မြန်မာနိုင်ငံအနောက်ဖက်ဒေသ အခြေစိုက် ချင်းလူမှုအသင်းအဖွဲ့က စက်တင်ဘာတွင် ကျင်းပမည့် ငြိမ်းချမ်းရေးမူဝါဒ ချမှတ်ရေးဆိုင်ရာ တိုင်းရင်း သားညီလာခံတွင်ဆွေးနွေးနိုင်ရေးအတွက် Consultation meeting ကို ယနေ့ စက်တင်ဘာ (၁) ရက်နေ့တွင် ကျင်းပသည်ဟု သိရသည်။
အစည်းအဝေးတွင် ချင်းလူမှုအသင်းအဖွဲ့များ၊ ချင်းလူ့အခွင့်အရေးအဖွဲ့၊ချင်းအမျိုးသမီးအဖွဲ့၊ မီဒီယာ အဖွဲ့များမှ ခေါင်း ဆောင် ၁၀ ဦးကျော် တက်ရောက်ခဲ့ကြသည်။
“အစည်းအဝေးမှာ Working group for Ethnic – Coordinating မှ ချမှတ်ရေးဆွဲသည့် တိုင်းရင်း သားလူမျိုးများ ကိုင်စွဲရ မည့် ငြိမ်းချမ်းရေးစီမံချက်၊ ငြိမ်းချမ်းရေးဖြစ်စဉ်များအပေါ် ဆွေးနွေးကြတယ်” ဟု ၂၀၁၂ တိုင်းရင်းသားညီလာခံ ကျင်းပရေး ကော်မီတီ တွဲဖက်အတွင်းရေးမှူး ဒေါက်တာရွှေခါးက ပြောသည်။
တိုင်းရင်းသားညီလာခံသို့ ချင်းလူမှုအသင်းအဖွဲ့မှ ကိုယ်စားလှယ် ၄ ဦး နှင့် ချင်းအမျိုးသားတပ်ဦးမှ ကိုယ်စားလှယ် ၃ ဦးတက်ရောက်မှာဖြစ်ကြောင်း တက်ရောက်မည့် ကိုယ်စားလှယ်များလည်း ရွေးချယ်ထားပြီးဖြစ်ကြောင်း သိရသည်။
အဆိုပါ ညီလာခံကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများက ကမကထပြုကျင်းပ သွားမှာ ဖြစ်ကြောင်း လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်များနှင့် သမ္မတ ဦးသိန်းစိန်အစိုးရအကြား ငြိမ်း ချမ်းရေးဖြစ်စဉ်တွင် ကိုင်စွဲရမည့် မူဝါဒများ ချမှတ်နိုင်ရေးအတွက် ခေါ်ယူရခြင်းဖြစ်ကြောင်း သိရသည်။
“ တိုင်းရင်းသားခေါင်းဆောင်တွေအနေနဲ့ အမျိုးသားနိုင်ငံရေးကိစ္စတွေမှာ လူမှုအသင်းအဖွဲ့တွေ ဆွေးနွေးနိုင်ရေးအတွက် တံခါးဖွင့်ပေးတာက အင်မတန်မှ မွန်မြတ်ပါတယ်” ဟု ချင်းအမျိုးသမီးကိုယ်စားလှယ်တဦးက ပြောသည်။
အဆိုပါ ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် မူဝါဒချမှတ်နိုင်ရေးကို ပြည်တွင်း လူမှုအသင်းအဖွဲ့များကလည်း အထူး စိတ်ဝင် စားကြသည်ဟု ပြောကြသည်။
http://khonumthungburmese.org/?p=499


Sunday, September 02, 2012
မြန်မာ့ငြိမ်းချမ်းရေးလေ့လာစောင့်ကြည့်မှု
Posted in: