အစိုးရနှင့် မသက်ဆိုင်သော တိုင်းရင်းသား ညီလာခံ တရပ် ဖြစ်လာရန် လှုံ့ဆာ်
“တိုင်းရင်းသား ညီလာခံ အတွက် ပြင်ဆင်ကြတာပဲ စက်တင်ဘာလ ဒုတိယ အပါတ် အကုန်ပိုင်းမှာ ညီလာခံခေါ်မယ်။ အဖွဲ့ပေါင်းစုံ ပါအောင် ခေါ်မယ်။ ညီလာခံ ကျင်းပရေး ကော်မတီ တာဝန်ခံကိုတော့ UNFC အထွေထွေ အတွင်းရေးမှူး ဖြစ်တဲ့ နိုင်ဟံသာက ဦးဆောင်ပါတယ်။ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းဖြစ်စဉ်မှာ တိုင်းရင်းသားတွေရဲ့ ကိုင်စွဲရမဲ့မူတွေကို ချမှတ်ဖို့ ညီလာခံကို ခေါ်ရခြင်းဖြစ်ပါတယ်” ဟု ဆိုပါသည်။
WORKING GROUP တွင် စည်းလုံး ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ဝင် များအပါ၀င် ရခိုင်လွတ်မြောက်ရေး အဖွဲ့ (ALP) နှင့် ရှမ်းပြည်ပြန်လည် ထူထောင်ရေး ကောင်စီ (RCSS ) တို့လည်း ပါ၀င်ကြသည်။ အစိုးရ၏ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကိုသာ ခေါ်ယူဆွေး နွေးခဲ့ပါသည်။ သို့သော်လည်း တချို့အင်အား နည်းပါးသော လက်နက်ကိုင် အဖွဲ့များကိုမူ ခေါ်ယူဆွေးနွေးခြင်း မရှိခဲ့ပေ။
ဤသို့ကြောင့် လက်နက်ကိုင် တိုင်းရင်းသား အင်အားစုများသည် ၄င်းတို့ပေါ်လစီမှ ရရှိထားသော ငြိမ်းချမ်းရေး အခြေအနေကို တိုင်းရင်းသားပေါင်းစုံ ပါ၀င်သော ညီလာခံသို့တင်ပြရန် လိုသည်ဟု ယူဆသည့် အတွက် လွတ်လပ်သောတိုင်း ရင်းသားညီလာခံ ဖြစ်လာရေးကို ကြိုးပမ်းနေခြင်းဖြစ်ပါသည်။ ထို့အပြင် လူထုလူတန်းစား အဖွဲ့အစည်းများလည်း မြန်မာ နိုင်ငံငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပါ၀င်လာရန် နိုးဆော်နေသည်ဟု ခွန်ဥက္ကာကဆိုပါသည်။
တိုင်းရင်းသား ညီလာခံဖြစ်မြောက်ရေး ရုံးဖွင့်ရန် အတွက်လိုအပ်သော နေရာ၊ ပါ၀င် စုဖွဲ့ရမည့်သူနှင့် လုပ်ငန်း ကိစ္စများကို ချမှတ်ရန် ကြိုးပမ်းနေကြပါ သည်။ ညီလာခံကိုလည်း ပြည်တွင်းပြည်ပ နှစ်နေရာ စလုံး၌ ကျင်းပရန် ရည်ရွယ်ထားပါသည်။ ဤညီလာခံသို့ နိုင်ငံရေးပါတီများ တိုင်းရင်းလူမှူအဖွဲ့ စည်းများ ကျောင်းသာလူးငယ်များ အမျိုးသမီး အဖွဲ့များနှင့် အခြား စိတ်ဝင်စားသူ မည်သူမဆို တက်ရော့်နိုင်ကြောင်းဆိုပါသည်။
သမ္မတ ဦးသိန်းစိန် ဦးဆောင်သော အစိုးရကမူ အပစ်ခတ်ရပ်စဲရေး၊ နိုင်ငံရေးတွေ့ဆုံဆွေးနွေးရေးမှ ၂၀၁၄ခုနှစ်တွင် ကျယ်ပြန့်သော တိုင်းရင်းသား ညီလာခံ တရပ် ကျင်းပရန် ချမှတ်ထားကြောင်း သမ္မတမှ ထုတ်ဖေါ်ပြောကြား ခဲ့ပါသည်။
http://www.phophtaw.org/burmese/index.php/news/internation-news/2001-2012-08-10-13-36-26.html