September 4, 2012

ရခိုင်လွတ်မြောက်ရေးပါတီ ပထမဆုံး ဆက်ဆံရေးရုံးဖွင့်လှစ်

စက်တင်ဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၂၉ မိနစ်
အီးမေးလ်ပို့ရန် ပရင့်ထုတ်ရန် PDF ဖိုင်ရယူရန်

စစ်တွေ (မဇ္ဈိမ) ။        ။ ငြိမ်းချမ်းရေးဆွေးနွေးမှုများ အစိုးရနှင့် လုပ်ကိုင်လျက်ရှိသော ရခိုင်ပြည်လွတ် မြောက်ရေး ပါတီ (ALP) ၏ ဗွေဆော်ဦး ဆက်ဆံရေးရုံးတခုကို ရခိုင်ပြည်နယ် ကျောက်တော်မြို့တွင် တနင်္လာနေ့က ဖွင့်လှစ် လိုက်သည်။

ရခိုင်ယဉ်ကျေးမှုအဖွဲ့ဝင်များ အပါအဝင် လူ ရ၀၀ ခန့်တက်ရောက်သော ဆက်ဆံရေးရုံးဖွင့်ပွဲကို ALP ပါတီ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့် နယ်စပ်ဒေသရေးရာဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းနှင့် ပြည်နယ်ဥပဒေချုပ် ဦးလှသိန်းတို့ တက်ရောက် ဖဲကြိုးဖြတ်ခဲ့ကြသည်။
alp
ALP ပါတီ ဆက်ဆံရေးရုံးဖွင့်ပွဲ အခမ်းအနားအား လူ ရ၀၀ ခန့်တက်ရောက် (ဓါတ်ပုံ သိန်းလှိုင်/မဇ္စျိမ)
ပြည်ထောင်စုအဆင့် ဆွေးနွေးခြင်း အပါအဝင် ရခိုင်ပြည်သူ့ဘဝ မြင့်မားလာစေရေးဆောင်ရွက်သည့်နေရာတွင် နီးကပ်စွာ အထောက်အကူပေးနိုင်ရန် ရည်ရွယ်သည်ဟု ဆက်ဆံရေရုံးဖြစ်မြောက်ရေး အဖွဲ့ခေါင်းဆောင် ဦးခိုင်အောင်စိုးသန်းက ပြောသည်။

သမ္မတဦးသိန်းစိန် အစိုးရလက်ထက် ဧပြီ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ အစိုးရနှင့် ALP ငြိမ်းချမ်းရေးဆွေးနွေးပွဲများ
ပြုလုပ်ခဲ့သည်။

ဗိုလ်မှူးကြီးထိန်လင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့်ALP အကြား ဧပြီလ ငြိမ်းချမ်းရေး သဘောတူညီချက်အရ ဆက်ဆံရေးရုံး ဖွင့်လှစ်ခဲ့နိုင်ခြင်း ဖြစ်ကြောင်းနှင့် ပြည်ထောင်စုအဆင့် ဆွေးနွေးပွဲများ ဖြစ်ပေါ်ရေး ကြိုးစား
ဆောင်ရွက်သွားမည်ဟု ပြောသည်။

ALP သည် ရခိုင်ပြည်လွတ်မြောက်ရေးအတွက် ၁၉၆၇ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပြီး၊ ၁၉၇၄ မှစ၍ လက်နက်ကိုင်လမ်းစဉ်ဖြင့် ပြည်သူ့လွတ်မြောက်ရေး ဆောင်ရွက်ခဲ့သည်။
 
http://www.mizzimaburmese.com/news/breaking-newsbrief/10020-2012-09-03-12-00-32.html

KNU နှင့် အစိုးရ ကိုယ်စားလှယ်တို့ နေ့လည် ၁၂နာရီအထိ ဆွေးနွေးချက်

3 September 2012
စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ ခုနှစ်။ နန်းဖော့ဂေ သတင်းပေးပို့ချက် (ကေအိုင်စီ)
ဆွေးနွေးပွဲကို ခဏနားပြီး မနက် ၁၀ ကျော်မှာ ဆွေးနွေးပွဲ ပြန်စတယ်။ KNU က တင်ပြတဲ့ Code of Conduct လိုက်နာရမယ့် ကျင့်ဝတ်တွေကို အသေးစိတ် ဆွေးနွေးကြတယ်။ သူတို့ ဆွေးနွေးနေတာ နေ့လည်ပိုင်းအထိ တဝက်တောင် ရောက်နေပြီ။ နေ့လည် ၁၂နာရီမှာ ဆွေးနွေးပွဲကို ရပ်နားပြီး ဇွဲကပင်ဟိုတယ်မှာ နေ့လည်စာ သုံးဆောင်ခဲ့ကြတယ်။
မနက်ကနေ နေ့လည်ပိုင်းအထိ ဆွေးနွေးသွားတဲ့ အကြောင်းအရာတွေကတော့ Code of Conduct အောက်မှာ ဆိုလို့ရှိရင် နယ်မြေစိုးမိုးရေးကိစ္စတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုတွေ၊ ပြည်တွင်းဒုက္ခသည် (IDP)ရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်တွေ စတာတွေ အသေးစိတ် အပြန်အလှန် ညှိနှိုင်းကြတယ်။ ဆွေးနွေးတာက မပြီးပြတ်သေးဘူး။ ဆွေးနွေးဆဲပဲ ရှိသေးတယ်။ နောက် ဘာမှတော့ မဆုံးဖြတ်ရသေးဘူး။
KNU နှင့် အစိုးရကိုယ်စားလှယ်တွေဟာ မွန်းလွဲ ၁ နာရီကျော်မှာ ဆွေးနွေးပွဲ ပြန်လည်စတင်ခဲ့ကြတယ်။ ဆက်လက် ဖော်ပြပါအုံးမည်။

http://www.kicnews.org/?p=13201

တောင်ပိုင်း ဝ တပ် လုံခြုံရေးတင်းကျပ် ဒေသခံများအခက်တွေ့

03 September 2012 18:24 သျှမ်းသံတော်ဆင့်
E-mail Print
UWSA တောင်ပိုင်း ဝ တပ်ဖွဲ့ အခြေချလှုပ်ရှားသည့် သျှမ်းပြည်တောင်ပိုင်း မိုင်းတုံမြို့နယ် အတွင်း၌ ယခင်ကထက် လုံခြုံရေး ချထားကာ လမ်းသွားလမ်းလာဒေသခံများ စစ်ဆေးသည့်အပြင် ဖမ်းဆီးချုပ်နှောင်မှု လည်း ရှိနေသည်ဟု နယ်စပ်ရောက် မိုင်းဟန်ဒေသခံတဦးက ပြောပါသည်။
UWSA-headquater
UWSA ဝ တပ်ဖွဲ့

“နားကောင်းမူး နဲ့ မိုင်းတုံကြားက မိုင်းဟန်ရွာမှာ သုံးနေရာတောင် စောင့်တယ်။ ၂၇ ရက်နေ့တုန်းက နမ့်ဟန်ချောင်း ဆင်းတဲ့ ဒေသခံတဦးကို ဖမ်းသွားသေးတယ်။ အခု လယ်ဆင်းဖို့ သွားလာဖို့ ဆိုလဲ သူတို့ စစ်ဆေးဖမ်းဆီးမှာကို စိုးရိမ် လို့ သိပ်အသွားအလာမလုပ်ရဲဘူး။ မိုင်းဟန်အပြင် နားပါကောဝ်မှာလဲ စောင့်တယ်။” - ဟု နားကောင်းမူးဒေသခံ တဦးက ပြောပါသည်။

သံလွင်အရှေ့ခြမ်း ပုံပါကျင်မြို့နယ်ခွဲ မိုင်းဟန် ကျေးရွာအတွင်း၌ နံနက်ခြောက်နာရီမှာ ညနေမိုးချုပ်သည့် အထိတောင် ပိုင်း ဝ တပ်ဖွဲ့ အုပ်စုခွဲ၍ သုံးနေရာ ချကာ လမ်းသွားလာသူများအား ခေါ်ယူစစ်ဆေးကြောင်း၊ မသင်္ကာသူများလည်း ဖမ်းဆီးချုပ်နှောင်ပြီး မိုင်းဆတ်မြို့တောင်ဘက်ရှိ ဝမ့်ဟုန့်ဌာနချုပ် ပို့ဆောင်ကြောင်း၊ ထို့အတွက်ကြောင့်ဒေသခံများ ဖြတ် သန်းသွား လာခြင်းမပြုရဲ ကြောင်း၊ သျှမ်းစစ်သားဆံပင်ပုံရှိသူများ ကိုပါမကျန် ဖမ်းဆီး ကြသဖြင့် လူငယ်များ လည်း သွားလာနေထိုင်မှု လွတ်လပ်မှုမရှိကြောင်း၊ ဝမ်းရေးအတွက် လယ်၊ ယာဆင်းရန် အခက်အခဲဖြစ်နေ ကြောင်း မိုင်းဟန် ဒေသခံများက ပြောကြားပါ သည်။

“ ဝ တွေလုံခြုံရေးတိုးချပြီးနောက်ပိုင်း မြို့ထဲမှာ နေ့စားအလုပ်လာလုပ်တဲ့ ဝ လူထုလဲ မြို့ထဲမဆင်းတော့ဘူး။   လမ်းမှာ ဖြတ်သန်းသွား လာ သူတိုင်းကို ခေါ် ယူစစ်ဆေးတယ်။ ဆံပင်နီဆိုးထားတဲ့ လူငယ်တော်တော်များများ အနက်ပြန်သွားဆိုးကြရတယ်။  မသင်္ကာရင်ဖမ်းတယ်။ သူတို့ဖမ်းသွားတဲ့ မိုင်းဟန်ဒေသခံ စိုင်းအူကို အဲဒီနေ့မှာဘဲ ပြန်လွတ်ပေး တယ်။ အခု တရုတ်အမျိုးသား တဦး ကျန်နေသေးတယ် မလွှတ်ပေးသေးဘူးလို့ ကြားတယ်” - ဟု ပုံပါကျင် ဒေသခံတဦးက ပြောပါသည်။

ဩဂတ်စ် ၂၇ ရက်နေ့ နမ့်ဟန်ချောင်းဘေး ဟင်းသီးဟင်းရွက်ထွက်ရှာသည့် စိုင်းအူအား ဆာလာအိတ်ဖြင့်ခေါင်းစွပ်၊ လက်ထိပ်ခတ်ပြီး ဖမ်းဆီးသွားကြောင်း၊ အထက်အမိန့်အရ ဖမ်းဆီးရခြင်းဖြစ်ကြောင်း၊ စစ်ဖက်လုံခြုံရေး နှင့် ရပ်မိရပ်ဖ တို့၏ လိုက်လံပြောဆိုပေးမှုကြောင့် ဘတ်ငွေ၆၀၀၀ ဖြင့် အာမခံပေးမှသာ အဆိုပါနေ့ ညပိုင်း၌ ပြန်လွှတ်ပေးခဲ့ကြောင်း မိသားစု နှင့် နီးစပ်သူတဦးက ပြောပါသည်။

တောင်ပိုင်း ဝ တပ်ဖွဲ့၊ ဝ လူထု နှင့် ဒေသခံ သျှမ်းမိသားစုများ ဆက်ဆံရေးတွင် ပြဿနာတစုံတရာမရှိကြောင်း၊ သျှမ်းလူငယ်များ ၀ အမျိုးသမီးများနှင့်အိမ်ထောင်ပြုသကဲ့သို့၊ ဝ အမျိုးသားများလည်း ဒေသခံအမျိုးသမီးတို့နှင့်အိမ်ထောင်ပြုကြကြောင်း ပုံပါကျင်ဒေသခံ တဦးက ပြောပါသည်။

“အများအားဖြင့်တော့ ၀ လူထုက မြို့ထဲဆင်းရင် တစ်ရက်ဘတ် ၁၅၀ နဲ့ အငှားလုပ်သားလာလုပ်တယ်။ တင်းမာမှု ဖြစ်လာ တဲ့ နောက်ပိုင်း အလုပ် လာမလုပ်ကြတော့ဘူး။” ဟု ၎င်းကဆက်လက်ပြောပြသည်။

သျှမ်းပြည်တပ်မတော် နှင့် တောင်ပိုင်း ဝ တပ်ဖွဲ့တို့ သျှမ်းပြည်တပ်မတော်၏ ဒုက္ခသည်အရေးကြောင့် တင်း မာမှုရှိခဲ့ သည့် နောက်ပိုင်း ယခုကဲ့သို့ ဝ တပ်ဖွဲ့ လုံခြုံရေးတင်းကျပ်လာခြင်းဖြစ်ကြောင်း ဒေသခံအကြီးအကဲများကပြောကြား ပါသည်။
http://www.burmese.panglong.org/news/85-2008-08-01-03-14-40/3450-2012-09-03-11-29-12.html

ပလောင်ဒေသအအတွင်း ကေအိုင်အေ နှင့် တိုက်ပွဲ အစိုးရတပ် ၄ ဦးသေ

03 September 2012 18:29 သျှမ်းသံတော်ဆင့်
E-mail Print
သျှမ်းပြည်မြောက်ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်း ကေအိုင်အေ နှင့် အစိုးရတပ်တိုက်ပွဲ သောကြာနေ့ က ဖြစ်ပွားရာ မှာ အစိုးရတပ် စစ်ဗိုလ်တဦးအပါအဝင် ၄ ဦး သေဆုံးကြောင်း ဒေသခံ သတင်းရပ်က  ပြောပါသည်။
KIA_soldiers_in_the_forest
ကေအိုင်အေတပ်မတော်သားများ

“လွယ်မောက် မှာ တခါ ဖြစ်တယ်။ မန့်ထတ်စက် မှာ တခါဖြစ်တယ်။ တရက်ထဲဘဲ။ သေကြေဒဏ်ရာရတာများတယ်။ အစိုးရတပ်က နှစ်ပွင့် ဗိုလ်တောင်ပါတယ်။ သေတဲ့စာရင်းထဲမှာ” - ဟု မန်တုံဒေသခံ သျှမ်းအမျိုးသား စိုင်းညီ ကပြောပါသည်။

ဩဂတ်စ် ၃၁ ရက် ၌ မြန်မာအစိုးရတပ် ခမရ ၅၀၂ နှင့် ကေအိုင်အို ပူးပေါင်း မဟာမိတ်တပ်ဖွဲ့တို့  သျှမ်းပြည်မြောက် ပိုင်း ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ မန်တုံမြို့နယ် လွယ်မောက်ဒေသအတွင်း တိုက်ပွဲ ဖြစ်ပွားရာမှာ အစိုးရ တပ်ဘက် ၄ ဦး သေဆုံးကြောင်း၊ ဒဏ်ရာရရှိသူများအနက် လားရှိုး စစ်ဆေးရုံတို့ ပို့ဆောင်ကုသရာမှာ ယမန်နေ့က တဦးထပ်မံသေဆုံးကြောင်း၊ အဆိုပါသေဆုံးသူများအနက် အစိုးရ၏ ဗိုလ် တယောက်ပါဝင်ဝင်ကြောင်း လားရှိုးမြို့ မြန်မာစစ်တပ်အသိုင်းအဝိုင်းက ပြောပါသည်။

“ကချင် တို့ ပူးပေါင်းတပ်က မိုးမိတ်ဘက်ကနေ တက်လာပြီး ဒီဘက်မှာ လာလှုပ်ရှားတာ။ မန့်ထတ်စက်အနားမှာ ဖြစ်တဲ့ တိုက်ပွဲက နှစ်ဘက်စလုံးဒဏ်ရာရတာများတယ်။ သေတဲ့ စာရင်းတော့မသိဘူး” - ဟု နမ္မတူရောက် မန်တုံဒေသခံ တဦး ပြောပါသည်။

အဆိုပါဒေသအတွင်း သျှမ်းပြည်တပ်မတော် (SSPP/SSA) ၊ ပလောင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် TNLA နှင့် ကချင်လွတ်လပ်ရေးတပ်မတော် KIA တို့ ပူးပေါင်းလှုပ်ရှားနေသည်ဟု ညီညွှတ်သောတိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီက သတင်းထုတ်ပြန်ဖူးသော်လည်း ဆိုင်ရာအဖွဲ့အစည်းများကမူ အတည်ပြုချက်မပေးပေ။

သျှမ်းပြည်မြောက်ပိုင်း နမ္မတူ၊ သိန္နီ၊ ကွတ်ခိုင်၊ မန်တုံ၊ မူစယ်၊ နမ့်ခမ်းမြိုနယ်များအား အစိုးရတပ်က စစ်တလင်းဒေသ အဖြစ် လျှို့ဝှက်သတင်းထုတ်ပြန် ထားသည်ဆိုသည့်သတင်းထွက်ရှိနေသကဲ့သို့ တိုင်းရင်းသားလက်နက် ကိုင်တပ်ဖွဲ့ များ နှင့်လည်း မကြာခဏတိုက်ပွဲဖြစ်ပွားသောကြောင့် ဒေသခံများ စစ်ဘေးစစ်ဒဏ်အလူးအလဲ ခံစားရသည်ဟု ဒေသ အတွင်း လူ့အခွင့်အရေးလှုပ်ရှားသူ လူငယ်များကပြောပါသည်။
http://www.burmese.panglong.org/news/86-2008-08-01-03-20-45/3451-2012-09-03-11-32-19.html

ပလောင် (တအာင်း)ဒေသ၌ ထိုးစစ်ပြင်းထန်နေ

PNLO_war_009အစိုးရ တပ်ဖွဲ့များသည် ပလောင်ပြည် လွတ်မြောက်ရေး အဖွဲ့ လှုပ်ရှားနေသော ရှမ်းပြည် မြောက်ပိုင်း နမ့်ဆန်မြို့နယ်၊ မန်တုံမြို့ နယ်နှင့် ကွက်ခိုင်မြို့နယ်တို့တွင် အင်အား တထောင်ကျော်ဖြင့် ထိုးစစ်ဆင်နေသည်ဟု ပလောင်အမျိုးသား လွတ်မြောက်ရေး တပ်ဦး ဥက္ကဌ မိုင်းအိုက်ဖုန်းက ပြောပါသည်။
 “အဓိကတော့ ရှမ်းပြည်မြောက်ပိုင်းမှာ ရှိတဲ့ကျနော်တို့နဲ့ ကချင်တပ်တွေ ရှမ်းတပ်ဖွဲ့တွေကို ရှင်းပစ်ဖို့ ထိုးစစ်ဆင်နေတာပါ။ ပြည်သာယာ စစ်ဆင်ရေးလို့ နာမည်ပေးထားပြီး မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံက တဆင့် ဒီနာမည်နဲ့ ထိုးစစ် ဆင်နေတာဖြစ်တယ်။ ဒီလို စစ်ဆင်ရေးမျိုးက ကျနော်တို့အတွက် မဆန်းပါဘူး” ဟု ဆိုပါသည်။
၄င်းဒေသတွင် ကေအိုင်အေ တပ်မဟာ (၄) လက်အောက်ခံ တပ်ရင်း (၃၄)၊ ပလောင်(တအာင်း) အမျိုးသား လွတ်မြောက်ရေးတပ်ဦး လက်အောက်ရှိ တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် ( TNLA ) မှ တပ်ရင်း (၂၅၆) တပ်ဖွဲ့ နှင့် ရှမ်းပြည်တိုး တက်ရေးပါတီ SSPP/SSA မှ လှုပ်ရှားတပ်များ တည်ရှိသည့်နေရာဖြစ်ပါသည်။
ဤစစ်ဆင်ရေးကို မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ပြည်သာယာ စစ်ဆင်ရေးဖြင့် ဗျူဟာ (၄) ခုတိုးချဲ့ကာ တပ်ရင်းပေါင်း (၁၆) ရင်း၊ (လူအင်အား ၁၅၀၀) ခန့်ဖြင့် နမ့်ဆန်မြို့နယ်၊ ကွက်ခိုင်မြို့နယ်နှင့် မန်တုံမြို့နယ်သို့ ပြီးခဲ့သည့် သြဂုတ်လ ဒုတိယပတ်ကပင် ထိုးစစ်ဆင်ခဲ့သည်။
 သြဂုတ်လ ၂၈ ရက်နေ့တွင် ပလောင် တီအန်အယ်အေ တပ်ရင်း (၂၅၆) တပ်ဖွဲ့နှင့် ကချင် ကေအိုင်အေ တပ်ရင်း (၃၄) တပ်ဖွဲတို့က ပူးတွဲပြီး ကျောက်မည်မြို့ အခြေစိုက် ခမရ (၅၀၁) တို့နှင့် နမ့်ဆန်ခရိုင် မန်တုံမြို့နယ်တွင် စတင်တိုက်ပွဲ ဖြစ် ပွားခဲ့ပါသည်။
သြဂုတ်လ ၃၀ ရက်နေ့တွင် နမ့်ဆန်မြို့နယ်တွင် နောင်ချိုအခြေစိုက် တပ်ရင်း (၁၁၄) နှင့် ပလောင် တီအန်အယ်အေတပ် ရင်း (၂၅၆) တပ်ခွဲတို့က မိနစ် (၂၀) ခန့် ရင်ဆိုင် တိုက်ပွဲငယ် တစ်ခု ဖြစ်ပွားခဲ့သည်။
PNLO_02_war_00912သြဂုတ်လ ၃၁ ရက်နေ့တွင် မန်တုံမြို့နယ် နမ့်ယန်းကျေးရွာနှင့် မန်မောက်ရွာကြား၌ တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်မတော်နှင့် ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ တို့ ပူးတွဲကာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် လက်အောက်ခံ ခမရ (၅၀၁) အင်အား (၁၀၀) ကျော်တို့နှင့် တိုက်ပွဲဖြစ်ပွားခဲ့သည်။
 “ဒီလိုမျိုး စစ်ရေးနဲ့ ဖိအားပေးပြီးမှ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်တဲ့နည်းဟာ စစ်မှန်သော ငြိမ်းချမ်းရေးကိုရရှိနိုင်မှာ မဟုတ်ကြောင်း” ပလောင် တပ်မှူး တစ်ဦးက ဆိုပါသည်။
 နမ်းဆန်မြို့နယ် မန်တုံမြို့နယ်နှင့် ကွက်ခိုင်မြို့နယ်များ၌နေ့စဉ် တိုက်ပွဲများ ဖြစ်ပွားလျှက်ရှိသည်။ ထိုဒေသသည် ယခင် ပလောင်ပြည် လွတ်မြောက်ရေး တပ်မတော် (PSLA)၏ ဌာနချုပ် နေရာ ဖြစ်သည်။ ၂၀၀၅ ခုနှစ်တွင် အပစ်အခတ် ရပ်စဲခဲ့စဉ် အစိုးရမှ တပ်ဖွဲ့ တခုလုံး အငိုက်ဖမ်းပြီး လက်နက် သိမ်းခဲ့ပါသည်။ ဤအခြေအနေကို မကြေနပ်သော ပလောင်များသည် တအာင်းအမျိုးသား လွတ်မြောက်ရေး တပ်ဦးကို ပြန်လည်ဖွဲ့စည်းကာ ပြန်လည် တိုက်ခိုက်ခဲ့ပါသည်။
အစိုးရသည်၊ တခြားသော သွေးစည်းသော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင်များကို အပစ်အခတ် ရပ်စဲရေးအတွက် ဆွေးနွေးမှုများ ကမ်းလှမ်းခဲ့သော်လည်း  ပလောင်အမျိုးသား လွတ်မြောက်ရေးတပ်ဦးနှင့် ကယန်းပြည်သစ်ပါတီ ကိုမူ ယနေ့အထိ ကမ်းလှမ်းမှု မရှိခဲ့ပေ။
အဆိုပါ တိုက်ပွဲကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဒုက္ခသည်များ ၁၀၀၀ ကျော်ခန့် ရှိသည်ဟု DVB မြန်မာဘာသာ စာမျက်နှာ၌ ဖော်ပြ ထားပါသည်။

03 September 2012
အသေးစိတ်ကို http://burmese.dvb.no/archives/30219 ဖတ်ရှူ့နိုင်ပါသည်။

ကချင်မှာ အစိုးရတပ် အင်အားတိုး တိုက်ပွဲကြီးမှာကို စိုးရိမ်ကြပြီ

စက်တင်ဘာလ ၀၃ ရက် ၂၀၁၂ ခုနှစ်

ချင်းမိုင်(မဇ္စျိမ) ။      ။ ကချင်ပြည်နယ် ဖားကန့်မြို့နယ်အတွင်းသို့ မြန်မာအစိုးရတပ်ဖွဲ့အင်အား နေ့စဉ် တိုးမြင့်ချလာ သဖြင့် ငြိမ်းချမ်းရေးဆွေးနွေးမလိုလို ဖြစ်နေမှုမှသည် တိုက်ပွဲကြီးများ ပြန်လည် ဖြစ်ပွားလာမည်ကို ဒေသခံများ စိုးရိမ်လာနေကြသည်။

ယခုလ ၁ ရက် နေ့မှစတင်၍ အစိုးရတပ်အင်အား မြစ်ကြီးနား၊ ဖားကန့်ကားလမ်းအတိုင်း အရပ်ဝတ်ဖြင့် လာရောက်
ဖြည့်တင်းနေပြီး ဖားကန့်၊ ဆိုင်းတောင်၊ လောန်ခန် စသည့်နေရာများ အပါအဝင် နေရာအနှံ့ အနည်းဆုံး စစ်သား ၅ဝ မှ ၂ဝဝ ကြား ရှိနေသည်ဟု KIA စစ်ဘက်သတင်းရပ်ကွက်က ပြောသည်။

“တရက်နေ့ နှစ်နာရီကနေ အစိုးရတပ် ၆ဝ လောက် ကားနှစ်စီးနံ့ မိုးကောင်းဘက်ကနေ ဖားကန့်ကို တက်လာတယ်။ ဘယ်တပ်ရင်းဆိုတာ မသိသေးဘူး။ အားလုံးအင်အား ဘယ်လောက်ဆိုတာ ခန့်မှန်းရခက်တယ်။ တနေရာမှာ ၅ဝ ကနေ ၂ဝဝ ကြားရှိတယ်။ သူတို့က အရပ်ဝတ်နဲ့ ဒေသခံတွေနဲ့ရောပြီး တက်လာတာ”ဟု KIA တပ်သားတဦးက ပြော သည်။

ယမန်နေ့ကလည်း ရဟတ်ယာဉ်များဖြင့် အစိုးရတပ်ဖွဲ့ အင်အား ၂ဝဝ ထက်မနည်း လက်နက်ကြီးများနှင့် အတူဖြည့်တင်းထားသည်ဟု သိရသည်။

KIA ဘက်မှလည်း မိုးကောင်းမြို့နယ် အထက်ပိုင်းမှ ဖားကန့်၊ လောန်ခန် စသည့် လမ်းတလျှောက်တွင် KIA တပ်သားများ နေရာယူထားပြီး ဖြစ်ပြီး အသင့်အနေအထား တပ်လှန့််ထားသည်ဟု ဆိုသည်။

သြဂုတ်လ ၂၉ ရက်နေ့က နှစ်ဘက်တိုက်ပွဲကြောင့် ဝေအောင်ကမ္ဘာ ကုမ္ပဏီ၏ လောင်စာဆီသိုလောင်ရုံထဲ လက်နက် ကျသဖြင့် ပေါက်ကွဲမှုတခု ဖြစ်ပွားစဉ် အစိုးရဘက်မှ အကျအဆုံး အနည်းဆုံး ၅ဝ ခန့် သေဆုံးနိုင်သည်ဟု KIA ဘက်မှ ခန့်မှန်း ပြောဆိုသည်။

ထို့ကြောင့် အစိုးရတပ်ဖွဲ့နှင့် KIA တိုက်ပွဲ ကြီးထွားလာမည်ကို စိုးရိမ်သဖြင့် ဖားကန့်မြို့ပေါ်ရှိ စစ်ပြေးဒုက္ခသည်အချို့
မြစ်ကြီးနား၊ မိုးကောင်း စသည့် နီးစပ်ရာ မိတ်ဆွေများထံ ထွက်ပြေး တိမ်းရှောင်မှုများ ရှိနေသည်ဟု ဒုက္ခသည်များကို ကြည့်ရှုစောင့်ရှောက်နေသော ကချင်နှစ်ခြင်းအသင်းတော်မှ ဆရာတူးဂျာက ပြောသည်။

ထိုကချင်နှစ်ခြင်း အသင်းတော်တွင် ပြီးခဲ့သည့် ပတ်က စစ်ပြေးဒုက္ခသည် ၈၈၆ ဦးရှိရာမှ မြစ်ကြီးနား၊ မိုးကောင်း စသည့် မိမိတို့၏ နီးစပ်ရာ မိတ်ဆွေများထံသို့ ထွက်ပြေးတိမ်းရှောင်သွားဖြင့် ယခု ရ၇၆ ဦးသာ ကျန်တော့သည်ဟု သူက မဇ္စျိမကို ပြောသည်။

“သူ့နေရာသူတော့ အသင့်အနေအထား ဖြစ်နေတယ်။ ဒေသခံတွေက မှော်တွေမှာ သွားလာလို့ မရတော့ဘူး။ ဘာမှ လုပ်ကိုင်စားသောက်လို့ မရတော့ဘူး။ ကျနော်တို့ဘုရားကျောင်းက မိုးကြီးလာရင်တော့ ပြောင်းရွှေ့ဖို့ ခက်လာမယ်။ ခုတော့ ရေတော့ မကြီးသေးဘူး။ မိုးရွာလည်း ရေ ခုတော့ ပြန်ပြန်ကျသွားတယ်”ဟု သူက ပြောသည်။

ထို့ပြင် လက်ရှိ နှစ်ဖက် တိုက်ပွဲ မဖြစ်သော်လည်း အသင့်အနေအထားရှိနေသဖြင့် ဖားကန့်မြို့ပေါ်ရှိ မှော်များမှ စစ်ပြေး ဒုက္ခသည်များ အစိုးရဘက်မှ တပ်အင်အားပိုမိုတိုးချဲ့လာ သတင်းများအရ သိရကြောင်း NLD ပါတီရုံး တာဝန်ခံ ဦးခင်မောင်ချင်းက ပြောသည်။

“စစ်ရေးကတော့ အင်အားတိုးလာတယ်လို့ဘဲ ကြားတယ်။ မြို့ပေါ် မှော်က လူတွေကတော့ စိုးရိမ်ကြတော့ မြို့ပေါ် စခန်းတွေထဲ ဆင်းလာတော့တာ။ ခုတော့ ဘာမှ လုပ်လို့ မရသေးပါဘူး။ အခုချိန်မှာတော့ မိုးတွင်းလည်း ဖြစ်၊ စစ်ရေးနေရာ ဖြစ်နေတော့ ဘာမှ လုပ်လို့မရပါဘူး”ဟု သူက မဇ္စျိမကို ပြောသည်။

နှစ်ဖက် စစ်ရေးပဋိပက္ခကြောင့် လက်ရှိ ဖားကန့်မြို့ပေါ်တွင် ဒုက္ခသည်စခန်း ၃၄ နေရာမှ စစ်ပြေးဒုက္ခသည်  ၁၂,ဝဝဝ ကျော်ရှိနေပြီ ဖြစ်ကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောသည်။

NLD လူမှုအဖွဲ့အစည်းများ ပူးပေါင်း၍ ယခု ခုနှစ်ရက် တပတ်အတွင်း ဆန်၊ ဆီ၊ ဆား စသည့် စားသောက်ကုန်များ အပါအဝင် ငွေကျပ်သိန်းပေါင်း ၃၈ဝ ကျော် လှူဒါန်းပြီး ဖြစ်ကြောင်း သူက မဇ္စျိမကို ပြောသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များ သောက်သုံးရန်အတွက် ချိန်စီတီးနှင့် လပ်ကီးစတား သောက်ရေသန့်စက်ရုံမှ အခမဲ့ လှူဒါန်းပေးနေပြီး ကျန်းမာရေးအတွက် မြို့နယ် ဆရာဝန်ကြီးနှင့်အတူ အဖွဲ့များ ဖွဲ့စည်း၍ ဒုက္ခသည်စခန်းအတွင်း
နေ့စဉ် လာရောက် ကြည့်ရှုပေးနေသဖြင့် ကျန်းမာရေး ကောင်းမွန်နေသည်ဟု ဆိုသည်။

လက်ရှိ ဖားကန့်-မြစ်ကြီးနား ကားလမ်းတွင် မြစ်ကြီးနားသို့ အဆင်းလိုင်းကားများ ပုံမှန်သွားလာနေသော်လည်း အတက်လိုင်းကားများအား စစ်ဆေးမှုများသဖြင့် ဖားကန့်မြို့ပေါ် တက်မည့် လိုင်းကားများ သွားလာမှု နည်းပါးသွား သည်ဟု သူက ဆက်ပြောသည်။

ထို့ပြင် ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့မှ စစ်ပြေးဒုက္ခသည်များအတွက် ကျပ်သိန်း ၅ဝ လှူဒါန်းခဲ့သဖြင့် အဆိုပါ ဖားကန့်နှစ်ချင်းအသင်းတော်ရှိ စစ်ပြေဒုက္ခသည်များအတွက် ငွေသား ကျပ် သုံးသိန်းကျော် လက်ခံ ရရှိခဲ့သည်ဟု ဆရာဦးတူးဂျာက ပြောသည်။

လက်ရှိ စစ်ပြေးဒုက္ခသည်များအား ဖားကန့်မြို့ပေါ်ရှိ ဘာသာရေးအသင်းအဖွဲ့၊ လူမှုအသင်းအဖွဲ့များ၊ ဗုဒဂေါပကအဖွဲ့၊ NLD ပါတီ၊ မန္တလေးကျော်ဝိုင်း စသည့် လူမှုအဖွဲ့များ လာရောက်လှူဒါန်းနေသည်ဟု သိရသည်။
 
 http://www.mizzimaburmese.com/news/inside-burma/10022-2012-09-03-12-07-18.html

KIA နှင့် အစိုးရတပ် ကြူကုတ်တွင်ဖြစ်ပွားသော တိုက်ပွဲတွင် အစိုးရတပ်မှ ၄ ဦးကျ


pangsai-myen-dap-na-laknak
ရှမ်းပြည်မြောက်ပိုင်း ကြူကုတ်(ပန်ဆိုင်း) အနီး မုန်ဂုံးဒေသရှိ ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ KIA အရပ်သားတပ်ဖွဲ့ (MHH) တပ်ခွဲ (၅)နှင့် မြန်မာအစိုးရတပ် ခလရ (၆၉)တပ် များကြား သြဂုတ် ၃၁ ရက်က ဖြစ်ပွားခဲ့သောတိုက်ပွဲတွင် အစိုးရတပ်ဖက်မှ ၄ ဦးကျဆုံးသွားခဲ့ကြောင်း MHH အရာရှိတဦး KNG ကချင်သတင်းဌာန သို့ပြောသည်။
“နောက်နေ့ပြန်သွားကြည့်တော့ ကျဉ်း ၁ ကျဉ်းမှာ အလောင်း ၂ လောင်း ပေါင်းမြုပ်ထားတယ်။ ၁ ကျဉ်းမှာတော့ ၁ လောင်းမြုပ်ထားတယ်။ မနက်ပိုင်း ပန်ဆိုင်းဆေးရုံကို ၂ ယောက် ရောက်လာတာလည်း ၁ ယောက်က ဒဏ်ရာပြင်းတော့ ညနေ ၄ နာရီလောက်မှာ သေသွားတယ်” ဟု ပြောသည်။
အဆိုပါမြန်မာအစိုးရတပ်ဖွဲ့သည် ယီခူးကျေးရွာ (Yi Hku mare) မှ အပြစ်မဲ့ရွာသားများကို ဖမ်းဆီးစစ်ဆေးခဲ့စဉ် ဦးဂလောင်ဘောမ်ယော် (Salang Galau Bawm Yaw) ကို ညှင်းပန်းနှိပ်စက်မှုပြုလုပ်ကာ သတ်ဖြတ်ခဲ့သော တပ်ဖွဲ့လည်းဖြစ်ကြောင်း ကချင်လွတ်မြောက်ရေးတပ်ဖွဲ့မှ သိရသည်။
တိမ်းရှောင်သွားသော မြန်မာအစိုးရတပ်မှ လက်နက်များသိမ်းဆည်းရမိခဲ့ရာ MA သေနတ်ကျည်ဆံများ ၁၀၀ ကျော်၊ လက်ထောက်ကျည် ၅ လုံး၊ လောင်ချာ ပဇူကာ (Bazooka) ကျည် ၁ လုံး၊ လက်ပစ်ဗုံး ၄ လုံးနှင့် ငွေ ၆၅၀၀၀ ကျပ် ရရှိလိုက်ကြောင်းသိရသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ရာတွင် အစိုးရဘက်မှ တပ်သားတချို့ မုန်ဘော် (Mungbaw) ဘက်သို့ ထွက်ပြေးသွား ကြောင်း သိရသည်။ အချို့သည် မုန်ဂုံး (Munggu) နှင့် ပန်ဆိုင်း (Pangsai) တရုတ်ကျေးရွာများသို့ ရောက်ရှိ နေကြောင်းလည်း ဆက်လက်သိရှိရသည်။
၄င်းအစိုးရတပ်ဖွဲ့သည် ယခုအချိန်တွင် အသက်ကြီးသောပြည်သူ ၂ ဦးကို ဖမ်းဆီးပြီး တရုတ်ကျေးရွာများသို့ ဆောင်ခေါ်သွားနေကြောင်း ဆက်လက်သိရှိရသည်။

 http://kachinnews.com/burmese/news/931-kia-%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9-%E1%81%BE%E1%80%80%E1%80%B4%E1%80%80%E1%80%AF%E1%80%90%E1%80%B9%E1%80%90%E1%80%BC%E1%80%84%E1%80%B9%E1%80%BB%E1%80%96%E1%80%85%E1%80%B9%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%B1%E1%80%9E%E1%80%AC-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%80%99%E1%80%BD-%E1%81%84-%E1%80%A5%E1%80%AE%E1%80%B8%E1%80%80%E1%80%BA.html

ဖားအံ့မြို့တွင် ဆွေးနွေးနေဆဲဖြစ်သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့်အစိုးရတို့၏ တတိယအကြိမ်မြောက်ဆွေးနွေးပွဲ (ရုပ်သံ)


ဖားအံ့မြို့တွင် ဆွေးနွေးနေဆဲဖြစ်သော KNU ကရင်အမျိုးသားအစည်းအရုံးနှင့်အစိုးရတို့၏ တတိယအကြိမ်မြောက်ဆွေးနွေးပွဲ (ရုပ်သံ)












http://karenwantpeace.blogspot.com/

အစိုးရတပ်နှင့် KIA ဒိန်ဂါဘွမ် တိုက်ပွဲတွင် အစိုးရဗိုလ်ကြီး ၂ ဦးကျ

03 September 2012
ကချင်ပြည်နယ် ဝိုင်းမော်မြို့နယ်ရှိ မြန်မာအစိုးရတပ်ဖွဲ့ ခမရ (၃၀၁) တပ်များနှင့် ကချင်လွတ်မြောက်ရေးတပ်ဖွဲ့ (KIA) အရပ်သားတပ်ဖွဲ့ (MHH) များ စက်တင်ဘာ ၁ ရက်နေ့တွင် လိုင်ဖောန် (Lai Hpawng) မှ ၆ မိုင်အကွာရှိ ဒိန်ဂါဘွမ် (Dingga Bum) တွင် ၃ နာရီခန့် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ အစိုးရတပ်မှ ဗိုလ်ကြီးများ ထိခိုက်သေဆုံးသွားခဲ့ကြောင်း KIA အရာရှိတစ်ဦးပြောသည်။
ဝိုင်းမော်မြို့နယ် ဆမ်ပိုင် (Sambai) သွားလမ်းရှိ မိုင် ၄၀ ကျော်ရှိသည့် ဒါဂါယန် (Daga Yang)နှင့် လိုင်ဖောန် (Lai Hpawng) ကြားတွင် KIA အရပ်သားတပ်ဖွဲ့ ၂ ဦးကို မြန်မာအစိုးရတပ်မှ စတင်ပစ်ခတ်ခံခဲ့ရပြီးနောက် ၎င်းနေရာအနီးဝန်းကျင်တွင် တိုက်ပွဲများ ပြင်းထန်စွာဆက်လက်ဖြစ်ပွားနေခြင်းဖြစ်ကြောင်း KIA ရှေ့တန်းမှ သိရသည်။
ထို့သို့ အပြန်အလှန်ပစ်ခတ်မှုတွင် မြန်မာအစိုးရတပ်မှ ဗိုလ်ကြီးတဦးနှင့် ဗိုလ် ၂ ဦးသေဆုံးပြီး KIA အရပ်သားတပ်ဖွဲ့မှ ထပ်မံသေဆုံး ဒဏ်ရာ ရရှိသူမရှိကြောင်း ရှေ့တန်းစခန်းမှဆိုသည်။
“ကျတော်တို့ ပြန်သွားတိုက်တာ တချို့တပ်သားတွေက ထွက်ပြေးသွားကြတယ်။ ဗိုလ်ကြီး၊ ဗိုလ်တွေရှိတဲ့ နေရာထဲကို ကျတော်တို့ ပြန်သွားတိုက်တယ်။ ထွက်ပြေးတဲ့သူကိုလည်း လိုက်ပြီးပစ်ခဲ့တယ်”
သြဂုတ်၂၉ ရက်နေ့မှစပြီး စက်တင်ဘာ ၁ ရက်နေ့ထိ ပစ်ခတ်တိုက်ခိုက်မှုများပြင်းထန်ပြီး ယခုချိန် နှစ်ဘက်တပ်မှ ဆက်လက် ပစ်ခတ်ရန် အသင့်အနေအထားတွင်ရှိနေကြောင်း သိရသည်။
ပြီးခဲ့သည့်ပတ် သောကြာနေ့တွင် ဖြစ်ပွားသောတိုက်ပွဲတွင် မြန်မာအစိုးရတပ်မှ MA သေနတ်တလက်၊ အမြောက်ကျည်ဆံ (၂၀၀) ကျော်၊  E.Y. ဗုံး ၃ လုံးလည်း သိမ်းဆည်းရရှိခဲ့ကြောင်း KIA ရှေ့တန်းမှဆိုသည်။
မြန်မာအစိုးရတပ်များသည် ဝူထောန်ဘွမ် (Wu Htau Bum) တွင် တပ်ချနေပြီး KIA အရပ်သားတပ်ဖွဲ့ (MHH) များရှိရာ လိုင်ဖောန် (Lai Hpawng) သို့လာရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်သည်။
KIA တပ်မဟာ (၅) အောက် တပ်ရင်း (၃) ဒေသတွင် ပြည်သူ့စစ်တပ်ဖွဲ့များအား ကူညီပေးနေသော တပ်ဖွဲ့ဝင် ၂ ဦး၏ ရုပ်အလောင်းကို သြဂုတ် ၃၁ ရက်နေ့တွင် ကောင်းမွန်စွာ သဂြိုလ်ခဲ့ကြောင်း KIA အရာရှိတဦး KNG ကချင်သတင်းဌာနသို့ ပြောသည်။

 http://kachinnews.com/burmese/news/930-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%90%E1%80%95%E1%80%B9%E1%82%8F%E1%80%BD%E1%80%84%E1%80%B9%E1%80%B7-kia-%E1%80%92%E1%80%AD%E1%80%94%E1%80%B9%E1%80%82%E1%80%AB%E1%80%98%E1%80%BC%E1%80%99%E1%80%B9-%E1%80%90%E1%80%AD%E1%80%AF%E1%80%80%E1%80%B9%E1%80%95%E1%80%BC%E1%80%B2%E1%80%90%E1%80%BC%E1%80%84%E1%80%B9-%E1%80%A1%E1%80%85%E1%80%AD%E1%80%AF%E1%80%B8%E1%80%9B%E1%80%97%E1%80%AD%E1%80%AF%E1%80%9C%E1%80%B9%E1%81%BE%E1%80%80%E1%80%AE%E1%80%B8-%E1%81%82-%E1%80%A5%E1%80%AE%E1%80%B8%E1%80%80%E1%80%BA.html

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ဆက်ဆံရေးရုံး ကျောက်တော်မြို့မှာ ဖွင့်လှစ်

2012-09-03
မကြာသေးခင်က အစိုးရနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရရှိထားတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ခု ဖြစ်တဲ့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ပထမဆုံး ဆက်ဆံရေးရုံးကို ရခိုင်ပြည်နယ် ကျောက်တော်မြို့မှာ မနေ့မနက်ပိုင်းက ဖွင့်လှစ်လိုက်ပါတယ်။
RFA
၂၀၁၂ ခုနှစ် ဇွန်လ ၂၈ ရက်က ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၊ ဝန်ကြီး ဦးခင်ရီ၊ ALP ဒုဥက္ကဋ္ဌ ခိုင်စိုးနိုင်အောင်၊ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းတို့ ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင်တွေ့ဆုံစဉ်။
ရုံးဖွင့်ပွဲ အခမ်းအနားမှာ လူပေါင်းတစ်ထောင်ကျော် တက်ရောက်ခဲ့ကြပြီး ရခိုင်ပြည်နယ် အတွင်းရှိ တစ်ခြားမြို့နယ်တွေမှာလည်း ဆက်လက် ဖွင့်လှစ်သွားဖို့ရှိတယ်လို့ ရခိုင်ပြည် လွတ်မြောက်ရေးပါတီရဲ့ ငြိမ်းချမ်းရေး ဖော်ဆောင်မှု အတွင်းရေးမှူးဖြစ်သူ ဒေါ်စောမြရာဇာလင်းက RFA ကို ပြောကြားပါတယ်။
ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ဆက်ဆံရေးရုံးကို ပြီးခဲ့တဲ့ လပိုင်းတွေ အတွင်းက ဖွင့်လှစ်ဖို့ ကမ်းလှမ်းထားခဲ့ပေမယ့် ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့တဲ့ ပဋိပက္ခတွေကြောင့် ရုံးဖွင့်လှစ်ရေးကို အစိုးရဘက်က ဆိုင်းငံ့ထားခဲ့ပြီး အခုမှ ဖွင့်လှစ်ခွင့် ရရှိတာဖြစ်တယ်လို့ ဒေါ်စောမြရာဇာလင်းက ပြောပါတယ်။
ဘင်္ဂလားဒေ့ရ်ှ အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံး ဥက္ကဋ္ဌလည်းဖြစ် ရခိုင်ပြည် လွတ်မြောက်ရေးပါတီ ALP ရဲ့ ဗဟိုကော်မတီဝင် တစ်ဦးလည်းဖြစ်တဲ့ ဒေါ်စောမြရာဇာလင်းဟာ ၈၈ ဒီမိုကရေစီ အရေးအခင်း ကာလတည်းက ပြည်ပမှာ ခိုလှုံခဲ့တာ ဖြစ်ပြီး ၂၄ နှစ်အကြာ ပြီးခဲ့တဲ့ သြဂုတ်လ ၂၆ ရက်နေ့က ဆက်ဆံရေးရုံး ဖွင့်ဖို့အတွက် ရခိုင်ပြည်နယ်ကို ပထမဆုံးအကြိမ် ရောက်ရှိ လာတာလည်း ဖြစ်ပါတယ်။
အဲဒီနောက် ပြီးခဲ့တဲ့ ရက်ပိုင်းတွေအတွင်းက နေပြည်တော်ကို သွားရောက်ခဲ့ပြီး ဝန်ကြီး ဦးအောင်မင်းနဲ့ ရခိုင်ပြည်နယ် ငြိမ်းချမ်းရေး၊ ပါတီဆက်ဆံရေးရုံး ဖွင့်လှစ်ခွင့် ကိစ္စကို ဆွေးနွေးခဲ့တယ်လို့လည်း သိရပါတယ်။

http://www.rfa.org/burmese/news/alp-office-open-09032012164626.html

နှစ်ဖက်လိုက်နာရမည့် ကျင့်ဝတ်ကို မြန်မာ အစိုးရနှင့် ကေအဲန်ယူတို့ စတင် ဆွေးနွေး

စက်တင်ဘာလ ၃ရက်၊ ၂၀၁၂ခုနှစ်။ နန်းဖော့ဂေ၏ သတင်းပေးပို့ချက် (ကေအိုင်စီ)

ကရင်အမျိုးသားအစည်းအရုံး-ကေအဲန်ယူနှင့် မြန်မာအစိုးရတို့ တတိယအကြိမ် အပစ်အခတ်ရပ်စဲရေး ဆွေးနွေးပွဲကို ကရင်ပြည်နယ်၊ ဖားအံမြို့ ဇွဲကပင်ဟိုတယ်လ်၌ ယနေ့မနက်မှ ညဦးပိုင်းအထိ ကျင်းပပြုလုပ်ခဲ့ရာ နှစ်ဦးနှစ်ဘက် လိုက်နာရမည့် ကျင့်ဝတ်များ (Code of Conduct-CoC)ကို ဦးစွာ ဆွေးနွေးခဲ့ကြသည်။
ယင်းသို့ဆွေးနွေးရာတွင် ကေအဲန်ယူမှ ရေးသားတင်ပြထားသည့် CoC မူကြမ်းကို နှစ်ဖက်စလုံးမှ နယ်နိမိတ်ခေါ်ဝေါ်မှု၊ IDP အဓိပ္ပါယ်ဖွင့် ဆိုချက် အပါအဝင် မူကြမ်းပါ အသုံးအနှုံးများအပြင် လူထုမှ လိုက်နာရမည့်ကျင့်ဝတ်နှင့် နှစ်ဖက်တပ်များမှ လိုက်နာရမည့်ကျင့်ဝတ်များကို တစ်ချက်ချင်း၊ တစ်ပိုဒ်ချင်း အကျေအလည် ဆွေးနွေးခဲ့ခြင်းဖြစ်သည်။
ယနေ့ဆွေးနွေးပွဲတွင် အဓိကအားဖြင့် အစိုးရဘက်မှ သမ္မတဝန်ကြီး ဦးစိုးသိန်း၊ ပြည်ထောင်စု ဒု-ဥပဒေချုပ် ဦးထွန်းထွန်းဦး၊ အရှေ့ တောင်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်တင်မောင်ဝင်း၊ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောဝန်ကြီးဌာန ပြည်ထောင်စု ၀န်ကြီး ဦးဝင်းထွန်း၊ ပြည်ထောင်စု လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးဌာန ဒုဝန်ကြီး ဗိုလ်ချုပ်ဇော်ဝင်းတို့က ဦးဆောင်ဆွေးနွေးခဲ့ကြ သည်။
အထူးသဖြင့် CoC တွင် ပါ၀င်သည့် တပ်စခန်းတည်ဆောက်ရေးကိစ္စ၊ နယ်မြေစိုးမိုးရေးနှင့် စစ်သည်တော်ကျင့်ဝတ်များကို နှစ်ဖက်ကိုယ် စားလှယ်များက အသေးစိတ် ညှိနှိုင်းပြောဆို လက်ခံခဲ့ကြသလို ကေအဲန်ယူဘက်မှ တွဲဖက် စစ်ရေးချုပ် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ်နှင့်အတူ ဗိုလ်မှူးစောဂလယ်ဒို့၊ ဗိုလ်မှူးစောတာမလာသောတို့က ဦးဆောင်တင်ပြဆွေးနွေးဖြစ်ခဲ့သည်။
“စစ်ရေးအရဆို နှစ်ဖက်တပ်တွေရဲ့ သွားလာမှုတွေ၊ လက်နက် ရိက္ခာသယ်ယူမှုကို လိုအပ်တာထက် ပိုမသယ်ဆောင်ဖို့၊ လူထုရှင်းလင်းပွဲ လို လုပ်ဆောင်ချက်တွေဆိုလည်း အပြန်အလှန် ယုံကြည်မှုရှိအောင် တစ်ဖက်နဲ့တစ်ဖက် အသိပေးသွားဖို့တွေ ဆွေးနွေးဖြစ်ကြတယ်။ ဆွေးနွေးပွဲ တက်ရောက်တဲ့ လွှတ်တော်ကိုယ်စားလှယ် နန်းစေးအွာက လူထုလိုလားတဲ့ ၁၇/၁ ပုဒ်မကို ဖြုတ်ပေးဖို့ကို တောင်းဆိုတော့ ၀န်ကြီးဦးအောင်မင်းက ကရင်ဒေသမှာ မရှိတော့ကြောင်း ပြောခဲ့ပါတယ်”ဟု ကိုယ်တိုင်သတင်း စုဆောင်းသူ နန်းဖော့ဂေက ပြောသည်။

ဆွေးနွေးပွဲတွင် မိုင်းရှင်းလင်းရေးနှင့် ပတ်သက်၍ နှစ်ဘက် လက်ခံဆွေးနွေးခဲ့သည်မှာ အပစ်ရပ်ဒေသများတွင် မိုင်းအသစ် ထပ်မံ ထောင် ထားခြင်းကို မပြုလုပ်တော့ဘဲ ထောင်ထားပြီးသော မိုင်းများကို ရှင်းလင်းရေးကိစ္စတွင် နှစ်ဦးနှစ်ဖက် ပူးပေါင်းဆောင်ရွက်ရန် သဘောတူခဲ့ ကြသည်။
၎င်းအပြင် အစိုးရနှင့် ကေအဲန်ယူ နှစ်ဖက် သက်ဆိုင်သော ကိစ္စဟူသမျှကို တိုက်ရိုက်ရန်မူသော လုပ်ရပ်နှင့် ရန်မူသည့်သဘောကိုဆောင် သော လုပ်ရပ်အားလုံးကို ရပ်စဲပြီး အပစ်အခတ်ရပ်စဲခြင်း အကျိုးသက်ရောက်ရာ အရပ်ဒေသနေ အရပ်သားများကို ဥပဒေမဲ့ ပြုကျင့်မှုများ မဖြစ်ပွားစေရေး လိုက်နာဆောင်ရွက်ရေးကိုလည်း လက်ခံခဲ့ကြသည်။
ယနေ့ ဆွေးနွေးပြီးခဲ့သည့် လူထုနှင့် လက်နက်ကိုင်တပ်များ လိုက်နာရမည့်ကျင့်ဝတ် မူကြမ်းကို နှုတ်အားဖြင့် သဘောတူညီခဲ့ကြကာ မနက်ဖြန် ဒုတိယနေ့ ဆွေးနွေးပွဲတွင် နှစ်ဘက်တပ်များ အရွှေ့အပြောင်းကိစ္စကို မြန်မာအစိုးရနှင့် ကေအဲန်ယူ ငြိမ်းချမ်းရေးကိုယ်စားလှယ် များက ဆက်လက် ဆွေးနွေးသွားမည်ဖြစ်သည်။
ကရင်ဒေသရှိ လူထုဘဝ လုံခြံုမှုအတွက် လိုက်နာရမည့်ကျင့်ဝတ်နှင့် တပ်အရွှေ့အပြောင်းကိစ္စကို ကေအဲန်ယူမှ အဓိကထား၍ မြန်မာ အစိုးရကိုယ်စားလှယ်များနှင့် တတိယအကြိမ် တွေ့ဆုံဆွေးနွေးခဲ့ရာ ကေအဲန်ယူဘက်မှ အဖွဲ့ခေါင်းဆောင် နော်စီဖိုးရာစိန်၊ ဒုအဖွဲ့ခေါင်း ဆောင် ဗိုလ်မှူးချုပ်စ’ရှာထုဝေါ် အပါအဝင် ငြိမ်းချမ်းရေးကိုယ်စားလှယ် ၉ဦး တက်ရောက်ခဲ့သည်။
အလားတူ အစိုးရဘက်မှ သမ္မတရုံးဝန်ကြီးများဖြစ်ကြသည့် ဦးစိုးသိန်း၊ ဦးအောင်မင်းနှင့် ပြည်ထောင်စုဝန်ကြီးအချို့၊ ကရင်လွှတ်တော် ကိုယ်စားလှယ်များအပြင် ရန်ကုန်တိုင်း ကရင်ရေးရာဝန်ကြီး စောထွန်းအောင်မြင့်လည်း တက်ရောက်ခဲ့ကြသလို နိုင်ငံတကာ လေ့လာသူ ၃ဦးနှင့် ပြည်တွင်းလေ့လာသူ ၃ဦး ပါ၀င်ခဲ့သည်။

http://www.kicnews.org/?p=13210
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India