July 29, 2012

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသည့် UNFC မှ ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဖြင့်သာ ဆက်လက်ဆွေးနွေးမည််

Monday, 30 April 2012

တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ စုပေါင်းဖွဲ့စည်းထားသည့် UNFC မှ ငြိမ်းချမ်းရေး ကိစ္စများအတွက် ဆက်လက်ဆွေးနွေးရာတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဖြင့်သာ ဆက်လက်ဆွေးနွေးမည်ဟု ထုတ်ပြန်ကြောင်း သိရှိရသည်။

ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့မှာ ၂ ဖွဲ့ရှိပြီး အဖွဲ့(၁)မှာ ဦးအောင်သောင်း ဦးဆောင်ပြီး အဖွဲ့(၂)မှာ ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း ဦးဆောင်ကာ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

UNFC မှ ယခုအခါ ဦးအောင်မင်းဦးဆောင်သည့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအဖွဲ့ဖြင့် ဆက်လက်ဆွေးနွေးမည်ဆိုသည့် အချက်ပါသော ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ထားကြောင်း ဧပြီ ၂၉ ရက်နေ့က နေပြည်တော် စက်မှုဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသည့် မီဒီယာများနှင့် တွေ့ဆုံပွဲတွင် ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ပြောကြားခဲ့ပါသည်။

ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက''UNFC က အစည်းအဝေး လုပ်ပါတယ်။ UNFC ဆိုတာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ၁၁ ဖွဲ့ ပေါင်းစပ်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်ပတ်က ထိုင်းနိုင်ငံ တစ်ဖက်ကမ်းမှာ သူတို့ အစည်းအဝေး လုပ်တယ်။ အဲဒီကနေ ဆုံးဖြတ်ချက်တွေ အများကြီး ထွက်လာတယ်။ အဲဒီအထဲက နံပါတ်တစ် ဆုံးဖြတ်ချက်က အပစ်အခတ် ရပ်စဲရေး ကိစ္စရပ်များကို ဦးအောင်မင်းနှင့်သာ ဆက်လက်ဆွေးနွေးမည်ဆိုတဲ့ အချက်တစ်ချက် ပါပါတယ်။ ကျွန်တော်တို့က အဆင့် ၃ ဆင့်နဲ့ လုပ်တယ်။ ပထမအဆင့်က အပစ်အခတ် ရပ်ဆဲရေး၊ ဒုတိယ အဆင့်က Political Dialogue၊ တတိယ အားလုံးပါ၀င်တဲ့ အစည်းအဝေးကြီး လုပ်မယ်။ ပြီးတော့မှ တူတာမတူတာတွေ ညှိပြီး ထာဝရငြိမ်းချမ်းရေးအတွက် လက်မှတ်ထိုးမယ်ဆိုပြီး ဖြစ်ပါတယ်။ အဲဒီလို အဆင့် ၃ ဆင့် နဲ့လုပ်တာကို လက်ခံမယ်၊ ကျွန်တော်လုပ်တဲ့ ပုံစံအတိုင်း လုပ်မယ်ဆိုရင် ကျွန်တော်လက်ခံပေးမယ်၊ ကျွန်တော်လာပေးမယ်၊ ကြိုးစားပေးမယ်လို့ ပြောလိုက်ပါတယ်''ဟု မီဒီယာတွေ့ဆုံပွဲတွင် ပြောကြားခဲ့ပါသည်။

လက်ရှိတွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ဆွေးနွေး လုပ်ဆောင်ရာတွင် ဦးအောင်သောင်း ဦးဆောင်သည့် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့(၁) ဖြင့် KIA အဖွဲ့မှာ ဆွေးနွေးပြီး ကျန်တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့မှာ ဦးအောင်မင်း ဦးအောင်သည့် ပြည်ထောင်စုဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့(၂)ဖြင့် ဆွေးနွေးလုပ်ဆောင်ခဲ့ပြီး အပစ်အခတ် ရပ်ဆဲရေးအပါအဝင် ငြိမ်းချမ်းရေး ဖော်ဆောင်မှုအတွက် ကြီးကြီးမားမား ဆွေးနွေးရန်မှာ KIA  အဖွဲ့တစ်ဖွဲ့သာ ကျန်ရှိတော့ကြောင်း သိရသည်။

''တိုင်းပြည်က တာဝန်ပေးရင်တော့ ကျွန်တော် ၀င်ရမှာပေါ့။ သူတို့ သဘောက ၀င်စေချင်တဲ့ သဘောဖြစ်တယ်။ ကျွန်တော်တို့က ရိုးသားမှု၊ ယုံကြည်မှုကို တည်ဆောက်ပြီး ဆွေးနွေးပါတယ်''ဟု ရထားပို့ဆောင်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက ဆက်လက် ပြောကြားခဲ့ပါသည်။

http://news-eleven.com/index.php?option=com_content&view=article&id=13353%3A-unfc-&Itemid=118
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India