September 1, 2012

ဖားကန့်တွင် ဆက်ကြေး ကောက်ခံခြင်း မရှိဟု KIO ငြင်းဆို

သြဂုတ်လ ၃၁ ရက် ၂၀၁၂ ခုနှစ်

ချင်းမိုင်(မဇ္စျိမ) ။       ။ ဖားကန့်မြို့နယ်တွင် အတင်းအဓမ္မ ဆက်ကြေး ဆက်ကောက်ခံခြင်း မရှိကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့ KIA တပ်မဟာ ၂ လက်အောက်ခံ တပ်ရင်း ၆ မှ အရာရှိ တဦးက ငြင်းဆိုလိုက်သည်။

KIA က ဖားကန့်နယ်မြေအတွင်း ဇန်နဝါရီမှ မေလထိ အတင်းအဓမ္မ ဆက်ကြေး ကောက်ခံမှု သုံးကြိမ် ပြုလုပ်ခဲ့သည့် အပြင် အဓမ္မ လူသစ် ဖမ်းဆီးခြင်းများကို ပြုလုပ်လျက်ရှိပြီး သြဂုတ်လတွင်လည်း ဆက်ကြေး ဆက်လက် ကောက်ခံနေ သည်ဟု အစိုးရ ပြန်ကြားရေးဝန်ကြီးဌာန၏ အင်တာနက် စာမျက်နှာတွင် ဖော်ပြထားချက်ကို တုန့်ပြန်ပြောဆိုလိုက်
ခြင်း ဖြစ်သည်။

“မဟုတ်ဘူး။ ပြည်သူကို ဝါဒဖြန့်နေတာပဲ။ ဆက်ကြေး ကောက်တာလည်း မရှိဘူး။ ကျနော်တို့ ကောက်ဖို့ တာဝန်လည်း မရှိဘူး။ ဆက်ကြေးကောက်တဲ့ ခေတ် မဟုတ်တော့ဘူး” ဟု KIA မှ ဗိုလ်ကြီး လဒွဲ က ပြောသည်။

ထို့ပြင် ဆက်ကြေးမပေးပါက ယာဉ်၊ ယန္တရားများ မီးရှုံ့ဖျက်ဆီးရန်နှင့် ဖားကန့် ကျေးရွာများရှိ ကုမ္ပဏီစောင့် ဝန်ထမ်း များ၏ အသက်အန္တရာယ်ကို ခြိမ်းခြောက်မှုများ ပြုလုပ်လာသဖြင့် တပ်မတော်က နယ်မြေလင်းမှုကို သြဂုတ်လ ၂၇ ရက်နေ့မှ စတင်ခဲ့သည်ဟု နိုင်ငံပိုင် ကြေးမုံသတင်းစာတွင် ဖော်ပြထားသည်။

သို့သော် အစိုးရတပ်များသည် သြဂုတ်လ ၁၉ ရက်နေ့မှစတင်၍ ထိုးစစ်ဆင်လာခြင်း ဖြစ်၍ KIA ဘက်မှ ခုခံကာကွယ် တိုက်ခိုက်ခြင်းသာ ဖြစ်သည်ဟု KIA ဗိုလ်ကြီး လဒွဲ က ပြောသည်။

“ကျနော်တို့က ကျနော်တို့ နေရာမှာပဲ နေနေတာ သူတို့ အင်အား အလုံးအရင်းနဲ့ ထိုးစစ် ဆင်လာလို့ ကျနော်တို့ ခုခံတိုက်တာကနေ တိုက်ပွဲဖြစ်လာတာ။ ကျည်ဆံထိလို့ ပေါက်ကွဲတာတွေတော့ ရှိတယ်” ဟု မဇ္စျိမကို ပြောသည်။

အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဟောင်း၏ အကျိုးတူ စီးပွားရေးလုပ်ငန်းရှင်များက KIA အား မလိုလားသဖြင့် ယခုကဲ့သို့ ထိုးစစ်ဆင်မှု ဖြစ်ပွားလာခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

သြဂုတ်လ ၂၈ နှင့် ၂၉ ရက်နေ့များတွင် ဆိုင်းဂျာဘွမ်အနီးတဝိုက် နယ်မြေရှင်းလင်းသည့် အစိုးရတပ်နှင့် KIA တပ်များအကြား ထိတွေ့မှု ဖြစ်ပွားလျက်ရှိပြီး နှစ်ဖက် ထိခိုက် ဒဏ်ရာရမှုများအား စုံစမ်းဆဲ ဖြစ်သည်ဟု အစိုးရ
ပြန်ကြားရေးဌာနက ဆိုသည်။

ဖားကန့်မြို့နယ် ဆိုင်းဂျာဘွမ်းကျေးရွာအနီးတွင် ကြာသပတေးနေ့က တိုက်ပွဲအတွင်း ဝေအောင်ကမ္ဘာ အကျိုးတူ ကုမ္ပဏီပိုင် လောင်စာဆီ သိုလောက်ရုံထဲ လက်နက်ကြီးကျကာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲအတွင်း အစိုးရတပ်ဖက်မှ ကျဆုံးသူ ဦးရေ အနည်းဆုံး ၁ဝဝ ရှိနိုင်သည်ဟု အထက်ပါ KIA က ခန့်မှန်းသည်။

KIA အဖွဲ့က ကျောက်စိမ်းတူးဖော်ရေး ကုမ္ပဏီ၏ ဘက်ဟိုးယာဉ်၊ မြေသယ်ယာဉ်နှင့် ကုမ္ပ အဆောက်အအုံအချို့ မီးရှုံ့ဖျက်ဆီးသွားခဲ့ကြောင်း အစိုးရ ပြန်ကြားရေးဌာနက ဖော်ပြထားချက်သည် မဟုတ်မှန်ကြောင်း ဗိုလ်ကြီး လဒွဲ က ငြင်းဆိုသည်။

ကချင်ပြည်နယ်အတွင်း အစိုးရတပ်များ၏ နယ်မြေရှင်းလင်းရေး တိုက်ပွဲများနှင့် ပတ်သက်၍ နိုင်ငံပိုင်သတင်းစာနှင့် ဝဘ်ဆိုက်များတွင် ဖော်ပြလေ့မရှိပေ။
 
http://www.mizzimaburmese.com/news/breaking-newsbrief/10004-----kio-.html
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India