September 27, 2012

အစိုးရတပ်စခန်း လုံခြုံရေး အရပ်သားများ ယူပေးနေရ


ကချင်ပြည်နယ် မြစ်ကြီးနားမှ မန္တလေးမြို့သို့သွားရာ ရထားလမ်း တလျောက်ရှိ အစိုးရ တပ်စခန်း တခုတွင် အရပ်သားများအား လုံခြံုရေး ယူခိုင်းနေကြောင်း ဒေသခံများက ပြောသည်။
မိုးကောင်းမြို့နယ် တောင်နီကျေးရွာ ထုံးရေပေါက်တံတား အနီးရှိ တပ်စခန်းတွင် တာဝန် ထမ်းဆောင်ရန် တရက်လျင် အနည်းဆုံး ရွာသား (၅) ယောက် ပို့ပေးရမည်ဟု ဒေသအခြေစိုက် အစိုးရ၏ ခြေမြန်တပ်ရင်း ခမရ (၅၂၁) တာဝန်ရှိသူက ပြောဆိုကြောင်း ဒေသခံ တဦးက အခုလို ပြောသည်။
“ထုံးရေပေါက် စခန်းက ကျနော်တို့ရွာ နားမှာပဲ ရှိတာဗျ။ အဲဒီစခန်းထိုင်တွေက ခေါ်ပြီး ခိုင်းနေတာ။ နေ့ဆိုင်းညဆိုင်းနဲ့ သွားနေရတယ်။ အခုတိုက်ပွဲတွေ ပြန်ဖြစ်တဲ့ အချိန်ကစလို့ပဲ။ အခုဆိုရင် တနှစ်ကျော် သွားပြီဗျ။ ဟိုကလာပစ်ရင် အလကားနေရင်း အသေခံရမှာ။”
အဆိုပါ တပ်စခန်းသည် မိုးကောင်းမြို့တောင်ဖက် ၁၅ မိုင်ခန့်အကွာ မင်းကုန်းနှင့် ကညှင်မြိုင် ကျေးရွာအကြား မန္တလေး မြစ်ကြီးနားသွားသည့် ရထားလမ်းဘေးတွင် တည်ရှိပြီး ရွာသားများ အလှည့်ကျစံနစ်ဖြင့် သွားနေရကြောင်း ၎င်းက ဆက်ပြောသည်။
အလှည့်ကျ မသွားနိုင်သူများက ကျေးရွာတွင်း ဆင်းရဲသားများနှင့် မူးယစ်ဆေး သုံးစွဲသူများအား တဦးလျင် ကျပ်ငွေ (၂၀၀၀) နှုန်းဖြင့် ငှားရမ်း စေလွတ်ရကြောင်းနှင့် နေ့ခင်းပိုင်းတွင် စခန်းတွင်း လိုအပ်သည့် အထွေထွေလုပ်ငန်းများ လုပ်ကိုင်ပေးရသလို ညပိုင်းတွင် ကင်းစောင့်ခိုင်းကြောင်း သိရသည်။
ကချင်ပြည်နယ်အတွင်း အစိုးရတပ်နှင့် ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တို့ တိုက်ပွဲများ ဖြစ်ပွားနေပြီး KIA က ရထားလမ်းတလျောက်ရှိ တံတားများကို မကြာခန မိုင်းဖြင့်ဖောက်ခွဲနေသလို ၀င်ရောက် ပစ်ခတ်မှုများ ပြုလုပ်နေသည့်အတွက် မှားယွင်း ပစ်ခတ် ခံရမည်ကို စိုးရိမ်ကြောင်း အဆိုပါ ဒေသခံက ပြောသည်။
ယင်းကိစ္စ ဟုတ်မှန်ကြောင်း မိုးကောင်း မြို့နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD အဖွဲ့ဝင် ဒေါ်ခင်ကြည်က အတည်ပြု ပြောဆိုလိုက်ပြီး လက်ရှိဖြစ်ပေါ်နေမှုများကို ပါတီ ခေါင်းဆောင်ပိုင်းထံ တင်ပြမည်ဟု ဆိုသည်။
ထို့အပြင် “အရပ်သားတွေမှာ ဘာလက်နက်မှ ရှိတာမဟုတ်ဘူးလေ။ အန်တီတို့က ဘာလဲဆိုတော့ ဟိုဖက်ကိုလည်း ကြောက်ရ၊ ဒီဖက်ကိုလည်းကြောက်ရနဲ့ နှစ်ဖက်ကို ပြည်သူလူထုက ကြောက်နေရတဲ့ အဖြစ်မျိုး ဖြစ်နေတာ။ ဒါတွေက မဖြစ်သင့်တဲ့ ကိစ္စပါ။” ဟု ဒေါ်ခင်ကြည်က ဆက်ပြောသည်။
အစိုးရတပ်နှင့် KIA တို့ အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့ သည့် ၁၉၉၄ ခုနှစ် နောက်ပိုင်း ယင်းစခန်းတွင် အစိုးရတပ်ဖွဲ့ဝင်များ လုံခြံုရေးယူထားခြင်း မရှိတော့ဘဲ ဒေသခံ ပြည်သူ့စစ်များနှင့် အစားထိုးခဲ့သည်။ ၂၀၁၁ ခုနှစ် ဇွန်လက အစိုးရနှင့် KIA တို့ တိုက်ပွဲများ ပြန်လည် ဖြစ်ပွားချိန်တွင် အစိုးရတပ်နှင့် အတူ အရပ်သားများအား ခေါ်ယူ စောင့်ခိုင်းခြင်း ဖြစ်သည်။
ကချင်ပြည်နယ် အတွင်း ရထားလမ်း တလျောက်ရှိ ဒေသခံများ အနေဖြင့် ယခင် မဆလ၊ နဝတ အစိုးရ လက်ထက် ကတည်းက မကြာခန ရထားသံလမ်းကင်း စောင့်ပေးခဲ့ရသလို အစိုးရတပ်စခန်း ပြုပြင်ရေး လုပ်ငန်းများတွင်လည်း အဓမ္မလုပ်အားပေး စေခိုင်းခြင်း ခံခဲ့ရသည်။
မြန်မာနိုင်ငံတွင် အဓမ္မခိုင်းစေမှု ပပျောက်ရေးဆိုင်ရာ နားလည်မှု စာချွန်လွှာအား မြန်မာ အစိုးရနှင့် နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ် ILO တို့ ယခုနှစ် ဇွန်လလယ်ပိုင်းက လက်မှတ် ရေးထိုးခဲ့ပြီး ၂၀၁၅ ခုနှစ်အရောက်တွင် လုံးဝ ပျောက်ကွယ်သွားရန် လုပ်ဆောင်သွားမည်ဟု ဆိုသော်လည်း အောက်ခြေတွင် ဆက်လက် ဖြစ်ပွားနေဆဲဟု အလုပ်သမားရေး ဆောင်ရွက်သူများနှင့် လူ့အခွင့်အရေးအဖွဲ့များက ပြောဆိုကြသည်။

http://www.nmg-news.com/bur/index.php?option=com_content&view=article&id=483&catid=5&Itemid=12
Related Posts Plugin for WordPress, Blogger...

အင်တာဗျူး

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း-ကယား ဆွေးနွေးပွဲကို အခုလ ၂၀ ရက်နေ့မှာ လားရှိုးမြို့မှာကျင်းပ မယ်လို့ သိရပါတယ်။ ထာဝရ ငြိမ်းချမ်းရေးရဖို့ ဒီဆွေးနွေးပွဲ ဖြစ်မြောက်ရေး ဦးဆောင်တဲ့ပုဂ္ဂိုလ်တွေက ဘယ်လိုရည်မှန်း ထား ကြသလဲ၊ ဘာတွေဆက်လုပ်သင့်သလဲဆိုတာ သိရအောင် ကယားပြည်နယ်ကိုယ်စားပြု ဆွေးနွေးပွဲဖြစ်မြောက်ရေး ကော်မတီဝင် ကယန်းပြည်သစ်ပါတီ တွဲဖက်အတွင်းရေးမှူး ၁ ဗိုလ်မှူးစောလွင်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်း ထားပါတယ်။

အပြည့်အစုံသို့ ...

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲအပေါ် KNPP ရဲ့အမြင်

ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ဖို့ သျှမ်း- ကယား ဆွေးနွေးပွဲမှာ လက်နက်ကိုင်အဖွဲ့အစည်းနဲ့ နိုင်ငံရေးပါတီ တွေ စုစုပေါင်း ၂၅ ဖွဲ့ ကိုဖိတ်ကြားထားတယ်လို့သိရပါတယ်။

အပြည့်အစုံသို့ ...

တိုင်းရင်းသားတွေ အပေါ် မတန်တဆလက်နက်တွေနဲ့ တိုက်ခိုက်နေတာကို သူရဲကောင်းတွေလို့ သတ်မှတ်ရမှာလား

ပြည်ထောင်စုနေ့ကျရောက်ခါနီး ၄ ရက်အလို ယခုလ ၈ ရက်နေ့က အစိုးရစစ်တပ်တွင်း သူရဘွဲ့ ၃ ဆု အပါအဝင် သူရဲ ကောင်းမှတ်တမ်းဝင် ရ၈ ဆုနှင့် တပ်မတော်သားကောင်းဆု ၁၅၀၀ ကျော်ခန့် ချီးမြှင့်ခဲ့သည့် အပေါ် သျှမ်းသံတော်ဆင့် သတင်းဋ္ဌာနမှ တရုတ်နယ်စပ် စစ်ရေး ၊ နိုင်ငံရေးလေ့လာသူ ဦးအောင်ကျော်ဇောအား တွေ့ဆုံမေးမြန်းတင်ပြချက်။

အပြည့်အစုံသို့ ...

ဖုန်းဆင်းမ်ကတ်တွေ အိမ်တိုင်ရာရောက် အလကားပေးမယ်

ဆက်သွယ်ရေးလုပ်ငန်းများ လုပ်ဆောင်နိုင်ရန် တင်ဒါစိစစ် ရွေးချယ်ရေး ကော်မတီက ဇန်နဝါရီလ ၁၅ ရက်တွင် တင်ဒါခေါ်ယူထားရာ Red Link ကုမ္ပဏီလည်း လျှောက်ထားလိုက်ပြီး လုပ်ငန်း လုပ်ဆောင်ခွင့် ရရှိမည် ဆိုပါက ဖုန်းဆင်းမ်ကတ်များကို အိမ်တိုင်ရာရောက် အခမဲ့လိုက်လံဝေငှပေးမည်ဟု ကုမ္ပဏီ ဒုဥက္ကဋ္ဌ ဦးမင်းဆွေလှိုင်ကပြောဆိုသည်။

အပြည့်အစုံသို့ ...

အစိုးရနဲ့စစ်တပ် အကြံအစည်ဟာ KIO ကို အမြစ်ပြတ်ချေမှုန်းရေးပဲ ဖြစ်တယ်

၁၇ နှစ်ကျော်ကြာ အပစ်ရပ်ထားသော ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ KIO / KIA နှင့် အစိုးရတပ်တို့ အကြား တိုက်ပွဲများ ပြန်လည် ဖြစ်ပွားခဲ့သည်မှာ ယနေ့ဆိုလျှင် အချိန်အားဖြင့် ၁ နှစ် ၈ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။

အပြည့်အစုံသို့ ...

သျှမ်းနှင့်ကယား ငြိမ်းချမ်းရေးအတွက် ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ လားရှိုး၌ကျင်းပ

ငြိမ်းချမ်းရေးအတွက်ယုံကြည်မှုတည်ဆောက်ခြင်း ဆွေးနွေးပွဲ သျှမ်းပြည်နယ်နဲ့ကယားပြည်နယ်ကို ဒီကနေ့ သျှမ်းပြည်မြောက်ပိုင်း လားရှိုးမြို့မှာ ကျင်းပခဲ့တယ်လို့ ကြားသိရပါတယ်။ သျှမ်းတိုင်းရင်းသား များဒီမိုကရေစီအဖွဲ့ချုပ်က ကမကထပြုတဲ့ ဒီဆွေးနွေးပွဲကနေ ဘာတွေဆွေးနွေးနိုင်ခဲ့သလဲ။ ဘယ်သူ တွေ ပါဝင်ဆွေးနွေးသလဲ သိရအောင်လို့ SNLD ပြောခွင့်ရပုဂ္ဂိုလ်စိုင်းလိတ်ကို သျှမ်းသံတော်ဆင့်က ဆက်သွယ်မေးမြန်းထားပါတယ်။

Last Updated on ကြာသပတေးနေ့၊ ဇန်နဝါရီလ 31 ရက် 2013 ခုနှစ် အပြည့်အစုံသို့ ...

ဗိုလ်ချုပ်မှူးကြီး “ဘာမှ ဝင်ရောက်စွက်ဖက်တာ မရှိပါဘူး” ဟု ဦးဌေးဦး ပြော

ယခင် စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေမှာ လက်ရှိအခင်းအကျင်း ရောက်အောင် ဖန်တီး၍ လွှဲအပ်သွားခဲ့ပြီးနောက် မည်သည့်စွက်ဖက်မှုမျှ မရှိတော့ကြောင်း ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ဆုံခွင့်ရသူ အနည်းစုထဲမှ တဦးဖြစ်သည့် အာဏာရ ကြံ့ခိုင်ရေးပါတီ၏ ဒုတိယ ဥက္ကဋ္ဌ ဦးဌေးဦး က ပြောဆိုလိုက်သည်။

အပြည့်အစုံသို့ ...

ကချင်စစ်ပွဲအရေး အစိုးရက လုံးဝ တာဝန်ရှိ

ကချင်ပြည်နယ်အတွင်း ဖြစ်ပွားနေတဲ့ စစ်ရေးပဋိပက္ခတွေ၊ စစ်ပြေးဒုက္ခသည်တွေရင် ဆိုင်နေရတဲ့ ဒုက္ခကနေ အမြန်ဆုံး လွှတ်ကင်းအောင် ၊ ပဋိပက္ခတွေ ပြေလည်ငြိမ်းအေးအောင် သမ္မတနဲ့ အစိုးရကို တိုက်တွန်း တဲ့ ကြေငြာချက်တစောင် သျှမ်းတိုင်းရင်း သားများ ဒီမိုကရေစီအဖွဲ့ ချုပ် SNLD က ဇန်နဝါရီလ ၁၆ ရက်နေ့စွဲနဲ့ ထုတ် ပြန်ခဲ့ပါတယ်။

အပြည့်အစုံသို့ ...

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Hot Sonakshi Sinha, Car Price in India