August 23, 2012

တရုတ်အစိုးရ ဖိအားကြောင့် စစ်ပြေးဒုက္ခသည်များ စတင်ပြောင်းရွှေ့နေ

ချင်းမိုင်(မဇ္စျိမ) ။       ။ တရုတ်အာဏာပိုင်များ၏ စေခိုင်းချက်အရ တရုတ်နိုင်ငံ နောင်တောင်းခရိုင်၊ ရွှေလီမြို့နယ် အတွင်း ခိုလှုံနေသော ကချင်စစ်ပြေးဒုက္ခသည်များမှာ ကချင်လွတ်လပ်ရေးအဖွဲ့ KIO နယ်မြေအတွင်းသို့ စတင်၍
ပြောင်းရွှေ့နေပြီ ဖြစ်ကြောင်း ဒုက္ခသည် စခန်းတာဝန်ခံများက ပြောသည်။

နောင်တောင်းခရိုင်အတွင်း ဒုက္ခသည်စခန်း ခြောက်ခုမှ လူဦးရေ ၄,ဝဝဝ ကျော် ရှိရာ ပထမဆုံး အသုတ်အဖြစ် အိမ်ထောင်စု ၁၅ဝ ကျော်မှ လူ ၆ဝဝ ကျော်မှာ KIO ၏ တပ်မဟာ ၃ နယ်မြေ လနာဇွပ် Lana Zup ဒုက္ခသည်စခန်းသို့ ဗုဒ္ဓဟူးနေ့တွင် စတင်ပြောင်းရွှေ့နေခြင်း ဖြစ်သည်။

ဒုက္ခသည်များ ပြောင်းရွှေ့သည့် မှတ်တမ်းရိုက်ကူးရန် ကင်မရာ ကိုင်ဆောင်ခွင့်ကို တရုတ်အာဏာပိုင်များက တားမြစ် ထားသလို ပြောင်းရွှေ့နေကြဆဲမှာပင် စခန်းများကို ဖျက်ဆီးခြင်းများ ပြုလုပ်နေသဖြင့် ဒုက္ခနှစ်ကြိမ် ခံရသလို ခံစားရ သည်ဟု စခန်းတာဝန်ခံ တဦးဖြစ်သူ ဒေါ်မရန်လုလု က ပြောသည်။

“တရုတ် စစ်သားရော၊ ရဲရော အရမ်းများတယ်။ လူတောင် မထွက်သေးခင် သွပ်မိုးတွေ အကုန် ခွာလိုက်ပြီ။ လမ်းဘေး က ငှားနေတဲ့ လူတွေတောင် ပေးမနေတော့ဘူး။ အကုန်လုုံးကို မောင်းထုတ်နေတယ်။ စခန်းတွေ အကုန်လုံး လိုက်ဖျက်
နေတယ်။ ဓါတ်ပုံ ကင်မရာလည်း ကိုင်လို့ မရဘူး။ ကားတော့ ငှားပေးတယ်” ဟု မဇ္စျိမကို ပြောသည်။

၎င်းက ဆက်လက်ပြီး “သူတို့ နိုင်ငံကနေ မောင်းထုတ်လို့ ပြန်တာကို ခုလို ကျမတို့ကို လူလို သူလို မဟုတ်ဘဲ မောင်းနေ တယ်ဆိုတော့ လူ့အခွင့်အရေး ချိုးဖောက်ခံရသလိုပဲ။ ကျမတို့လည်း နေချင်လို့ နေတာမှ မဟုတ်တာ။ ကျမတို့က
သေနတ် ကျည်ဆံကြောက်လို့ ကိုယ့်အိုးအိမ်တွေ ပစ်ထားပြီး ဒုက္ခသည်လို လာနေတာ။ နေခွင့် ရခဲ့တာကိုတော့
ကျေးဇူးတင်ပါတယ်။ အစိုးရတခု ဖြစ်ပြီးတော့ အဲဒီလောက် လုပ်ရက်တယ်။ သူတို့ စိတ်ထဲမှာ လူသားချင်းစာနာ စိတ်တော့ ရှိကြရဲလား” ဟု ခံစားပြောဆိုသည်။

ထိုစခန်းအတွင်းရှိ ဒုက္ခသည်များအား မြန်မာနိုင်ငံအတွင်းသို့ ပြောင်းရွှေ့ကြရန် ဇူလိုင်လ ၂ဝ ရက်နေ့ကတည်းက တရုတ်အာဏာပိုင်များက ပြောဆိုထားပြီးဖြစ်သည်။

ထိုဒုက္ခသည်စခန်းတွင် မူလတန်းကျောင်း ဖွင့်လစ်ထားပြီး ကျောင်းသူကျောင်းသားပေါင်း ၈၆၈ ဦး ရှိနေကာ ကလေးများ ပညာရေး ထိခိုက်မည်စိုး၍ ဒုက္ခသည်များက လနာ့ဇွပ်သို့ မပြောင်းရွှေ့လိုကြခြင်း ဖြစ်သည်။

ယခု ပြောင်းရွှေ့လာသည့် နေရာသည် ယခင် တရုတ်လူမျိုးများ ဖဲဝိုင်းအဖြစ် အသုံးပြုရန် ဆောက်လုပ်ထားသည့် အဆောက်အအုံနှင့် ဟိုတယ်ဟောင်း တိုက်တန်းများတွင် နေထိုင်နေရမည် ဖြစ်ပြီး အဓိက မီးဖိုချောင်၊ အိမ်သာများကို
ဆောက်လုပ်ရန် လိုအပ်နေကြောင်း သိရသည်။

ကလေးများ ပညာသင်ကြားရေးအတွက် ဖဲဝိုင်းအဆောက်အအုံနှင့် မီးဖိုချောင်အဖြစ် ဆောက်လုပ်ထားသော အဆောက်အအုံအား အကန့်လိုက် ပြုလုပ်ကာ မနက် တကြိမ်၊ ည တကြိမ် စာသင်ကြားပေးသွားမည် ဖြစ်ကြောင်း သိရသည်။

ဒုက္ခသည်များထဲမှ အိမ်ထောင်စု ၁ဝဝ ကျော်မှာ ဝေးလံလှသည့် ဤလနာ့ဇွပ်သို့ မပြောင်းရွှေ့လိုသဖြင့် မိမိဒေသ မန်ဝင်းကြီးသို့ အင်္ဂါနေ့က ပြောင်းရွှေ့သွားကြပြီဟု သိရသည်။

လက်ရှိ မိုးရာသီဖြစ်၍ ကလေးငယ်များ ဝမ်းသွားခြင်း၊ နာစေး၊ ချောင်းဆိုး အနည်းအကျဉ်းဖြစ်ပြီး သက်ကြီးများ အားနည်း၍ ဗီတာမင် အားဆေးများ သောက်သုံးရန် လိုအပ်နေသည်ဟု လနာ့ဇွပ် စခန်းတွင် ဆေးကုသ ပေးနေသည် ဆရာဝန်တဦးက ပြောသည်။

အစိုးရနှင့် KIO တို့ တိုက်ပွဲစတင်ဖြစ်ပွားချိန်မှစ၍ ၄င်းလနာ့ဇွပ် ဒုက္ခသည်စခန်းတွင် ဒုက္ခသည်ပေါင်း ၁,၄ဝဝ ရှိနေပြီး လက်ရှိ ၆ဝဝ ကျော် ထပ်မံ ရောက်ရှိလာခြင်းဖြစ်သည်။ နောက်နေ့တွင်လည်း ဒုက္ခသည်များ ထပ်မံ ပြောင်းရွှေ့ လာကြမည် ဖြစ်သည်။

သြဂုတ်လ ၁၉ ရက်နေ့ကလည်း ဖားကန့်မြို့နယ် KIA တပ်ရင်း ၆ လက်အောက်ခံ တပ်များနှင့် မြန်မာအစိုးရ နမခ လက်အောက်ခံ တပ်မ ၃၃ တပ်ဖွဲ့များအကြား တင်းမာမှုများ ရှိခဲ့သဖြင့် တိုက်ပွဲဖြစ်ပွားမည်ကို စိုးရိမ်ကာ မှော်မောင်း ဘွမ်၊ လမောင်ကုန်း၊ မှော်ဝမ်းကြီး၊ မှော်ဝမ်းကလေးနှင့် သူဌေးချောင်းများမှ ဒေသခံ ၁,ဝဝဝ နီးပါးမှာ ဖားကန့်မြို့ပေါ်ရှိ ကချင်ခရစ်ယာန် ဘုရားကျောင်းများသို့ လာရောက် ခိုလှုံနေရသည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ်လောင်း ဦးဒရှီလဆိုင်း က ပြောသည်။

“တင်္ဂနွေနေ့က KIO နဲ့ အစိုးရတို့ ထိပ်တိုက် ပစ်ခတ်တော့မလိုလို ပြည်သူတွေက ထိတ်လန့်ပြီးတော အစိုးရတပ် မူလရှိတာက ၄ဝ လောက် ရှိတယ်။ ဒါပေမယ့် စစ်ကိုင်း မုံရွာတပ်တွေက အင်အား နှစ်ထောင်လောက် ပြန်ရောက် တယ်လို့ လူတွေက ပြောနေကြလို့ တိုက်ပွဲဖြစ်မှာ ကြောက်လို့၊ KIO ကနေ ဒေသခံတွေ ဒုက္ခရောက်မှာစိုးလို့ ဖားကန့်ကို ခဏရှောင်ပေးဖို့ ပြောလို့ ကက်သလစ်၊ နှစ်ခြင်းဘုရားကျောင်းတွေမှာ ခိုလှုံနေတယ်” ဟု မဇ္စျိမကို ပြောသည်။

သို့သော် ယနေ့ထိ ပစ်ခတ် တိုက်ခိုက်ခြင်း မရှိသေးဘဲ တည်ငြိမ်လျက်ရှိသည်ဟုလည်း ၎င်းက ပြောသည်။

KIO နှင့် အစိုးရတို့ နှစ်ဖက်တိုက်ပွဲကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူ စစ်ပြေးဒုက္ခသည် စုစုပေါင်း ၈ဝ,ဝဝဝ ကျော် ရှိနေပြီ ဖြစ်သည်။ နှစ်ဖက် စစ်ရေးကိစ္စနှင့် ပတ်သက်၍ နှစ်ဖက် စစ်ပိုင်းဆိုင်ရာ ခေါင်းဆောင်များ
တွေ့ဆုံမည် ဖြစ်၍ ထပ်မံ တွေ့ဆုံမည့်နေရာ သဘောတူညီမှု မရသေးဘဲ ဖြစ်နေသည်။

http://www.mizzimaburmese.com/news/inside-burma/9928-2012-08-22-13-31-02.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India