July 29, 2012

မောင်ပိုင်စီးငြိမ်းချမ်းရေး ထာဝရတည်တံ့မည်မဟုတ်

khun-okker
ဦးသိန်းစိန်အစိုးရက ဒီမိုကရေစီနိုင်ငံတော်သစ်ကြီးဆီသို့ ခြေလှမ်းနေရာမှာ တိုင်းရင်းသားလက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ထာဝရငြိမ်းခြမ်းရေးတည်ဆောက်လိုတယ်။ တိုင်းရင်းသားတွေဘက်ကလဲ စစ်မှန်တဲ့ ပြည်ထောင်စုကြီး တည်ဆောက်ဖို့ ငြိမ်းချမ်းရေးတည် ဆောက်လိုတဲ့ ဆန္ဒပြင်းပြနေပါတယ်။ သို့ပေမဲ့ ဘာ့ ကြောင့် တိုင်းရင်းသားဒေသတွေမှာ တိုက်ပွဲတွေဆက်ဖြစ်နေပါသလဲ။ ညီညွှတ်သော တိုင်းရင်းသားများ ဖက်ဒရယ်ကောင်စီ တွဲဖက်အတွင်းရေးမှူး (၂) ဗိုလ်မှူးကြီးခွန်ဥက္ကာ ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေး မြန်းထားပါတယ်။

မေး။ ။မင်္ဂလာပါခင်ဗျား။ အခုတလောကြားနေတာ UNFC အနေနဲ့ ဦးသိန်းစိန်အစိုးရ ရဲ့ ငြိမ်းချမ်းရေး ဖေါ်ဆောင် ရေးကော်မတီ နဲ့ တွေ့ဖို့ရှိတယ်လို့ ကြားထားတယ်။ အဲဒါဘယ်လိုအခြေအနေရှိလဲခင်ဗျား။

ဖြေ။ ။ကျနော်တို့ UNFC အနေနဲ့ လောလောဆယ်မှာ အစိုးရ ငြိမ်းချမ်းရေး ကိုယ်စားလှယ်နဲ့တွေ့ဖို့ မရှိသေးဘူး၊ ဦးအောင်မင်းကိုယ်တိုင်ပြောတာက ကချင်ကိစ္စကျန်သေးလို့ UNFC နဲ့တွေ့ဖို့မဖြစ်နိုင်သေးဘူးလို့ပြောတယ်။ ကချင်ကိစ္စပြေလည်ပြီးတော့မှဘဲ UNFC အဆင့်ကိုတက်မယ်။

မေး။ ။ကချင်ဘက်ကကော ပြေလည်ဖို့အလားရှိလား။

ဖြေ။ ။ကချင်ဘက်ကတော့ ဦးအောင်မင်းနဲ့ မပြီးဘူးထင်တယ်။ ဘာလို့လဲဆိုတော့ ကချင်နဲ့ ထိပ်တိုက်ဖြစ်နေတဲ့ တပ်တွေကို နည်းနည်းနေရာရွှေ့ပေးဖို့ ပြောင်းပေးဖို့ ကချင်ဘက်ကတောင်းထားတော့ အဲဒီစစ်တပ်တွေ ပြောင်းပေးဖို့ ရွှေ့ပေးဖို့ ဦးအောင်မင်းက မပိုင်ဘူး၊ သမ္မတကိုသွားပြောတော့လဲ သမ္မတ ကိုယ်တိုင်က မပိုင်ဘူးဖြစ်နေတယ်။ အဲဒါကြောင့် စစ်တပ်ဘက်က ဗိုလ်ချုပ်ကြီးစိုးဝင်းတို့လို တိုင်းမှူးတို့လို ပါလာရင်တော့ တပ်ရွှေ့ပြောင်းပေးဖို့ နားလည်မှုနည်းနည်းလေးရလာနိုင်တယ်။ အဲဒီက တဆင့်အခြေအနေလေး တိုးတက်လာနိုင်တယ်လို့ယူဆဒါဘဲ။

မေး။ ။KIA က UNFC ရဲ့အဖွဲ့ဝင်ဆိုတော့ အဲဒီကိစ္စအပေါ် UNFC အနေနဲ့ ဘယ်လိုပံ့ပိုးမှုတွေပေးသေးလဲခင်ဗျား။

ဖြေ။ ။ကျနော်တို့ UNFC ကတော့ ကချင်ခေါင်းဆောင်တွေကို တွေ့ဖို့ နောက်ပတ်လောက် အစည်းအဝေးရှိမယ်၊ အဲဒီမှာ နောက်ဆုံးအခြေအနေတွေကို သုံးသပ်ပြီး ဘယ်လိုကဏ္ဌကနေလုပ်နိုင်မလဲ၊ UNFC အနေနဲ့ ဘယ်ကဏ္ဌကနေပါဝင်ရင် ဘယ်လိုထွက်ပေါက်လေးတွေရနိုင်မလဲဆိုတာ ပြန်ညှိရမယ်။

မေး။ ။ဒါဆို ဗိုလ်မှူးကြီးတို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ် အနေနဲ့ကော အစိုးရကိုယ်စားလှယ်နဲ့ သွားတွေ့ဖို့ရှိလား။

ဖြေ။ ။ကျနော်တို့ ပအိုဝ်းအမျိုးသားအဖွဲ့ချုပ်အနေနဲ့ကတော့ ဦးအောင်မင်းဖိတ်ထားတာရှိတယ်။ လက်ရှိ ပြင်ဆင်နေ တာလဲရှိတယ်။ သို့သော်လည်းကျနော်တို့အချိန်မကျသေးတော့ ထုတ်မပြောသေးဘူးခင်ဗျား။ အစီအစဉ် တော့ ရှိတယ်၊ ဒီလအတွင်းတွေ့နိုင်မယ်လို့မှန်းထားပါတယ်။ ကျနော်တို့ ဘန်ကောက်မှာတွေ့တုန်း က သူဖိတ် ထားတာဘဲ။ လက်တွေ့ကျတော့ ဘယ်လိုဖြစ်ဦးမယ်ဆိုတာမသိသေးဘူး။ သွားမယ့်သူတွေ ဘာတွေလဲ ပြင်ဆင် ထားတာရှိရင်ရှိမယ်။ ဒါပေမယ့်အချိန်မကျသေးတော့ ထုတ်ဖော်ပြောလို့မရသေးဘူး ဖြစ်နေတယ်။ ပြောထား ရင်လဲ အချိန်ကျလို့ ဖြစ်မလာရင်မကောင်းဘူးလေနော်။

မေး။ ။ဟုတ်ကဲ့ပါ။ ဗိုလ်မှူးကြီးကိုတခုမေးချင်တာက သဘောထားတင်းမာတယ်လို့ နာမည်ကြီးနေတဲ့ ဒုသမ္မတ သီဟ သူရတင်အောင်မြင့်ဦးက အနားယူပြီး အခု သမ္မတသစ်ရွေးချယ်ဖို့လုပ်နေတယ်။ အခုလို ဒုသမ္မတအပြောင်း အလဲရှိလာမယ်ဆိုတော့ ဗိုလ်မှူးတို့လုပ်နေတဲ့ UNFC အနေနဲ့ ငြိမ်းချမ်းရေးဆွေးနွေးမှာတို့၊ လက်နက်ကိုင် တိုင်းရင်းသားတပ်ဖွဲ့တွေလုပ်နေဆဲငြိမ်းချမ်းရေးလုပ်ငန်းတို့ဟာ အပြောင်းအလဲရှိနိုင်မလားခင်ဗျ။

ဖြေ။ ။ဒုသမ္မတ တနေရာထဲအစားထိုးတာနဲ့ လုပ်ငန်းခွင်တခုလုံးကိုမထိခိုက်နိုင်ဘူးလို့ထင်တာဘဲ။ လုပ်ငန်း တခု လုံးက စီမံကိန်းကရှိပြီးသားဘဲ။ သမ္မတဦးသိန်းစိန်နဲ့ ဦးအောင်မင်းတို့လဲ တဖွဲ့ပြီးတဖွဲ့ ကြိုးစားတွေ့ နေကြ တာဘဲ။ ဆိုတော့ ပရောစက် (Process) ကတော့ဆက်သွားနေမှာဘဲ။

မေး။ ။ကချင်ဖက်မှာလဲတိုက်ပွဲတွေမရပ်သေးဘူး။ သျှမ်းပြည်မြောက်ပိုင်းတပ်ဖွဲ့ ဆိုရင်လဲ တပ်စခန်းတချို့ ဆုတ်ပေး လိုက်လို့သာ တိုက်ပွဲက ခေတ္တငြိမ်သွားတာ ဆိုတော့ ငြိမ်းချမ်းရေးခရီးစဉ်နဲ့ပတ်သက်ပြီး ဒီအပေါ်မှာ ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ။ဦးအောင်မင်းတို့အဖွဲ့က အပစ်အခတ်ရပ်တဲ့အဆင့်ရောက်အောင် အုပ်စုခွဲပြီးလုပ်ထား ကတဖက်၊ အပစ် အခတ်ရပ်စဲရေးရပြီဆိုတာက နိုင်ငံရေးအရ အမြတ်ထုတ်တာ။ အဲဒီနိုင်ငံရေးလုပ်တဲ့အဖွဲ့က လုပ်နေပြီးပြီ။ စစ်တပ်ကလဲ နယ်မြေစိုးမိုးနိုင်အောင် စစ်တပ်ရဲ့အနေအထားကိုမြင့်တင်ဖို့ ပြင်ဆင်တဲ့အခါကျတော့ တပြိုင် နက်ထဲလုပ်နေတယ်လို့ကျနော်ထင်တယ်။ နိုင်ငံရေးအဖွဲ့ကလည်း နိုင်ငံရေးအမှတ်ရအောင်လုပ်၊ စစ်တပ် ကလဲ နယ်မြေစိုးမိုရေးအတွက်လုပ်၊ စစ်တပ်ရဲ့အနေအထားလဲမပျက်အောင် ၊ငြိမ်းချမ်းရေးလုပ်တဲ့လူကလဲ သူရထားတဲ့အဆင့် မပျက်အောင် အဲဒီနည်းနာကိုသုံးနေတယ်လို့ကျနော်ထင်တယ်။ ဒါကြောင့် ဟိုးအရင်တုန်း ကလို အပစ်ရပ်ပြီးတော့ ကြိုက်တာလုပ်၊ လိုလိုအခွင့်မျိုးမပေးထားဘဲနဲ့၊ တဖက်ကလဲငြိမ်းချမ်းရေးပြော တဖက်ကလဲအနေအထိုင်ကျဉ်းကျပ်အောင် ကောင်းကောင်းမွန်မွန်မနေရအောင် လုပ်နေတာ လို့ကျနော် ထင်ရတယ်။

မေး။ ။ဒါဆိုရင်ရေရှည်မှာ ထာဝရငြိမ်းချမ်းရေးတည်ဆောက်မယ်ဆိုတဲ့ရည်ရွယ်ချက်က ဖြစ်လာနိုင်မှာလား။

ဖြေ။ ။အစိုးရနဲ့ စစ်တပ်တို့ပြောချင်တဲ့ထာဝရငြိမ်းချမ်းရေးက နိုင်ငံတနိုင်ငံမှာ စစ်တပ်တတပ်သာရှိရမယ်။ တိုင်း ရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေအားလုံး သူ့အောက်မှာသွားနေရမယ်။ အဲ့ချိန်မှာ ဘယ်သူ့ကိုမှတိုက်စရာ မလိုတော့တဲ့အတွက်တကယ်ကိုငြိမ်းချမ်းသွားပြီ လို့ သူယူဆတယ်။တိုင်းရင်းသားတွေအခွင့်အရေး လူနည်းစုတွေအတွက်အခွင့်အရေးတွေပေးပြီး နိုင်ငံရေးအရအဖြေရှာ၊ နိုင်ငံရေးအဖြေရတဲ့အခါကျတော့ ပဋိပက္ခမရှိတော့ဘူး။ မရှိရင်ငြိမ်းချမ်းတယ်။ ဒါကတိုင်းရင်းသားဘက်က မြင်တဲ့ငြိမ်းချမ်းရေး။ ဒီအမြင် ၂ ခုက ကွာခြားတယ်။ အစိုးရမြင်တဲ့ငြိမ်းချမ်းရေးနည်းအတိုင်းသွားမယ်ဆိုရင်တော့ တချိန်ချိန်မှာ ပြန်ပျက်မှာဘဲ။ နိုင်ငံရေးအဖြေရှာပြီးစစ်မှန်တဲ့ဆုံးဖြတ်ချက်ချနိုင်မှာသာ စစ်မှန်တဲ့ငြိမ်းချမ်းရေးရမှာလို့ ကျနော်မြင်ပါတယ်။

ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်။

http://panglongburmese.blogspot.com/2012/07/blog-post_7326.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India