August 20, 2012
မြန်မာပြည် မြောက်ပိုင်း စစ်ရေး အခြေအနေ ပိုမိုပြင်းထန် တင်းမာလာ
ကချင်လွတ်လပ်ရေးအဖွဲ့ KIO တပ်မဟာ (၁) (ပန်းဝါ) ဌာနချုပ် စခန်းသို့ တနင်္လာနေ့ နံနက်ပိုင်း၌ အစိုးရတပ်မှ စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့သော်လည်း မသိမ်းပိုက် နိုင်ခဲ့ဘဲ ပြန်လည် ဆုတ်ခွာသွားကြသည်ဟု KIO အတွင်းရေးမှူး ဦးလနန် က ပြောသည်။
“ဒီနေ့ တိုက်ပွဲကတော့ ပြင်းထန်တယ်လို့ ပြောရမယ် ၂ နာရီလောက် အပြင်းအထန် တိုက်ပွဲ ဖြစ်တယ်။ အစိုးရတပ်က အလောင်း နှစ်လောင်း ကျနော်တို့ ရရှိတယ်။ အထိအခိုက် တော်တော် များတယ်။ သူတို့ ပြန်ဆုတ် သွားတယ်။ စခန်းကို
တော့ မသိမ်းနိုင်ခဲ့ပါဘူး” ဟု မဇ္စျိမကို ပြောသည်။
အစိုးရတပ်မှ ခလရ (၇၇) နှင့် ခလရ (၄၇) တပ်ရင်းများမှ အင်အား ၄ဝဝ ဝန်းကျင်ခန့်ဖြင့် စခန်းသိမ်း တိုက်ပွဲ ဆင်နွှဲခဲ့သည်ဟု ၎င်းက ဆိုသည်။
ပန်းဝါဒေသမှာ ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းရှိ ချီဖွေမြို့နယ်၌ တည်ရှိပြီး တရုတ်နိုင်ငံ တန်ချွန်း နယ်စပ်ဒေသ နယ်ခြားမှတ်တိုင် (၆) အနီးတွင် တည်ရှိသည်။ ဤဒေသကို သြဂုတ်လ ၁၅ ရက်နေ့ ကတည်းက အစိုးရဘက်မှ ထိုးစစ် ဆင်လာခဲ့ရာ ယနေ့တွင် ဌာနချုပ်ကို ဝင်ရောက်၍ စခန်းသိမ်းတိုက်ပွဲ ဆင်နွှဲခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။
ဤဒေသသည် ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်မှု ကော်မီတီ ဒု-ဥက္ကဋ္ဌ ဦးအောင်မင်းနှင့် KIO တို့ အလွတ် သဘော ဆွေးနွေးစဉ် စစ်ပြေးဒုက္ခသည်များ ထားရှိနိုင်ရန်အတွက် စစ်မဲ့ဇုန် အဖြစ် ထားရှိရန် KIO မှ အဆိုပြုထားခဲ့
သော်လည်း အစိုးရမှ အကြောင်းပြန်ကြားခြင်း တစုံတရာ မရှိခဲ့ပေ။
အစိုးရမှ KIO အား စစ်ဆင်နေသည့် ထိုးစစ်အား “ရွှေပြည်သာ” စစ်ဆင်ရေးဟု နာမည် ပေးထားကာ ၎င်းစစ်ဆင်ရေး အတွက် အစိုးရ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ်မှ တပ်ရင်း ၄၆ ရင်း၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်မှ တပ်ရင်း ၄၂ ရင်း၊ တပ်မ (၈၈) မှ ရှစ်ရင်း၊ တပ်မ (၉၉) မှ ခြောက်ရင်း၊ တပ်မ (၄၄) မှ လေးရင်း၊ အမြောက်တပ်များ၊ ဆက်သွယ်ရေး တပ်များ၊ ထောက်ပို့တပ်များ ဆေးတပ်များနှင့် လေကြောင်း ပစ်ကူ တပ်များ ပါဝင်ပြီး စုစုပေါင်း အင်အားမှာ တသောင်း
ကျော်ခန့် ရှိကြောင်း KIA အတွင်းရေးမှူး ဦးလနန်က မဇ္စျိမကို ပြောသည်။
ထို့အပြင် တပ်မ (၆၆)၊ တပ်မ (၇၇) နှင့် တပ်မ (၁ဝ၁) တပ်များ ကိုလည်း အရန်တပ်များ အဖြစ် မြစ်ကြီးနားနှင့် ဗန်းမော် မြို့များတွင် နေရာချထားလျက် ရှိသည်။
ဤတပ်များဖြင့် လိုင်ဇာ KIO ဗဟိုဝန်းကျင်ကို ဝိုင်းထားကာ KIA တပ်၏ နေရာ ငါးနေရာဖြစ်သည့် ကချင်ပြည်နယ် အရှေ့မြောက်ပိုင်းမှ KIA တပ်ရင်း (၃) နယ်မြေနှင့် တပ်မဟာ (၁) နယ်မြေများ (ပန်းဝါဒေသ)၊ KIA တပ်မဟာ(၃) ဌာနချုပ် နယ်မြေ (လွယ်ဂျယ် - မိုင်ဂျာယန် ဒေသ)၊ KIAဗဟိုယာယီဌာနချုပ် လိုင်ဇာဒေသ၊ KIA တပ်မဟာ (၅) ဌာနချုပ်နယ်မြေ တာပိန်-ဘွမ်ဆင်ဒေသနှင့် KIA တပ်မဟာ (၄) တပ်ရင်း (၈) နယ်မြေရှမ်းပြည် မြောက်ပိုင်းဒေသ တို့အား ချိန်ရွယ် နေရာယူထားသည်ဟု KIO မှ ပြောသည်။
အလားတူ SSPP ၏ ဝမ်ဟိုင်း ဌာနချုပ် အားလည်း အစိုးရတပ်မှ အင်အား ၁,ဝဝဝ ခန့်က အင်အားဖြည့်၍ နေရာယူရေး စစ်ဗျူဟာဖြင့် တပ်စွဲထားကြောင်း SSPP ၏ ပြောခွင့်ရ ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။
“ကျနော်တို့ရဲ့ ဝမ်ဟိုင်း ဗဟိုဌာနချုပ်ကို လူအင်အား တထောင်ကျော်လောက်နဲ့ ဝိုင်းထားပါတယ်။ နှစ်ပတ် ရှိပါပြီ၊ ပိတ်ဆို့ထားတာ။ ကျနော်တို့ စီးပွားရေး လမ်းကြောင််း၊ ဆက်သွယ်ရေး လမ်းကြောင်းတွေကို ဖြတ်နိုင်အောင်၊ မလှုပ်နိုင်အောင် အဲဒီသဘောနဲ့ ဝိုင်းထားတာ ဖြစ်တယ်” ဟု မဇ္စျိမကို ပြောသည်။
မိုင်းရှူး မြို့နယ် အတွင်းရှိ ဟိုင်းပါ ဒေသ၊ ကတိုးဆိပ်သို့ SSPP တပ်များ ဆုတ်ပေးရန် အစိုးရဘက်မှ တောင်းဆိုခဲ့ပြီး SSPP မှ မဆုတ်ပေးနိုင်ဟု အကြောင်းပြန်ခဲ့ပြီးနောက် မိုင်းအော့ ဒေသ၌ SSPP နှင့် အစိုးရတို့ အကြား ဇူလိုင်လဆန်း၌ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြသေးသည်။
သြဂုတ်လဆန်းပိုင်းတွင် အဆိုပါ မိုင်းအော့ ဒေသ၌ တိုက်ပွဲများ ငြိမ်သက်ခဲ့သော်လည်း လှုပ်ရှား စစ်ကြောင်းများအား ဝမ်ဟိုင်း ဌာနချုပ်သို့ နေရာယူရေးစစ် ဆင်နွှဲရန် အင်အား ဖြည့်ထားခြင်း ဖြစ်သည်ဟု SSPP မှ ဆိုသည်။
“သူတို့က နိုင်ငံရေးအရ ဆွေးနွေး ချင်တယ်၊ ဖြေရှင်းချင်တယ်ဆိုရင် အကျပ်ကိုင်တဲ့ သဘော ဒီလိုမျိုးလုပ်တာ မဖြစ်သင့်ဘူး။ သူတို့က နိုင်ငံရေးအရ ဆွေးနွေးဖို့ ဆန္ဒများ မရှိတော့ဘူးလား ဆိုတဲ့ မေးခွန်းတွေ မေးစရာ ရှိတယ်။ နိုင်ငံရေးကို ဆွေးနွေးချင်တယ် ဆိုရင် ဒါတွေကို မလုပ်သင့် မလုပ်ထိုက်ဘူးလို့ ထင်ပါတယ်” ဟု ဗိုလ်မှူးကြီး ဖိန်ဖ က ပြောသည်။
အစိုးရနှင့် ရရှိထားသည့် အပစ်အခတ် ရပ်စဲရေးအား SSPP မှ ပြန်လည် သုံးသပ်ရန် ရှိသည်ဟု ပြောသည်။ ဗဟို ဆုံးဖြတ်ချက်အတိုင်း သတ်မှတ်နယ်မြေများကို ကျူးကျော် ဝင်ရောက်လာပါက ပြန်လည် ပစ်ခတ်ဖွယ် အနေအထား ရှိကြောင်း ၎င်းက ဆိုသည်။
ဇန်နဝါရီလ ၂၈ ရက်နေ့က အပစ်အခတ်ရပ်စဲရေး လက်မှတ်ရေးထိုးခဲ့သော ဗိုလ်ချုပ် ဆေထင် ခေါင်းသော SSPP အဖွဲ့သည် ဇွန်လ ၂ဝ ရက်နေ့၌ အစိုးရ၏ ပြည်ထောင်စု အဆင့်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့နှင့် တွေ့ဆုံ
ဆွေးနွေးရန် စီစဉ်ထားသော်လည်း ရခိုင်ပြည်နယ် အရေးကို အကြောင်းပြပြီး အစီစဉ်ကို အစိုးရက ပယ်ဖျက် လိုက်သည်ဟု ဆိုသည်။
SSPP သည် အစိုးရနှင့်အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီး နောက်ပိုင်း၌ တိုက်ပွဲပေါင်း ၃ဝ ကျော် ဖြစ်ပွား ခဲ့ပြီး ဖြစ်သည်။
http://www.mizzimaburmese.com/news/inside-burma/9915-2012-08-20-13-56-50.html
အင်တာဗျူး
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ တရုတ်ကို လိမ်မာပါးနပ်စွာ အသုံးချဖို့ လိုတယ်
သောကြာနေ့၊ ဧပြီလ 12 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်KIO နဲ့ အစိုးရငြိမ်းချမ်းရေးဆွေးနွေးပွဲ ရက်ရွှေ့ဆိုင်းရသည့် အပေါ် သျှမ်းသံတော်ဆင့်မှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေး လေ့လာသူ ဦးအောင်းကျော်ဇောနှင့် တွေ့ဆုံမေးမြန်းချက် ဖြစ်သည် ။
“ပွဲဖျက်ပြီးတော့ ကယ်တင်ရှင် ဝင်လုပ်မှာလား”
မတ်လ ၂၀ ရက်နေ့က ရွှေဆိုင်တဆိုင်တွင် အငြင်းပွားရာမှ စတင်၍ အဓိကရုဏ်း တခုအဖြစ် ကျယ်ပြန့်သွားခဲ့ရသည့် မိထ္ထီလာ ရာဇဝတ်မှုကြီးများမှာ ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ် ပဋိပက္ခများ နောက်တွင် အဆိုးရွားဆုံးသော အဖြစ်အပျက်ကြီးတခု ဖြစ်ခဲ့သည်။
တနင်္လာနေ့၊ မတ်လ 11 ရက် 2013 ခုနှစ် သျှမ်းသံတော်ဆင့် အင်တာဗျူး - သျှမ်းသံတော်ဆင့်
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။
ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။
တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား
ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။
ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။
၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ
ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။
ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော
ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။
ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ
ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။