ဆွေးနွေးပွဲ၌ ၂၀၁၂-ခု ဧပြီလ ၄-၅ ရက်များတွင် ရခိုင်ပြည် စစ်တွေမြို့၌ ပြည်နယ် အဆင့် ဆွေးနွေး သဘော တူညီခဲ့သော သဘော တူညီမှု အချက် (၅)ချက်ပါ စာချုပ်ကို အကောင်အထည် ဖေါ်ရန် အလေးထား ဆွေးနွေးခဲ့ ကြသည်။ပြီးနောက် ရခိုင်ပြည်တွင် ယခုလက်ရှိ ဖြစ်ပေါ်နေသော ဘင်္ဂလီမူဆလင်-ရခိုင် အဓိကရုဏ်းတွင် ရခိုင်ပြည် လွတ်မြောက်ရေး ပါတီ (ALP) အနေဖြင့် သက်ဆိုင်ရာ အစိုးရ အနေဖြင့် ပူးပေါင်း ဆောင်ရွက် သင့်သည့် ကိစ္စများကို ပူးပေါင်းဆောင် ရွက်ရန်၊ ရခိုင်ပြည် သူများအတွက် အသက်အိုးအိမ် လုံခြုံမှုရှိ စေရေး၊ ဒုက္ခရောက် နေကြသော ပြည်သူများကို ပြန်လည်နေရာ ချထားရေး ဆိုင်ရာ ကူညီ နိုင်ရေးစသော အချက်များကို ဆွေးနွေး ခဲ့ကြသည်။ဦးအောင်မင်း ဦးဆောင်သော ကိုယ်စားလှယ်များမှ လက်ရှိ ရခိုင်ပြည်တွင် ဖြစ်ပေါ်နေသော အရေး အခင်းသည် လူဝင်မှု ကြီးကြပ်ရေးကို အခြေံခံသည့် ပြဿနာ ဖြစ်ကြောင်း ပေါ်လစီများ ချမှတ်ပြီး လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ဆွေးနွေးခဲ့ကြသည်။
http://www.arakanalp.com/?p=385


Saturday, July 28, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: