August 28, 2012

ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ဘယ်လောက်အထိထဲထဲဝင်ဝင်ပါ၀င်ပတ်သက်ခွင့် ရမလဲဆိုတာကိုသိလိုသည်ဟု ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့

““ပထမ ကျနော်တို့ထောင်ကလွှတ်တော့ စဉ်းစားတာက ပါတီထောင်မယ်၊ လွှတ်တော်ထဲဝင်တဲ့သူဝင်မယ်၊ အပြင်ကလှုပ်ရှားတဲ့သူကလည်း အပြင်ကလှုပ်ရှားမယ် အတွင်းအပြင်ချိတ်ဆက်ပြီးတော့ပေါ့၊ အခုနောက်ပိုင်းမှာ ကျနော်တိုမြင်နေရတာက လွှတ်တော်တက်နေတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့အပြင်မှာရှိတဲ့ လူမှုရေးအဖွဲ့အစည်း တွေ တွေ့ဆုံမှုကွာဟနေတာတွေ့ရတယ် ချိတ်ဆက်လို့မရကြဘူး၊ ပြည်သူတွေနဲ့အလှမ်းကွာနေတယ်”” လို့ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့မှ ကိုအောင်သူက မော်လမြိုင်သို့ရောက်ရှိစဉ် မွန်ပြည်နယ်မီဒိီယာအဖွဲ့ မှမေးမြန်းမှု အားပြန်လည်းဖြေကြားခဲ့ခြင်းဖြစ်သည်။ဆက်လက်၍ ကိုအောင်သူက ပြည်တွင်းငြိမ်းချမ်းရေး လုပ်ဆောင်မှုများမှာ ပုံသဏ္ဌာန်တင်မကဘဲ အနှစ်သာရများပါ ပါရှိရမှာဖြစ်ကြောင်း၊ ငြိမ်းချမ်းရေကို ကျနော်တင်မကဘဲ ကေအန်ယူ(KNU) ကလည်းလိုချင်ပါကြောင်း၊ အားလုံးသိထားတာက ဖက်ဒရယ်ဆိုရင်ခွဲထွက်မယ်ဆိုတာဘဲဖြစ်ကြောင်း၊ အမှန်ကဖက်ဒရယ်ဆိုတာနဲ့ ခွဲထွက်မယ်ဆိုတာမဟုတ်ကြောင်း၊ ကေအန်ယူ(KNU)ကလည်းခွဲထွက်ဖို့ အစီစဉ်မရှိကြောင်း၊ တန်းတူရည်တူရပိုင်ခွင့်သာလို ချင်ခြင်းဖြစ်ကြောင်း၊ ပင်လုံထက်ကျယ်ပြန့်တဲ့ညီလာခံကို ပင်လုံသဘောသက်ရောက်တဲ့ညီလာခံဖြစ်အောင် အားလုံးပါ၀င်နိုင်အောင်ကြိုးစားဖို့လိုကြောင်း၊ အပေါ်ကလုပ်တာနဲ့အောက်ခြေကရတဲ့ သဘောတူညီမှုအပိုင်းမှာ သက်ရောက်မှုအားနည်းနေသေးကြောင်း၊ နောက်ပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များမှာ ကျနော်တို့အနေနဲ့ ဘယ်လောက်အထိ ထဲထဲဝင်ဝင်ပါ၀င်ပတ်သက်ခွင့် ရမလဲဆိုတာကိုသိလိုကြောင်း၊ တိုင်းရင်းသားများအတွက် ပေးဆပ်လိုကြောင်း၊ ပဋိပက္ခလုပ်ဖို့မဟုတ်ကြောင်း၊ တိုင်းပြည်က ပဋိပက္ခလုပ်ပြီးဖန်တီးယူတဲ့ အဆင့်ကိုကျော်လွန်ခဲ့ပြီး ဖြစ်ကြောင်း၊ ကုန်လွန်သွားတဲ့အချိန်တွေကို နှမြောမိကြောင်းပြောကြားခဲ့သည်။
အဆိုပါ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့် မော်လမြိုင်မြို့သို့ ရောက်ရှိခဲ့ခြင်းမှာ ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ် အနီးရှိ(၃၃)ဆူရွာ တပ်မ(၆)တွင်ကျင်းပသော ကရင်ပြည်နယ်အာဇာနည်နေ့သို့တက်ရောက်ပြီး  အပြန်တွင်မော်လမြိုင်မြို့သို့ လမ်းကြုံဝင်ရောက်ခဲ့ခြင်းဖြစ်ကြောင်း၊ ပွင့်လင်းရာသီ အောက်တိုဘာလလောက်တွင် မွန်ပြည်နယ်သို့ ရောက်ရှိလာဦးမှာဖြစ်ကြောင်း၊ ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့အနေဖြင့် အဖွဲ့(၅)ဖွဲ့ခွဲ၍ မြန်မာနိုင်ငံအနှံသို့ လှည့်လည်သွားလာလျက်ရှိကြောင်း၊ မကွေးတိုင်းဒေသကြီး ဆင်ဖြူကျွန်းမြို့တွင်နောက်ဆုံးတွေ့ဆုံ ပြီး ငြိမ်းချမ်ရေးနှင့် ပွင့်လင်းလူမှုအဖွဲ့အစည်းဖြစ်ပေါ်ရေး အခမ်းအနားကျင်းပကာ နိုင်ငံတော်နှင့် မီဒီယာများအား တင်ပြ အသိပေးခြင်းမျာဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ ယခုလာရောက်သော ၈၈မျိုးဆက်ကျောင်းသားများအဖွဲ့တွင် ကိုဌေးကြွယ်၊ ကိုသော်ဇင်ထွန်း၊ ကိုမင်းဇေယျ၊ ကိုဇော်ထက်ကိုကိုနှင့် ကိုအောင်သူတို့လိုက်ပါလာခဲ့ကြောင်း သိရသည်။

ရွှေမြိုင်မောင်သိက္ခာ

http://www.hotnewsweekly.com/
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India