ယခုနှစ် ဂျွန်လလယ်ပိုင်းက ၄င်းစီမံကိန်းအတွက် သိမ်းယူမည့် မြေတစ်ဧက ကျပ်သိန်း ၂၄၀ နှုန်း လျော်ကြေးပေးမည်ဟု ကုမ်ပဏီဘက်မှ သဘောတူခဲ့သော်လည်း ယခုအခါ ၄င်းဈေးနှုန်း အတိုင်း အပြည့်မပေးသဖြင့် ဒေသခံ မြေပိုင်ရှင်များနှင့် ကုမ်ပဏီတို့ အကြား ညှိနှိုင်းဆဲ ဖြစ်ကြောင်း မူစယ်မြို့ခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
“ကုမ်ပဏီဘက်က လျော်ကြေးတွတော့ ပေးနေပြီ အရင် သဘောတူထားတာက မြေတစ်ဧက ကျပ်သိန်း ၂၄၀ လျော် မယ်ပေါ့။ အခုက လယ်မြေတွကေိုပဲ ဒီဈေးပေးမယ် ကျန်တဲ့မြေကွက်တွေ မပေးနိုင်ဘူးဆိုပြီးလုပ်တော့ ဈေးနှုန်းကိစ်စ ပြန် ညှိနှိုင်းနေကြတယ် ” ဟု မူစယ်ဒေသခံတစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည် ။
အဆိုပါ အိမ်ရာစီမံကိန်းမှာ မူစယ်မြို့ တော်ရွဲ့နှင့် ဟိုဆောင်ရွာများမှ လေယာဉ်ကွင်းအထိ ဧက ၃၀၀ ကျော်ခန့် ကျယ်ဝန်း မည်ဖြစ်ပြီး ၄င်းအနက် လယ်မြေဧက ၁၀၀ ခန့်သာ ပါဝင်ကြောင်း သိရသည် ။
“လယ်ဧကက ၁၀၀ လောက်ပဲပါတယ်။ အဲဒါတော့ လျော်ပေးပြီးပြီ။ ကျန်တာကတော့ ခြံတို့ မြေလွတ်တို့ပေါ့။ အဲဒါတွေ ကိုတော့ ကုမ်ပဏီဘက်က သိန်း ၂၀ ၊ ၃၀ လောက်ပဲ ပေးချင်နေတာ ဘယ်လိုဖြစ်လာအုံးမလဲ မပြောတတ်ဘူး ” ဟု ဆို သည် ။
၎င်းစီမံကိန်းအတွက် မြေတိုင်းတာမှုများ ပြုလုပ်နေရာ မြေစာရင်းဦးစီးဋ်ဌာနမှ ၀င်ငွအေမြောက်အများ ရရှိကြောင်းလည်း သိ ရသည် ။
http://www.burmese.panglong.org/news/90-2008-08-03-06-47-55/3380-2012-08-01-09-46-28.html