်ဆောင်ခြင်းဖြစ်ပြီး ယင်းလုပ်ရပ်ကြောင့် DKBA နှင့် KKO တို့အပေါ် အားပေးထောက်ခံကြသည့် ပြည်တွင်း ပြည်ပရှိ နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများ၏ ယုံကြည်မှုကို ဖျက်ဆီးလိုက်ခြင်းဖြစ်သည်”ဟုလည်း ထည့်သွင်းဖော်ပြထားသည်။
ဗိုလ်ချုပ်စောလားပွယ်သည် ၂၀၁၁ ရွေးကောက်ပွဲကို ဆန့်ကျင်ပြီး ပြည်သူဘက်မှ ရပ်တည်ခဲ့သည့်အပေါ် KCM အနေဖြင့် အပြည့်အဝ ထောက်ခံခဲ့သကဲ့သို့ မန်းရောဘတ်ဘဇန်အား ဗိုလ်ချုပ်စောလားပွယ်မှ ၎င်းတပ်ဖွဲ့အား နိုင်ငံရေး ဦးဆောင်မှုပေးရန် တောင်းဆိုမှုကိုလည်း သဘောတူခဲ့သည်ဟု KCM က ပြောသည်။
ပြီးခဲ့သည့်အပတ်က ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ပြုလုပ်သော တိုင်းရင်းသားအဖွဲ့ပေါင်းစုံ အစည်းအဝေးတစ်ခုအား တက်ရောက်ခဲ့သည့် ၎င်းတို့နှစ်ဦးအား တာဝန်မှ ရပ်ဆိုင်းလိုက်ခြင်းသည် အကြောင်းပြချက်တစ်ခုသာဖြစ်ပြီး တိုင်းရင်းသားစည်းလုံးညီညွှတ်ရေးနှင့် စစ်မှန် သော ဖက်ဒရယ်ပြည်ထောင်စု ပေါ်ပေါက်ရေးထက် စစ်အစိုးရ မငြိုငြင်ရေးကိုသာ စောလားပွယ်က အလေးထားသည်ဟုလည်း KCM က ဆိုသည်။
လက်ရှိတွင် စောလားပွယ်နှင့် DKBA တပ်မှူးအချို့အပေါ် စစ်အစိုးရမှ တစုံတရာ သွေးထိုးလှုံ့ဆော်ခြင်း စစ်ရေး နိုင်ငံရေးအရ ဖိအားပေး ခြင်းများအပြင် တပ်ဖွဲ့အတွင်း ရန်သူ၏ ထိုးဖောက်ဝင်ရောက်မှုမျာလည်းရှိနေပြီဟု ယုံကြည်ကြောင်းလည်း KCM ကြေညာချက်က ပြော ဆိုထားသည်။
KCM ၏ ထုတ်ပြန်ချက်နှင့် ပတ်သက်၍ မန်းရောဘတ်ဘဇန်နှင့်အတူ တာဝန်မှ ရပ်ဆိုင်းခံရသူ စောဂုဏ်အောင်အား ကေအိုင်စီမှ ဆက် သွယ်မေးမြန်းရာ ၎င်းအနေဖြင့် လက်ရှိအချိန်တွင် တစုံတရာ မှတ်ချက်မပေးလိုကြောင်း တုန့်ပြန်ပြောဆိုခဲ့သလို အမေရိကန် အခြေစိုက် KCM အလုပ်အမှုဆောင်တစ်ဦးထံ ဆက်သွယ်မေးမြန်းခဲ့ရာ တစုံတရာ ဖြေကြားခြင်းမရှိဘဲ ဖုန်းချခဲ့သည်။
KCM ကို မန်းရောဘတ်ဘဇန် အပါအဝင် အမေရိကန်ပြည်ထောင်စု၊ မေနီဆိုးတားပြည်နယ်ရောက် ကရင်ခေါင်းဆောင်အချို့က ၂၀၀၃ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။

http://www.kicnews.org/?p=13451

September 12, 2012

KKO ဗဟိုကော်မတီဝင် နှစ်ဦး တာဝန်မှ ယာယီရပ်ဆိုင်းခံခဲ့ရ

စက်တင်ဘာလ ၁၂ရက်၊ ၂၀၁၂ခုနှစ်။ နန်းသူးလေ (ကေအိုင်စီ)

ကလို့ထူးဘောကရင်အစည်းအရုံး(KKO)၏ နာယက ဗိုလ်ချုပ်စောလားပွယ်က အနာဂတ် နိုင်ငံရေးလုပ်ငန်းစဉ်များကို တရားဥပဒေနှင့်အ ညီ ရှေ့ဆက်လုပ်ဆောင်သွားရန် KKO ဥက္ကဌနှင့် အထွေထွေအတွင်းရေးမှူးတို့အား စက်တင်ဘာလ ၁၁ရက်မှစတင်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းလိုက်ကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့သည်။
KKO ကို နိုင်ငံတော်မှ အသိအမှတ်ပြုပြီး တရားဝင်မှုရှိစေရေး ပါတီမှတ်ပုံတင်ရန် လိုအပ်ရာတွင် ဗဟိုကော်မတီဝင် နှစ်ဦး ဖြစ်သည့် ဥက္ကဌ မန်းရောဘတ်ဘဇန်နှင့် ဦးသောမတ်(ခေါ်)စောဂုဏ်အောင်တို့သည် ပြည်ပနိုင်ငံသား ခံယူထားခြင်း၊ အဖွဲ့အစည်း၏ မူဘောင်များကို ကျော်လွန်၍ လုပ်ဆောင်မှု ပြုနေခြင်းတို့ကြောင့် အဖွဲ့၏ဥပဒေအရ ရပ်ဆိုင်းလိုက်ရခြင်းဖြစ်ကြောင်း KKO နာယက ဗိုလ်ချုပ်စောလားပွယ် (ဗိုလ်နှုတ်ခမ်းမွှေး)က ပြောသည်။
ဗိုလ်ချုပ်စောလားပွယ်က “တရားဥပဒေအပေါ်မှာပဲ အခြေခံပြီး လုပ်လိုက်တာပါ။ ဘယ်သူကမှလည်း ဥပဒေကို လွန်ဆန်လို့ မရပါဘူး။ ဒါကြောင့် လုပ်သင့်တဲ့အတွက် ဒီလိုထုတ်ပြန်လိုက်တာပါ။ အများပြည်သူရဲ့ လိုအင်ဆန္ဒနဲ့ သဘောထားတွေအရလည်း လုပ်ဆောင်ရ တာပဲ ဖြစ်ပါတယ်”ဟု ကေအိုင်စီသို့ ပြောသည်။
ဗိုလ်ချုပ်စောလားပွယ်၏ ထုတ်ပြန်ကြေညာချက်ထဲတွင် ယခုနှစ် စက်တင်ဘာလ ၈ရက်နေ့ ဆုံဆည်းမြိုင်ကျေးရွာ၌ မန်းရောဘတ်ဘဇန် နှင့် ဦးဂုဏ်အောင်တို့ တာဝန်ခံပြုလုပ်သည့် ကျေးနယ်အဆင့် လူထုရွေးချယ်တင်မြှောက်ပွဲတွင် သဘောမမျှမှုကြောင့် ခိုက်ရန်ဖြစ်ပွားခြင်း၊ သေနတ်ပစ်ဖောက်ခြင်းများ ဖြစ်ခဲ့၍ နဂိုရှိပြီးသား တည်ငြိမ်မှု ပျက်ပြားခဲ့ရကြောင်းလည်း ဖော်ပြထားသည်။
၎င်းကိစ္စနှင့် ပတ်သက်၍ အမည်မဖော်လိုသူ KKO ဗဟိုကော်မတီဝင်တဦးက “ကျေးနယ်အဆင့် အုပ်ချုပ်မယ့် လူကြီးရွေးကောက်ပွဲမှာ ဒေသခံတွေက ရွေးချယ်လိုက်တဲ့ လူကြီးအသစ်ကို အရင်အုပ်ချုပ်တဲ့ လူကြီးအဟောင်းက နေရာမပေးချင်ဘူးလေ။ ဖြစ်ချင်တော့လည်း ကျေးရွာကာကွယ်ရေးအတွက်ဆိုပြီး သူ့ကို လက်နက်အနည်းငယ် ပေးထားတာ ရှိတယ်။ အဲဒါ သူက နေရာမဖယ်ပေးချင်လို့ ပစ်ခတ်မှု အနည်းငယ် ဖြစ်သွားတာပါ”ဟု ပြောဆိုသည်။
တစ်ဆက်တည်း၌ပင် မန်းရောဘတ်ဘဇန်နှင့် စောဂုဏ်အောင်တို့သည် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ကျင်းပပြုလုပ်မည့် အစည်းအဝေးပွဲ တစ်ခုသို့ တက်ရောက်ရန် ၎င်းတို့နှစ်ဦးသဘောဖြင့် စက်တင်ဘာလ ၉ရက်နေ့က ထွက်ခွာသွားခဲ့ခြင်းမှာ တရားဥပဒေကို မလိုက်နာခြင်း ဖြစ်သောကြောင့် တာဝန်မှ ယာယီရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်းလည်း KKO ကြေညာချက်တွင် ပါရှိသည်။
၎င်းထုတ်ပြန်ချက်နှင့်ပတ်သက်၍ တာဝန်မှ ယာယီ ရပ်ဆိုင်းခံရသူ KKO ဥက္ကဌ မန်းရောဘတ်ဘဇန်က “အသက်လည်း ကြီးပြီဆိုတော့ နားသင့်ပြီလို့ ထင်တဲ့အတွက် ကျေးဇူးတင်တယ်။ ဒါပေမဲ့ ယာယီ ရပ်ဆိုင်းတာ မလုပ်ပါနဲ့။ ထာဝရရပ်လိုက်ပါလို့ ဗိုလ်မှူးမိုရှေးကို ကျနော် ပြောလိုက်ပါတယ်။ ကျနော်လည်း လုပ်ချင်လွန်းလို့ မဟုတ်ပါဘူး။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက ၂နှစ်အတွင်း ၀ိုင်းကူပါလို့ ဗိုလ်ချုပ်နှုတ် ခမ်းမွှေးက တောင်းဆိုလို့ လက်ခံခဲ့တာပါ”ဟု ပြောသည်။
ယင်းကဲ့သို့ ယာယီရပ်ဆိုင်းခြင်းအပေါ် ဗိုလ်ချုပ်စောလားပွယ်မှ ၎င်းအား တိုက်ရိုက် အကြောင်းကြားလာခြင်း မရှိသေးသလို ရှေ့ဆက် လုပ်ဆောင်သွားရမည့်ကိစ္စများကို ရဲဘော်များ၊ ဗဟိုကော်မတီဝင်များနှင့် နာယက အဖွဲ့ဝင်များမှ စဉ်းစားဆုံးဖြတ်လိမ့်မည်ဟု ယုံကြည် ကြောင်း မန်းရောဘတ်ဘဇန်က ဆက်ပြောသည်။
DKBA လက်အောက်ခံ ကလို့ထူးဘော ကရင်အစည်းအရုံး-KKO သည် အများအကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် ၂၀၁၂ခုနှစ်၊ ဧပြီလ ၂ရက်နေ့က စတင် ဖွဲ့စည်းခဲ့သည်။

http://www.kicnews.org/?p=13328

KKO နာယကနှင့် ဥက္ကဋ္ဌတို့ သဘောထား ကွဲလွဲ

KKO_DKBAကလို့ထူးဘော ကရင် အစည်းအရုံး (KKO) နာယက စစ်ဦးစီးချုပ် ဗိုလ်ချုပ် စောလားဖွယ် (ဗိုလ်နှုတ်ခမ်းမွေး) သည် ၄င်းတို့၏ ဥက္ကဋ္ဌနှင့် အတွင်းရေးမှူး နှစ်ဦးအား တာဝန်မှ ယာယီ ရပ်ဆိုင်း လိုက်သည်ဟု DKBA မှ ဒု-စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ် စောမိုရှေးက ဆိုပါသည်။  
“ကျွှန်တော်တို့ KKO ကို တရားဝင် နိုင်ငံရေး ပါတီအဖြစ် မှတ်ပုံတင်ဖို့ ရှိပါတယ်။ သူတို့ နှစ်ဦးက တစ်ဖက် နိုင်ငံသား အဖြစ် ခံယူ ထားသလို အခု ချင်းမိုင်မှာ ကျင်းပတဲ့ တိုင်းရင်းသား ညီလာခံကိုလည်း တက်မယ် ဆိုတော့ မူအရ ချိုးဖောက်တာ ဖြစ်လို့ ဦးစီးချုပ်က သူတို့ကို တာဝန်ကနေ ယာယီ ရပ်ဆိုင်း လိုက်တာပါ” ဟု ဆိုပါသည်။
KKO ဥက္ကဋ္ဌသည် မန်းရောဘတ်ဇန် ဖြစ်ပြီး အထွေထွေ အတွင်းရေးမှူးသည် ဦးသောမတ် (ခ) ဦးဂုဏ်အောင် တို့ ဖြစ်ပါသည်။ ၄င်းတို့ကို တာဝန်မှ ယာယီ ရပ်ဆိုင်း လိုက်သည့် ကြေညာချက်ကိုလည်း စက်တင်ဘာလ (၁၁) ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန် ထားပါသည်။
ယာယီ တာဝန် ရပ်ဆိုင်းခြင်းသည် နောင်ကျင်းပမည့် KKO ၏ ပုံမှန် အစည်းအဝေး ကျင်းပသည် အထိ သက်ရောက်မှု ရှိသည်ဟု ဆိုပါသည်။ ဤအစည်းအဝေးသို့ တက်ရောက်ခွင့် ရှိပြီး အသစ်ပြန်လည် ရွေးချယ်ခွင့် ရှိသည်ဟု ဗိုလ်မှူးချုပ်က ဆိုပါသည်။ ဥပဒေ အရ ချိုးဖောက်ခဲ့မှုကြောင့် ယာယီ တာဝန် ရပ်ဆိုင်းမှုသာ ဖြစ်ပြီး အခြား အရေးယူဖွယ် မရှိသေးဟု စစ်ဦးစီးချုပ် စောမိုရှေးက ပြောပါသည်။
Saw_lar_bwe_pressကော်သူးမွဲခီး စခန်း၌ မူးယစ်ရာဇာ မဟုတ်ကြောင်း သတင်းစာ ရှင်းလင်းပွဲ လုပ်နေသည့် ဗိုလ်ချုပ် စောလားဗွယ် (ဓါတ်ပုံ - ဒီကေဘီအေ)
 Klohhtoobor Karen Organization (KKO) အဖြစ်သို့ ၂၀၁၂ခုနှစ် ဧပြီလ (၄) ရက်နေ့တွင် ကရင်ပြည်နယ် မြဝတီမြို့နယ် ဆုံဆည်းမြိုင် ရွာထိပ်ရှိ ကော့သူ မွဲခီး စခန်း၌ ကျင်းပသော (DKBA) တပ်မှူးများ အစည်းအဝေးမှ ဖွဲ့ခဲ့ခြင်းဖြစ်ပါသည်။
ဗိုလ်ချုပ် စောလားဖွယ်သည် DKBA တပ်ဖွဲ့မှ ဖြစ်ပြီး ၂၀၁၀ ခုနှစ် နိုဝင်ဘာလတွင် အစိုးရ၏ နယ်ခြား စောင့်တပ် အစီစဉ်ကို လက်မခံသဖြင့် ခွဲထွက်ခဲ့ပါသည်။ ၂၀၁၂ ခုနှစ် ဆန်းပိုင်းတွင် အစိုးရနှင့် (၃) ကြိမ် ဆွေးနွေးပြီး အပစ်အခတ် ရပ်စဲခဲ့သော အဖွဲ့ဖြစ်ပါသည်။

 http://www.phophtaw.org/burmese/index.php/news/local-news/2112-kko-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India