April 30, 2013

ပစ်ခတ်မှု ပဋိပက္ခကို DKBA နှင့် BGF တို့ဖြေရှင်း

DKBA ခေါင်းဆောင်တချို့ (ဓါတ်ပုံ DKBA) DKBA ခေါင်းဆောင်တချို့ (ဓါတ်ပုံ DKBA)
ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် DKBA နှင့်နယ်ခြားစောင့်တပ် BGF တို့သည်ဖြစ်ပေါ်ခဲ့သောပစ်ခတ်မှု ပပက္ခကို ဖြေရှင်းရန်ယနေ့ ညနေပိုင်းတွင်ကရင်ပြည်နယ်လှိုင်ပွဲမို့နယ်ရှိမိုင်ကီးငူကျေးရွာတွေ့ဆုံ ဆွေးနွေးကြမည်ဟု DKBA ပြောရေးဆိုခွင့် ရှိသူဗိုလ်မှူးကြီး စန်းအောင ်က ဆိုပါသည်။
ည်ရွယ်ချက်ကတော့ ကျနော်တို့ ကရင်အချင်းချင်းကြားမှာ စစ်ကို ရပ်တန့်စေချင်ပီး အတိတ်က ဖြစ်ခဲ့တဲ့ ဖြစ်ရပ် တွေ ကို သွေးထွက်သံယို အဖြစ်ဆိုးနဲ့ အချင်းချင်း ပြန်သတ်ကြတာမျိုး မဖြစ်စေ ချင်တော့ဘူး။ ဒါကြောင့်တရားနည်း လမ်းကျကျနဲ့ တိုက်ခိုက်မှုတွေကို ရပ်တန့်ဖို့အတွက် ဒီညနေမှာ တဖွဲ့နဲ့ တဖွဲ့ နတ်ကတိဖြစ်ဖြစ်၊ စာချွန်လွာ ဖြစ်ဖြစ် လက်မှတ်ေရးထိုးကြမှာပါဟု ဆိုပါသည်။
 ယင်းဆွေးနွေးပွဲသို့ DKBA မှ တပ်မဟာမှူး ဗိုလ်မှူးကြီး ကျော်သက် ဦးဆောင်သော အဖွဲ့နှင့်နယ်ခြားစောင့်တပ်BGF မှဗိုလ်မှူးချစ်သူဦးဆောင်သော အဖွဲ့တို့က သွားရောက် ဆွေးနွေးကြပါမည်။ မည်သို့ သဘောတူညီကြမည်ကို မသိရ သေးသော်လည်း သဘောတူညီမှုများမှာ သေချာရရှိမည် ဖြစ်သည်ဟု ဆိုပါသည်။ သဘောတူ လက်မှတ် ရေးထိုးပွဲ အစိုးရ ဖက်မှ ပါ၀င်ပတ်သက်ပါက DKBA အနေဖြင့် လက်ခံမည် မဟုတ်ဘဲ BGF အနေဖြင့်သာ လက်မှတ်ရေးထိုးရန် DKBA က လိုလား နေပါသည်။
DKBA နှင့် BGF တို့သည် ပီးခဲ့သည့် ဧပီလ 27 ရက်နေ့ညပိုင်းတွင်  DKBA ကလို့ထူးလား ဗျူဟာမှ ဗိုလ်မှူးကီး စောဘိ လက်အောက်ခံ တပ်ဖွဲ့နှင့် နယ်မြေချင်း ထိစပ်နေသည့် နယ်ခြားစောင့်တပ် (၁၀၁၇) တပ်ရင်းတို့သည် ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင မနက်ပိုင်း အချိန်အထိ တိုက်ခိုက်ခဲ့ကြပါသည်။
ဤဖြစ်ရပ်ကြောင့် မိုင်ကီးငူဒေသသည် စစ်မဲ့ဇုံအဖြစ် ထားရှိရန် DKBA က လိုလားနေသည်ဟု ဆိုပါသည်။ သို့သော် BGF ဖက်ကမူ အစိုးရ၏ ဆန္ဒပါ၀င် နေမှုကြောင့် မည်သို့သဘောထားမည်ကို ရှင်းရှင်းလင်းလင်း မသိရှိရသေးကြောင်း DKBA ဖက်က၀န်ခံထားပါသည်။အကောင်းဆုံးမှာ BGF ၏ ဆန္ဒအတိုင်းဖြစ်ရန်လိအပ်သည်ဟု DKBA ဖက်ကဆိုပါသည်။
သို့သော်လက်တွေ့အခြေအနေတွင်DKBA နှင့် BGF တပ်များအကြား ပဋိပက္ခကို အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း အပါ၀င် ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီတို့လည်း ညှိနှိုင်းပေး ခဲ့ပါသည်။
BGF တပ်ဖွဲ့သည် အစိုးရမှ ဖွဲ့စည်းပေးထားသော အဖွဲ ့ဖြစ်သဖြင့် အစိုးရအား လွန်ဆန်နိုင်မည် မဟုတ်ပေ။ အစိုးရသည် ကရင်တပ်ဖွဲ့အချင်းချင်း သင့်မြတ်မှုကို လိုလားလိမ့်မည် မဟုတ်ဘဲ ကရင်လက်နက်ကိုင် အဖွဲ့အစည်းများကြား လိုအပ်သလို အသုံးချ သွား လိမ့်မည်ဟု ယုံကြည်ကြောင်း စစ်ရေးအကဲခတ်များက ဆိုပါသည်။
 
ကျနော်တို့နားလည်းထားတာက BGF ကအစိုးရလစာယူထားတယ်။  တပ်မှာလည်းအစိုး တပ်င်းမှူးတွေ 28 ယောက်တောင်ပါတယ်သူတို့လှုပ်ှားမှုကတော့နေရာအသီးသီးမှာ ရှိတယ်။ အစိုးရ ဖွဲ့စည်းပုံအရလို့ ပြော တာပဲ။  အစိုးရက BGF ကို လစား ပေးထားတာဆိုတော့ စစ်ဖြစ်တာက အစိုးရမှာ တာဝန်ရှိတယ်။ ကျနော်တို့ကို  ငိမ်းချမ်းရေး အရ နည်းတနည်းနဲ့ ထိန်းချုပ်တာမျိုးတော့ မလိုးလားဘူးဟု ဗိုလ်မှူးကီးစန်းအောင် ကဆိုပါသည်။
အလားတူ ကရင်လက်နက်ကိုင်အဖွဲ့ အချင်းချင်း သွေးစည်းရေးအတွက် ပြီးခဲ့သည့် မတ်လ (၂၈) ရက်နေ့တုန်းကလည်း ဖါးအံမို့တွင် ပထမအကိမ် ကရင်ရေးရာ အစည်းအဝေးပွဲ တရပ်ကျင်းပပီး ကော်မီတီတရပ် ဖွဲ့စည်း နိုင်ခဲ့ပါသည်။ ကရင် လူမျိုးထဲတွင် လက်နက်ကိုင်အဖွဲ့စည်း () ဖွဲ့ ရှိနေပါသည်။ ၄င်းတို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ဒီမိုကရေစီ ကရင်အကျိုးပြု တပ်မတော် (DKBA) အစိုးရနယ်ခြားစောင့်တပ်(BGF)၊ ကရင်ငြိမ်းချမ်းရေး ကောင်စီနှင့် ကရင်ငြိမ်း ချမ်းရေး တပ်ဖွဲ့ (KPF) အဖွဲ့တို့ဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ပြည်တွင်းစစ်သည် ၁၉၄၈ ခုနှစ်မှ စပြီး ဆင်နွဲသည်မှာ နှစ်ပေါင်း 60 ကျော်ခဲ့ပြီးဖြစ်သည်။ DKBA သည် လည်း 1994 ခုနှစ်မှ ယနေ့ ငြိမ်းချမ်းရေး ကာလအထိ ပြည်တွင်းစစ်ကို ဆင်နွှဲခဲ့ပါသည်။ ပြည်တွင်း စစ်သည် ဒီမိုကရေစီ ရရှိရေးနှင့် တိုင်းရင်းသား အခွင့်အရေးများကြောင့် ကြာရှည်နေရကြောင်း ဆိုပါသည်။ ဤပြသနာကို အစိုးရမှ မှန်ကန် သောနည်းလမ်းဖြင့် မဖြေရှင်းဘဲ မလိမ့်တပတ်နည်းဖြင့် ဖြေရှင်းလာခဲ့သောကြောင့် လူပေါင်းများစွာ အသက်စတေး ခဲ့ရသလို လူပေါင်းများစွာ အိုးမဲ့ အိမ်မဲ့ ဖြစ်ကာ မိမိ နေရပ် ကို စွန့်ခွါခဲ့ကြရပြီး ဒုက္ခသည်ဘဝ သို့ ရောက်ခဲ့ကြ သည်မှာလည်း မရေတွက်နိုင်အောင် ဖြစ်ပါသည်။
ထိုအခြေနေများသို့ ပြန်လည်မရောက်ရှိစေရန် ယနေ့ ငိမ်းချမ်းေရးကာလတွင်တိုက်ခိုက်မှုများ ဆက်လက်မဖြစ်ပွား စေရန် ကရင်ပြည်သူများက အစည်းအဝေးအကိမ် ကြိမ်ကျင်းပပီး တောင်းဆိုလျှက် ရှိကြောင်း ဆိုပါသည်။


http://www.phophtawnews.org/burmese/index.php/news/internal-news/item/263-dkba-bgf.html

SSPP တပ်များနှင့် အစိုးရ တင်းမာမှု အခြေအနေ

SSPP တပ်ဖွဲ့များ SSPP တပ်ဖွဲ့များ (ဓါတ်ပုံ - အင်တာနက်)
အစိုးရ တပ်များသည် ရှမ်းပြည် အရှေ့ မြောက်ပိုင်းရှိ တန့်ယန်း မြို့နယ်နှင့် မိုင်းရှုုး မြို့နယ် အကြား၌ အခြေချ နေသော ရှမ်း ပြည် တိုးတက်ရေး ပါတီ SSPP/SSA အား လွယ်လန်း တောင်ကြောကနေ ဆုတ်ပေးရန် စစ်ရေး အရ ဆက်လက် ဖိအားပေးလျက် ရှိကြောင်း SSPP/SSA နိုင်ငံခြား ဆက်ဆံရေး တာ ဝန်ခံ ဗိုလ်မှူးကြီး ဖိန်ဖက ဆိုပါသည်။
“ အဲဒီ တန့်ယန်း မြို့နယ်နဲ့ မိုင်းရှုုး မြို့နယ် အကြားက လွယ်လန်း၊ လွယ်စေး၊ လွယ်ခေါက်၊ လွယ်ချို ဘက်ကို အစိုးရ စစ်တပ် အင်အား ၂၀၀၀ ခန့် တိုးချဲ့ လာတယ်။ အဲတာကြောင့် ကျနော်တို့ ဘက်ကလဲ ပြန်ခုခံ တိုက်ခိုက်ဖို့ စစ်အင်အားတွေ ပြန် ဖြည့် ထားတော့ ရှိတယ်။ အဲတာကြောင့် တိုက်ပွဲ မဖြစ်သေး ပေမဲ့ နှစ်ဖက် စစ်ရေး အခြေအနေက တင်းမာနေဆဲပါ။” ဟု ဆိုပါသည်။
အစိုးရ တပ်ဖွဲ့ များသည် အဆိုပါ ရှမ်းပြည် အရှေ့မြောက်ပိုင်းမှ တန့်ယန်းမြို့နယ်နှင့် မိုင်းရှုုး မြို့နယ် အကြားရှိ SSPP/SSA တပ်စခန်းများ ထိုနေရာများမှ ဆုတ်ခွာပေးရန်  ပြီးခဲ့သည့် မတ်လ ၁၉ ရက်နေ့က စတင် တိုက်ခိုက် ခဲ့သည်။ သို့သော် SSPP သည် ထိုနေရာမှ မည်သို့မှ ဆုတ်ခွာ၍ မဖြစ်နိုင်ကြောင်း အကြောင်း ပြန်ထား သည်ဟု ပြောခွင့်ရသူဗိုလ်မှူး စိုင်းလ က ဆိုပါ သည်။ 
လွယ်လန်း တောင်ကြောသည် စစ်ရေး အရ အရေးပါသော နေရာ ဖြစ်ပါသည်။ ဤနေရာမှ ဆုတ်ခွာ ပေးပါက SSPP အပါ၀င် ၀ပြည် သွေးစည်း ညီညွတ်ရေး တပ်ဖွဲ့ (UWSA) လည်း တိုက်ခိုက် ခံရဖွယ် ရှိနေပါသည်။ SSPP နှင့် UWSA တို့သည် စစ်ရေး မဟာမိတ်များ ဖြစ်သည်နှင့် အညီ စစ်ရေး ပူးပေါင်း ဆောင်ရွက်မှု ရှိနေသည်ဟု ပြောခွင့် ရသူက ဆိုပါသည်။
SSPP သည် ဤပြသနာကိုပြေလည် စေရန် ကြိုးပမ်းသည့် အနေဖြင့် ပီးခဲ့သည့် မတ်လ ၂၅ရက်နေ့တွင် အရာရှိ (၃) ဦးကို စေလွှတ်ပြီး အရှေ့မြောက်ပိုင်းတိုင်း တိုင်းမှူးဗိုလ်မှူးချုပ် အောင်စိုးထံ သွားရောက် ညှိနှိုင်း စေခဲ့သော်လည် ပြေလည်မှုများရှိဘဲ တိုက်ပွဲ များသာ ဆက်လက် ဖြစ်ပွား နေခဲ့ပါသည်။
ဗိုလ်မှူးချုပ် အောင်စိုးသည်  ရှမ်းပြည် အရှေ့မြောက်ပိုင်းရှိ တန့်ယန်းမြို့နယ် နှင့်မိုင်းရှုုးမြို့နယ် အကြားရှိှ SSPP တပ်ဖွဲ့ များရုတ်သိမ်း ပေးရန် တောင်းဆို ခဲ့ပြီး မရုတ်သိမ်း ပေးပါက အထက် အမိန့်အရ နယ်မြေစိုးမိုးရန် အတွက် တိုက်ခိုက် ရမည် ဖြစ်ကြောင်း ပြောသွား ခဲ့သည်ဟု ဆိုပါသည်။
ဤသို့ကြောင့် မတ်လ ၂၇ ရက်နေ့တွင် SSPP/SSA တပ်ဖွဲ့နှင့် အစိုးရ တပ်ဖွဲ့ တို့ ထိပ်တိုက် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ် ပွားခဲ့ပါသည်။ ဤကဲ့သို့ အားစမ်း ပွဲများ တိုက်ခိုက်ခဲ့ပြီး အစိုးရ တပ်ဖွဲ့ များသည် မူလ တပ်စွဲထားသော တပ်များနှင့် မလုံ လောက်တော့ သဖြင့် အင်အား တိုးရန် ဖြစ်လာခဲ့သည်ဟု SSPP က ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် အင်အား တိုးရန် အချိန်ယူ ရမည်ဖြစ်သဖြင့် SSPP နှင့် တိုက်ပွဲများ လျှော့ချရန်  ပြီးခဲ့သည့် ဧပြီလ (၃) ရက်နေ့တွင် အစိုးရ၏ ငြိမ်းချမ်း ရေး အဖွဲ့ဝင်တို့ နှင့် ရှမ်းပြည်နယ်၊ လာရှိုုးမြို့၌  ထပ်မံ တွေ့ဆုံ ဆွေးနွေး ခဲ့ကြ ပြန်ပါသည်။
ဤကဲ့သို့ အစိုးရ အဖွဲ့ဝင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံပြီး သမ္မတထံ စာရေး တင်ပြ ခဲ့သော်လည်း ထူးခြားမှု မရှိသည့် အပြင်  ဧပြီလ (၁၅) ရက်နေ့ နောက်ပိုင်းတွင် အစိုးရ တပ်ဖွဲ့များသည် ယင်း ဒေသ တဝိုက်ရှိ ကျေးရွာ များကို လက်နက်ကီး များဖြင့် စတင်ပစ်ခတ် ခဲ့ပြန်ပါသည်။ ဤသည် စစ်အင်အား တိုးချဲ့ရန် အချိန်ယူခဲ့သည့် နည်းဗျူဟာ တရပ်သာ ဖြစ်သည်ဟု စစ်ရေး အကဲခတ်များက ဆိုပါသည်။
ဤသို့သော အခြေအနေကြောင့် ရှမ်းတိုင်းရင်းသား ဒီမိုကရေစီ အဖွဲ့ချုပ် (SNLD)နှင့် ရှမ်းပြည် တိုးတက်ရေး ပါတီ SSPP/ SSA တို့သည် ပူးတွဲပြီး တိုက်ခိုက် နေခြင်းမှ ရပ်တန့်ပေးရန် အစိုးရအား တောင်းဆိုကြောင်း ပြီးခဲ့သည့် ဧပြီလ ၂၅ ရက်နေ့ တွင် ကြေညာချက် ထုတ်ပြန် ခဲ့ပါသည်။
အစိုးရ တပ်များသည် SSPP ကို စစ်ဆင်ရန် အရှေ့ပိုင်းတိုင်း၊ အရှေ့မြောက်ပိုင်းတိုင်း၊ အရှေ့ အလယ်ပိုင်းတိုင်း တပ်များအပြင် စစ်ဆင်ရေး ကွပ်ကဲမှု ဌာနချုပ် တပ်များပါ စုဖွဲ့နေကြကြောင်း စစ်ရေး သုံးသပ်သူများက ဆိုပါသည်။ ထို့အပြင် အစိုးရသည် SSPP အပြင် UWSA နှင့် မိုင်းလား အဖွဲ့များကိုလည်း စစ်ဆင် သွားမည်ဟု သုံးသပ်ပါသည်။
အစိုးရသည် ဤတပ်ဖွဲ့များကို စစ်ဆင်ရန် လေကြောင်း အကူကို အဓိက အသုံးပြုမည်ဟု တွက်ဆကြသဖြင့် UWSA လည်း စစ်ရဟပ်ယာဉ်နှင့် လေယာဉ်ပစ်ဒုံးများ ဖြန့်ကျက် ထားသည်ဟု သွေးစည်း ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ် ကောင်စီ (UNFC) သတင်း ရပ်ကွက်က ဆိုပါသည်။
အစိုးရ တပ်ဖွဲ့များသည် SSPP အား အင်အား (၅၀၀၀) ခန့် ဖြင့် စုစည်း တိုက်ခိုက် နေသည်ဟု ခန့်မှန်း နေကြပြီး ဤအရေ အတွက်ဖြင့် SSPP နှင့် UWSA အား ရင်ဆိုင် တိုက်ခိုက် နိုင်မည် မဟုတ်ကြောင်း ဆိုကြပါသည်။ SSPP သည် အင်အားတ သောင်းကျော် ရှိပြီး UWSA သည် ယခင်က ဗမာပြည် ကွန်မြူနစ် ပါတီ၏ တပ်ဖွဲ့ဝင်များ ဖြစ်ခဲ့ပါသည်။ အင်အားသောင်းနှင့် ချီသော စစ်ဆင်ရေးကို ရင်ဆိုင် ခဲ့ဘူးသလို လွတ်မြောက် ဒေသကို ကာကွယ်နိုင်သော တပ်ဖွဲ့များ ဖြစ်ခဲ့ပါသည်။  UWSA သည် အမြဲတမ်း တပ်အင်အား (၃) သောင်းကျော် ရှိပြီး လက်ရွေးစဉ် ပြည်သူ့စစ် အင်အား (၂) သောင်းကျော်နှင့် အရန်တပ် အင်အား (၂) သောင်းကျော် ရှိသည်ဟု စစ်ရေး အကဲခတ် များ က ခန့်မှန်း ထားပါသည်။
လေယာဉ်ပစ် အမြောက်များ အပြင် စစ်ရဟတ်ယာဉ်များနှင့် အထူး လေ့ကျင့် ထားသော တပ်ဖွဲ့များ ရှိကြောင်း ဆိုပါသည်။ အစိုးရ တပ်များသည် KIA အား နှစ်နှစ်ခန့် တိုက်ခိုက် ခဲ့သော်လည်း ထိရောက်မှု မရှိသည့် အပြင် နိုင်ငံရေး အရ ဆုံးရှံူး မှုရှိသည်ဟု သုံးသပ်ကြပါသည်။
အစိုးရသည် အပစ်အခတ် ရပ်စဲရေးကို အကြောင်း ပြနေသော်လည်း ပြည်တွင်း ငြိမ်းချမ်းရေးကို တည်ဆောက် လိုဟန် မရှိ ကြောင်း လိမ်လည်မှုများက ထင်ရှား လာပါသည်။ ဤသို့ကြောင့် ရှမ်းပြည် တိုးတက်ရေးပါတီ SSPP/ SSA နှင့် အစိုးရ ငြိမ်းချမ်မှု ဖော်ဆောင်ရေး ကိုယ်စားလှယ်တို့ အကြား ပြီးခဲ့သည့် ၂၀၁၂ ခုနှစ် ဇန်နဝါရီလ (၂၈) ရက်နေ့တွင် အပစ်အခတ် ရပ်စဲရေး သဘောတူ လက်မှတ် ရေးထိုး ခဲ့ကြသော်လည်း တိုက်ပွဲ ပေါင်း (၁၀၀) ကျော် ဖြစ်ပွား ခဲ့ခြင်းက သက်သေဖြစ် ခဲ့ပါသည်။
ဤအခြေအနေ များကြောင့် ရယူထားသည့်အပစ်အခတ် ရပ်စဲရေး ပျက်ပြယ် သွားပါက အစိုးရ အပေါ်၌သာ တာဝန်ရှိ ကြောင်း ပြည်တွင်း ငြိမ်းချမ်းရေးကိုလည်း အစိုးရကသာ ဖျက်ဆီး နေသည်ကို ထင်ရှားစွာ တွေ့မြင် နေရကြောင်း ဗိုလ်မှူးကြီး ဖိန်ဖက ပြောပါသည်။

http://www.phophtawnews.org/burmese/index.php/news/internal-news/item/265-sspp.html

လူထုကို အကြပ်အတည်း ဖြစ်စေသည့် နည်းဖြင့် KIA အား ထိန်းချုပ်

ဒေသခံများ၏ တပိုင်တနိုင်ကျောက်စိမ်းမှော် လုပ်ငန်း (ဓါတ်ပုံ အင်တာနက်) ဒေသခံများ၏ တပိုင်တနိုင်ကျောက်စိမ်းမှော် လုပ်ငန်း (ဓါတ်ပုံ အင်တာနက်)
အစိုးရတပ်ဖွဲ့တို့သည် ကချင်ပြည်နယ် ဖားကန့်မြို့နယ် လုံးခင်ဒေသ ကျောက်စိမ်းမှော်၌ တပိုင်တနိုင် ကျောက်စိမ်းတူး နေကြသူများကို လိုက်လံ ပစ်ခတ်သည့် နည်းဖြင့် မောင်းထုတ်လျှက် ရှိနေကြောင်း ဒေသခံတစ်ဦးက ပြောပါသည်။
“ပစ်ခတ်ပြီး လိုက်လံ မောင်းနှင်းနေခဲ့တာ ကနေ့ အထိပါ။ တကယ်တော့ ကျနော်တို့ အခြေခံထားတဲ့ မြေနေရာကိုက စိုက်ပျိုးရေးနဲ့ အသက်မွေးလို့ မရပါဘူး။ အဲဒါကြောင့် ကျနော်တို့ဟာ ဒီ ကျောက်စိမ်းမှော်တွေကို အားကိုးပြီး အသက်ရှင် နေကြတဲ့ သူတွေပါ။ ဒါကို အစိုးရတပ်ဖွဲ့တွေက လာလာပြီး ပစ်ခတ်နေတယ်ဆိုတော့ ဘာနဲ့စားရတော့မှာလဲ” ဟု ဆိုပါသည်။
အစိုးရတပ်ဖွဲ့များသည် ပြီးခဲ့သည့် ဇန္နာဝါရီလ ၁၅ ရက်နေ့မှ စတင်ပြီး ကျောက်စိမ်းမှော် တူးသူများကို တားဆီးပိတ်ပင်ခဲ့ သည်ဟု ဒေသခံက ဆိုပါသည်။ ဤသို့ကြောင့် ဒေသခံ ကချင်ပြည်သူ များသည် ကချင်လွတ်လပ်ရေး တပ်မတော် (KIA) အား အစိုးရတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့စဉ်တုန်းက အခြေအနေမျိုး ထပ်မ ံချုပ်ချယ်ခြင်း ခံနေရကြောင်း ဆိုပါသည်။
အစိုးရ၏ အမှတ်(၇) စစ်ဆင်ရေးကွပ်ကဲမှု ဌာနချုပ်မှ အင်းအား (၄၀၀) ခန့်သည် စစ်ကြောင်း (၃) ကြောင်းဖြင့် ပြီးခဲ့သည့် ဇန္နာဝါရီလ ၁၅ ရက်နေ့တွင် ဤဖားကန့်ဒေသသို့ စစ်ဆင် လာခဲ့ပါသည်။ ဇန္နာဝါရီလ ၁၈ ရက်နေ့တွင် ဖားကန့်မြို့နယ်တွင် ခြေချ တပ်စွဲထားသည့် KIA တပ်မဟာ ၂ လက်အောက်ခ၊ံ အမှတ် ၆ တပ်ရင်းကို ဝင်ရောက် တိုက်ခိုက် သိမ်းပိုက်ခဲ့သည်။ ဤအချိန်မှစပြီး ဒေသခံကျေးရွာများကို တအိမ်တက်ဆင်း ပစ္စည်းများ လိုက်လံ သိမ်းယူနေပြီး လူများကို လည်း သွားလာခွင့် ပိတ်ပင်ခဲ့ပါသည်။
“အစိုးရတပ်တွေက  KIA တပ်ရင်း ၆ ကို သိမ်းပြီးတာနဲ့ ဖာ့ကန်းဒေသက ကျေးရွာတွေကို ဗိုလ်ကျ အုပ်ချုပ်လာတော့ တာ ပါဘဲ။ ဘာကြောင့် ဒီလို ပြောရသလဲ ဆိုတော့ KIA ကို တိုက်တုန်းကတော့ လူထုကို စစ်ရေးနဲ့နှိပ်ကွပ်တယ်။  အခုလို အချိန် မျိုးကျပြန်တော့လည်း လူထုကို အသက်မွေးဝမ်းကြောင်း လုပ်ငန်းတွေနဲ့ ချုပ်ချယ်ပြန်တယ်လေ။  ဒီ ဖားကန့်မြို့ လုံးခင်း ဒေသဆိုရင် လူတွေဟာ ကျောက်စိမ်းမှော်တွေနဲ့ဘဲ အသက်မွေးကြရတယ်လေ။ ဒါကိုပိတ်လိုက်ရင် ကျနော်တို့ကို သတ် ပစ်လိုက်တာနဲ့ အတူတူပါဘဲဗျာ။” ဟု ဒေသခံ ကျောက်စိမ်းတူးသမား တစ်ဦးက ဆိုပါသည်။
ဖားကန့်မြို့နယ် လုံးခင်းဒေသည် မိုးခေါင် ရေရှားပြီး ခြောက်သွေ့သော ဒေသ ဖြစ်သောကြောင့် တောင်ယာခုတ် ပြီး စပါး စိုက်ပျိုး၍ မရသည့် ဒေသဖြစ်ပါသည်။ ယင်းသို့ကြောင်း ဒေသခံပြည်သူများက ကျောက်စိမ်းများ ထွက်ရှိနေကြသည့် ကျောက်စိမ်းမှော် များကို မှီခို လုပ်ကိုင်စားသောက် နေရကြောင်း ဆိုပါသည်။
ဒေသခံများသည် ကျောက်စိမ်းမှော်များကို တရားဝင်အလုပ်လုပ်ခွင့် ရရှိစေရန် ကြိုးစား အားထုတ်သာ်လည်း အစိုးရ၏ စစ်ရေးစီမံချက်နှင့် အုပ်ချုပ်ရေးစီမံချက်ကြောင့် အဟန့်အတားဖြစ်နေကြောင်း ဆိုပါသည်။
“တရားဝင် လုပ်ခွင့်ရရှိဖို့ကလဲ ဘယ်သူ့ကို အားကိုးရမှာလဲ။ ပြည်နယ် ဝန်ကြီးလား၊ သူကဆိုရင် ရုပ်သေး ဝန်ကြီးပါခင်ဗျ။ မှော်တွေကို လိုက်ပိတ်နေတဲ့ ဒေသခံလှုပ်ရှားတပ်တွေမှာ ခွင့်တောင်းပြန်တော့လဲ ခဏခဏ တပ်ပြောင်းနေတော့ ပေးရတဲ့ အခွန်ဆောင်ခနဲ့ မတတ်နိုင်ပြန်ဘူး။ အသစ်ပြောင်းလာတိုင်း အခွန်သစ်တွေ ပြန်ဆောင်နေရရင်တော့ ဘယ်တတ်နိုင်မှာလဲ ဗျာ။” ဟု ဒေသခံ ကျောက်စိမ်းတူး သမားက ပြောကြား သွားပါသည်။
ထို့အပြင် အသက်မွေးဝမ်းကြောင်းအတွက် လုပ်ငန်းတွေ ခက်ခဲနေတဲ့ အချိန်တွင် မိုးကောင်းမြို့မှ ဖားကန့်မြို့သို့ သွားသည့် ကားလမ်းပိုင်းကိုလည်း  အစိုးရဖက်မှ အဖွဲ့ပေါင်းစုံ ဂိတ် ၄ နေရာခန့် ထပ်မံတိုးချဲ့ပြီး  ဖြတ်သန်းခများ သက်သေခံ ဖြတ်ပိုင်း မဲ့ ကောက်ခံနေသည်ဟု ကုန်သည် တစ်ဦးက ပြောပါသည်။
“ကားမိုင်းကျေးရွာ အဝင်မှာ တနေရာ၊ မအူပြင်မှာ တနေရာ၊ ကျားဟိုမှာ တနေရာနဲ့ ကျောက်ခြာမှာ တနေရာ  ဂိတ် သစ် တွေ ဖွင့်ထားပြီးတော့ နေ့တိုင်း ဝင်ထွက်နေတဲ့ ကားတွေ ဆိုင်ကယ်တွေ ကုန်ပစ္စည်းတွေ လူတွေကို မလွတ်တမ်း ကောက် တယ်ဆိုတော့ ကုန်စျေးနှုုံးကလဲ တအားတက်လာတယ်။” ဟု ဆိုပါသည်။
ဂိတ်တပ်ဖွဲ့ဝင်များသည် အသွားအပြန် တခေါက်စာအတွက် ကားတစ်စီးကို ကျပ်တစ်သောင်းပေးရပြီး၊ မော်တော်ဆိုင်ကယ် တစ်စီးကို ကျပ်၅၀၀၀၊  လူတစ်ယောက်ကို တစ်ထောင်ကျပ်နှုန်းဖြင့် နေ့စဉ် ကောက်ခံနေပါသည်။ အထူးသဖြင့် ဒေသခံမှ တူးဖော်ရရှိလာသည့် ကျောက်စိမ်းများကိုတွေ့ရှိပါက ဖမ်းဆီးသည့်အပြင် သိမ်းဆည်းသွားလေ့ ရှိကြောင်း မျက်မြင် ဒေသခံ တစ်ဦးက ပြောဆိုသွားပါသည်။
ဤသည် KIA လှုပ်ရှားမှုအား ထိမ်းသိမ်းရန်အတွက် ဖြတ်လေးဖြတ် စစ်ဆင်ရေးနည်းဗျူဟာကို  အသုံးပြုပြီး ဖါးကန့်လုံခင်း မှ ဒေသခံပြည်သူများ၏ အသက်မွေးဝမ်းကြောင်းကို အခက်အခဲဖြစ်စေရန် လုပ်ဆောင်ခြင်းသာဖြစ်ကြောင်း စစ်ရေးအကဲ ခတ်များက ဆိုပါသည်။ သဘောမှာ လူထုများစားဝတ်နေရေးနှင့် သွားလာရေးတွင် အခက်အခဲဖြစ်နေပါက KIA အား ပြန်လည်ထောက်ပံ့မှု မပေးနိုင်တော့သည့် အခြေအနေဖြစ်လာရန် ဖန်တီးနေခြင်းသာ ဖြစ်သည်ဟု ဆိုပါသည်။  

http://www.phophtawnews.org/burmese/index.php/news/internal-news/item/261-kia.html

မြစ်ကြီးနား၌ တွေ့ဆုံရန် အစိုးရ ကမ်းလှမ်းခြင်းသည် မရေရာ သေးဟု KIO ကဆို

KiA ရှေ့တန်းတနေရာမှ တပ်သားများ KiA ရှေ့တန်းတနေရာမှ တပ်သားများ (ဓါတ်ပုံ KIA)
အစိုးရ လုံခြုံရေး ၀န်ကြီး ဦးအောင်မင်းသည်  လာမည့် မေလ ဆန်းပိုင်းတွင် ကချင် လွတ်လပ်ရေး အဖွဲ့ KIO  နှင့် ကချင်ပြည် နယ် မြစ်ကြီးနား မြို့တွေ့ဆုံရန် ကမ်းလှမ်း ထားသည်ဟု ထွက်ပေါ်နေသော သတင်းများသည် မသေချာ မရေရာ သေးကြောင်း KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်း တောင်က ဆိုပါသည်။
“ဦးအောင်မင်းတို့ ကဘဲ ကျနော်တို့ KIO ကို အရမ်း တွေ့ချင် နေသလိုလို ပြောပြီး ကျနော်တို့ KIO ကဘဲ မတွေ့ချင် သလိုလို်၊ တနည်း ပြောရရင် KIO ကဘဲ ငြိမ်းချမ်းရေး မလိုချင်သလိုလို သဘောမျိုး နဲ့ ကမ္ဘာကို ကြေငြာချင်နေတာ၊ ပြောချင် နေတာပါ။ ကမ်းလှမ်းမှု ရှိတယ်လို့ ကျနော်တို့ မသိရသေးဘူး၊ ဖြစ်နိုင် မနိုင်လဲ မပြောနိုင်သေးတဲ့ အခြေအနေမှာဘဲ ရှိနေသေးတယ်”ဟု ဆိုပါ သည်။
KIO ၏ သဘောထားသည် ၁၉၉၄ ခုနှစ်က ရယူထားသည့် အပစ်အခတ် ရပ်စဲရေး သဘော တူညီချက်များ အတိုင်း အစိုးရ ဘက်က လိုက်နာ ဆောင်ရွက် ပေးပါက အပစ်အခတ် ရပ်စဲရေးအတွက် ထပ်မံ တွေ့ဆုံ ဆွေးနွေးရန် လိုအပ်တော့မည် မ ဟုတ်ကြောင်း KIO ဘက်က ဆိုပါသည်။
ဤသို့ကြောင့် KIO အနေဖြင့် နိုင်ငံရေး တွေ့ဆုံ ဆွေးနွေးပွဲ သာ အစိုးရနှင့် ဆက်လက် လုပ်ဆောင် သွားရန် လိုအပ်သည် ဟု တွေ့ဆုံပွဲ တိုင်းပြောကြား ထားပြီး ဖြစ်ပါသည်။
အစိုးရသည် ပြီးခဲ့သည့် မတ်လတွင် တရုတ်ပြည် ရွှေလီမြို့ တွေ့ဆုံ ဆွေးနွေးပွဲမှ ရရှိထားသည့် သဘောတူညီချက် (၅) ချက် ကိုလည်း အစိုးရ ဘက်မှ လိုက်နာခြင်း မရှိသောကြောင့် ယနေ့အထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွား နေရကြောင်း ဂျိန်လွန်းတောင်က ထောက်ပြ ပြောဆို သွားပါသည်။
အလားတူ KIO သည် အစိုးရ၏ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အပေါ် ယုံကြည်မှု နည်းပါး လာခဲ့ကြောင်း၊ ဤသို့ကြောင့် နိုင်ငံ တကာ လေ့လာ စောင့်ကြည့်သူများ ရှေ့မှောက်တွင် တွေ့ဆုံ ဆွေးနွေးပွဲ ကျင်းပရန်  KIO ဘက်က ကမ်းလှမ်းလာခဲ့ ရခြင်း ဖြစ်ကြောင်း KIO အဖွဲ့၏ ခေါင်းဆောင်ဟောင်း ဖြစ်သူ ဒေါက်တာ တူဂျာက သုံးသပ်ပြော ဆိုခဲ့ပါသည်။
ကချင်ပြည် လွတ်လပ်ရေး အဖွဲ့ KIO နှင့် အစိုးရ တို့သည် ကချင်ပြည်နယ် ငြိမ်းချမ်းရေး အတွက် (၁၃) ကြိမ်ခန့် တွေ့ဆုံဆွေး နွေးခဲ့ပြီး ဖြစ်သည်။ KIO သည် အစိုးရနှင့် ၁၉၉၄ ခုနှစ်ကတည်းက အပစ်အခတ် ရပ်စဲခဲ့ပြီး ဖြစ်ကြောင်း၊ ထိုသဘော တူညီချက် အတိုင်း အစိုးရ ဖက်မှ လိုက်နာပါက အပစ်အခတ် ရပ်စဲရေးကို ထပ်မံ ဆွေးနွေးရန် မရှိတော့ကြောင်း၊  နိုင်ငံရေး အရသာ အစိုးရနှင့် ဆွေးနွေးရန်သာ ရှိတော့ကြောင်း သဘော ထားခဲ့ပါသည်။  
ဤသဘောထား ကိုလည်း အစိုးရနှင့် တွေ့ဆုံ ဆွေးနွေးသည့် အခါတိုင်း အကြိမ်ကြိမ် တင်ပြ ခဲ့ပြီး ဖြစ်ပါသည်။ ဤသို့ကြောင့် လာမည့် ဆွေးနွေးပွဲတိုင်းတွင် သက်သေ အဖြစ် အရေးကြီး နိုင်ငံများက ပါ၀င်လာရန် လိုအပ်သည်ဟု သဘောထား ခဲ့ကြောင်း ဆိုပါသည်။
ဤသဘောထား များအရ KIO သည် ပြီးခဲ့သည် ဧပြီလ ၆ ရက်နေ့တွင် ကချင်ပြည်နယ် မြစ်ကြီးနားမြို့ တွင် တွေ့ဆုံ ဆွေး နွေးပွဲ ရန် သဘော တူခဲ့ပါသည်။ သို့သော် ယင်းတွေ့ဆုံ ဆွေးနွေး ပွဲ တွင် နိုင်ငံတကာ လေ့လာ စောင့်ကြည့်သူများ အဖွဲ့ ပါဝင်ခွင့် မရ ခဲ့သောကြောင့် KIO ဘက်က ဖျက်သိမ်းခဲ့ပါသည်။
ယင်းဆွေးနွေးပွဲကို  တရုတ်တို့ဘက်က ကန့်ကွက် ခဲ့သည့် အတွက် ဖျက်သိမ်း လိုက်ရကြောင်း မြန်မာ သတင်းများက ဖေါ် ထုတ် ခဲ့သော်လည်း  ယင်းထောက်ပြ ချက်သည် မဟုတ်မှန်ကြောင်း ဧပြီလ ရ ရက်နေ့ ထုတ်ပြန်ချက်ဖြင့် တရုတ်ဘက်က ငြင်းဆို ထားပြီး ဖြစ်ပါသည်။
အစိုးရ ငြိမ်းချမ်းရေး အဖွဲ့၏ ယခု ထုတ်ပြန်ချက်သည် KIO နှင့် မေလ ဆန်းပိုင်းတွင် ထပ်မံ တွေ့ဆုံနိုင်ရန် ကမ်းလှမ်းထား သည်ဟု သတင်း ထုတ်ပြန် ခဲ့ပါသည်။ ဤသတင်းသည် လည်း KIO ဖက်မှ အတည်မပြုနိုင်သေးဟု ငြိမ်းချမ်းရေး အကျိုး ဆောင်များက ဆိုနေပါသည်။
ဤသို့ကြောင့် အစိုးရ၏ သတင်း ထုတ်ပြန်ချက်များသည် နို်င်ငံတကာ မျက်နှာစာအတွက် အမြတ်ထွက်ရန် ကြိုးစားနေခြင်းသာ ဖြစ်နိုင်ကြောင်း KIO ဒုတိယ နိုင်ငံခြား ဆက်ဆံရေး တာဝန်ခံ ဂျိန်လွန်းတောင်က ပြောကြား လိုက်ခြင်း ဖြစ်ပါသည်။ 

http://www.phophtawnews.org/burmese/index.php/news/internal-news/item/264-kio.html

တရုတ်ထံမှ တိုက်ခိုက်ရေး ရဟတ်ယာဉ် ရရှိသည်မှာ မဟုတ်ကြောင်း UWSA ငြင်းဆို

 ဖနိဒါ | အင်္ဂါနေ့၊ ဧပြီလ ၃၀ ရက် ၂၀၁၃ ခုနှစ် ၁၆ နာရီ ၅၆ မိနစ်

wa-controll-area-shanချင်းမိုင်(မဇ္စျိမ)။   ။ တရုတ်အစိုးရထံမှ ဝ ပြည် သွေးစည်းညီညွတ်ရေး တပ်မတော် UWSA သို့ လက်နက်တပ်ဆင် ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ ပေးပို့ခဲ့သည်ဟူ၍ သတင်းထွက်ပေါ်လာမှုအား ဝ တပ်ဖွဲ့မှ ငြင်းဆိုလိုက် သည်။  wa-controll-area-shanIHS သတင်းအချက်အလက် ကုမ္ပဏီ၏ ကာကွယ်ရေးနှင့် လုံခြုံရေး ထောက်လှမ်းမှုနှင့် သုံးသက်မှု အင်တာနက် စာမျက်နှာ တွင် ရေးသားထားသည့် “မြန်မာ ခွဲထွက်ရေးသမားများထံ တရုတ်က လက်နက်တပ်ဆင်ထားသော ရဟတ်ယာဉ်များ ပေးပို့” ဆိုသည်ကို UWSA ပြောရေးဆိုခွင့်ရှိသူ ဦးအောင်မြင့် က ငြင်းဆိုလိုက်ခြင်း ဖြစ်သည်။  “မဟုတ်ပါဘူး။ ဟုတ်တယ်ဆိုရင်လည်း ဒီကိစ္စက ကြီးသွားမှာပေါ့။ ဒါ မဟုတ်တာ သေချာတဲ့ အကြောင်းပါပဲ။ ရဟတ်ယာဉ်တွေ တင်ပို့တယ်ဆိုရင် ဘယ်သူက မောင်းမှာလဲ။ သိလည်း မသိဘူး။ ဟုတ်လည်း မဟုတ်ဘူး။ အလကား လျှောက်ပြောနေတာပါ” ဟု မဇ္စျိမကို ပြောသည်။  တရုတ်နိုင်ငံက စစ်သုံး အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် Mil Mi-17 'Hip' အမြောက်အများကို ဖေဖော်ဝါရီလ နှောင်းပိုင်းနှင့် မတ်လဆန်းက ပေးပို့ခဲ့ပြီး ယင်းတို့တွင် ဝေဟင်မှ ဝေဟင်ပစ် TY-90 ဒုံးကျည် များတပ်ဆင်ထားသည်ဟုလည်း အစိုးရနှင့် တိုင်းရင်းသား သတင်းရင်းမြစ်များကို ကိုးကား၍ IHS က ရေးသားသည်။  အဆိုပါ မီ ၁၇ ရဟတ်ယာဉ် ၅ စင်းကို တရုတ်ပြည်မှ တိုက်ရိုက်ပေးပို့ခဲ့ခြင်း မဟုတ်ဘဲ လာအို နိုင်ငံမှ မဲခေါင်မြစ်ကို ဖြတ်သန်းကာ ပျံသန်းပေးပို့ခဲ့ခြင်းဖြစ်သည်ဟု တိုင်းရင်းသားလူနည်းစု စစ်သတင်းရပ်ကွက်အား ကိုးကား၍ ရေးသားထားသည်။  သို့သော် UWSA ကို တရုတ်နိုင်ငံက ရဟတ်ယာဉ်များ ပေးပို့သည်ဆိုသော သတင်းမှာ မဖြစ်နိုင်သေးကြောင်း တရုတ်နယ်စပ်မှ စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇော က ဆိုသည်။  “တရုတ်ဝယ်လည်း ရတယ်။ ဝယ်လည်း ရောင်းတာကိုး။ ကျနော်လည်း အခိုင်အမာ ပြောဖို့ စောသေးတယ်။ အခြေအနေ နည်းနည်း စောင့်ကြည့်မယ်။ နိုင်ငံခြား ပေါ်လစီနဲ့ဆိုင်တော့ ကျနော်တို့ အတည်ပြုပေးလို့ မရဘူး။ ဒီကိစ္စက။ လောလောဆယ်တော့ မဖြစ်သေးဘူး။ နောက်ပိုင်းတော့ ဖြစ်လာနိုင်တာကတော့ ရှိတယ်လို့ ထင်တယ်” ဟု မဇ္စျိမကို ပြောသည်။  သူက ဆက်ပြီး “ကျနော်အမြင်နဲ့တော့ မဟုတ်ဘူးဆိုတာလည်း မပြောနိုင်ဘူး။ ရေရှည်မှာ ဖြစ်နိုင်ခြေအလားအလာ ဖြစ်ဖို့ များတယ်။ ကျနော်တို့ ကိုယ်တိုင်လည်း အဲဒီလို သဘောမျိုးရှိတယ်။ အစိုးရက ပါးစပ်က ငြိမ်းချမ်းရေး ပြောပြီး တကယ်တော့ မငြိမ်းချမ်းတဲ့ သဘော ဖြစ်တာကိုး။ ကိုယ့်အနေနဲ့လည်း ပြင်ရမယ်။ ကိုယ့်ကိုကိုယ် ကာကွယ်ရမယ်” ဟု ပြောသည်။  ရှမ်းပြည်နယ် မြောက်ပိုင်း သံလွင်မြစ်၏ အနောက်ဘက်တလျှောက် အစိုးရ စစ်ကြောင်းများ လှုပ်ရှားမှုများလည်း ရှိနေကာ ရှမ်းပြည်မြောက်ပိုင်း တပ်ဖွဲ့အား လားရှိုး-တန့်ယန်း-မိုင်းရှူး ကားလမ်း လုံခြံုရေးအတွက် ၎င်းမြို့နယ် အတွင်းရှိ စခန်းကို အစိုးရတပ်မှ ဖယ်ရှားခိုင်းခြင်းမှာလည်း စဉ်းစားစရာ ဖြစ်နေသည်ဟု သူက ဆိုသည်။  အကယ်၍ တရုတ်ပြည်မှ Mil Mi-17 'Hip' များ UWSA ရရှိခဲ့ခြင်း မှန်ပါက မြန်မာ့တပ်မတော်က ရုရှမှ မကြာမီက ရရှိထားသော တိုက်ခိုက်ရေးရဟတ်ယာဉ် Mi-24P 'Hind' gunships များကို ထိရောက်စွာ ဟန့်တားနိုင်လိမ့်မည် ဖြစ်ကြောင်း IHS က ရေးသားထားသည်။ အဆိုပါ Mi-24P တိုက်ခိုက်ရေး ရဟတ်ယာဉ်များကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ဖြစ်ပွါးခဲ့သည့် စစ်ဆင်ရေးများတွင် အစိုးရတပ်မှ အသုံးပြုခဲ့သည်။  ၂၀၁၁ ခုနှစ်၊ စက်တင်ဘာလ ၆ ရက်နေ့က အစိုးရနှင့် အပစ်အခတ် ရပ်စဲထားသည့် UWSA သည် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းထဲမှ စစ်အင်အား အကြီးမားဆုံး ဖြစ်ပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းနှင့် တရုတ်နယ်စပ်ဒေသများတွင် အခြေစိုက်သည်။  UWSA သည် ၁၉၈၉ ခုနှစ်တွင် ဗမာပြည် ကွန်မြူနစ်ပါတီ (ဗကပ)မှ ခွဲထွက်ခဲ့သည်။

http://www.mizzimaburmese.com/news/inside-burma/11462-2013-04-30-10-30-01.html

စစ်သုံး ရဟတ်ယာဉ်များ တရုတ်ထံမှ မရဟု “ဝ” ငြင်းဆို

Mi-17 အမျိုးအစား ရဟတ်ယာဉ်တွင် TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျဉ်လက်နက် တပ်ဆင်ထားစဉ် (ဓာတ်ပုံ – wiki.livedoor.jp)

လက်နက် တပ်ဆင်ထားသည့် တိုက်ခိုက်ရေး ရဟတ်ယာဉ်များ တရုတ်နိုင်ငံက ပေးပို့ခဲ့သည်ဆိုခြင်းကို “၀” ပြည် သွေးစည်းညီညွတ်ရေး အဖွဲ့ (UWSA) က အခြေအမြစ်မရှိသည့် သတင်းဖြစ်ကြောင်း ငြင်းဆိုလိုက်သည်။
တရုတ်နိုင်ငံက TY 90 ဝေဟင်မှ ဝေဟင်ပစ် ဒုံးကျည်လက်နက် တပ်ဆင်ထားသည့် Mi-17 အမျိုးအစား အလတ်စား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ်များကို ဖေဖော်ဝါရီလ ကုန်ပိုင်းနှင့် မတ်လဆန်းက UWSA အဖွဲ့သို့ လွှဲပြောင်းပေးခဲ့ကြောင်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တချို့နှင့် မြန်မာအစိုးရ သတင်းရင်းမြစ်တခုကို ကိုးကား၍  ကာကွယ်ရေးနှင့် လုံခြုံရေးဆိုင်ရာ Jane’s Intelligence Review က ဖော်ပြခဲ့သည်။
“မဟုတ်မမှန် လုပ်ကြံတဲ့ သတင်းတွေပဲလို့ ယူဆပါတယ်၊ ကျနော်တို့ကို ရဟတ်ယာဉ် ပေးတယ်တို့ ဘာတို့ ညာတို့။ ရဟတ်ယာဉ်ပေးတော့ ဘယ်သူက လာမောင်းမှာလဲ၊ ကျနော်တို့ဆီက ဘယ်သူက မောင်းတတ်မှာလဲ၊ ဘယ်အဖွဲ့အစည်းက သွားမောင်းမလဲ” ဟု UWSA အဖွဲ့မှ ပြောခွင့်ရပုဂ္ဂိုလ် ဦးအောင်မြင့်က ဧရာဝတီသို့ ပြောသည်။
Mi-17 အမျိုးအစား ရဟတ်ယာဉ်များသည် တရုတ်နိုင်ငံမှ တိုက်ရိုက်ရောက်ရှိလာခဲ့ခြင်း မဟုတ်ဘဲ လာအိုနိုင်ငံမှ တဆင့် မဲခေါင်မြစ်ကို ဖြတ်သန်းကာ UWSA ထိန်းချုပ်နယ်မြေသို့ ရောက်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက ပေးပို့ လိုက်သော ရဟတ်ယာဉ်မှာ ၅ စီးဟု ဆိုသော်လည်း မြန်မာအစိုးရ သတင်းရင်းမြစ်တခု၏ အတည်ပြုချက် အရ UWSA ထိန်းချုပ်နယ်မြေသို့ ရောက်ရှိလာသည့် ရဟတ်ယာဉ်မှာ ၂ စီးသာဖြစ်ကြောင်း အဆိုပါ Jane’s Intelligence Review ၏ သတင်းတွင် ဖော်ပြထားသည်။
သို့သော် မြန်မာ့အရေး ကျွမ်းကျင်သူ ဂျာနယ်လစ် ဘာတေးလ် လစ်တနာကမူ Jane’s Intelligence Review ပါ သတင်းဖော်ပြချက်သည် မှန်ကန်နိုင်သည်ဟု ဧရာဝတီသို့ ပြောဆိုသည်။
မြန်မာစစ်တပ်၏ စစ်ရေးအမြင်အရ UWSA အဖွဲ့ကို ပစ်ခတ်နိုင်သည့် အနေအထားသို့ ရောက်နိုင်ရန်အတွက် ယခုအခါ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း (SSA-N) အား ထိုးစစ်ဆင်နေခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။
ဦးအောင်မြင့်ကမူ ယခုအခါ ၎င်းတို့၏ UWSA အနေဖြင့် ဒေသတွင်း၌ ဖွ့ံဖြိုးရေးနှင့် တည်ဆောက်ရေး လုပ်ငန်းများကိုသာ လုပ်ဆောင်နေကြောင်း ပြောသည်။
“ကျနော်တို့ကတော့ ငြိမ်းချမ်းရေးကို ဆက်ပြီးတော့ ဆောင်ရွက်သွားဖို့ပဲလေ” ဟု သူက ဆိုသည်။
၂၀၁၁ ခုနှစ် စက်တင်ဘာလက မြန်မာအစိုးရနှင့် အပစ်အခတ် ရပ်စဲရေး သဘာတူညီမှု ပြန်လည် လုပ်ဆောင်ခဲ့သည့် UWSA အဖွဲ့သည် မြန်မာနိုင်ငံရှိ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များထဲတွင် အင်အားအကြီးဆုံး အဖွဲ့တခုဖြစ်ပြီး ခန့်မှန်းခြေ စစ်သည်အင်အား ၂ သောင်းကျော်ရှိ၍ တရုတ်-မြန်မာ နယ်စပ် မြန်မာနိုင်ငံ မြောက်ပိုင်း၊ ရှမ်းပြည် အရှေ့မြောက်ဒေသ ပန်ဆိုင်းတွင် ဌာနချုပ်ထားရှိသည်။
လေ့လာသူများ အဆိုအရ UWSA အဖွဲ့သည် မူးယစ်ဆေးဝါး လုပ်ငန်းများနှင့် ဆက်နွှယ်မှုရှိခဲ့ပြီး မြန်မာနှင့် အိမ်နီးချင်း နိုင်ငံများတွင် စီးပွားရေးလုပ်ငန်း များစွာ ပိုင်ဆိုင်ကာ ငွေကြေးကြွယ်ဝသည်ဟု ဆိုကြသည်။
UWSA ကမူ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး လုပ်ငန်းစဉ်များကို ထောက်ခံထားပြီး မူးယစ်ဆေး တိုက်ဖျက်ရေး လုပ်ငန်းများလည်း လုပ်ဆောင်နေသည်ဟု ဆိုသည်။
တရုတ်-မြန်မာနယ်စပ် အခြေစိုက် မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဦးအောင်ကျော်ဇောကမူ အစိုးရ စစ်တပ်အနေဖြင့် SSA မြောက်ပိုင်း၏ တောင်ပေါ် အခြေစိုက် စခန်းများကို ရယူလိုနေသည်မှာ UWSA ကို တိုက်ခိုက်လိုသည့် လက္ခဏာဖြစ်ကြောင်း၊ အကယ်၍ UWSA အဖွဲ့အား အစိုးရစစ်တပ်က စစ်ဆင်ခဲ့လျှင် UWSA အနေဖြင့် မိမိကိုယ်ကိုယ် ကာကွယ်ရန် စစ်ရေးပြင်ဆင်မှုများ ရှိကောင်းရှိနိုင်မည် ဖြစ်ကြောင်း ဧရာဝတီသို့ ပြောသည်။
“ရှမ်း (မြောက်) SSA- N နဲ့ အစိုးရနဲ့ အပစ်အခတ် (ရပ်စဲရေး) ယူပြီးကတည်းက စစ်တပ်က သူတို့ ဘယ်တပ်မှ ရုပ်သိမ်း မသွားသေးတဲ့ အပြင် တပ်အင်အားပါ တိုးချဲ့ခဲ့တယ်။ ဒါဟာ ကောင်းတဲ့ လက္ခဏာ မဟုတ်ဘူး။ ဒီတော့ ၀ တပ်ဖွဲ့ဘက်ကလည်း ပြင်ဆင်မှုတွေ လုပ်ချင်တာပေါ့” ဟု သူက ဆိုသည်။
တရုတ်နိုင်ငံက UWSA အား တိုက်ခိုက်ရေး ရဟတ်ယာဉ်ပေးသည် ဆိုသည့်သတင်း ထွက်ပေါ်လာချိန်သည် SSA မြောက်ပိုင်းနှင့် မြန်မာစစ်တပ်တို့ တိုက်ပွဲများ ဖြစ်ပွားနေချိန်နှင့်လည်း တိုက်ဆိုင်နေသည်။
အဆိုပါကိစ္စနှင့် ပတ်သက်၍လည်း UWSA ပြောခွင့်ရ ဦးအောင်မြင့်က ယခုကဲ့သို့ အပစ်အခတ် ရပ်စဲရေး ပြောဆိုထားပြီးမှ တိုက်ပွဲများ ပြန်လည်ဖြစ်သည်မှာ မဖြစ်သင့်ကြောင်း ပြောသည်။
“ဒါကတော့ မကောင်းဘူးပေါ့ဗျာ။ ငြိမ်းချမ်းရေး ယူပြီးမှ ဒီလိုဖြစ်နေတာ ဒါ ဘယ်ဖြစ်သင့်မလဲ” ဟု သူက ဆိုသည်။
“၀” ခေါင်းဆောင်များနှင့် နီးစပ်သူလည်းဖြစ်သူ ဦးအောင်ကျော်ဇောက ရဟတ်ယာဉ်များ အပါအဝင် ၄င်းတို့၏ စစ်တပ်တွင် ပို၍ ခေတ်မီသည့် လက်နက်များ လိုအပ်ကြောင်းနှင့် “၀” ဒေသအား အားကောင်းစေလိုသည်ဟု  “၀” ခေါင်းဆောင်များက ၄င်းအား ပြောဆိုခဲ့ဖူးကြောင်း ပြောသည်။
ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ကာကွယ်ရေးဦးစီးချုပ် တာဝန်ယူပြီးနောက် ၂၀၁၂ အောက်တိုဘာလ အစောပိုင်းတွင် ပထမဆုံး အကြိမ်အဖြစ် “၀” ပြည် သွေးစည်ညီညွတ်ရေး အဖွဲ့ (UWSA) ဒု ဥက္ကဋ္ဌ ရှောက်မီလျံနှင့် ရှမ်းပြည် အရှေ့ပိုင်း ကျိုင်းတုံ အခြေစိုက် တြိဂံတိုင်း စစ်ဌာနချုပ်တွင် တွေ့ဆုံဆွေးနွေးခဲ့သည်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ကြိဂံတိုင်း စစ်ဌာနချုပ်တွင် တိုင်းမှူးအဖြစ် ယခင်က တာဝန်ယူခဲ့ဖူးသည်။
ထိုစဉ်က တွေ့ဆုံမှုသည် အစိုးရစစ်တပ်နှင့် ကချင်လွတ်လပ်ရေး တပ်ဖွဲ့ (KIA) တို့အကြား တိုက်ပွဲများ ဖြစ်ပွားချိန်နှင့်လည်း တိုက်ဆိုင်နေခဲ့ပြီး ကချင်နှင့် တိုက်ပွဲများအပြီး UWSA နှင့်လည်း တိုက်ပွဲများ ဖြစ်လာနိုင်သည်ဟု ထိုစဉ်က သတင်းများထွက် ပေါ်ခဲ့သေးသည်။
အစိုးရတပ်က ထိုးစစ်ဆင်နိုင်ခြေ ရှိမရှိနှင့် ပတ်သက်၍ ဦးအောင်မြင့်က “ကျနော်တို့ ပြောသံလေးတော့ ကြားတယ်။ ဒါကတော့ အခြေအနေဆိုတာ အပြတ်လည်းပြောလို့ မရဘူးလေ။ ဒါပေမယ့် ဒီကိစ္စက ဒီလို ဖြစ်မယ်၊ မဖြစ်ဘူး၊ ဒါ ဘယ်သူမှ ဒီလိုပါဆိုပြီး ပြောလို့ ရတာမှ မဟုတ်ပဲ” ဟု သူက ဆိုသည်။
UWSA သို့ စစ်လက်နက်များ ရောင်းချပေးသည်ဟူသော စွပ်စွဲချက်များ မဟုတ်မှန်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံရုံးက ယခုနှစ် ဇန်နဝါရီ လကုန်ပိုင်းက ငြင်းဆိုခဲ့သေးသည်။ ၂၀၁၂ ခုနှစ် နှစ်လည်ပိုင်းက တရုတ်လုပ် PTL02 ဘီးတပ် တင့်ကားများ UWSA က ရရှိခဲ့ကြောင်း Jane’s Intelligence Review ၏ သတင်းရေးသားချက်ကို တရုတ်သံရုံး က ငြင်းဆိုခဲ့ခြင်း ဖြစ်သည်။

http://burma.irrawaddy.org/archives/38563

"ဝ"တပ်ကို တရုတ်အစိုးရက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပေးပို့ကူညီ

"ဝ"ပြည်သွေးစည်းညီညွတ်ရေးတပ်မတော် UWSA ကို တရုတ်နိုင်ငံက တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေ ပေးပို့ခဲ့တယ်လို့ နာမည်ကျော် Jane’s  Defence Weekly အပတ်စဉ်ထုတ် ကာကွယ်ရေး စာစောင်က ဧပြီလ ၂၉ ရက်နေ့မှာ ထုတ်ဖော်ရေးသားလိုက်ပါတယ်။

TY-90 အမျိုးအစား ဝေဟင်က ဝေဟင်ပစ် ဒုံးကျည်လက်နက်တွေ တတ်ဆင်ထားတဲ့ Mi-17 အလတ်စား ရဟတ်ယာဉ် တွေကို ဖေဖော်ဝါရီ လကုန်ပိုင်း နဲ့ မတ်လဆန်းမှာ ပေးပို့ခဲ့ကြောင်း မြန်မာအစိုးရနဲ့ တိုင်းရင်းသားအဖွဲ့တွေရဲ့ သတင်းရပ်ကွက်တွေကို ကိုးကားပြီး Jane’s  Defence Weekly စာစောင်က ရေးသားထားပါတယ်။
အဲဒီ Mi-17 ရဟတ်ယဉ်တွေကို ရုရှားနိုင်ငံမှာထုတ်လုပ်ပြီး ကမ္ဘာအနှ့ံ ရောင်းချရာမှာ များမကြာမှီကတင် တောင်တန်းဒေသတွေမှာပျံသန်းဖို့အတွက် အထူးမွမ်းမံထားတဲ့ အင်ဂျင်မျိုးအစားတွေထည့်သွင်း တပ်ဆင်ပြီး တရုပ်နဲ့ ဗင်နီဇွဲလားနိုင်ငံတွေကို ရောင်းချခဲ့ကြောင်းသိရပါတယ်။ TY-90 အမျိုးအစားဒုံးကျည်တွေကတော့ တရုတ်နိုင်ငံထုတ်လက်နက် ဖြစ်ပါတယ်။
တရုတ်-မြန်မာနယ်စပ်ရှိ စစ်ရေးလေ့လာသူဦးအောင်ကျော်ဇောကတော့ တိုင်းရင်းသားတပ်ဖွဲ့တွေကို တခြားတိုင်းပြည်တွေကလည်း ဒီရဟတ်ယာဉ်တွေ ရောင်းချနို်င်ဖွယ်ရှိတယ်လို့ RFA ကို ပြောပါတယ်။
"တရုတ်ပြည်က လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဒီလောက်ကြီးတဲ့ လက်နက်တွေကို မြန်မာပြည်နဲ့ ဆက်ဆံရေး ဒီလိုအခြေအနေမှာရောင်းမယ်လို့ မထင်ဘူး။ပေးမယ်လို့ မထင်ဘူး။ဒါပေမယ့် တစ်ခြားနိုင်ငံကနေ ဝယ်ယူနိုင်တဲ့ အနေအထားတွေ အများကြီး ရှိနိုင်တယ်။ကမ္ဘောဒီးယားနဲ့လာအိုတို့မှာလည်း ရှိတော့ မရောင်းသည့်တိုင် မပြောနိုင်ဘူး။"
အင်တာနက်ဝက်ဆိုဒ်တခုမှာ အဲဒီ ရုရှားနိုင်ငံလုပ် Mi-17 ရဟတ်ယဉ်တွေကို ဝယ်ယူတဲ့ အာရှနိုင်ငံတွေထဲမှာ တရုပ်နိုင်ငံအပြင် ကမ္ဘောဒီးယားနဲ့ လာအိုနိုင်ငံတွေလည်း ပါဝင်နေတာကို တွေ့ရပါတယ်။
Jane’s  Defence Weekly စာစောင်က သတင်းမှာတော့ အဲဒီ Mi-17 ရဟတ်ယာဉ် ၅ စင်းကို တရုပ်နိုင်ငံကနေ "ဝ"ဒေသကိုတိုက်ရိုက်ပေးပို့တာမဟုတ်ပဲ လာအိုနိုင်ငံကနေတဆင့် မဲခေါင်မြစ်ကို ဖြတ်ကျော်ပျံသန်းပြီး"ဝ"တပ်ဖွဲ့တွေထံ ရောက်ရှိသွားကြတာ ဖြစ်ကြောင်း တိုင်းရင်းသားအဖွဲ့တစ်ခုထံက ကြားသိရတယ်လို့ ဖေါ်ပြထားပါတယ်။
မြန်မာအစိုးရ သတင်းရပ်ကွက်ကတော့" ဝ"တပ်ဖွဲ့တွေထံကို အခုအချိန်ထိ အဲဒီ ရဟတ်ယာဉ် ၂ စင်းပဲ ရောက်ရှိသေးတယ်လို့ဆိုပါတယ်။
"ဝ"တပ်ဖွဲ့တွေကို အခု တရုတ်နိုင်ငံကပေးပို့လိုက်တဲ့ Mi-17 ရဟတ်ယဉ်တွေမှာတပ်ဆင်ထားတဲ့ TY-90 အမျိုးအစား ဒုံးကျည်တွေဟာ မြန်မာအစိုးရ လက်ဝယ်ရှိ ရုရှားနိုင်ငံလုပ် Mi-24 အမျိုးအစားတိုက်ခိုက်ရေး ရဟတ်ယာဉ်တွေကို ပစ်ချနိုင်စွမ်းရှိုတယ်လို့ ဆိုပါတယ်။ အဲဒီ Mi-24 တိုက်ခိုက်ရေး ရဟတ်ယဉ်တွေကို မကြာသေးခင်ကဖြစ်ပွားခဲ့တဲ့ ကချင်ပြည်နယ် စစ်ပွဲမှာ မြန်မာလေတပ် ကသုံးစွဲခဲ့ပါတယ်။
Jane’s ထောက်လှမ်းရေးစာစောင်ရဲ့ ဖော်ထုတ်ရေးသားချက်နဲ့ ပတ်သက်လို့ တရုတ်-မြန်မာနယ်စပ်အခြေစိုက် စစ်ရေးလေ့လာသူ ဦးအောင်ကျော်ဇောကို RFA အဖွဲ့သား ကိုနေရိန်ကျော် ဆက်သွယ်မေးမြန်းထားတာ နားဆင်နိုင်ပါတယ်။

ဝ တပ်ဖွဲ့တွေ ရဟတ်ယာဉ် ၅ စင်း ရရှိ

 

UWSA ဝ ပြည် သွေးစည်း ညီညွတ်ရေး အဖွဲ့ ဟာ MI 17 ရဟတ်ယာဉ် ၅ စင်းကို တရုတ် နိုင်ငံ ကနေ ရရှိ ခဲ့တယ်လို့ ကာကွယ်ရေး နဲ့ စစ်ရေး သတင်းတွေ ထုတ်ပြန်တဲ့ Jane's Defence Weekly စာစောင်မှာ ရေးသား ဖေါ်ပြထား ပါတယ်။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ နဲ့ မြန်မာ အစိုးရ ဘက်က သတင်း ရပ်ကွက်ကို ကိုးကားပြီး အဲဒီ စာစောင်မှာ ရေးသား ဖော်ပြထားတာ ဖြစ်ပါတယ်။
ရဟတ်ယာဉ်တွေ ကတော့ သယ်ယူ ပို့ဆောင်ရေး အမျိုး အစား ဖြစ်ပြီး၊ ဝေဟင်မှ ဝေဟင်ပစ် မစ်ဇိုင်းဒုံး တွေလည်း တပ်ဆင် ထားပါတယ်။
ဒီယာဉ်တွေ ဟာ စစ်ပွဲ တွေမှာ သုံးလို့ ရတဲ့ ရဟတ်ယာဉ်တွေ ဖြစ်နိုင် တယ်လို့ တရုတ် မြန်မာ နယ်စပ်က စစ်ရေး အကဲခတ် ဦးအောင်ကျော်ဇောက ပြောပါတယ်။
နောက်ပြီး မကြာသေးခင်က အစိုးရရဲ့ တိုက်ခိုက်မှု တွေဟာ တခြား လူမျိုးစု လက်နက်ကိုင် တွေနဲ့ UWSA ကို ခွဲခြားဖို့ ရည်ရွယ် လုပ်ဆောင် တာ ဖြစ်နိုင် ကြောင်း ကိုလည်း ဦးအောင်ကျော်ဇောက သုံးသပ်ပါတယ်။

 http://www.bbc.co.uk/burmese/burma/2013/04/130430_uwsa_mi17.shtml

April 29, 2013

ချင်းအမျိုးသားတပ်ဦး ကန်ပက်လက် မြို့ ပြည်သူများနှင့် လူထုတွေ ့ဆုံပွဲပြုလုပ်




CNF က ၂၀၁၃ ခုနှစ်၊ ဧပြီလ (၂၅-၂၆) ရက်နေ ့များ၌ ချင်းပြည် နယ်၊ တောင် ပိုင်း ကန်ပက်လက် မြို့ ပြည်သူ များနှင့် ဇလပ်ဝါ ခန်းမတွင် လူထု တွေ ့ ဆုံဆွေးနွေး ပွဲပြုလုပ်ကျင်းပခဲ့သည်။
အဆိုပါလူထုတွေ ့ဆုံပွဲတွင် ဒေသခံပြည်သူ စုစုပေါင်း (၃၀၀) ခန့်တက်ရောက်ကြောင်း၊ သဘာပတိ အဖြစ် ကန်ပက်လက်မြို ့ဒေသခံ ရပ်မိရပ်ဖမှ ဦးထန်းမနားနှင့် အခမ်းအနားမှူး အဖြစ် ဒေါ်နန်းချယ်ရီတို့ကဆောင်ရွက်ပေးကြောင်း တွေ ့ဆုံပွဲတွင် ပါ၀င်သူ တစ်ဦးကဆို သည်။
သဘာပတိအဖြစ်ဆောင်ရွက်သူ ဦး ထန်မနားက CNF နှင့်အဖွဲ့အား ကန်ပက်လက်မြို ့ မှလှိုက်လှဲ စွာကြိုဆိုကြောင်း၊ ကန်ပက်လက်မြို့ သည် ချင်းပြည်နယ်တွင် အဆင်းရဲဆုံးနှင့် တိုးတက် မှုအနိမ့်ဆုံးမြို့ဖြစ်ေကြာင်း၊ အင်တာနက်၊ သတင်းစာနှင့်ပြည်သူများကို ဗဟုသုတ နှင့်အကြား အမြင်ပေးနိုင်သည့် မီဒီယာများမရှိကြောင်း၊ ယခုကဲ့သို ့ ပြည်သူများနှင့်တွေ့ဆုံခြင်း များြပု လုပ်ပေးခြင်းဖြင့် ဒေသ ခံပြည်သူများအတွက် အကျိုးရှိမည်ဖြစ်ကြောင်း ပြောကြားပြီး CNF အနေဖြင့် ကန်ပက်လက်မြို ့ တိုုးတက်ဖွဲ ့ဖြိုးနိုင်ရေးအတွက် အတတ်နိုင် ဆုံး အကူအညီများ ပေးစေ လိုကြောင်း ပြောကြားသည်ဟုသိရသည်။
ချင်းပြည်နယ်် တောင်ပိုင်း မတူပီမြို ့ CNF ၏ လိုင်စင်ရုံး တာဝန်ခံ ပူးထန်ယဲန်းက မင်းတပ်၊ ကန်ပက်လက်၊ ပလက်ဝ၊ မတူပီမြို ့၊ ရေဇွနှင့် ဆာမီးမြို ့နယ်ခွဲများတွင် ပြုလုပ်မည့် လူထု တွေ ့ဆုံပွဲ ကိုဦးဆောင်လျှက်ရှိသည်။
CNF အဖွဲ ့တွင် ဒေါက်တာ လျန်မှုန်းဆာခေါင်း၊ ပူးထန်လိန်းကီး၊ ပါတီ အတွင်းရေးမှူးချုပ် (၂) ပူးပေါလ်ဆီထာနှင့် အဖွဲ ့များ ပါ၀င်ကြကြောင်း သိရသည်။
ချင်းပြည်နယ် တောင်ပိုင်းတွင် လူထုတွေ ့ဆုံပွဲ ပြုလုပ်သည့် CNF အဖွဲ ့သည် ကန်ပက်လက်မြို ့ မှ မင်းတပ်မြို ့၊ ထိုမှတဆင့် ၄င်းတို ့၏လိုင်စင်ရုံးစိုက်ရာ မတူပီဘက်သို ့ သွားရောက်ပြီး လူထုတွေ ့ ဆုံပွဲများ ဆက်လက်လုပ်သွားမည်ဖြစ်သည်။
မတူပီမှတဆင့် ဆာမီးမြို ့နယ်ခွဲ၊ ပလက်ဝမြို ့နှင့် ရေဇွာမြို ့နယ်ခွဲများတွင် လူထုတွေ ့ဆုံပွဲ လုပ်သွား မည်ဖြစ်ကြောင်း သိရသည်။

http://khonumthungburmese.org/?p=2037

တိုက်ပွဲကြောင့် မြိုင်ကြီးငူ ဒေသခံ ထွက်ပြေးတိမ်းရှောင်နေရ

ဧပြီလ ၂၉ရက်၊ ၂၀၁၃ခုနှစ်။ စောခါးစူးညား (ကေအိုင်စီ)
ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် မြိုင်ကြီးငူရွာတွင် ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် နယ်ခြား စောင့်တပ်(BGF)တို့အကြား ဖြစ်ပွားသည့် တိုက်ပွဲကြောင့် ဒေသခံလူထုများ နေအိမ်စွန့်ခွါကာ ထွက်ပြေးတိမ်း ရှောင်နေရသည်ဟု မြိုင်ကြီးငူ ဒေသခံများ၏ ပြောပြချက်အရ သိရသည်။
မြိုင်ကြီးငူတွင် ဧပြီ ၂၇ ရက်နေ့မှစ၍ ယခုထိ ဖြစ်ပွားသည့်တိုက်ပွဲကြောင့် တိုက်ပွဲနေရာနှင့် အနည်းငယ် အလှမ်း ဝေးသည့် လေးလုံးမြိုင်ရပ်ကွက်မှလွှဲ၍ ရွှေနံ့သာမြိုင်၊ ပိတောက်မြိုင်၊ နှင်းဆီမြိုင်နှင့် ဇီဇဝါမြိုင် စသည့် ရပ်ကွက် များရှိ လူထုများသည် ယင်းအနီးတဝိုက်ရှိ ကမမောင်းမြို့အပါအဝင် အုန်းတော၊ ကော့လူးကျွန်း၊ ကုန်းနဝင်းနှင့် ရွာသာအေး စသည့်ကျေးရွာများသို့ ထွက်ပြေးတိမ်းရှောင်ကြရသည်ဟု မြိုင်ကြီးငူ ဒေသခံတစ်ဦးက ပြောသည်။
“တိုက်ပွဲဖြစ်တဲ့နေ့က စပြီး မြိုင်ကြီးငူက လူတွေ အားလုံးနီးပါး ထွက်ပြေးကြတယ်။ လူဦးရေဘယ်လောက် ထွက်ပြေးဆိုတာတော့ မမှန်းတတ်ဘူး။ အခု မြိုင်ကြီးငူမှာ တိုက်ပွဲ ဖြစ်တဲ့ နေရာနဲ့ အလှမ်းဝေးတဲ့ ရပ်ကွက် လောက်ပဲ လူတွေနေကြတယ်။ တိမ်းရှောင်နေရတဲ့ လူတွေကလည်း အိမ်မပြန်ရဲကြသေးဘူး”ဟု ၎င်းက ကေအိုင်စီသို့ ပြောသည်။
လက်ရှိ မြိုင်ကြီးငူတွင် DKBA ကလို့ထူးလားဗျူဟာ လက်အောက်ခံ (၉၀၅)စစ်ကြောင်းမှူး ဗိုလ်မှူး ဖူးလေးဘော ဦးဆောင်သည့်အဖွဲ့ကို BGF အမှတ် (၁၀၁၁)တပ်ရင်းမှူး ဗိုလ်မှူးစောစိုးနိုင် ဦးဆောင်သည့် လက်အောက်ခံတပ် ဖွဲ့ဝင်များနှင့်အတူ စစ်ကူအဖြစ် ရောက်လာသည့် (၁၀၁၇)၊ (၁၀၁၈)နှင့် (၁၀၁၉)တပ်ရင်းတို့က ယမန်နေ့ည ၁၂နာရီမှ မနက် ၁နာရီအထိ တိုက်ပွဲဖြစ်ပွားခဲ့သေးကြောင်း DKBA တပ်မှူးတဦးက ကေအိုင်စီသို့ ပြောသည်။
သူက “မြိုင်ကြီးငူမှာ ညက တိုက်ပွဲဖြစ်သေးတယ်။ ထိခိုက်သေဆုံးမှုတော့ မသိရဘူး။ BGF ဘက်က လက်နက် ကြီး အဓိက အားကိုးပြီး ပစ်ခတ်ခဲ့ပေမယ့် သူတို့ ထိုးဖောက်လို့မရဘဲ နောက်ဆုံး ပြန်နောက်ဆုတ်လိုက်ရ တယ်”ဟု ပြောဆိုသည်။
ဆက်လက်၍ ယနေ့ မြိုင်ကြီးငူတွင် တိုက်ပွဲဖြစ်ပွားမှု မရှိသော်လည်း မြိုင်ကြီးငူနှင့် မယ်သဝေါအကြား ရေတံခွန် ရှိ နားထီးကွီးတွင် ယနေ့ နေ့လည် ၁၁ နာရီခွဲအချိန်၌ DKBA ကလို့ထူးလားဗျူဟာလက်အောက်ခံ တပ်ခွဲ(၂) တပ်ခွဲမှူး စောစကုတ် ဦးဆောင်သည့်အဖွဲ့နှင့် BGF တပ်ရင်း (၁၀၁၂)နှင့် (၁၀၁၅) လက်အောက်ခံတပ်ဖွဲ့ဝင်တို့ တိုက်ပွဲဖြစ်ပွားကာ BGF ဘက်က နှစ်ဦးသေဆုံးပြီး သုံးဦးဒဏ်ရာရရှိသည်ဟု သူက ဆက်ပြောသည်။
သို့သော် ကေအိုင်စီအနေဖြင့် DKBA နှင့် BGF တို့အကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် ထိခိုက်သေဆုံးမှု စာရင်း အတိအကျနှင့် ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
မြိုင်ကြီးငူရှိ လူထုများသည် အေးအေးချမ်းချမ်း နေထိုင်ခဲ့ရာမှ ယခုလို တိုက်ပွဲ ဖြစ်ပွားမှုကြောင့် နှစ်ပေါင်း ၂၀နီးပါးအတွင်း ပထမဆုံးအကြိမ် နေအိမ်စွန့် ထွက်ပြေးတိမ်းရှောင်နေရခြင်းဖြစ်ကြောင်း သိရသည်။

http://www.kicnews.org/?p=16542

နယ်ခြားစောင့်တပ်နှင့် ဖြစ်ပွားသောတိုက်ပွဲ ရပ်လိုက်ပြီဟု DKBA ပြော

လှိုင်းဘွဲ့မြို့နယ် အတွင်း အခြေစိုက်သည့် ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ဝင်များ (ဓာတ်ပုံ – ပြည်တော်မြင့် / ဧရာဝတီ)
ဒီမိုကရေစီ ကရင်အကျိုးပြုတပ်မတော်(DKBA)နှင့် နယ်ခြားစောင့်တပ်(BGF) တို့အကြားဖြစ်ပွားနေသည့် တိုက်ခိုက်မှုများကို ယနေ့ မွန်းတည့်ချိန်မှစ၍ ရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း DKBA ဘက်က ပြောဆိုလိုက်သည်။
ကရင်ပြည်နယ်၊ လှိုင်းဘွဲ့မြို့နယ် မြိုင်ကြီးငူရွာ အနီးတွင် ၂၇ ရက်နေ့ညပိုင်းက စတင်ကာ DKBA ကလို့ထူးလားဗျူဟာမှ ဗိုလ်မှူးကြီး စောဘိ လက်အောက်ခံ တပ်ရင်းနှင့် နယ်မြေချင်းထိစပ်နေသည့် နယ်ခြားစောင့်တပ် (၁၀၁၇) တပ်ရင်းတို့ ယနေ့ မနက်ပိုင်း အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး နှစ်ဖက် တာဝန်ရှိသူများ နားလည်မှုရရှိပြီးနောက် တိုက်ပွဲများကို ရပ်တန့်လိုက်ကြခြင်း ဖြစ်ကြောင်း DKBA ကလို့ထူးဝါး ကွပ်ကဲရေးရုံးမှ ဗိုလ်မှူး စောဝေထူး က ပြောပြသည်။
“အဲဒီဘက်ကလည်း တိုက်ပွဲတွေရပ် သူတို့ဘက်ကလည်း မပစ်တော့ဘူးဆိုပြီး ဒီနေ့ပဲဗိုလ်ချစ်သူက မြိုင်ကြီးငူက ဆရာတော် တပါး ကနေတဆင့် တယ်လီဖုန်းနဲ့ ဗိုလ်ဘိ (ဗိုလ်မှူးကြီး စောဘိ) ဆီကို ဆက်သွယ်လာတယ်၊ အဲဒီနောက် နေ့လယ် ၁၂ နာရီ ကနေ စပြီး တိုက်ပွဲတွေရပ်လိုက်ပြီ”ဟု ဗိုလ်မှူး စောဝေထူး က ဧရာဝတီသို့ ပြောသည်။
DKBA နှင့် BGF တပ်များအကြား နှစ်ဖက်တိုက်ပွဲများ ရပ်တန့်ရေးအတွက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် တင်မောင်ဝင်း က နှစ်ဖက်အကြား ညှိနှိုင်းမှုပြုလုပ်ပေးသကဲ့သို့ ကရင်အမျိုးသား အစည်းအရုံး (KNU) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ဂျော်နီ ကလည်း တယ်လီဖုန်းမှတဆင့် နှစ်ဖက်ညှိနှိုင်းမှု ပြုလုပ်ပေးခဲ့ကြောင်း KNU ဗဟိုကော်မတီဝင် မန်းငြိမ်းမောင်ကလည်း ပြောသည်။
“ကျနော်တို့ဘက်ကရော ရတခ တိုင်းမှူးကရော ဝင်ပြီး စေ့စပ်ညှိနှိုင်းပေးလိုက်တဲ့နောက်မှာ စစ်ရှိန်တော့လျော့သွားတဲ့ သဘောမှာရှိတယ်”ဟု မန်းငြိမ်းမောင်က ဆိုသည်။
ယခုလ ၂၆ ရက်နေ့က ကလို့ထူးလားဗျူဟာ လက်အောက်ခံ တပ်ဖွဲ့များနှင့် နယ်ခြားစောင့်တပ်များအကြား သံလွင်မြစ်အတွင်း ပစ်ခတ်မှုများဖြစ်ပွားခဲ့ပြီး နယ်ခြားစောင့်တပ်ဘက်မှ တဦးကျဆုံးခဲ့ရာမှ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း DKBA က ပြော ဆိုသည်။
ယင်းသို့ ပစ်ခတ်မှုများဖြစ်ပွားပြီ DKBA ကလို့ထူးလား လက်အောက်ခံတပ်ရင်း (၉၀၅) ရှိရာကို နယ်ခြားစောင့်တပ်ရင်း၊ တပ်ဖွဲ့များ က အင်အား အလုံးအရင်းဖြင့် လက်နက်ကြီး လက်နက်ငယ်များ အသုံးပြုတိုက်ခိုက်ခဲ့ကြောင်း နှစ်ဖက်တိုက်ပွဲများကြောင့် အကျအဆုံးစာရင်းကိုလည်း မသိရှိသေးကြောင်း ဗိုလ်မှူး စောဝေထူး က ပြောသည်။
တိုက်ပွဲဖြစ်ပွားမှု အခြေအနေများနှင့် ပတ်သက်၍ နယ်ခြားစောင့်တပ် တာဝန်ရှိသူများထံ ဧရာဝတီက ဆက်သွယ်ခဲ့သော်လည်း ဖြေ ဆိုခြင်း မရှိပေ။
DKBA နှင့် နယ်ခြားစောင့် တပ်များအကြား ယင်းဒေသတွင် နယ်မြေအငြင်းပွားမှု၊ အကျိုးစီးပွား ကိစ္စရပ်များနှင့်ပတ်သက်၍ မကြာ ခဏ ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိကြောင်း ယင်းဒေသတွင်း လှုပ်ရှားနေသည့် ကရင်လက်နက်ကိုင် တပ်မှူး တချို့က ပြောသည်။
DKBA အဖွဲ့သည် ၁၉၉၄ ခုနှစ်က KNU မှခွဲထွက်ခဲ့သည်။ ထို့နောက် သီးသန့်အဖွဲ့အဖြစ်ရပ်တည်ခဲ့ရာမှ ၂၀၁၀ ပြည့်နှစ်၌် ဗိုလ်မှူးကြီး စောချစ် သူဦးဆောင်သည့် DKBA တပ်ဖွဲ့ဝင်များက အစိုးရတပ် လက်အောက်သို့ ၀င်ရောက်ခဲ့ကြပြီး တပ်ရင်း သုံးခုနှင့် နယ်ခြား စောင့် တပ် အဖြစ် ရပ်တည်ခဲ့ခြင်း ဖြစ်သည်။
ဗိုလ်မှူးချူပ် စောလားပွယ် ၏ DKBA တပ်များကမူ သီးခြား ဆက်လက် ရပ်တည်နေသည်။ ယခု အစိုးရ လက်အောက်ခံ နယ်ခြား စောင့်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့သော မြိုင်ကြီးငူ အခြေစိုက်ဗိုလ်မှူးကြီး စောဘိ အဖွဲ့သည် ၂၀၀၈ ခုနှစ်က နယ်ခြားစောင့်တပ်ဖွဲ့ အသွင် ပြောင်း ရာတွင် ပါဝင်သွားခဲ့ပြီးနောက်ပိုင်းတွင် ၎င်း၏ တပ်ဖွဲ့များနှင့်အတူ DKBA အဖြစ်နှင့် ပြန်လည်ရပ်တည်ခဲ့သည်။

http://burma.irrawaddy.org/archives/38503
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India