August 28, 2012

ကရင်နီတပြည်လုံး ဆိုင်ကယ်လိုင်စင် လုပ်နိုင်ရန် လေးလစီမံကိန်း စတင်

ပြီးခဲ့တဲ့ ဇွန်လ မှ စပြီး လာမည့် စက်တင်ဘာလ လကုန်အထိ ကရင်နီပြည်နယ် တပြည်လုံးမှာရှိတဲ့ မော်တော် ဆိုင်ကယ်တွေ အားလုံး ယာဉ်လိုင်စင်များ ပြုလုပ်ပေးမယ်လို့ သိရပါတယ်။
 
ယခုတကြိမ် ပြုလုပ်ပေးနေတဲ့ မော်တော် ဆိုင်ကယ် လိုင်စင်ကို လေးလစီမံကိန်းဖြင့် ကရင်နီပြည်နယ် အတွင်းက မြို့နယ်တွေမှာ လိုက်လံပြုလုပ် သွားပေးဖို့ရှိတယ်လို့ ကုန်းလမ်းပို့ဆောင်ရေးနှင့် ညွှန်ကြား ရေးမှုးဦးစီးဌာန (ကညန)မှ တာဝန်ရှိသူတဦးက ပြောပြပါတယ်။

"ကျနော်တို့ အရင်တစ်လက မော်ချီးတို့ဖက်ကို သွားလုပ်ပေးတယ်။ ဒီတစ်လနဲ့ နောက်တလ ကျတော့ လွိုင်ကော်မှာပေါ့။ ၄ လစီမံကိန်း နဲ့ ချတာလေ"
ယခုလက်ရှိ ပြည်နယ်အတွင်းမှာရှိတဲ့ ဆိုင်ကယ်ပေါင်း ၅၄၀၀ ကျော် လိုင်စင်များ ရရှိပြီးဖြစ်ပါတယ်။ ကျန်ရှိနေသေးတဲ့ကာလအတွင်း မော်တော်ဆိုင်ကယ်ပေါင်း ဘယ်လောက်ထိ လုပ်ဆောင်ပေးရမလဲဆိုတာကို အတိအကျမသိရှိရသေးပါဘူး။
မော်တော်ဆိုင်ကယ် လိုင်စင်လုပ်ရာမှာ ဆိုင်ကယ်အမျိုးအစား၊ ထုတ်လုပ်တဲ့နိုင်ငံနဲ့ ခုနှစ်စတဲ့ အချက်အလက်တွေပေါ် မူတည်ပြီး အကောက်ခွန်တွေ ကွဟမှုရှိတာကို တွေ့ရပါတယ်။
ထုတ်လုပ်တဲ့ ခုနှစ် (modern) မြင့်နေရင် အကောက်ခွန်အတွက် ငွေကုန်ကျမှုပိုများပါတယ်။ ဆိုင်ကယ် တစီးရဲ့ အကောက်ခွန်အမြင့်ဆုံးမှာ ကျပ်ငွေ ၁၄၀၀၀၀ အထိရှိပြီး အနိမ့်ဆုံး ကတော့ ၃၀၀၀၀ အထိရှိပါတယ်။
ဒီထဲမှာမှ တရုတ်နိုင်ငံထုတ် ဆိုင်ကယ်အမျိုးအစားသာလျှင် အခွန်ငွေ အသက်သာ ဆုံးလို့ သိရပါတယ်။ လိုင်စင်လုပ်ရာမှရရှိတဲ့ အခွန်ငွေတွေကို အကောက်ခွန်ဦးစီး ဌာနသို့ ပေးသွင်းရပါတယ်။
မိမိပိုင်ဆိုင်တဲ့ ဆိုင်ကယ်အတွက် အခွန်ငွေ ကောက်ခံတာနဲ့ပတ်သက်ပြီး နောင်ယား (က) ကနေပြီး လိုင်စင်လာလုပ်တဲ့ လူငယ်တစ်ဦးက "လိုင်စင်တော့လုပ်သင့်ပါတယ်။ ဒါပေမယ့် အခွန်ကောက်တဲ့ အပေါ်မှာ တော့ အရမ်းများတယ်လို့ထင်ပါတယ်"

 http://www.ktimes.org/index.php/rokstoriesnews/304-2012-08-27-04-21-43
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India